Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။
Showing posts with label Myanmar Keyboard. Show all posts
Showing posts with label Myanmar Keyboard. Show all posts

Saturday, March 9, 2013

New Nokia Zawgyi Keyboard






  • မင်္ဂလာပါ
    Symbian သုံးဖုန်းဖြစ်တဲ့ Nokia ဖုန်းတွေမှာ ဇော်ဂျီကီးဘုတ်အသစ် ရပါပြီ။ အစောပိုင်းကတော့ Opera Mini မှာ မြန်မာလို မြင်ရအောင် လုပ်ထားကြတော့ Web Text Editor လေးနဲ့ Opera Mini ထဲမှာပဲ ဇော်ဂျီကို ရိုက်လို့ရအောင် လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် Responsive အနေနဲ့ မရေးခဲ့တော့ ဖုန်းအနေအထားပေါ်မူတည်ပြီး အဆင်မပြေဖြစ်တာ များပါတယ်။
    ဟိုး အရင်ကလည်း Nokia ဖုန်းတွေအတွက် ကီးဘုတ်တစ်မျိုး ထွက်ခဲ့ပါသေးတယ်။ ဒါပေမယ် ထည့်ဖို့ရာ သိပ်အဆင်မပြေပါဘူး။ ဖုန်းကို Hack ထားမှ ထည့်လို့ရပါတယ်။ Hack ထားရင်တောင်မှ မူလရှိပြီးသား ကီးဘုတ်နေရာမှာ အစားထိုးခွင့် မပေးတာမျိုးလည်း ရှိပါတယ်။
    ယခုနည်းကတော့ ကျွန်တော် တရုတ်ဆော့ဖ်ဝဲလ် Baidu Input ရဲ့ Skin ကိုသာ ဆွဲထားတာ ဖြစ်တဲ့အတွက် ဖုန်းကို Hack ထားဖို့လည်း မလိုပါဘူး။ Baidu Input ဆော့ဖ်ဝဲလ်ကိုသွင်းပြီး ကိုယ်ဆွဲထားတဲ့ ဇော်ဂျီကီးဘုတ် Skin ကို ၎င်း Baidu Input မှာ ရွေးပေးလိုက်ရုံပါပဲ။

    ထည့်သွင်းနည်း
    လိုအပ်သော File များကို Download လုပ်လိုက်ပါ။ ပြီးနောက် Memory ထဲသို့ ကူးထည့်ပါ။

    Download
    https://www.dropbox.com/s/lqvjwpq2mm3ns5u/keyboard-for-nokia.rar

    အဆင့် ၁ ။    ။ Baiduinput_symbian3_v5_v3.1_1000e.sisx ကို ဖုန်းထဲ၌Install လုပ်ပါ။
    အဆင့် ၂ ။    ။ C:\baidu\input\touchskin ထဲသို့ Zawgyi-Keyboard.bds ကို Copy ကူးထည့်ပါ။ ဒီတိုင်းထည့်မရလျှင် X-plore ကိုသုံး၍ထည့်ပါ။ X-plore အကြောင်း ဤနေရာတွင် ရှင်းပြမနေတော့ပါ။ )
    ဒီအဆင့်ထိကတော့ ဆော့ဖ်ဝဲလ်ထည့်ခြင်း ပြီးပါပြီ။

    ဇော်ဂျီကီးဘုတ် ပြောင်းနည်း
    Application Menu ထဲမှ Du ဆိုသော Icon လေးကို ဖွင့်ပါ။ တရုတ်လိုတွေ ပေါ်လာပါလိမ့်မယ်။
    နံပါတ် ၁ ကိုရွေးပါ။
    နံပါတ် ၁ ကိုရွေးပြီးလျှင် အပေါ်ဆုံးတစ်ခုကို ရွေးပါ။ နောက်တစ်ခု တက်လာလျှင် အပေါ်ဆုံးတရုတ်စာ ပါတာကို ရွေးပါ။ AknFEP သည် မူလ ကီးဘုတ်ဖြစ်သည် )






    နောက်သို့ ပြန်ထွက်ပါ။
    နံပါတ် ၄ ကိုရွေးပါ။
    နံပါတ် ၄ ကိုရွေးပြီးလျှင် အပေါ်ဆုံးတစ်ခုကို ရွေးပါ။
    ပုံစံ ရွေးခိုင်းပါလိမ့်မည်။ ဒုတိယ Tab ကိုသွားပါ။ Baidu-Zawgyi-Keyboard ကိုရွေးနှိပ်လိုက်ပါ။ Popup တက်လာလျှင် အပေါ်ဆုံး တစ်ခုကို ရွေးပေးပါ။ ဒုတိယတစ်ခုသည် ထည့်ထားသော Skin ကို Delete လုပ်ခြင်းဖြစ်သည်။ )

    အဆင့်ဆင့် Back ပြန်သွား၍ ထွက်လိုက်ပါ။
    Message မှာ စာဝင်ရိုက်ကြည့်၊ ကီးဘုတ်ပေါ်က အင်္ဂလိပ် အလံလေးကိုနှိပ်ကြည့်ပါဦး။ စာရိုက်မရသေးပါက ညာဖက် အပေါ်ဆုံးရှိ တရုတ်စာကို နှိပ်ပါ။ Horizontial ကိုရွေးလိုက်ပါ။ဇော်ဂျီ ကီးဘုတ် ပေါ်လာပါလိမ့်မယ်။
    ရိုက်နည်းကတော့ ပုံမှန်အတိုင်းပါပဲ။ ပါဌ်ဆင့်တွေကိုတော့ မူရင်းစာလုံးနေရာတွေမှာ ထည့်ထားပါတယ်။ ဥပမာ ဆ ရဲ့ ပါဌ်ဆင့်ကိုရိုက်မယ်ဆိုရင် ဆ ကိုဖိထားလိုက်ရုံပါ။
    အိုကေ စာတော့ ရိုက်လို့ရသွားပါပြီ။ စာရိုက်ဖို့အတွက် ကီးဘုတ် သတ်သတ်ပါပဲ။ Font ကိုမြင်ရဖို့ကတော့ Font Zoomer လိုမျိုး Font ပြောင်းတဲ့ ဆော့ဖ်ဝဲလ်သုံးပြီး ပြောင်းပါ။ Zawgyi Font ပြောင်းလိုက်လျှင် ဖုန်းထဲ၌ တရုတ်စာ မြင်ရတော့မည် မဟုတ်ပါ။
    Baidu ထဲမှ နံပါတ် ၄ ကို ပြန်နှိပ်ပြီး နောက်ခံများ ပြောင်းလဲနိုင်ပါတယ်။ ပို၍သပ်ရပ်သော ကီးဘုတ်လေး ရပါလိမ့်မယ်။


    ကဲ ပိုရှင်းသွားအောင် FAQ လေး ဆက်ဖတ်လိုက်ပါဦး။

    မေး။    ။ ဇော်ဂျီကီးဘုတ်အပြင် ဘာကီးဘုတ်တွေ ပါသေးလဲ။
    ဖြေ။    ။ အင်္ဂလိပ်ပါမယ်၊ တရုတ် Pinyin ပါမယ်။

    မေး။    ။ ကီးဘုတ်တော့ မြင်ရပြီ ဒါပေမယ့် ရိုက်လိုက်ရင် လေးထောင့်တုန်းတွေပဲ ပေါ်တယ်။ ဘာဖြစ်လို့လဲ။
    ဖြေ။    ။ ဟုတ်ကဲ့။ ဒါက ကီးဘုတ်သတ်သတ်ပါပဲ။ Font ကိုမြင်ချင်ရင် Font Zoomer လို Font ပြောင်းပေးတဲ့ Software တစ်မျိုးကိုသုံးပါ။ အဲဒါဆိုရင် ဖုန်းတစ်ခုလုံးမှာ မြန်မာလို ရိုက်လို့ရသွားပါပြီ။ ဒါပေမယ့် စာလုံးထပ်ပြီး မသပ်မရပ် ဖြစ်တဲ့ ပြဿနာတော့ ရှိပါတယ်။

    မေး။    ။    တရုတ်ဆော့ဖ်ဝဲလ်ကို ပြန်ပြင်ထားတာဆိုတော့ Error များ ရှိနိုင်မလား၊ Master Reset ချမှ ပြန်ဖြုတ်လို့ ရတာမျိုးပေါ့။
    ဖြေ။    ။    မရှိပါဘူး။ ဖြုတ်ချင်ရင် Baidu Input ကို အလွယ်တကူပဲ ပြန်ဖြုတ်နိုင်ပါတယ်။ မူလကီးဘုတ် (AknFEP ကို Baidu Input ထဲမှာ ပြန်ရွေးပြီးရင်ပေါ့။

    မေး။    ။    Contact နာမည်ပြောင်းတာတွေ၊ Message ပို့တာတွေမှာ စာလုံးတွေ မသပ်မရပ်ဖြစ်တာမျိုးနဲ့ စာလုံးထပ်တာတွေရှိပါတယ်။ အမှန်အတိုင်း သပ်သပ်ရပ်ရပ်မြင်အောင် ဘယ်လိုလုပ်ရပါမလဲ။
    ဖြေ။    ။    ဇော်ဂျီမှ မဟုတ်ပါဘူး။ အခြား မြန်မာ Font တွေထည့်လည်း ဖြစ်ပါတယ်။ အခုတွေ့ရသလောက်ကတော့ Symbian ဖုန်းထဲမှာ မြန်မာစာကို သပ်သပ်ရပ်ရပ်နဲ့ အမှန်အတိုင်း မြင်နိုင်တာ Vibar ထဲမှာရယ်၊ Nokia Car Mode မှာရယ်၊ Blob ဆိုတဲ့ Blogger and WordPress Client ထဲမှာရယ်ပါပဲ။


    မေး။    ။ ဒီကီးဘုတ်ကို ပိုကောင်းအောင် လုပ်ဖို့ရှိပါသလား။
    ဖြေ။    ။ ဟုတ်ကဲ့ဗျာ၊ ဒီကီးဘုတ်ရယ်မှ မဟုတ်ပါဘူး၊ အခြားသော အဆင်ပြေတာမျိုးတွေ့ရင်လည်း လုပ်ဖြစ်ဦးမှာပါပဲ။

    မေး။    ။ အဲဒီလိုမျိုး Skin ကို ကိုယ့်တိုင်းကိုယ် လုပ်ကြည့်ချင်တယ်။ ရနိုင်ပါ့မလား။
    ဖြေ။    ။ ရတာပေါ့ဗျာ။ စိတ်ပါလို့ လုပ်ချင်တယ်ဆိုရင် http://shouji.baidu.com/input/ ကိုသွားပါ။ လိုအပ်တဲ့ ဆော့ဖ်ဝဲလ် Baidu Input ရဲ့ Skin ပြောင်းတဲ့ ဆော့ဖ်ဝဲလ် ကို Download လုပ်ပါ။ ကိုယ့်တိုင်းကိုယ် ပြုပြင်တီထွင်နိုင်ပါတယ်။
    ကဲ ကျွန်တော်မေးပြီး ကျွန်တော်ဖြေထားတာလေး ဖတ်ပြီးရင်တော့ သဘောပေါက်လောက်ပါပြီနော်။
    စမ်းသပ်ပြီးဖုန်းများ
    Nokia 5800 , Nokia C7-00 (Symbian Belle , Symbian 3)
    အသိပေးချင်တာကတော့
    ဒီဆော့ဖ်ဝဲလ်ကို ကျွန်တော်ရေးထားတာ မဟုတ်ဘူး၊ Skin ကိုသာ ပြောင်းထားခြင်းဖြစ်တယ်။ ဒါကြောင့် ဒီဆော့ဖ်ဝဲလ်နဲ့ ပတ်သက်ပြီး ကျွန်တော့်ကို အားနာရန်၊ ခရက်ဒစ်ပေးရန် လုံးဝ မလိုပါ။ Skin အတွက်ကတော့ ကျွန်တော် မတတ်တခေါက် ပညာနဲ့ အချိန်ကုန်၊ အိပ်ရေးပျက်၊ လေ့လာဖို့ အင်တာနက်အသုံးပြုခ အကုန်ခံပြီး လုပ်ထားတာ ဖြစ်တဲ့အတွက် အသိအမှတ်ပြုပေးပါ။

    အဆင်မပြေတာများရှိခဲ့ရင် ဒီနေရာကနေ ဆက်သွယ်ပြီး အကူညီတောင်းနိုင်ပါတယ်။ သို့မဟုတ် ၀၉ ၄၂၁ ၀၃၈ ၀၆၈ ကို အိပ်ချိန်ကလွဲရင် ဆက်သွယ်အကူညီတောင်းနိုင်ပါတယ်။

    အဆင်ပြေကြပါစေ
    နွယ်ရိုး
    ၂၂ / ၂ / ၂၀၁၃

    Credit to Ko Nwe Yoe
    http://www.nweyoe.net/blog/new-nokia-zawgyi-keyboard/

Thursday, October 11, 2012

စက်ရုပ်မှန်ရင် Root မလိုပဲ မြန်မာလို SMS ပို့မယ်

မြန်မာ Devloper ကို Joe Win ရဲ့ကောင်းမှုကြောင့် Android ဖုန်းမှန်ရင် အမြစ်တူးစရာမလိုပဲ SMS ပို့လို့ရပါပြီး။
ကို Joe Win ဒီထက်ကြီးပွားတိုးတက်အောင်မြင်ပါစေဗျာ။ ကဲ Down ပေးတော့ root မလိုတော့ဘူးပျော်တယ်ဗျို့။
မြန်မာလိုနော်။ First Myanmar browser လေးပါတခါတည်းရော်ပေးလိုက်တယ်။ root မလုပ်ရသေးတဲ့လူတွေအဆင်ပြေအောင်လို့ပါ

SMS For MM
http://www.mediafire.com/?o3a7r40o3via3nd
By Joe Win

1st MM Browser
http://www.mediafire.com/?0djh92jc1vcw4fc
By Shwe Yoe

Frozen Keyboard
http://www.mediafire.com/?qbnjg7tn6hi5hov
By Thiha Aye Kyaw

မြန်မာ Keyboard
http://www.mediafire.com/?qbnjg7tn6hi5hov
By Thu Rein

ထပ်ပြောချင်တာလေးကတော့ Myanmar Devloper အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ဗျာ။


 original link https://www.facebook.com/groups/MyanmarMobileUsers/doc/486864288004610/

Tuesday, July 10, 2012

Huawei c8500, c8600 CDMA ဖုန်းပေါ်တွင် မြန်မာဖောင့်နှင့် ကီးဘုတ်ထည့်သွင်းခြင်း (For Andriod OS 2.1)


Software တွေကို Download ရယူပြီး SD Card ဒါမှမဟုတ် ကွန်ပျုတာကနေ တဆင့် ထည့်သွင်းရမှာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့အောက်ကလိုအပ်တဲ့ apps package တွေကိုဒေါင်းလိုက်ပါ။

z4root 1.3(http://goo.gl/jZYwu)

ပြီးရင် စက်ကို Root လုပ်ပေးရပါမယ်။
Root လုပ်ဖို့အတွက် ဒေါင်းထားတဲ့ package ထဲက Z4root ကို install လုပ်ပါ။
install ပြီးရင်တော့ Software ကိုဖွင့်ပါ။ 
Permanent Root ဆိုတာကို ရွေးပါ။
(အဲဒီအဆင့်မှာ USB debugging ဆိုတာကို ON ထားဖို့အတွက် Application setting ကိုရောက်သွားပါလိမ့်မယ်၊ Application setting မှတဆင့် Development ထဲမှာ USB debugging ကို On ပေးလိုက်ပါ )
ဒါပြီးရင်တော့ Z4root ကိုပြန်ဖွင့်ပြီး Permanent Root ကို ပြန်ရွေးပါ။
ဒါဆိုရင်တော့ သူ့ ဘာသာ အလုပ်လုပ်ပြီး reboot လုပ်သွားပါလိမ့်မယ် ။
ပြန်တက်လာရင်တော့ ဒေါင်းထားတဲ့ package ထဲက FontChangerLite_v1.8.5 ကို သွင်းပါ ။
fontChanger ကိုသွင်းပြီးရင်တော့ SDCard ထဲမှာ ” .fontchanger ” ဟူသော folder တခုတွေ့ ပါလိမ့်မယ်။
ဒေါင်းထားတဲ့ package ထဲက Zawgyi.ttf ကို ” .fontchanger ” ထဲကိုသွားထည့်ပေးရပါမယ်။( .fontchanger folder ကိုမြင်ရဖို့အတွက်AndExplorer(https://market.android.com/details?id=lysesoft.andexplorer) လိုမျိုး file manager တခုတခုနဲ့ ဖွင့်ရပါမယ် )
ထည့်ပြီးရင်တော့ FontChanger ကိုဖွင့်ပါ။
Zawgyi ဆိုတာတွေ့ ပါလိမ့်မယ် ၊
Zawgyi ကို ဖိထားလိုက်ပါ Set Zawgyi ဆိုပီး prompt တခုပေါ်လာပါမယ်
အဲမှာ Apply ကိုရွေးပေးရပါမယ်။
Reboot now ထပ်ရွေးလိုက်ပါ။
ဒါဆိုရင်တော့ အားလုံးနီးပါး ပြီးပါပြီ။
စက်ပြန်တက်လာရင်တော့ ဒေါင်းထားတဲ့ package ထဲက MyanDroid-Soft-Keyboard-Zawgyi-Beta ကို install လုပ်ပါ။
သွင်းပြီးရင် Setting ထဲက Language & keyborad ထဲမှာ MyDroid Soft Keyboard ကို select ပေးလိုက်ပါ။
အခုဆိုရင် သုံးလို့ရနေပါပြီ၊ သုံးဖို့အတွက် Notepad ထဲဝင်ပြီး စမ်းသပ်နိုင်ပါတယ်။
notepad ကိုဖွင့်ပါ (menu => Add note ) နဲ့ note တခုခေါ်ပီး စာရိုက်တဲ့နေရာကို ဖိထားလိုက်ပါ။
Input Method ဆိုပီးပေါ်လာပါလိမ့်မယ်။ အဲဒီမှာ MyanDroid Soft Keyborad ကို ရွေးလိုက်ပါ။ အခုဆိုရင်တော့ မြန်မာလိုမြင်ရပြီဖြစ်ပါတယ်။ ThantPhone MyatThu and Aung Myint Hein (MMUC)

MyanKey Version အသစ်


ကျွန်တော်တို့ရဲ့ ဒဘလော်ပါကြီး အုအု သူရိန် ပြန်ရောက်ခြင်း အထိမ်းအမှတ် ၄င်းကိုယ်တိုင် အပတ်တကုတ် ကြိုးစား အားထုတ် ပြုလုပ်ခဲ့သော ချစ်လှစွာသော MMUC member များအတွက် မြန်မာ ကီးဘုတ် version အသစ်ကို
ဒီနေရာမှာ ဒေါင်းနိုင်ပါပြီဗျာ၊ မြန် ဒရွိုက် ကြိုက်သူတွေရော၊ frozen ကြိုက်သူတွေရော၊ အရင် မြန်ကီး အဟောင်း ကြိုက်သူတွေရော၊ အားလုံး အဆင်ပြေစေရန်အတွက်ရည်ရွယ်ထားပြီးပြုလုပ်ထားတာဖြစ်ပါတယ်၊ မြန်စာ prediction အတွက် မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း တစ်အုပ်လုံး ကို ထည့်သွင်းပေးထားပါတယ်၊ screen shot များကိုတော့ နောက်မှပဲ ပြန်ဖြည့်ပေးပါ့မယ်။

ှshift key ကြိုက်သူများအတွက် shift key, multi tap (in alpha numeric style) ကြိုက်သူများအတွက်ရော၊ Pop up ကြိုက်သူတွေ အတွက်ရော အဆင်ပြေအောင်ပြုလုပ်ပေးထားပါတယ်။တခြား ဘာတွေ ပိုကောင်းသလဲမမေးနဲ့တော့ စမ်းသာသုံးကြည့်လိုက်ဗျာ




မီဒီယာဖား လင့် http://www.mediafire.com/download.php?z0brfoaga2ml7wd

MyanKey 1.2 RC4


ကိုစိုးနောင် ဂျီတော့က ဂျီကျလို့ IM Mode ( Gtalk and Messaging ) မှာ Enter Key ထည့်ပေးထားတဲ့ ဗားရှင်းပါ။ ကျန်တာ ဘာမှ မပြောင်းပါဘူး။

ဒီနေ့ ထပ်ပြင်ထားတာတဲ့ 1.2 RC3 ပါ။ ကိုဖြိုးဝင်း ရှာပေးထားတဲ့ ခလုတ်အမှားတွေ ပြင်ပေးထားပါတယ်။ ကျန်တဲ့မှားတာတွေ ရှိရင်လဲ ပြောပြပေးကြပါ။ အဲဒါမှ ပြင်လို့ ရမှာပါ။
စမ်းပေးတဲ့ ကိုဖြိုးဝင်း ကျေးဇူးအထူးပါ။

Beta1 မှာ ပြင်စရာရှိတာလေးတွေ လိုက်ရှာပီး တော်တော်များများပြင်ထားတဲ့အပြင် လက်ကွက် အသစ် Myankey 11 Super ထည့်ပေးထားတဲ့ RC1 ကို ဒီနေ့ ထပ်ထုတ်ပါမယ်။

ပီးခဲ့တဲ့အခေါက်က ဆရာစိုင်းကို Doc လေးလုပ်ပီး တင်လိုက်ပါဆိုတာကို သေချာ မရှင်းထားဘူး။

ပထမဆုံး Screen Shot လေးတွေ ကြည့်ရအောင်

ဒါ အင်္ဂလိပ် လက်ကွက်ပါ။ အပေါ်မှာ ဂဏန်းတွေအတွက် တစ်တန်းတိုးထားပါတယ်။ ကျနော့လို Username နဲ့ Password ကို စာနဲ့ ဂဏန်းတွဲပေးတဲ့လူတွေအတွက် အဆင်ပြေအောင်ပါ။


ဒါက နောက်ဆုံးထည့်ထားတဲ့ စူပါလက်ကွက်ပါ :D Zawgyi Installer နဲ့ ဖောင့်ထည့်ထားမှ အမှန်ပေါ်ပါလိမ့်မယ်။ တစ်ချို့စာလုံးတွေက ပုံမှန်ဇော်ဂျီမှာ မပါပါဘူး။ ကီးဘုတ်အတွက် သပ်သပ်ထပ်ထည့်ထားတာပါ။ Unshift နဲ့ Shift ၂ ခုလုံး ဖြစ်ပါတယ်။


အင်္ဂလိပ်မြန်မာပြောင်းတဲ့ အလံလေးကို ကြာကြာဖိထားလို့ ပေါ်လာတဲ့ Popup ကနေ Setting ကို ရွေးလိုက်မယ်ဆိုရင် ကီးဘုတ်နဲ့ပတ်သက်ပီး တော်တော်များများ ပြောင်းလို့ရအောင် လုပ်ပေးထားပါတယ်။


Type of keyboard ထဲကို ဆက်ဝင်လိုက်ရင် အောက်ကလို လက်ကွက် ၅ ခု ရွေးလို့ရမှာဖြစ်ပါတယ်။


အပေါ်ဆုံးက MyanKey 11Keys S က နောက်ဆုံးထည့်ထားတဲ့ လက်ကွက်ပါ။ အောက်က MyanKey 11 Keys နဲ့ တူတူဖြစ်ပီး ခလုတ်ပေါ်က စာတွေ လှအောင် လုပ်ထားတာပါ။ Zawgyi Installer နဲ့မှ စာတွေ ပေါ်ပါမယ်။

Myankey 11Keys ရိုးရိုးက ပုံမှန် ဇော်ဂျီရှိရင် သုံးနိုင်ပါပီ။ ကွန်ပျူတာ ကီးဘုတ်လက်ကွက်နဲ့ အတတ်နိုင်ဆုံး တူအောင် လုပ်ပေးထားပါတယ်။

Myankey 10Keys ကတော့ ပထမဗားရှင်းက လက်ကွက်ပါ။ ခလုတ် ၁၁ ခု ဖြစ်သွားလို့ ရိုက်ရတာ လက်ကွက်ကျပ်တယ်ထင်သူများအတွက် အရင်အတိုင်းသုံးလို့ရအောင် ပြန်ထည့်ပေးထားတာပါ။


Frozen ကတော့ ကိုသီဟအေးကျော်ရေးတဲ့ Frozen Keyboard သုံးနေကျလူတွေ ပြောင်းသုံးရင် အဆင်ပြေအောင် သူ့လက်ကွက်အတိုင်း ထည့်ပေးထားတာပါ။


Myandroid ကလဲ Myanmartutorial က Myandroid Keyboard က လက်ကွက်ပါ။ ကွန်ပျူတာမှာ မြန်မာစာ ရိုက်နေကျ မဟုတ်တဲ့လူတွေ အတွက် အဆင်ပြေပါလိမ့်မယ်။ ကကြီး ခခွေးကို အစဉ်လိုက်စီထားတာပါ။


ပုံမှန်လက်ကွက်မှာ မပါတဲ့ စာလုံးတွေကို နည်းလမ်း ၃ မျိုးနဲ့ ရိုက်နိုင်ပါတယ်။
၁။ Shift Key ကို နှိပ်ပီး Shift Screen ပြောင်းရိုက်တာကတော့ အရိုးရှင်းဆုံး နည်းလမ်းပါ။
၂။ Shift Key နှိပ်ရတာ ကြာတယ်ဆိုသူတွေအတွက် Shift နှိပ်ပီးရိုက်တဲ့စာလုံးကို ၂ချက်နှိပ် ( Double Tap ) လုပ်လိုက်ရင် ရနိုင်ပါတယ်။ ခလုတ်အားလုံးအတွက် ရိုက်နိုင်ပါတယ်။ ( ဥပမာ "ေ" ကို ၂ချက်နှိပ်ရင် "ဗ" ရပါမယ်။ )
၃။ Shift Screen မှာ မပါတဲ့ စာလုံးတွေလိုချင်ရင်တော့ သက်ဆိုင်ရာ အနီးစပ်ဆုံး ခလုတ်ပေါ်မှာ ကြာကြာလေး ဖိထားလိုက်ပါ။ Popup လေးထွက်လာပီး တစ်ခြားစာလုံးတွေ ပြပါလိမ့်မယ်။ လိုချင်တာကို ရွေးနိုင်ပါတယ်။ အောက်မှာ ကြည့်ပါ။


နောက်ဆုံးတစ်ခုက စာလုံးမှန်းတာပါ။ အင်္ဂလိပ်စာမှာလဲပါသလို မြန်မာစာအတွက်လဲ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းကို ထည့်ပေးထားပါတယ်။ ရိုက်ချက်နည်းတဲ့ စာလုံးတွေတော့ မပါပါဘူး။ ရိုက်လိုက်တဲ့စာလုံးကို စာလုံးမှန်းစာရင်းထဲက ရွေးသွားမယ်ဆိုရင် နောက်စာလုံးတွေလဲ ဆက်တိုက်ဆက်မှန်းပေးနေပါလိမ့်မယ်။ မအဲမွန်ရေးတဲ့ iTextMM က စာစုမှန်းစနစ်လောက်တော့ မကောင်းတာ အမှန်ပါ။ အောက်မှာ Screen Shot လေးတွေ ကြည့်နိုင်ပါတယ်။


ဒေါင်းလုပ်ရယူဖို့အတွက် အောက်မှာ Link တွေ ပေးထားပါတယ်။

မိုင်းနပ်စ်က လင့်ခ်ပါ

မီဒီယာဖိုင်းယား လင့်ခ်ပါ

အဆင်မပြေတာ ပြင်ချင်တာ ထပ်ထည့်ချင်တာရှိရင် အကြံပေးဆွေးနွေးလို့ရပါတယ်။

ခရက်ဒစ်ပေးရမယ့်လူတွေကတော့
၁။ မူလ Bulgarian Keyboard ရေးသားသူ
၂။ ကီးဘုတ်လက်ကွက် ယူသုံးထားတဲ့ ကိုသီဟအေးကျော်နဲ့ Myandroid ရေးသူ
၃။ iTextMM ရေးတဲ့ မအဲမွန်၊ သူ့ထဲက တစ်ချို့စာစုတွေ စာမှန်းစနစ်မှာ ယူသုံးထားပါတယ်
၎။ ကျနော်ဂျီတိုက်သမျှ ဟိုဟာလုပ်ပေးရ ဒီဟာလုပ်ပေးရ မညည်းမညူ ကူညီပေးခဲ့တဲ့ ဒီအဖွဲ့ထဲက လူဇိုးကြီး ကိုစိုင်းခမ်းခေါင် ( စိတ်ထဲကတော့ ဘယ်လောက်တောင် ဆဲချင်နေပီလဲ မသိဘူး ဟီးဟီး )
၅။ အရင်ကီးဘုတ်ကို သုံးစွဲပီး အားနည်းချက်များထောက်ပြခဲ့တဲ့ သူငယ်ချင်းမိတ်ဆွေ ညီအကိုများ

နောက်ဆုံးတစ်ခုပြောချင်ပါသေးတယ်။ အရင်ကီးဘုတ်ထွက်ပီးတော့ ကျနော့ကို လာပြောတဲ့ အထဲမှာ "ကီးဘုတ်ရေးတယ်လို့ နာမည်မခံချင်ပါနဲ့တဲ့ လျောက်ပြင်ထားတယ်" လို့ ရေးပါဆိုသော သူတစ်ယောက်အတွက်ပါ။
ဟုတ်ပါတယ် ကျနော် ဒီကီးဘုတ်ကို ရေးတာမဟုတ်ပါဘူး။ အရင်တစ်ခါထုတ်တုန်းကလဲ ပြောထားပါတယ်။
http://code.google.com/p/bulkey/ မှာရှိတဲ့ Bulgarian Keyboard ကို လျောက်ပြင်ထားတာပါ။ ကျနော်လျောက်ပြင်လို့ သုံးတဲ့လူတွေ အဆင်ပြေဖို့ လိုတယ်ထင်တာပါပဲ။ ပြောတဲ့ဆရာသမားကိုလဲ တစ်ခါတည်း ပြောချင်ပါတယ်။ လျောက်ပြင်ဖို့ အချိန်ပေးနိုင်ရင် ( ပြင်တတ်ရင်လို့ ပြောဘူးနော် :D ) ပြင်ပါ။ သုံးလို့ ကောင်းရင် ကျနော်လဲ သုံးပါမယ်။ ကျနော်တောင် စိတ်ကြိုက် ကီးဘုတ် မရှိလို့ ပြင်ရင်းနဲ့ ဒါကြီး ဖြစ်လာတာပါ။

အားလုံး ကျေးဇူးပါ။ Thu Rein (MMUC)