Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။
Showing posts with label itune. Show all posts
Showing posts with label itune. Show all posts

Tuesday, December 4, 2012

ဆိုင်ကထဲ့ပေးလိုက်တဲ့ application တွေ မပျက်ပဲ ကိုယ့် itunes ID နဲ့ ဆော့ဝဲလ်တွေ ထပ်ထဲ့ချင်ရင်...

Post By Kyaw Than Aung
ဆိုင်သမားကော end user အတွက်ပါ... ဆိုင်ကထဲ့ပေးလိုက်တဲ့ application တွေ မပျက်ပဲ ကိုယ့် Device
(Jailbroken or Non Jailbroken Device) ထဲကို ကိုယ့် iTunes ID နဲ့ ဆော့ဝဲလ်တွေ ဂိမ်းတွေ ထပ်ထည့်ချင်ရင်...
  • ကိုယ့် Device ထဲမှ Setting>Apple Store မှာ နဂိုရှိနေတဲ့ အကောင့်ကို Sign Out လုပ်ပါ။

  • Wifi on ပါ။ store ထဲကိုသွားရ်ျ txtmyanmar (305kb size) ဆိုတဲ့ free အပလီကေးရှင်းကို 
  • မ၀ယ်ရသေးရင် ၀ယ်လိုက်ပါ။ ၀ယ်ပီးသားဖြစ်လျှင်...

  • Apple ID တောင်းပါလိမ့်မယ်.. ကိုယ့်အကောင့်ကို ရိုက်ထဲ့ပီး သွင်းလိုက်ပါ။ 
  • (အကောင့်မလုပ်တတ်ပါက အောက်က လင့်ခ်မှာ လေ့လာပါ။)

  • itools.hk မှာသွားပီး itools for window eng latest version ကို ဒေါင်းလိုက်ပါ။

  • သွင်းချင်သော ကိုယ်ပိုင်ဆော့ဝဲလ်များကို iTools ဖြင့် စိတ်ကြိုက် သွင်းပါ။ 


ယောင်ပီးတော့များ iTunes နဲ့သွားသွင်းဖို့ မကြိုးစားပါနဲ့ စည်းနဲ့ဘောင်နဲ့ ပေကပ်ကပ် iTunes က ရှိသမျှ ဆော့ဝဲလ် (cracked app မဟုတ်ခဲ့ရင်) အကုန် ဖျက်ပစ်မှာပါ။
ဆော့ဝဲလ်တောင် ရနေမင့်ဟာ သီချင်းကောဘယ်လိုထဲ့ရမလဲတော့ လာမမေး နဲ့တော့နော်...။
P/S Bank Card မရှိပဲ Free iTunes Account တစ်ခု ဘယ်လိုလုပ်ကြမလဲ >>http://mobilefarm.ygn.me/?p=3537https://www.facebook.com/groups/MyanmarMobileUsers/doc/504369429587429/

Friday, July 13, 2012

Window7မှ iTunes မှာမြန်မာလိုပေါ်အောင်လုပ်နည်း




Tuesday, July 10, 2012

iPhone အတွက် Ringtones ကို iTunes ဖြင့် လုပ်လို့ရမယ့်နည်းလမ်းလေး ကို တင်ပြပေးပါရစေ


iPhone အတွက် Ringtones ကို iTunes ဖြင့် လုပ်လို့ရမယ့်နည်းလမ်းလေး ကို တင်ပြပေးပါရစေ



ပထမဆုံး iTunes ကို ဖွင့်ပါ၊ ပြီးရင်တော့

၁) Preferences ထဲက

၂) General အောက်မှရှိတဲ့

၃) Import Settings ထဲကိုဝင်လိုက်ပါ



၎) AAC Encoder ကိုရွေးပြီး

၅) OK ကိုနှိပ်ပါ၊ Preference ထဲက OK ကိုထပ်နှိပ်လိုက်ပါ။



၆) မိမိ Ringtone လုပ်လိုတဲ့သီချင်းကို ရွေးပြီး Rt Click နှိပ်ကာ Get Info ထဲဝင်လိုက်ပါ။




၇) Options ထဲက Start Time မှာ မိမိ Ringtone စချင်တဲ့အချိန်နဲ့ Stop
Time မှာ မိမိ Ringtone ဆုံးချင်တဲ့အချိန်တွေကို ဖြည့်ပါ။ ပြီးရင် OK
ကိုနှိပ်ပါ

(သတိထားရမှတစ်ခုက Ringtone ကြာချိန် စုစုပေါင်းဟာ စက္ကန့် ၄၀ ကျော်နေရင် iPhone ထဲကို ထဲ့လို့မရပါဘူး)



၈) စောစောက Start Time-Stop Time မှတ်ထားတဲ့ သီချင်းဖိုင်မှာ Rt Click လုပ်ပါ။ Create AAC Version ဆိုတာလေးနှိပ်ပြီး ခဏစောင့်ပါ




၉) Converting ဆိုတာလေး ပေါ်လာပါလိမ့်မယ်၊ အဲ့ဒီနောက်မှာတော့ စောစောက
သီချင်းဖိုင်နဲ့ နာမည်တူတဲ့ စက္ကန့် ၄၀ စာဖိုင်လေးတစ်ခု ထပ်ပေါ်လာပါလိမ့်မယ်။
ပေါ်လာတဲ့ဖိုင်ကို Copy လုပ်ပြီးဖြစ်ဖြစ် Drag လုပ်ပြီးဖြစ်ဖြစ် Desktop
မှာ Save လုပ်ပါ။

၁၀) Desktop ပေါ်ကဖိုင်ရဲ့ Extension ဟာ .m4a ပါ။ Rename လုပ်ပြီး .m4r လို့ပြောင်းလိုက်ပါ။

၁၁) iTunes ထဲမှာ စောစောက အသစ်ပေါ်လာတဲ့ ဖိုင်ကို Delete လုပ်ပါ။

၁၂) .m4r Extension ပြောင်းထားတဲ့ Desktop ပေါ်ကဖိုင်လေးကို Double Click လုပ်လိုက်ရင် iTunes Ringtones ထဲကိုရောက်သွားပါလိမ့်မယ်။


ဒီအချက် ၁၂ ချက် အတိုင်းလိုက်လုပ်လိုက်ရင် iPhone အတွက် မိမိစိတ်ကြိုက်
Ringtone တစ်ခုကို မည်သည့် Software မှထပ်မလိုပဲ iTunes နဲ့တင်
ဖန်တီးနိုင်မှာဖြစ်ပါတယ်။

ပထမ တစ်ကြိမ် နှစ်ကြိမ်မှာတော့ နည်းနည်းခက်တယ်ထင်ရပေမယ့် နောက်ပိုင်းလွယ်ကူ သွားပါလိမ့်မယ်။

Original Post >> http://ygn.me/jT Kyaw Than Aung (MMUC)

How to Make an Apple ID without Bank Card!!


အဆင်မပြေဘူးပြောတဲ့သူတွေအတွက်
ပြန်တင်ပေးထားပါတယ်ပုံတင်ရတာအဆင်မပြေလို့ဒီမှာတင်ထားပါတယ်ကျေးဇူးပြုပြီးဒီမှာဝင်ကြည့်ကြပါ

iTunes version 10. .. မှာစာသားများပျောက်ဆုံးနေလျှင် (iTunes 10.1 Missing Text)


iTunes Version 10. နဲ.ဒီထက်မြင်.တဲ. ဗားရှင်းတွေမှာ iTunes ရဲ. Menu bar နဲ. Tasks bar တွေမှာ စာသားတွေ ပျောက်ဆုံးနေခဲ.မယ်ဆိုရင် ၊ အထူးသဖြင်. Windows 7 အတွက်
Trouble shooting ဖြစ်ပါတယ် ။ windows 7 ရဲ. system font ဖြစ်တဲ. Segoe UI ကြောင်.ဖြစ်ပါတယ်။

Windows 7 system font ဖြစ်တဲ. Segeo UI ဟာ anti-alias ကို support မလုပ်ပါဘူး ။ ဒါကြောင်. iTunes နဲ.အဆင်ပြေဖို. SegeoUI ကို registry မှာ အောက်ပါ အတိုင်း ပြောင်းလဲပေး ရပါမယ် ။

HKLM\Software\Microsoft\Windows NT\CurrentVersion\Fonts - change Segoe UI to invalid font name
Segoe UI (TrueType) __ segoeui.ttf

HKLM\Software\Microsoft\Windows NT\Current Version\FontSubstitutes\ (new string value)
Segoe UI Tahoma

အကယ်၍ မိမိစက်ထဲမှာ Segeo UI မရှိတော.ရင် တခြားစက်ထဲကနေ copy လုပ်ပြီး ထည်.ရင်လည်း ရပါတယ် .. ဒါပေမယ်. Segoe UI(true type) ကို .. (.tff) စသဖြင်.ပြောင်းလဲ ထားပေးဖို. လိုပါတယ် ။ ဒီလိုပြောင်းလဲ အစားထိုးတာတွေအတွက် windows 7 ကတော. ကောင်းကောင်းကြီး လက္ခံပါတယ်။

(အလားတူ ပြဿနာ ကြုံလာရင် အဆင်ပြေမယ်လို.မျှော်လင်.ပါတယ် :D) Shan Tun (MMUC)