ZTE c N700 root နှင့် မြန်မာစာ
အတော်တိုင်ပတ်တဲ့ကောင်လေးပါလား usb debug လုပ်ပြီး vroot နဲ့ ကိုင်မယ် ဆိုပြီးတော့ vroot လေးဖွင့် usb ကြိုး ကောက်ထိုး၊ ဟိုက် ဘာမှကို မဘာပါလား၊ အဲဒါနဲ့ device manager ထဲသွားကြည့်ပြန်တော့လည်း conflict ဖြစ်နေတာ တစ်ခုမှမရှိ၊ driver လိုက်ရှာတော့လည်း ဘယ်မှာမှမတွေ့ အင်း တိုင်တော့ပတ်ပြီ၊ noti ဘားကို ဆွဲချကြည့်တော့လည်း usb debug နဲ့ usb storage က ရနေတယ်၊ ဘာနဲ့လုပ်ရင်ကောင်းမလည်း ဆိုပီး z4root လေး usb drive mode ကနေ ထည့် အင်စတောလုပ်ကြည့်၊ root လုပ်ကြည့်တယ် successful ဆိုပဲ၊ ပျော်သွားတာဗျာ၊ restart ချ ပြန်တက် လာတော့ pro myankey လေးထည့် bagan kb pro လေးထည့်၊ pro myankey ကို run တော့ ဇော်ဂျီ ထည့်ရန် ဆိုတာလေးနှိပ် အင် super user request လည်းမတောင်း ဘာမှ မလုပ် အဲဒါနဲ့ပဲ root checker နဲ့ စစ်တော့ root မလုပ်ရသေးပါတဲ့၊ ဟမ် ခုနက သေသေချာချာ successful ဖြစ်ပါတယ်၊ အမြင်များ မှားတာလားဆိုပီး second round ပြန်လုပ်၊ စက်ပြန်တက်လာတော့ super user လေးနဲ့ ဟဲဟဲ ဘယ်ရမလဲ ဆိုပီး pro myankey ပြန် run ဖေဇော်ဂျီ ပြန်ထည့် မရပါခင်ဗျ၊ အဲလိုနဲ့ နာရီဝက်လောက်ကြာနေပီ၊ ဘာလုပ်ရင် ကောင်းမလဲ၊ ကဲ နောက်တစ်နည်း z4root ကို ပါမင်းနင့် ရု မလုပ်ခိုင်းပဲ temp root လုပ်ခိုင်းကြည့်တယ်၊ successful တယ်၊ ပြန်ထွက်တယ်၊ promyankey နဲ့ ဖေဇော်ဂျီ ပြန်ထည့်တယ်၊ အံမယ် super user request တောင်းသဟ၊ ကဲ ဆက်လုပ်ပီ၊ ရပီ၊ input method မှာ myan key ရိုးရိုးနဲ့ bagan kb pro နှစ်ခုထည့်ထားပီး စမ်းကြည့် အားလုံးအိုကေ၊ ကဲ restart ချရင် root ပျောက်မယ် ချတယ်ကွာ၊ မရလည်းနေဆိုပီး ကိုင်လိုက်တာ၊ အင်း တော်သေးတာပေါ့ ဒေါ်အေးသာကျော့ root မဖြစ် တော့ဘူး၊ မြန်မာစာတော့ မပျောက်ဘူး၊ အားလုံးအိုကေ၊ အော် အတော် တိုင်ပတ်ပါလား ဒီနေ့တော့
အော် မေ့လို့
ဒါလေးက z4root http://adf.ly/S243f
General Knowledge
Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။
Showing posts with label Myanmar Font. Show all posts
Showing posts with label Myanmar Font. Show all posts
Saturday, July 13, 2013
Friday, June 28, 2013
Emotion Ui သုံး huawei တွေအတွက် font ပါပြီး theme များ
Emotion Ui သုံး huawei တွေအတွက် font ပါပြီး theme တွေပါ
ပါဝင်တဲ့ Theme တွေကတော့
Affection Of Ya An
Breeze
Red Cloud2
S4 Themes By MMSD
Taste
The Love Season
Vivid
အဲဒါတွေပါပါတယ်
s4 theme ကိုတော့ ကိုဖြိုးချမ်း MMSD မှ ပြုလုပ်ပေးထားတာဖြစ်ပါတယ်
အဲဒါမရရင် ဒမှာဒေါင်း
FAQ
(1) (Q) Emotion Ui ဆိုတာဘာလဲ
(A) Emotion Ui ဆိုတာ အခုနောက်ထွက်လာတဲ့ huawei ဖုန်းတွေမှာ သုံးထားတဲ့ UI (user interface) တစ်မျိုးပါ
(2) (Q) ဘယ်ဖုန်းတွေမှာ ပါဝင်သလဲ
(A) Huawei Y300-0000, g510, g520, c8813, c8813d အဲလို ဖုန်းတွေမှာ ပါတာပါ
(3) (Q) Emotion Ui ပါမှန်း ဘယ်လိုသိရမှာလဲ
(A) ဖုန်းမှာပါတဲ့ Setting, about phone, system update မှာ ကြည့်လိုက်ပါ
(4) (Q) ဘယ်လိုထည့်ရမှာလဲ Emotion Ui မှာ အဲဒီ theme တွေကို
(A) ဖုန်း နဲ့ ကွန်ပျူတာကို ချိတ်ပီး ဖုန်းမှာ usb storage mode ပြောင်းလိုက်ပါ၊ ဖုန်း internal memory ထဲမှာ HWtheme ဆိုတာ ရှိပါတယ်၊ အဲဒီထဲကို ခုနကဒေါင်းထားတဲ့ .hwt ပါ file တွေကို ကူးထည့်လိုက်ပါ၊ နောက် usb ကြိုးဖြုတ် ခနစောင့် ပီးရင် theme ကိုသွား အဲဒီကမှ နောက်ထပ်တိုးလာတဲ့ theme ကိုရွေး apply လုပ်၊ theme with font ကိုရွေးပေး ပီးတော့မှ restart လုပ် ပီးရင် သုံးလို့ရပါပီ
ပါဝင်တဲ့ Theme တွေကတော့
Affection Of Ya An
Breeze
Red Cloud2
S4 Themes By MMSD
Taste
The Love Season
Vivid
အဲဒါတွေပါပါတယ်
s4 theme ကိုတော့ ကိုဖြိုးချမ်း MMSD မှ ပြုလုပ်ပေးထားတာဖြစ်ပါတယ်
http://adf.ly/S0LSE
အဲဒါမရရင် ဒမှာဒေါင်း
http://adf.ly/SDXnS
FAQ(1) (Q) Emotion Ui ဆိုတာဘာလဲ
(A) Emotion Ui ဆိုတာ အခုနောက်ထွက်လာတဲ့ huawei ဖုန်းတွေမှာ သုံးထားတဲ့ UI (user interface) တစ်မျိုးပါ
(2) (Q) ဘယ်ဖုန်းတွေမှာ ပါဝင်သလဲ
(A) Huawei Y300-0000, g510, g520, c8813, c8813d အဲလို ဖုန်းတွေမှာ ပါတာပါ
(3) (Q) Emotion Ui ပါမှန်း ဘယ်လိုသိရမှာလဲ
(A) ဖုန်းမှာပါတဲ့ Setting, about phone, system update မှာ ကြည့်လိုက်ပါ
(4) (Q) ဘယ်လိုထည့်ရမှာလဲ Emotion Ui မှာ အဲဒီ theme တွေကို
(A) ဖုန်း နဲ့ ကွန်ပျူတာကို ချိတ်ပီး ဖုန်းမှာ usb storage mode ပြောင်းလိုက်ပါ၊ ဖုန်း internal memory ထဲမှာ HWtheme ဆိုတာ ရှိပါတယ်၊ အဲဒီထဲကို ခုနကဒေါင်းထားတဲ့ .hwt ပါ file တွေကို ကူးထည့်လိုက်ပါ၊ နောက် usb ကြိုးဖြုတ် ခနစောင့် ပီးရင် theme ကိုသွား အဲဒီကမှ နောက်ထပ်တိုးလာတဲ့ theme ကိုရွေး apply လုပ်၊ theme with font ကိုရွေးပေး ပီးတော့မှ restart လုပ် ပီးရင် သုံးလို့ရပါပီ
Labels:
Emotion Ui,
Huawei,
Myanmar Font
Sunday, January 27, 2013
Sony xperia go ကို တရုတ်ဖောင့်မပြောက်ပဲမြန်မာစာကူထည့်နည်း
MMUC ထဲက Sony နဲ့ ပတ်သက်တာလေးတွေရှာဖွေရင်းနဲ့ ကျွန်တော့်Sony Xperia Go လေးကိုအောင်မြင်စွာနဲ့ မူရင်းဖောင့်တွေမပျောက်ပဲမြန်မာဖောင့်ကိုသွင်းလို့ ရသွားပါပြီ...
ခွင့်မတောင်းပဲ MMUC ထဲကဖိုင်းလေးတွေရှယ်လိုက်တဲ့အတွက်တောင်းပန်းပါတယ်ခင်ဗျာ...
အရင်ဦးဆုံး...ဒါလေးနဲ့  Root လိုက်
http://199.91.154.95/scw2r83u132g/hwm937axwhawb7m/Root_with_Restore_by_Bin4ry_v13.zipပြီးရင်ဒါလေးကိုဖြည်ပြီး Install လုပ်
http://dl.dropbox.com/u/51811539/root%20explorer%20and%20font.rarနောက်ဆုံးမှာ ဒီအထဲက ၂ ဖိုင်ကို extract လုပ်ပြီး Root explore ထဲက system/vendor/etcထဲကို ကူထည့်လိုက် ........
http://205.196.121.163/cehc582zphog/031glityo240721/sonyzawgyichanger.rarဖောင့်လှလှလေးပြောင်းချင်ရင်ဒါလေးနဲ့ ပြောင်း
https://dl.dropbox.com/s/fpqzly5lfs0c0v7/Zawgyi%20Installer%20%28Root%29.apk?dl=1အားလုံးအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်...
https://www.facebook.com/groups/MyanmarMobileUsers/doc/528438493847189/By Myo Thiha Kyaw in Myanmar Mobile Users Club
Labels:
Android,
Myanmar Font,
Sony
Sunday, December 2, 2012
2012 Xperia တွေ လုံးဝ "ျ " အပေါ်မတက်ရ
ဒီ zip ဖိုင်က Xperia device တွေမှာ မြန်မာစာ ..ျ တွေအပေါ်တက်တာကိုဖြေရှင်းထားတဲ့ post ပါ။
By Phyo Nyinyi in Myanmar Mobile Users Club
ဒေါင်းလိုက်ပါ CWM ကနေ flash လိုက်ပါ notification မှာလဲ ယပင်း အဆင်ပြေပါတယ်
Aung Tin Win ရေးပေးတဲ့ xml file ကို ထည့်သုံးထားပါတယ် ဒါကြောင့် ဆိုနီလို့ ပြောရတာပါ
ဒီမှာဒေါင်းပါ>>>>http://dl.dropbox.com/u/54886305/2012_Xperia.zip
အဆင်မပြေရင်.မရှင်းရင်.. အောက်က လင့်မှာလာဖတ်ကြည့်ပါခင်ဗျာ.
https://www.facebook.com/groups/MyanmarMobileUsers/doc/504237706267268/
Labels:
Myanmar Font,
Sony,
Xperia
Myanmar Font Install Manually
Myanmar Font Install Manually
By Aaron Nandus in Myanmar Mobile Users Club (Files) ·
New Method for Myanmar Font Installation - Manually
(Never overwrite originals, Clean installation method)
ကျွန်တော် Galaxy Note ကို ICS Upgrate လုပ်ရင်း System ထဲကို မွှေရင်းနဲ့ အခု မြန်မာစာ ထည့်သွင်းတဲ့ နည်းကို ရှာတွေ့ခဲ့တာပါ။ နည်းသစ်ကို မပြောခင် အရင်တုန်းက မြန်မာစာ ထည့်သွင်းပုံကို မသိသေးသူတွေသိအောင် ပြောပြပါ့မယ်။ (သိပြီးရင် ကျော်ဖတ်လိုက်ပါ)
အရင်က Myanmar font ထည့်နည်းများ ----------
Android ဖုန်းတွေမှာ မြန်မာစာသုံးဖို့အတွက် နည်းလမ်းတွေ အမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် အဲဒါတွေအားလုံးက စနစ်မကျပါဘူး။ ဘာလို့ စနစ်မကျလဲဆိုတော့ နဂို ရှိပြီးသား Android Font တွေမှာ မြန်မာစာလုံးတွေ မပါတဲ့အတွက် မြန်မာစာလုံးပါတဲ့ Droidsans.ttf နဲ့ Droidsansfallback.ttf ဆိုတဲ့ fonts နှစ်မျိုးကို Zawgyi.ttf နဲ့ အစားထိုးလိုက်လို့ပါ။ ဒါကြောင့် Zawgyi.ttf က Droidsans.ttf ပေါ်မှာ Overwrite ဖြစ်သွားတာကြောင့် နဂို Original font တွေ မရှိတော့ပါဘူး။
အခုနောက်ပိုင်း ICS မှာဆိုရင် Roboto.ttf ဖြစ်သွားတဲ့အတွက် Roboto.ttf နဲ့ Robotofallback.ttf ပေါ်မှာ Zawgyi.ttf ကို Overwrite ပြုလုပ်ကြပါတယ်။ Roboto font က တော်တော်လေးလှပါတယ်။ Zawgyi နဲ့ယှဉ်ရင် English စာလုံးတွေမှာ တော်တော်ကွာပါတယ်။
အဲဒီ့တော့ ဘာလုပ်ကြသလဲဆိုတော့ Roboto.ttf ကို Font Creator Professional Edition လို Fonts ပြုလုပ်လို့ရတဲ့ Software တွေသုံးပြီး Roboto ထဲမှာ Zawgyi ထဲက စာလုံးတွေ ထည့်လိုက်ကြပါတယ်။ Roboto က Series လိုက်ရှိတော့ Roboto Bold တွေရော Roboto Italic တွေမှာပါ Zawgyi ထဲက မြန်မာစာလုံးတွေကို လိုက်ထည့်ရပါတော့တယ်။ Zawgyi ထဲက english စာလုံးတွေမဟုတ်တော့ဘဲ roboto ထဲက english စာလုံးတွေကို မြင်ရလို့ ကြည့်ကောင်းသလိုလိုဖြစ်လာပေမယ့်လည်း တစ်ကယ်တော့ နဂို Roboto.ttf ကို ပြုပြင်ပြီး မြန်မာစာထည့်ထားတဲ့ Roboto.ttf နဲ့ အစားထိုးရတာပါပဲ။
အခု နည်းအသစ်မှာ --------------
အခုနည်းက နဂို Roboto Fonts တွေရော Droidsans Fonts တွေကိုရော overwrite လုပ်မှာမဟုတ်ဘဲ Zawgyi-one.ttf ကိုပဲ ထည့်ပေးလိုက်မှာပါ။ ဒါမှမဟုတ် ကိုယ်ကြိုက်တဲ့ ဘယ် Myanmar Font ကိုမဆို ထည့်နိုင်ပါတယ်။
အခု နည်းအသစ်ရဲ့ အားသာချက်တွေက --------------
အရင်နည်းမှာ Zawgyi.ttf မှာ English စာလုံးနဲ့ တစ်ခြား ဘာသာစကားတွေ ပါပေမယ့်လည်း မစုံလင်ပါဘူး။ ဒါကြောင့် တစ်ခြား ဘာသာစကားတွေ အပြည့်အစုံမပေါ်တာမျိုး ကြုံရပါလိမ့်မယ်။ တရုတ်စာတချို့ ပျောက်နေတာမျိုးတွေ ၊ ကုလားစာတွေ ပျောက်နေတာမျိုး၊ ကိုရီးယားစာတွေ ပျောက်နေတာမျိုးပါ။
အခုနည်းမှာတော့ အဲဒီလို မဖြစ်တော့ပါဘူး။ Zawgyi ကို သူ့အတိုင်း ထည့်ပေးလိုက်မှာဖြစ်လို့ မူလ ဖုန်းထဲက font တွေကို ဘာမှ မထိခိုက်တော့ပါဘူး။ နောက်ပြီး တစ်ကယ်ကောင်းတဲ့ အားသာချက်ကတော့ Custom Flip Font တွေ ကြိုက်သလောက် ပြောင်း၊ ဖုန်းထဲမှာ font style တွေ ကြိုက်တာ ပြင်လိုက်ပါစေ မြန်မာစာကို နေရာတိုင်းမှ မြင်ရတာပါ။
လိုအပ်တာတွေက ----------
- 920 text editor.apk
- Root လုပ်ပြီးသား ဖုန်း/tablet
- zawgyi.ttf
- Root Explorer
အရင်ဆုံး ဖုန်းက Root ဖြစ်နေဖို့ လိုပါတယ်။ Root လုပ်နည်းကတော့ ဖုန်းအမျိုးအစားပေါ်မူတည်ပြီး အမျိုးမျိုးရှိတာကြောင့် အဆင်ပြေမယ့်နည်းနဲ့သာ Root လုပ်လိုက်ပါ။ Android ver 4 ICS နဲ့ အထက် version တွေ ဖြစ်ရပါမယ်။ ICS ထက်နိမ့်တဲ့ Gingerbread နဲ့ ရှေ့ပိုင်းဖုန်းတွေ မရပါဘူး။
နောက်ထပ်လိုတာက မြန်မာစာ unicode ဖြစ်တဲ့ zawgyi.ttf ပါပဲ။ zawgyi font နဲ့ Root Explorer.apk တို့ကို Google မှာ Search လုပ်ပြီး ရှာလိုက်ပါ ပေါပါတယ်။
Install Zawgyi Font
Zawgyi-One.ttf ကို Zawgyi.ttf ပဲ ဖြစ်ဖြစ် Zawgyi-One2007.ttf ပဲဖြစ်ဖြစ် ကြိုက်တဲ့နာမည်ထားပါ ဘာမှမဖြစ်ပါဘူး။ အဲဒီ့ Zawgyi font ကို Root Explore ကို သုံးပြီး Copy လုပ်၊ ပြီးရင် /system/fonts ထဲမှာ ထည့်ထားလိုက်ရုံပါပဲ။ ဒါဆိုရင် Zawgyi font က ဖုန်းရဲ့ Fonts တွေရှိတဲ့ထဲ ရောက်သွားပါပြီ။ (အရင်တုန်းက DroidSans.ttf ကို root explore နဲ့ ထည့်ခဲ့သလိုပါပဲ။)
Zawgyi ကို သိအောင်လုပ်မယ်
Zawgyi ကို ခုနက System ထဲကို ထည့်လိုက်ပေမယ့်လည်း Android က Zawgyi Font ကို မသိသေးပါဘူး။ ဒါကြောင့် Android က သိအောင် လုပ်ပေးရပါဦးမယ်။
Android က fallback font list ကို /system/etc ထဲမှာ ထည့်ထားပါတယ်။ ဒါကြောင့် fallback font list ကို ပြင်ဖို့ အတွက် text editor လေးတစ်ခုလိုပါတယ်။
920 text editor
ကို download လုပ်လိုက်ပါ။ 686 kb ပဲရှိပါတယ်။ Install လုပ်ပြီးရင် ဖွင့်လိုက်ပါ။
920 text editor က system file ကို ပြင်မှာ ဖြစ်လို့ root access လိုအပ်ပါတယ်။ root access မပေးရင် save လုပ်လို့ရမှာမဟုတ်ပါဘူး။ ဒါကြောင့် 920 မှာ ဖုန်းရဲ့ menu ကို နှိပ်ပြီး ပေါ်လာတဲ့ option တွေထဲက Preference ကို ရွေးပါ။ အဲဒီ့ထဲက Other ကို ထပ်ရွေးပြီး Try run as ROOT မှာ အမှန်ခြစ်ပေးလိုက်ပါ။ အဲဒါဆိုရင် Superuser က request လာတောင်းပါလိမ့်မယ် ပေးလိုက်ပါ။
920 မှာ အပေါ်ဆုံးက folder ပုံ အဝါရောင်နဲ့ open ကို ရွေးပြီး /system/etc ထဲက fallback_fonts.xml ကို ဖွင့်လိုက်ပါ။ အဲဒီ့ထဲမှာ ရေးထားတာတွေက ရှုတ်ရှက်ခတ်နေတာပဲလား...။ ရပါတယ် အဲဒီ့စာတွေကို ကြည့်မနေပါနဲ့တော့။
Menu ကိုပဲ နှိပ်ပြီး Search/Replace ကို နှိပ်လိုက်ပါ။ Search box ပေါ်လာရင် Replace ကို ထပ်နှိပ်ပါ။
Search box မှာ -
</familyset>
ကို ရိုက်ထည့်ပါ။
Replace မှာ -
<family><fileset><file>Zawgyi.ttf</file></fileset></family></familyset>
လို့ရိုက်ထည့်ပါ။ (space မထည့်ပါနဲ့)
Zawgyi.ttf နေရာမှာ ခုနက fonts ထဲ ထည့်ထားခဲ့တဲ့ font ရဲ့ နာမည်နဲ့ တူရပါမယ်။
ဥပမာ - ခုနက zawgyi-one.ttf လို့ ပေးထားပြီး /system/fonts ထဲ ထည့်ထားရင် အခုနေရာမှာလည်း zawgyi-one.ttf ဖြစ်ရမယ်။
(* လုံဝ စာလုံးပေါင်း မမှာပါစေနဲ့ အထူးသဖြင့် </familyset> ကို စာလုံးပေါင်း မမှားပါစေနဲ့ မှားသွားရင် ဖုန်းကို reboot လုပ်တဲ့အခါ ဖုန်းတက်မလာတော့တာမျိုး ကြုံရတတ်ပါလိမ့်မယ်)
စာတွေရိုက်ပြီး စာလုံးပေါင်းမှားမမှား စစ်ပြီးရင် ဘေးက အပေါ်အောက် မြှားလေးကို နှိပ်လိုက်ရင် </familyset> ကို အရောင်နဲ့ ပြပေးလိမ့်မယ်။ အဲဒီ့ အခါ replace ကို နှိပ်လိုက်ပါ။ ဖြည့်လိုက်တဲ့ စာတွေကိုပါ အရောင်နဲ့ ပြပေးပါလိမ့်မယ်။ ရပါပြီ Save ခလုပ် (အပေါ်ဆုံးက အ၀ါရောင်နဲ့ open ဘေးက အပြာရောင် ခလုပ်) ကို နှိပ်လိုက်ပါ။ Successfuly saved! လို့ ပြောရင် save ဖြစ်သွားပါပြီ။ 920 ကို ပိတ်လိုက်လို့ ရပါပြီ။
အခုဆိုရင် Zawgyi font ထည့်ထားမှန်း Android က သိသွားပါပြီ။ ဖုန်းကို Restart လုပ်ပြီး စမ်းကြည့်ပါ။ keyboard ကိုတော့ frozen keyboard ဖြစ်ဖြစ် အဆင်ပြေတဲ့ မြန်မာစာ ကီးဘုတ်နဲ့ ရိုက်ပါ။ နေရာတိုင်းမှာ မြန်မာစာ ပေါ်သွားပါပြီ။
ဒီနည်းကို သုံးတဲ့အတွက် ကိုယ့်ရဲ့ Android ဖုန်းမှာ English font ကို ဘာပဲ ပြောင်းလိုက်ပြောင်းလိုက် မြန်မာစာက အမြဲတန်း နေရာတိုင်းမှာ ပေါ်ပါလိမ့်မယ်။ Custom Flip Font လို app တွေကိုလည်း သုံးပြီး ကိုယ့်ရဲ့ ဖုန်းကို ကြိုက်တဲ့ english font ပြောင်းလိုက်လို့ မြန်မာစာ မမြင်ရတော့တာမျိုးတွေလည်း မဖြစ်တော့ပါဘူး။
(Zawgyi font အပြင် ကိုယ်ကြိုက်တဲ့ Myanmar Unicode Font ဘယ် font မဆို ထည့်လို့ရပါတယ်)
ဒီ Myanmar Font ထည့်နည်း အသစ်ကို ခွင့်တောင်းစရာမလိုဘဲ လွပ်လွပ်လပ်လပ် Share လုပ်နိုင်ပါတယ်။ Internet မှာရော အပြင်မှာပါ Share လုပ်နိုင်အောင်လို့ pdf အနေနဲ့ပါ ရေးပေးလိုက်တာပါ။
ကျွန်တော်တို့ Myanmar font လိုပဲ တမီးလ် (tamil) font လည်း အစက Android မှာ မပါခဲ့ပါဘူး။ ဒါကြောင့် သူတို့လည်း အရင်က Droidsans.ttf ကို overwrite လုပ်တဲ့နည်းနဲ့ သုံးနေခဲ့ရတာပါ။ အခု Icecream Sandwich က စပြီး Tamil font ကို google က ထည့်ပေးခဲ့တဲ့အပြင် Jelly bean မှာဆိုရင် တမီးလ် keyboard ပါ စ ကတည်းက ပါလာပါတယ်။ ဘာ root မှ လုပ်စရမလိုပါဘူး။ Android ဖုန်းမှန်သမျှမှာ ၀ယ်ကတည်းကစပြီး တမီးလ်ကို သုံးလို့ရသွားပါပြီ။
သူတို့တွေ တမီးလ် စာ ပေါ်ဖို့အတွက် campaign တွေ လုပ်ခဲ့ကြလို့ အခုတော့ အဆင်ပြေသွားကြပါပြီ။ ကျွန်တော်တို့ မြန်မာတွေသာ ခုထိ root လုပ်ပြီး overwrite လုပ်လို့ ကောင်းတုန်းပဲ ရှိနေပါသေးတယ်။ ဒါကြောင့် Zawgyi.ttf လေးနဲ့ fallback_fonts.xml မှာ Zawgyi font ကို ထည့်ရေးပေးဖို့လေးကတော့ Google အတွက် အပန်းမကြီး မခက်ခဲတာကြောင့် ကျွန်တော်တို့ Google ကို စုပေါင်းပြီး ၀ိုင်းဝန်းတောင်းဆိုသင့်တယ်လို့ ထင်ပါတယ်။ နောက်တော့မှ တဆင့်တက်ပြီး Myanmar Unicode ကို တစ်ကယ်အလုပ်ဖြစ်အောင် လုပ်ပေးဖို့ တောင်းဆိုကြတာပေါ့ဗျာ။ အောင်မြင်သွားရင်တော့ ဘယ် Android မှာမဆို Root လုပ်စရာမလိုဘဲ ၀ယ်ပြီးတာနဲ့ မြန်မာစာ တစ်ခါတည်း သုံးလို့ရသွားတော့မှာဆိုတော့ တော်တော်လေး အဆင်ပြေသွားမှာပါ။
ကျွန်တော့်ရဲ့ facebook page တစ်ခုဖြစ်တဲ့ android အကြောင်းရေးနေတဲ့ Droid Diary ကို လာလည်ပြီး တစ်ခြား စာတွေလည်း လာဖတ်နိုင်ပါကြောင်း....။ (www.facebook.com/droid-diary)
by Aaron
aaron.nandus@gmail.com
ပုံတွေပါ ပါတဲ့ PDF အနေနဲ့ ဖတ်ချင်ရင် -

Saturday, December 1, 2012
New Method for Myanmar Font
New Method for Myanmar FontNever overwrite originals, Clean installation method
အရင်က Myanmar font ထည့်နည်းများ ----------
Android ဖုန်းတွေမှာ မြန်မာစာသုံးဖို့အတွက် နည်းလမ်းတွေ အမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် အဲဒါတွေအားလုံးက စနစ်မကျပါဘူး။
ဘာလို့ စနစ်မကျလဲဆိုတော့ နဂို ရှိပြီးသား Android Font တွေမှာ မြန်မာစာလုံးတွေ မပါတဲ့အတွက် မြန်မာစာလုံးပါတဲ့ Droidsans.ttf နဲ့ Droidsansfallback.ttf ဆိုတဲ့ fonts နှစ်မျိုးကို Zawgyi.ttf နဲ့ အစားထိုးလိုက်လို့ပါ။ ဒါကြောင့် Zawgyi.ttf က Droidsans.ttf ပေါ်မှာ Overwrite ဖြစ်သွားတာကြောင့် နဂို Original font တွေ မရှိတော့ပါဘူး။
အခုနောက်ပိုင်း ICS မှာဆိုရင် Roboto.ttf ဖြစ်သွားတဲ့အတွက် Roboto.ttf နဲ့ Robotofallback.ttf ပေါ်မှာ Zawgyi.ttf ကို Overwrite ပြုလုပ်ကြပါတယ်။ Roboto font က တော်တော်လေးလှပါတယ်။ Zawgyi နဲ့ယှဉ်ရင် English စာလုံးတွေမှာ တော်တော်ကွာပါတယ်။
အဲဒီ့တော့ ဘာလုပ်ကြသလဲဆိုတော့ Roboto.ttf ကို FontCreator Professional Edition လို Fonts ပြုလုပ်လို့ရတဲ့ Software တွေသုံးပြီး Roboto ထဲမှာ Zawgyi ထဲက စာလုံးတွေ ထည့်လိုက်ကြပါတယ်။
Roboto က Series လိုက်ရှိတော့ Roboto Bold တွေရော Roboto Italic တွေမှာပါ Zawgyi ထဲက မြန်မာစာလုံးတွေကို လိုက်ထည့်ရပါတော့တယ်။ Zawgyi ထဲက english စာလုံးတွေမဟုတ်တော့ဘဲ roboto ထဲက english စာလုံးတွေကို မြင်ရလို့ ကြည့်ကောင်းသလိုလိုဖြစ်လာပေမယ့်လည်း တစ်ကယ်တော့ နဂို Roboto.ttf ကို ပြုပြင်ထားတဲ့ မြန်မာစာပါတဲ့ Roboto.ttf နဲ့ အစားထိုးရတာပါပဲ။
အခု နည်းအသစ်မှာ --------------
အခုနည်းက နဂို Roboto Fonts တွေရော Droidsans Fonts တွေကိုရော overwrite လုပ်မှာမဟုတ်ဘဲ Zawgyi-one.ttf ကိုပဲ ထည့်ပေးလိုက်မှာပါ။ ဒါကြောင့် အရင်လို Chinese စာတွေပျောက်သွားတာ Arabic စာတွေပျောက်သွားတာမျိုး လုံးဝ မရှိတော့ပါဘူး။
အဲဒါအပြင် Zawgyi font တင်မဟုတ်ဘဲ Myanmar 3 font နဲ့ Padauk font တို့ပါ ထည့်ပေးထားပါတယ်။ (myanmar3 နဲ့ padauk သုံးတဲ့ blog တွေကို ဖတ်ရ မရတော့ စမ်းကြည့်ပေးကြပါ။) Frozen Keyboard ကိုလည်း ထည့်ပေးလိုက်ပါတယ်။
/System/Fonts ထဲမှာ စစ်ကြည့်ရင် Zawgyi-one.ttf, Zawgyi-Sony.ttf, Myanmar3.ttf နဲ့ Padauk.ttf တို့ကို တွေ့ရပါလိမ့်မယ်။
NOTE :ကျွန်တော်က Mobile Phone ဆိုင်မရှိသလို ရင်းနှီးတဲ့ Mobile Phone ဆိုင်လည်း မရှိပါဘူး။ ဒါကြောင့် လောလောဆယ် ကျွန်တော့်မှာရှိတဲ့ Huawei 8825D နဲ့ Galaxy Note တို့နဲ့ပဲ စမ်းဖြစ်ပါတယ်။ (ကျနော့်မှာလည်း ဒါပဲရှိတယ် :) နှစ်ခုလုံး 100% အဆင်ပြေပါတယ်။
Android Version 4.0 နဲ့ အထက်တွေပဲ ရမှာပါ သူ့အောက်က version တွေဖြစ်တဲ့ 2.3.6 တွေ ရမှာမဟုတ်ပါဘူး။
အဆင်ပြေသွားတဲ့သူတွေက ကိုယ့်ရဲ့ ဖုန်း အမျိုးအစားကို အောက်မှာ comment နဲ့ ဖြည့်ရေးပေးတဲ့နည်းနဲ့ ကူညီပေးပါ။ အဆင်မပြေတဲ့ သူတွေလည်း ဖြစ်တဲ့ ပြဿနာကို ဖြည့်ရေးပေးပါ။
ဒါလေးအတွက် ကျေးဇူးတင်ရင် ကျွန်တော့်ရဲ့ Droid Diary Page https://www.facebook.com/DroidDiary ကို Like လုပ်ပေးပါ။ :D
Download :Drop box
https://www.dropbox.com/s/5pxq1zwcuj928c7/MMfontICS.zip
Installation :Update Zip ပုံစံဖြစ်တာကြောင့် CWM (Clockwork Mod Recovery) တင်ထားတဲ့ ဖုန်းတွေမှာ Recovery Mode ကိုသုံးပြီး Update zip from SD card ဆိုပြီး ဒီ file ကို update ပြုလုပ်ပါ။
by Aaron
aaron.nandus@gmail.com
www.facebook.com/aaron.nandus
Labels:
Android,
Myanmar Font
Thursday, October 11, 2012
စက်ရုပ်မှန်ရင် Root မလိုပဲ မြန်မာလို SMS ပို့မယ်
မြန်မာ Devloper ကို Joe Win ရဲ့ကောင်းမှုကြောင့် Android ဖုန်းမှန်ရင် အမြစ်တူးစရာမလိုပဲ SMS ပို့လို့ရပါပြီး။
ကို Joe Win ဒီထက်ကြီးပွားတိုးတက်အောင်မြင်ပါစေဗျာ။ ကဲ Down ပေးတော့ root မလိုတော့ဘူးပျော်တယ်ဗျို့။
မြန်မာလိုနော်။ First Myanmar browser လေးပါတခါတည်းရော်ပေးလိုက်တယ်။ root မလုပ်ရသေးတဲ့လူတွေအဆင်ပြေအောင်လို့ပါ
SMS For MM
http://www.mediafire.com/?o3a7r40o3via3nd
By Joe Win
1st MM Browser
http://www.mediafire.com/?0djh92jc1vcw4fc
By Shwe Yoe
Frozen Keyboard
http://www.mediafire.com/?qbnjg7tn6hi5hov
By Thiha Aye Kyaw
မြန်မာ Keyboard
http://www.mediafire.com/?qbnjg7tn6hi5hov
By Thu Rein
ထပ်ပြောချင်တာလေးကတော့ Myanmar Devloper အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ဗျာ။
original link https://www.facebook.com/groups/MyanmarMobileUsers/doc/486864288004610/

Messaging,
Myanmar Font,
Myanmar Keyboard
U8860 version 2.3.6 ကို ICS ဗားရှင်းမမြင့်၊ အမြစ်မတူးဘဲ မြန်မာဖောင့်လေးထည့်ကြည့်ရအောင်
ကျနော်သိသလောက်တော့ Huawei u8860 version 2.3.6 ကို ICS ကိုမမြင့်ဘဲနဲ့ Root လို့မရပါဘူးး...
ခုပို့စ်လေးကိ U8860 Version 2.3.6 ကို Root မဖောက်ဘဲ CWM တင်ပြီး မြန်မာဖောင့်သွင်းနည်းလေးပါ....
တခြား ဘယ် Huawei တွေမှာမဆို CWM တင်လို့ရရင် မြန်မာဖောင့်ထဲ့လို့ အဆင်ပြေနိုင်ပါတယ်......
ROOT လုပ်ဖို့ အဆင်မပြေတဲ့ ဖုန်းတွေများအတွက်ပါ
နောက် ဂျယ်လီ မြေပဲ ဗားရှင်းမှာ အဆင်မပြေပါဘူး ဖန်းဝဲကျသွားနိုင်ပါတယ်ခင်ညာ
ကဲမစခင် လိုအပ်တာလေးတွေ အရင်ဒေါင်းကြရအောင်ဗျာ........
U8860 အတွက် CWM လေးကိုအောက်ကလင့်လေးမှာဒေါင်းလိုက်ပါ
http://www.mediafire.com/?j9ai3dv60tbor65
နောက် Huawei အတွက် မြန်မာဖောင့်ကို လည်းဒေါင်းလိုက်ပါဦး
http://www.mediafire.com/download.php?7pbc1i5c9fh2z09
ကဲအားလုံးဒေါင်းပြီးပြီဆိုရင် ........ ဖုန်းကိုကွန်ပျူတာနဲ့ချိတ်ပြီး SD Card ထဲကို HWMMFont.zip လေးကို အရင်ထည့်ထားပါ
CWM လေးးကို တင်လိုက်ရအောင်...
အရင်ဆုံးဖုန်းကို Fateboot Mode ထဲဝင်ပါ Vol up+ Vol down+ Power သုံးခုလုံးကို တစ်ပြိုင်နက်နိပ်ထားပါ...
ဖုန်း Screen ပန်းရောင်လေးဖြစ်သွားရင်လွတ်လိုက်ပါ.....
အဲ့တာဆို Fastboot Mode ထဲရောက်ပါပြီ....
ပြီးရင် ဖုန်းကို ကွန်ပြူတာနဲ့ချိတ်.... Driver Install လုပ်တာကို ပြီးအောင်စောင့် ပြီးရင်
ကွန်ပြူတာမှာ ဖုန်းရဲ Remoavable Disk တစ်ခု တက်လာပါလိမ့်မယ် ... အဲ့ထဲကိုဝင်ရင် Image
ဆိုတဲ့ ဖိုဒါလေးကို တွေ့ပါလိမ့်မယ် Image Folder ထဲကိုထပ်ဝင်ပါ... ပြီးရင် recovery.img ဆိုတဲ့ ဖိုင်
ကို ဖျက်လိုက်ပါ..... ခုနကဒေါင်းထားတဲ့ recovery-u8860-en.img ကို recovery.img လို့
နာမည်ပြောင်းပြီး Image Folder ထဲကိုထည့်ပါ.... ပြီးရင် ဖုန်းကိုကွန်ပျူတာကနေဖြုတ်...
ဓါတ်ခဲဖြုတ်ပြီးရင်ပြန်တပ်..... Volume up + Power ကိုတွဲနိပ်ပြီး Huawei logo
လေးပေါ်ရင်လွတ်လိုက်ပါ....
ခနလေးနေရင် ဖုန်းက Recovery Mode ထဲဝင်သွားပါလိမ့်မယ် ... ဒါဆိုရင်တော့ သင့် U8860 ကို CWM တင်လို့ပြီးပါပြိ......
ပြီးရင် မြန်မာဖောင့်ထဲ့ဖို့ အတွက် Install Zip From Sd ကိုရွေးပါ......
Choose Zip From SD ကိုရွေးပြီးတော့ ခုနက SD ထဲမှာထဲ့ထားတဲ့ HWMMFont.zip ကို Install လုပ်လိုက်ပါ.. ပြီးသွားရင် ဖုန်းကို Reboot ချလိုက်ပါ..... ဖုန်းပြန်တက်လာပြီးဆို၇င်တော့ သင့် U8860 version 2.3.6 ကို ရုမလုပ်ဘဲ မြန်မာဖောင့်ကို ထဲ့သွင်းပြီးပါပြီ...........
ပြီးရင်တော့ Frozen Keybord ထဲ့ပြီးတော့ မြန်မာဖောင့်ကို အားရပါးရသုံးပေတော့............ ဟီးးးးးးးးးးးးး
Frozen Keyboard v 1.1.3
http://www.mediafire.com/?l5kckv3d15msnpn
အဆင်ပြေကြပါစေ
Credit to XDA and Developers of HWMMFont.zip

original post https://www.facebook.com/groups/MyanmarMobileUsers/doc/484207614936944/
Labels:
Hacking,
Huawei,
Myanmar Font
No Root, Myanmar SMS Root မလိုပဲAndroid ဖုန်းတိုင်းမြန်မာလို SMS ပို့မယ် (၂)
- အရင်တစ်ခေါက် က Go sms က နေ.. FOnt setting ပြောင်းပြီး...မြန်မာလို.ပို့လို့ဖတ်လို့ရတဲ့ sms အကြောင်းပြောသွားပါတယ်.
အဲဒီမှာ အဆင်မပြေတာက messagae ရိုက်တဲ့နေရာမှာ မြန်မာလိုမပေါ်ဘဲ ပို့မှ ပေါ်တာ ဖြစ်ပါတယ်.
အခုအဲဒီအခက်အခဲကိုရှင်းမယ်.
ဖြေရှင်းနည်းနှစ်ခုတွေ့ထားပါတယ်.
ပထမတစ်နည်းက GO sms အစား Handcent sms ကို အစားသုံးတာပါ။
ဒုတိယနည်းကတော့... မြန်မာနိုင်ငံကပဲထုတ်ထားတဲ့.. sms4mmဆိုတဲ့ application ပါ.
ဒီနည်းကဘာမှပြုစရာပြင်စရာမလိုတော့.ပဲ...install လုပ်ရုံနဲ့ ..မြန်မာလိုပို့လို့ဖတ်လို့ရိုက်လို့ရပါပြီ။

Sm4mm (modified) sms4mm(original)
Download application
1.Sms4mm(modified)
https://www.dropbox.com/s/0u8ydfjuk9ass2m/SMS4MM%28modified%29.apkhttp://www.mediafire.com/download.php?2qm03l4ua370a33
2.sms4mm(original)
https://www.dropbox.com/s/9rpzp3lvhe98okc/com.thiri.sms.apkhttp://www.mediafire.com/download.php?6oc9c1epv7vcnir
sms4mm မှာ original ပါတဲ့ font က နည်းနည်းကြီးတယ်ထင်လို့.. ကျွန်တော့်ဘာသာ ဖော်င့ပြန်ပြင်ထားတာပါ။
ခွင့်မတောင်းပဲ..ပြင်မိလို့.. ရေးတဲ့သူကိုတောင်းပန်ပါတယ်..
HandCent SMS
ဒီအောက် က Handcent sms ထဲမှာပြင်ရမာလေးတွေပါ

edit font, contact font
အစရှိသဖြင့်ပြောင်းလို့ရတဲ့.. font မှန်သမျှzawgyi roboto ကို ပြောင်းပါ။
zawgyi installer မသွင်းထား၇င်လည်း..ကျွန်တော် အခုပေးတဲ့..ဖောင့်ကို .........phone ထဲ က တစ်နေရာရာထားပြီး.. scan external font packages လုပ်ရင်လည်းရပါတယ်.
သူထဲမှာ. myanmar fontါအပါအ၀င်.. နဂို original ပါပြီးသား.. တရုတ်.. ကိုးရီးယား..နဲ့အခြား..font တွေအားလုံးပါပါတယ်.
Font ...Roboto regular Download https://www.dropbox.com/s/d9wybt7hi9j2ead/Roboto-Regular.ttfhttp://www.mediafire.com/download.php?vv67c0v0de8vo35
ံHand cent Sms Download
https://www.dropbox.com/s/6tr4clq1hb597gt/Handcent_SMS_4.4.1.apk?mhttp://www.mediafire.com/download.php?wsd1sd55l666t4t
အရင် Go sms နဲ့ လုပ်ထားတဲ့ နည်းကို ဖတ်ရှု့ကြည့်ပါ.
https://www.facebook.com/groups/MyanmarMobileUsers/doc/481510038540035/
created at 11.10.2012
နောက်တစ်ခုထပ်လာမည်။
message ကျတော့ပို့လို့ရတယ်.. မြန်မာလိုကော ဖုန်းစာအုပ်ကိုမှတ်လို့ရမရဘူးလားဆိုသူတွေအတွက်
MMhub dialler ရှိပါတယ်.
အင်တာနက်သုံးခ်ျငရင် 1st MM browser သုံး.
message ပို့ချင်ရင် sms4mm သုံး
မြန်မာလိုဖုန်းစာအုပ်မှတ်ချင်ရင် mmhub dialler သုံး.
http://www.mediafire.com/download.php?pbnsb8vy541ggys
နောက်ထပ်..root မလိုပဲ..မြန်မာလိုသုံးတဲ့နည်းတွေတွေ့ရင်ရှယ်ပါဦးမယ် :)
updated at october 20.2012
Doc By Nyein Chan Ko Ko
Like · · 2 minutes ago
Labels:
Android,
Messaging,
Myanmar Font
Friday, September 28, 2012
Root မလိုပဲAndroid ဖုန်းတိုင်းမြန်မာလို SMS ပို့မယ်
Android ဖုန်းတွေမှာ.မြန်မာလို Message ဖတ်လို့ရပို့လို့ရအောင်လုပ်နည်း..တစ်ခုရှိပါတယ်.
ခက်ခက်ခဲခဲကြီးလည်းမဟုတ်ပါဘူး..
ဘယ်ဖုန်းမှမဆို..အသုံးပြုနိုင်ပါတယ်.
Samsung မှမဟုတ်ပါ.
ကျန်သော..sony,HTC.huawei... Android OS အသုံးပြုသော. ဖုန်းမှန်သမျှသုံးနိုင်ပါသည်။
လိုတာက..
1.Go SMS Pro http://www.mediafire.com/?us7fs2uqs42mstn
2.Zawgyi Installer http://www.mediafire.com/download.php?f81vmpfh8omhqsc
3.Frozen Keyboard http://www.mediafire.com/download.php?akttn59cxcunl9n
4.Zawgyi Pad http://www.mediafire.com/?jdoswvbe329piio
ဒေါင်းပြီးသွားရင်. go sms pro ကော
zawgyi installer ကော
frozen keyboard ကော install လုပ်ပါ။
ပြီးရင် GO sms ထဲဝင်ပါ.
(၁)

ဒီပုံမှာမြန်မာလိုရေးထားတာတွေမပေါ်သေးပါဘူး.
(၂)Go sms ထဲဝင်ပြီးပြီဆိုရင် option /settin ထဲကိုဝင်ပါ

။
(၃)ပြီးရင်Advanced / Appearance settings ထဲကိုဝင်ပါ။

(၄)ပြီးရင် Scan font packages ဆိုတာကိုရွေးလိုက်ပါ။

င်္Device ထဲမှာ ရှိတဲ့ Font တွေ scan ဖတ်နေတာကိုမြင်ပါလိမ့်မယ်.ပြီးသွားတဲ့အထိခဏစောင့်ပါ။

(၅)ပြီးရင်သူ့အောက်မှာရှိတဲ့ Conversation List appearance ကိုရွေးပါ။
အဲဒီထဲက conv list customization ဆိုတာကိုရွေးလိုက်ပါ။
(၆)ပြီးရင် Contact font ..time and message font
အားလုံးကို ဇော်ဂျီဖောင့်ချိန်းပါမယ်။
ပုံမှဝိုင်းထားတဲ့နှစ်ခုကိုရွေးလိုက်ပါ။

ပြီးရင် ညာဘက်က box လေးကျလာပါမယ်.
အဲဒီထဲမှာဖော်င့တွေအများကြီးပါပါတယ်။
မြန်မာဖောင့်အနေနဲ့တစ်ခြားဖောင့်တွေလည်းရှိပါတယ်။
ကျွန်တော်ကတော့ zawgyi installer ထဲမှာပါတဲ.
Roboto font (Roboto Regular Normal ) ကို ဇော်ဂျီပေါင်းထားတာလေးကြိုက်လို့အဲဒါပဲရွေးပါတယ်
ပြီးတော့သူက.Roboto မှာမူလာပါတဲ့.တရုတ်.ကို့ရီးယားဖောင့်တွေလည်းမပျက်လို့ပါ။
မျှားပြထားတဲ့..နာမည်ကိုသေချာရွေးပေးပါ။
အဲဒီနာမည်ဆင်တူတွေပါလာပါလိမ့်မယ်။
အဲဒီနှစ်ခုလုံးရွေးပြီးရင် back key နဲ့ပြန်ထွက်လိုက်ပါ။
သူက save လုပ်ခိုင်းရင်နာမည်တစ်ခုခုပေးပြီးသိမ်းလိုက်ပါ.။
ပြီးရင်စောစောက conv list conversation ဆိုတာရဲ့အောက်က user defined setting ထဲဝင်ပြီး ကိုယ်သိမ်းခဲ့တဲ့ setting ကို apply လုပ်ပါ။

(၇)
ပြီးရင် ... conversation appearance မှာလည်းစောစောကလိုပဲ..incoming font .outgoing font date font စတဲ့font နဲ့ပတ်သက်တာမှန်သမျှ.
roboto regular ကိုပြောင်းမှတ်လိုက်ပါ။

ပြီး၇င် save လုပ် apply လုပ် ပါ။
(၈)
စောစောက conversation appearance ပြီးရင် pop up appearance ဆိုတာပါရှိသေးတယ်။
အဲဒီထဲလည်းစောစောကအတိုင်းဝင်ပြီး.
ဝိုင်းပြထားတဲ့နေရာက font တွေလိုက်ပြောင်းပါ။

save + apply လုပ်ပါ။
အားလုံးပြီးသွားရင် .message box ကို ပြန်သွာ.ပါ။
Frozen keyboar d ကိုပြောင်းလဲအသုံးပြုပါ။

မြင်တဲ့အတိုင်းပါပဲ.
အ၀င်ကောအထွက်ကော..မှန်ပါတယ်.
နာမည်တွေလည်းမြန်မာလိုပေါ်ပါတယ်။
ချို့ယွင်းချက်တစ်ခုရှိပါတယ်။
အဲဒါက message ပို့ဖို့ type to compose ဆိုတဲ့နေရာမှာစာရိုက်ရင်...မြန်မာလိုမပေါ်ပဲ.send နှိပ်ပြီးထွက်သွားမှ..ပို့လိုက်တဲ့စာကိုမြန်မာလိုမြင်ရတာဖြစ်ပါတယ်..
ဘယ်လိုပဲဖြစ်ဖြစ်... ကိုယ့်ဆီကိုမြန်မာလို message ပို့ရင် မမြင်ရဘူးဆိုတာမရှိတော့ဘူးပေါ့.
တကယ်လို့စာလုံးတွေကိုသာမှန်းပြီးရိုက်တတ်မယ်ဆိုရင်တော့... reply လုပ်လို့ရပါလိမ့်မယ်။
message နေရာမှာ.. Go sms ကို မူရင်းsms application နေရာ.. default အဖြစ်ထားပြီးအစားထိုးအသုံးပြုလို့ရပါတယ်။
နောက်ပိုင်း... ကျရင်.. ရိုက်တဲ့အခါမှာပါ..မြန်မာလို..မြင်ရအောင်..လုပ်ပေးနိုင်မယ့်ပညာရှင်တွေပေါ်ထွက်လာပါစေ..လို့ဆုတောင်းရင်..အဆုံးသတ်
လိုက်ပါတယ်.ခင်ဗျာ..
(မှတ်ချက်.....လုံးဝ...လုံးဝ.....Root မလိုအပ်ပါ။...zawgyi installer ကို သုံးခြင်းသည်.. Font ကို ယူရန်သာဖြစ်သောကြောင်.. install လုပ်ပြီးပါ..က..ဖွင့်ပြီးrun ရန်မလိုအပ်ပါ။)
Doc created By Nyein Chan Ko Ko..
28.9.2012(1:49 am)
ဒါကကိုနက္ခတ်သစ်ထပ်စမ်းထားတာပါ။
ကို Nyein Chan Ko Ko အောက်ကဆက်ရေးခွင့်ပြုပါခင်ဗျာ။ Root မလုပ်ပဲမြန်မာစာရိုက်လို့ရတဲ့ ဟာလေးရှိပါသေးတယ်။
Download Zawgyi Pad
ဒါလေးကို Download လုပ်ပါ။ အဲ့ဒီ zawgyipad လေးထဲမှာ မြန်မာလိုရိုက်ပြီး Gosms ထဲ Paste လုပ်ပြီးပို့ရင်မြန်မာစာပို့တာအဆင်ပြေသွားမှာပါ။

* Go SMS * မှာ paste လုပ်ချိန်မှာတော့ လေးထောင့်ကွက်ပဲပေါ့ဗျာ။ ပို့လိုက်ရင်တော့ ok ပြီး စမ်းကြည့်လိုက်တော့ အားလုံးအဆင်ပြေမှာပါ။
Labels:
Android,
Messaging,
Myanmar Font
Thursday, September 27, 2012
Install Zawgyi via CWM
THIS IS ONLY FOR AOSP based ROMs.
This does not replace the DroidSansFallback.ttf. Instead, it registers ZawgyiOne.ttf as a fallback font. So, you can still see other languages.
http://www.mediafire.com/?7wn1q596nmc4tea
Flash this zip via CWM.
Edit : Confirmed working on C8825D. :D
Thiha Aye Kyaw (MMUC)

Monday, September 24, 2012
U8812D MYANMAR FONT INSTALLATION FOR ROOTED AND UNROOTED PHONES
--- CREDITS TO OUR SITE : MM-MPXTEAM.NET ---
U8812D မှာ မြန်မာစာသွင်းမယ် ROOT & NOROOT
===============================
U8812D မှာ မြန်မာစာသွင်းဖို့အတွက်ပါ။ Root လည်းလုပ်လို့ရပါတယ်။ Root မလုပ်ပဲ မြန်မာစာသွင်းနိုင်ပါသည်။
------------------------------
ပထမဦးဆုံး လိုအပ်တာတွေကို အရင်ဒေါင်းပါ။ လိုအပ်တာကတော့ MT65xx VCOM Driver, SP Flash Tool, image file တွေလိုအပ်ပါတယ်။
လိုအပ်တဲ့ဖိုင်တွေကို ယခုပိုစ့်မှာတင်ထားပါတယ်။
------------------------------
Driver သွင်းနည်း
-------------------
Driver သွင်းဖို့အတွက် ယခုပိုစ့်မှာတင်ထားတဲ့ MTK Driver ကိုဖြည်ချထားပါမယ်။ ပြီး ဖုန်းကို ပါဝါပိတ်ပြီး ဓာတ်ခဲဖြုတ်ထားပါ။ နောက် ဖုန်းနဲ့ကွန်ပျူတာကို USB ကြိုးနဲ့ချိတ်ပါ။
ပြီးမှ ဓာတ်ခဲကို ထည့်ပါ။ ဒါဆိုရင် Computer မှာ MT65xx လိုမျိုး Driver လာတောင်းပါမယ်။ အဲ့ဒီအတွက် ခုဏက ဖြည်ချထားတဲ့ MTK Driver ဖိုဒါကိုညွန်းပေးပြီးတော့ Driver ကိုသွင်းပါ။
Flash လုပ်နည်း
------------------
Driver လည်း အောင်မြင်စွာ သွင်းပြီးသွားပြီဆိုရင်တော့ ဖုန်းကို ကွန်ပျူတာကနေဖြုတ်ပြီး ဓာတ်ခဲလည်းဖြုတ်ထားပါ။
U8812D_FlashTool_MMMPxTeam.rar ဖိုင်ကို ဖြည်ချပါ။ ပြီးရင် အထဲထဲက Flash_tool.exe ကို run ပါ။
အောက်ကပုံအတိုင်း ပေါ်လာပါမယ်။

ပုံထဲကမှာ ပြထားတဲ့အတိုင်း နံပါတ် (၁) နေရာကိုနှိပ်ပြီးတော့ ခုဏကဖြည်ချထားတဲ့ Flash Tool ဖိုဒါထဲက MT6575_Android_scatter_emmc.txt ဖိုင်ကို ရွေးပေးပါ။
ပြီးရင် နံပါတ် (၂) မှာပြထားတဲ့အတိုင်း BOOTIMG နေရာကို အမှန်ခြစ်ပါ။ ပြီးရင် နှစ်ချက်နှိပ်ပြီးတော့ U8812D_Font_NoRoot_MMMPxTeam.img ဖိုင်ကိုရွေးပါ။
ပြီးပြီဆိုရင် နံပါတ် (၃) နေရာက Download ကိုနှိပ်လိုက်ပါ။ ပြီးရင် ဖုန်းနဲ့ ကွန်ပျူတာကို USB ထိုးပါ။ ပြီးမှ Battery ကိုထည့်ပါ။
ဒါဆိုရင် Flash tool နဲ့ ဖုန်းနဲ့သိသွားပြီး အနီရောင်ဘားလေး အရင်ပြေးပါမယ်။ ပြီးရင် ဒုတိယတစ်ခါ အ၀ါရောင်ပြေးပါမယ်။
အားလုံးပြီးသွားပြီဆိုရင်တော့ အောက်ကပုံအတိုင်းပေါ်လာရင်တော့ အောင်မြင်သွားပါပြီ။

အစိမ်းရောင်အကွက်လေးနဲ့ OK ပြပြီးသွားပြီဆိုရင်တော့ ဖုန်းနဲ့ ကွန်ပျူတာနဲ့ဖြုတ်ပြီးတော့ ဖုန်းကို ပါဝါပြန်ဖွင့်ကြည့်ပါ။ မြန်မာစာ auto ၀င်သွားပါပြီ။
မြန်မာ Keyboard လေးသာထည့်ပြီး မြန်မာစာပေါ်မပေါ်စမ်းကြည့်ပါ။
အခုနည်းက Root မလုပ်ဘဲ မြန်မာစာထည့်နည်းပါ။
Root လုပ်ချင်သူတွေအတွက်က U8812D_Root.img ဖိုင်ကို ခုဏက BOOTIMG မှာရွေးပြီး အပေါ်ကအဆင့်အတိုင်းလုပ်ပြီး Root လုပ်နိုင်ပါတယ်။
---------------------------
အောက်ကပုံလေးတွေကတော့ ကိုယ်တိုင်စမ်းသပ်အောင်မြင်ပြီးသား ဖုန်းပုံလေးပါ။

Q&A
-----------------
Q : ယခုလုပ်နည်းနဲ့ဆို U8812D မှာ Root ရမှာသေချာပါသလား။
A : Root လုပ်တာအောင်မြင်ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်စမ်းသပ်ပြီးသားပါ။ သို့ပေမယ့် အင်္ဂလိပ်ဆိုဒ်တွေမှာ ရေးထားတဲ့အတိုင်း "Do at your own Risk" လိုမျိုးပဲ မိမိဖုန်းအတွက် ပြုလုပ်သူပေါ်မှာပဲမူတည်ပါတယ်။
အကယ်၍ အခက်ခဲတစ်စုံတစ်ရာ ရှိလာပါက ယခုပိုစ့်မှာ ဖြေကြားပေးပါ။ ကျွန်တော်တို့ တက်နိုင်သလောက် အမြန်ဆုံးပြန်လည်ဖြေကြားပေးပါမည်။
Q : ယခုပိုစ့်မှာ ရေးထားသလို Root မလုပ်ဘဲ တကယ်မြန်မာစာသွင်းလို့ရပါသလား။
A : တကယ်ရပါတယ်။ သို့ပေမယ့် U8812D အတွက်သာလုပ်ထားတဲ့အတွက် U8812D မှာဘဲရမှာပါ။ လုံးဝ Root မလုပ်ထားဘဲ မြန်မာစာဖတ်လို့ရအောင်လုပ်ထားပါတယ်။
Q : ကျွန်တော်က ဘာဖြစ်လို့ လင့်တွေကို မမြင်ရ၊ ဒေါင်းလို့မရတာလဲ။
A : ဒါကတော့ ကျွန်တော်တို့လဲ မကူညီနိုင်ပါ။ မိမိကိုယ်တိုင်ဘဲ ကြိုးစားရမှာပါ။ ကျေးဇူးတင်ပါတယ်ဗျာ။
--- FREE DOWNLOAD LINKS PROVIDED BY SOE WIN ---
- DOWNLOADS -
- MTKDRIVER >>> http://www.mediafire.com/download.php?17cm1k66m56l5ku
- U8812D FLASH TOOL >>> http://www.mediafire.com/download.php?c1v6a6747qm95yf
- U8812D_Root.img >>> http://www.mediafire.com/download.php?94qftkbrgx1u99e
- U8812D_Font_No Root.img >>> http://www.mediafire.com/download.php?s379dgmfm47mg4y
WE ARE HUMANS , SO DO YOUR MANNER AS HUMANS :)
ORIGINAL THREAD >>> http://mm-mpxteam.net/forum.php?mod=viewthread&tid=4184&extra&page=1
U8812D Recovery http://www.mediafire.com/download.php?p2wbm1apirwz1in
- My Signature -
SHARING IS CARING :D
SOE WIN ( MMUC )
Labels:
Android,
How to,
Huawei,
Myanmar Font,
Root
Monday, September 10, 2012
Rooting Google Nexus 7

Google နဲ့ ASUSပေါင်းပြီးထုတ်တဲ့ Nexus 7 ကို Root လုပ်ချင်တယ်ဆိုရင်
ဒီ Toolkits နဲ့က အလွယ်ဆုံးဖြစ်ပါလိမ့်မယ်.
Toolkits Download Link http://www.mediafire.com/?6fz5sjf6ipzzumwGOOGLE NEXUS 7 TOOLKIT V2.0. 0မှာပါတဲ့ Functions တွေက
- Install correct adb/fastboot drivers automatically on Windows xp/vista/7 32bit+64bit
- Backup/Restore a single package or all apps, user data and Internal Storage
- Backup your /data/media (virtual SD Card) to your PC for a Full Safe backup of data
- Unlock/Re-Lock your Bootloader
- Root Stock Jelly Bean builds (upto 4.1.1 JRO03D)
- 1-Click For All to Unlock, Root, Rename the Restore File and CWM
- Perform a FULL NANDROID Backup of your system (Boot, Cache, Data, Recovery and System) via adb and save in Custom Recovery format on your PC which can be Restored via CWM Recovery
- Pull /data and /system folders, compress to a .tar file and save to your PC
- Dump selected Phone Partitions, compress to a .zip file with md5 and save to your PC
- Install BusyBox on your phone
- Extras, Tips and Tricks section available to all ToolKit Donators
- NEW Auto Update ToolKit to latest pushed version at startup (donator feature)
- Mods section to automatically perform certain tasks on your phone
- Download Google Stock Image directly to correct ToolKit folder for extrtacting and flashing (no need to move it manually anymore)
- Flash Google Stock Image to phone
- Flash Stock Recovery, CWM Touch Recovery or TWRP Touch Recovery
- Rename the Recovery Restore File present on some Stock Roms
- Boot into CWM Touch Recovery or TWRP Touch Recovery without Flashing it
- Boot or Flash .img Files directly from your PC
- Install a single apk or multiple apk's to your phone
- Push Files from your PC to your phone
- Pull Files from your phone to your PC
- Dump selected LogCat buffers to your PC
- Dump BugReport to your PC
- Set Files Permissions on your phone
- Open new Command Prompt for manual input
- Reboot Phone to Fastboot Mode or Android from fastboot mode
- Reboot Phone to Fastboot Mode, Recovery, Android or Download Mode from adb mode
ပထမဆုံးပေးထားတဲ့ nexus 7 toolskit2.0 ကို အရင်ဒေါင်းလုတ်ဆွဲပါ.
ရပြီဆိုရင် ကလစ်နှစ်ချက်နှိပ်ပြီး run ပါ။
Starting ADb..
Daemon not running......
daemon start successfully စတာတွေပေါ်လာပါလိမ့်မယ်။
ပြီးရင် do you want to check update ဆိုတာပေါ်လာမယ်.. yes no ရွေးခိုင်းတာထဲက yes လို့ရိုက်ပေးပါ။
update လုပ်နေပါလိမ့်မယ်.
update မရှိရင်လည်း..
continuing toolkit operation ဆိုတာဆက်ပေါ်လာပါလိမ့်မယ်.
ပြီးရင် main menu နဲ့ toolkit action တွေပေါ်လာပါမယ်.
nexus 7 tablet က developer options ထဲက usb debugging ကို enable လုပ်လိုက်ပါ။ ပြီး၇င်..
စောစောက toolkit program ထဲက နံပတ်၁
install uninstall့ google nexus 7 driver ဆိုတာကိုရွေးပေးပါ။ enter နှိပ်ပြီး၇င်
သူရဲ့ option တွေထက်ကျလာပါမယ်
1.window xp ,vista
2.window 7
3..../
4..... စသဖြင့်
ကျွန်တော့်ဟာက window 7 64 bit ဆိုတော့
2 ကိုရွေးးလိုက်ပါတယ်
ပြီးတော့
main menu ကို နံပတ် 4 နှိပ်ပြီးပြန်သွားပါ။
device serial numberပေါ်နေပြီဆိုရင်
driver install လုပ်ပြီးပါပြီ
bootloade unlock ကော.root တာကောကို 1 click နဲ့ပြီးဖို့ main menu ထဲက နံပါတ်8
1 click for all actionိုကိုရွေးပါမယ်.
အောက်ဆုံးက make your choice နေရာမှာ
နံပါတ် 8 နှိပ်လိုက်ပါ
step 1 unlocking the boot loader ဆိုတာပေါ်လာပါမယ်
fast boot mode ထဲဝင်ဖို့..yes or no ရွေးခိုင်းတဲ့ထဲက no ကိုရိုက်လိုက်ပါ.
Rebooting to fastboot mode and continuing ဆိုပြီးပေါ်နေပါမယ်
tablet မှာ do u want to unlock bootloader ဆိုပြီးပေါ်နေပါမယ်.
yes ကို power button နှိပ်ပြီးရွေူးပါတယ်
ခဏနေရင်သော့ခလောက်လေးlock လေြး့ပုတ်သွားတဲ့ပုံနဲ့ boot တက်လာပါမယ်
စက် ပြန်တက်လာရင် ...အသစ်အတိုင်းပဲ.. setting တွေအားလုံးပြန်ထည့်ရပါတယ်.
ပြီးရင်စောစောကလိုပဲ setting /developer options ထဲ က usb debugging ကိုပြန် select မှတ်ပေးပါ။
စောစော က
boot loader unlock လုပ်တဲ့အခါမှာ user dataတွေပျက်သွားတဲ့အတွက်ပြန်လုပ်ရတာဖြစ်ပါတယ်
USB debugging လုပ်ပြီးတာနဲ့.
program က ဆက် run နေပါမယ်
reboting into fastboot ဆြိုပီး.. tablet က fast boot mode ထဲပြန်ဝင်သွားပါမယ်
အိုကေ.
ပြီးရင် program က သူ့အလုပ်သူဆက်လုပ်ပြီး steps 1.2,
3,4 စသဖြင့်ပေါ်နေပါမယ်.
ပြီးတာနဲ့ congraculations You Hacked it .ဆိုတာပေါ်လာရင်
Root လုပ်တာ အောင်မြင်ပြီးသွားပါပြီ.
nexus 7 tablet ထဲကိုကြည့်လိုက်ရငိ superuser icon လေးကို မြင်နေရမှာပါ။
ဒါက ကျွန်တော် လုပ်လို့အောင်မြင်တဲ့procedures လေးတွေပါ။
Android version 4.1.0 ကော
4.1.1 မှာကော ရပါတယ်ခင်ဗျာ.
original post on http://forum.xda-developers.com/showthread.php?t=1809195Root ပြီးရင်မြန်မာဖောင့်သွင်းတာကဘာမှမခက်တော့ပါဘူး.
မြန်မာဖောင့်သွင်းနည်းကြည့်ချင်ရင်တော့ MMUC facebook မှာမေးမြန်းနိုင်ပါတယ်
Tested By Nyein Chan Ko Ko in Myanmar Mobile Users Club
ွှTo see its comments
https://www.facebook.com/groups/MyanmarMobileUsers/doc/474655219225517/
Labels:
Android,
Myanmar Font,
nexus 7,
Root
Subscribe to:
Posts (Atom)