Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။
Showing posts with label Custom Rom. Show all posts
Showing posts with label Custom Rom. Show all posts

Friday, May 31, 2013

WELLCOM A90+ အား silver light 4 rom တင်ကြမယ်


ပျင်းပျင်းနဲ့ နည်းနည်းရေးဦးမယ် DOC တော့ မလုပ်တော့ဘူး wellcom A90+ သမားတွေအတွက်ပါ၊
root လုပ်လိုက်မိလို့ firmware ကြောင်သွားပီး ဟိုလို လုပ်မရ ဒီလိုလုပ်မရ ဖြစ်နေသူများအတွက် ရည်ရွယ်ပါတယ်၊
အရင်ဆုံးတော့ root လုပ်ထားပီးသားဖြစ်ရပါမယ်၊
၁၊ http://www.mediafire.com/?kt4xefxtytqycvy ဒါလေးဒေါင်းပီး သွင်းလိုက်ပါ။
၂၊ http://dl.xda-developers.com/attachdl/00feee715c0a7791b5ffbf56a06620dc/51a83125/9/2/9/7/7/7/Modded_Recovey(4PDA.ru).zip ဒါလေးဒေါင်းပီး unzip လုပ် အထဲက .img ကို sd card root မှာ ထည့်ထားပေး
၃၊ http://199.91.152.93/gnrfqzhbrtog/q92e83s4zn3arhh/SilveLight-4.zip ဒီဟာကို ဒီအတိုင်း sd card root မှာ ထည့်ထားပေး၊
၎၊ အားလုံးပီးရင် mobile uncle (၁) ကို run ပေးပါ၊ get started ကို နှိပ်ပါ၊ flash recovery from sd card ကို ရွေးပေးပါ၊ ( ၂) ကနေ unzip လုပ်ထားတဲ့ img လေးတွေ့ပါလိမ့်မယ်၊ နှိပ်ပေးလိုက်ပါ၊ ပီးရင် restart ကျ သွားပီး recovery ကနေ ပြန်ပွင့်လာပါလိမ့်မယ်၊ modded recovery ပါ၊
၅၊ အဲဒီကနေ flash from sd ကိုရွေးပေးပီး (၃) က ဒေါင်းထားတဲ့ silver light 4 ကို ရွေးပေးပါ
သူ့ဘာသာ အင်စတောလုပ်သွားပီးရင် return ကို ပြန်ရွေးပေးပါ၊
၆၊ wipe data ကို ပြန်ရွေးပေးပီး wipe all လုပ်ပါ၊ reboot လုပ်ပါ ခဏစောင့်ပါ လှပတဲ့ silver light rom နဲ့ သွက်လက်တဲ့ wellcom a90+ ကို ပိုင်ဆိုင်နိုင်ပါပီ

Sunday, January 27, 2013

All about Custom ROM flashing


Custom ROM တင်တာနဲ့ ပါတ်သက်ပီး သိထားသင့်တာလေးတွေ ရေးတင်လိုက်ပါတယ်။ (သိပီးသားသူများအား မဆိုလိုပါ။ လိုအပ်တာလေးတွေ ရှိရင် ၀င်ဖြည့်စွက်ရေးသားသွားပါ)What is Custom ROM- လွယ်လွယ်ဥပမာပေးရရင် ဆိုင်က၀ယ်လာတဲ့ ဟင်းတစ်ခွက်ကို ကိုယ်ကြိုက်တဲ့ အရသာမျိုး ပေးစွမ်းနိုင်အောင် ပြန်လည်မွမ်းမံ ချက်ပြုတ်ထားတဲ့ ဟင်းတစ်ခွက်လို့ပဲ ဥပမာပေးလိုက်ပါတယ်။ Custom ROM လုပ်တဲ့ tools တွေ pc softwares တွေကိုကျတော့ Kitchen (မီးဖိုချောင်) လို့ခေါ်ကျပါတယ်။ Custom ROM လုပ်ပေးတဲ့ Developers တွေကိုကျတော့ Chef(စားဖိုမှူး) လို့ ခေါ်ပါတယ်။ Custom Rom Create လုပ်တာကျတော့... cook တယ်လို့ သုံးသဗျ။ ဗိုက်ဆာသွားပီလား။ :PAdvantages of Custom ROMများကြီးပါပဲဗျာ..> chef ရဲ့ အစွမ်းရှိရင် ရှိသလောက် add on တွေ (two ways phone recorder built in, စိတ်ကြိုက်ဖန်တီးထားတဲ့ status bar, phone, market, themes, lockscreen THEMES အလန်းစားတွေ၊)> HTC လိုဖုန်းမျိုးမှာ Sense UI ကို နောက်ဆုံးဗားရှင်းထိ တင်ပေးထားတာတွေ၊ ဖုန်းကို အိတ်ထဲကထုတ်လိုက်ရင် miss ဖြစ်သွားတဲ့ HTC sense UI v2.1 ကို အဆင်ပြေတဲ့v.3.5 သို့ချိန်းပေးထားတာတွေ,> LED မပါတဲ့ဖုန်းတွေမှာ LED backlight notification ထဲ့ပေးနိုင်တာတွေ၊> ဖုန်းရဲ့ မန်မိုရီကို အပလီကေးရှင်းများများသွင်းနိုင်အောင် အဆမတန် များပေးထားတာတွေ၊> ဘက်ထရီိအားကို နဂိုထက် ပိုခံအောင်လုပ်ပေးထားတာတွေ၊> စကတည်းကပါလာတဲ့ မလိုအပ်တဲ့ bloatware တွေကို ဖြုတ်ပေးထားတာတွေ စသည်စသည်ဖြင့် အများကြီးမှ အများကြီးပါ။> တချို့ ROM တွေဆို Custom Kernel တွေထဲ့ပေးထားပါတယ်။ custom kernel တွေက သင့် CPU speed , Voltage ကို လိုသလို ထိန်းချုပ်ပေးသွားပါတယ်။ ဖုန်းအိပ်ပျော်နေတဲ့အချိန်ဆို CPU ကို တတ်နိုင်သမျှအားမစားအောင် undervoltage လုပ်ပေးမယ်။ ဖုန်း 3D gameတွေ ဆော့တော့မယ်ဆို speed ကို အရှိထက်ပိုတင်ပေးမယ် စသည်ဖြင့်ပေါ့ဗျာ။Disvantages of Custom ROM-မကျွမ်းကျင်ရင် မကျွမ်းကျင်သလို ဖုန်းက bricked ဖြစ်သွားနိုင်ပါတယ်။ unstable Custom ROM တွေ ရွေးမိတာပဲဖြစ်ဖြစ် ဖုန်းမော်ဒယ်လေး သေချာမဖတ်မိပဲ ROM မှားတင်မိတာပဲဖြစ်ဖြစ် သင့်ဖုန်းဟာ dead phone ဖြစ်သွားနိုင်ပါတယ်။- နဂိုကတည်းက ပါလာတဲ့ bug တွေကြောင့် စိတ်အနှောက်အယှက်ဖြစ်ရတတ်ပါတယ်။ (eg: wifi not working, bluetooth not working) ဒါပေမယ့် သေချာဖတ်ပီးမှ ရွေးရင်ရှောင်ရှားနိုင်ပါတယ်။ Preparing before flashing Custom ROM- သင့်ဖုန်းရဲ့ ဘက်ထရီက အနဲဆုံး ၅၀ % အထက်မှာရှိနေဖို့လိုပါတယ်။ 100% ထားလုပ်ရင်တော့ အကောင်းဆုံးပါ။- flash မလုပ်ခင် ကျနော်ကတော့ data, contact, message, application တွေ အကုန် back up လုပ်ပါတယ်။့ How to back up ur Device >>https://www.facebook.com/groups/MyanmarMobileUsers/doc/376252589065781/- Choosing the best custom ROM - Custom ROM ပေါင်းမြောက်များစွာ ရှိတဲ့အထဲကမှ သင့်လျော်တဲ့ stable ဖြစ်တဲ့ custom rom ကိုသွင်းမိဖို့အရေးကြီးပါတယ်။- How to find the matched custom for ur phone - http://forum.xda-developers.com ထဲက custom rom တွေ အများအပြားထဲကမှ rating များပီး အမြဲတန်းရှေ့လျောက်နေတဲ့ pages တွေအများကြီးဖြစ်နေတဲ့ custom rom တွေကို အရင်စဉ်းစားပါတယ်။နောက်.. ပထမစာမျက်နှာတွေ လိုက်ဖတ်ပြီး ဘာfeatures တွေပါသလဲ။ ဘာ bug တွေပါလဲ။ ကိုယ့်အတွက် ဘာတွေ အသုံးဝင်မလဲ ရွေးပါတယ်။ Firmwares version တွေ latest ဖြစ်မဖြစ်ရွေးပါတယ်။ နောက်ဆုံးစာမျက်နှာ ၅မျက်နှာ ၆မျက်နှာလိုက်ဖတ်ပြီး ဘယ်သူတွေက ROM နဲ့ပါတ်သက်ပီး bugs တွေပါလို့ ဘာတွေ ကွန်ပလိန်းတက်ထားလဲလိုက်ဖတ်ပါတယ်။ အဲ့ဒီအထဲကမှ အသင့်လျော်ဆုံးကို ရွေးပီးဒေါင်းပါတယ်။- သင့်ဖုန်းက rooted ဖြစ်နေရမယ်။ CWM (clock work mod recovery) ထဲ့ထားရမယ်။ busybox ထဲ့ထားရမယ်။Flashing Custom ROM-Custom ROM တွေက များသောအားဖြင့် နှစ်မျိုးနှစ်စား လာပါတယ်။ full wipe လို့ခေါ်တဲ့ ROM (ဖုန်းထဲက ရှိသမျှ data တွေအကုန် wipe လုပ်ပြစ်ရပြီး ဖုန်းတစ်လုံးလုံးအသစ်ကနေ ပြန်စရသလို ဖြစ်သွားတာ)unwipe လို့ခေါ်တဲ့ ROM (ပထမတင်ထားတဲ့ custom rom ကိုပဲ latest custom version ကိုတင်မယ်ဆိုရင် wipe လုပ်စရာမလိုပဲသွင်းလို့ရတာကိုဆိုလိုပါတယ်)။ ကျွန်တော်ကတော့ ဘယ် ROM တင်တင် ဒေတာတွေအကုန် Wipe လုပ်ပစ်ပါတယ်။1. ကဲ ဒေါင်းပြီးသား Custom ROM.zip ကို sdcard အောက်ကို ကော်ပီလုပ်မယ်။2. Clockwork mod recovery ထဲဝင်မယ်။ (၀င်နည်းအမျိုးမျိုးရှိပါတယ်)3. Format Data/Factory reset လုပ်မယ်။4. Format cache partitation လုပ်မယ်။5. Advanced> wipe dalvik cache, wipe battery stats လုပ်မယ်။6. Mount and storage > format cache, system, data တွေပါ ကျွန်တော်စိတ်ချရအောင်လုပ်ပတယ်။ ဒီနေရာမှာ format sdcard မလုပ်သရ်ျ သင့်ဖုန်းထဲက photo တွေ၊ mp3 တွေ၊ စတဲ့ sdcard ထဲက data တွေမပျက်ပါဘူး။7. Install zip from sdcard ဆိုပီး ခုန ဒေါင်းထားတဲ့ zip file ကို ရွေးပီး install လုပ်လိုက်ပါတယ်။8. Reboot system လုပ်လိုက်ပါတယ်။9. စက်တက်တဲ့အချိန်က သာမန်ထက်ကြာနိုင်ပါတယ်.. wipe လုပ်ထားတဲ့ dalvik cache ကို ပြန်လည်တည်ဆောက်ရတဲ့အတွက်ပါ။ ၅မိနစ်ကနေ ၁၀မိနစ်ခန့်ထိကြာနိုင်ပါတယ်။ ၁၀မိနစ်ကျော်သွား၇င်တော့ ....။> Samsung ဖုန်းတွေမှာတော့ တခါတလေ custom rom တွေကို ODIN ဆိုတဲ့ rom flasher တမျိုးနဲ့ ရိုက်လို့ရပါတယ်။ ဒါပေမယ့် သူလဲ cwm ထဲမှာ wipe လုပ်ဖို့လိုပါတယ်။ Custom ROM flash လုပ်တာ ပြီးဆုံးပါပီ။ Chef တွေ ပြောနေကျစကားလေးပြန်သုံးပါရစေ။ I am not responsible for any damage to your phone ပါ။ကျွန်တော့်အတွေ့အကြုံလေးကို ဖြည့်စွက်လိုက်ပါဦးမယ်။ အရင်က ကျွန်တော် Custom ROM တွေ update ထွက်ရင် ထွက်သလို အမြဲတန်း update လုပ်ပါတယ်။ တခါတလေဆို ၁ရက်ထဲ နှစ်ခါလောက်ကို လုပ်ပါတယ်။ (some called as Flashmanic or Flashcoholic)ကွန်ပြူတာမလိုပဲ ဖုန်းထဲတင် ကိစ္စပြတ်တာကိုး... အမြဲတန်း custom rom တွေနဲ့ ဖုန်းက ဖလန်းဖလန်းထနေတော့ ပြသနာသိပ်မရှိဘူးပေါ့။ နောက်တော့ flash လုပ်၇မှာပျင်းလာတယ်။ ကျွန်တော့်အတွက် stable အဖြစ်ဆုံး custom rom တစ်ခုကိုပဲ ရွေးပီးသုံးပါတော့တယ်။ စသုံးခါစက custom rom လေးနဲ့ ဖုန်းက မြန်တာပေါ့ဗျာ။ နှစ်လ သုံးလလောက်ကြာတော့ ဖုန်းက လိုင်းက သိပ်မမိချင်တော့ဘူး။ ခေါ်ရခက်လာတယ်။ ဘက်ထရီက အုပ်အုပ်လာတယ်။ Screen Wake up ခနခန ဖြစ်လာတယ်။ အားသွင်းရင် ဖုန်းက ပူကျွတ်တက်လာတယ်။ မျိုးစုံပေါ့။ ကျနော့်အထင်ပါ မှားရင်လဲ မှားနိုင်ပါတယ်။ custom rom တွေ တင်မယ်ဆို အမြဲတန်း update ဖြစ်တဲ့ဟာ ပြောင်းပြောင်းပေးသင့်တယ်လို့ထင်ပါကြောင်းပြောရင်းနဲ့...အမငှီး... လက်ညောင်းထှာ.. :DPlease give credit to MMUC, if you want to share.Thanks,MMUC@Facebookhttps://www.facebook.com/groups/MyanmarMobileUsers/doc/373135709377469/By Aung Tin Win and Myat Tun Thit in Myanmar Mobile Users Club

Sunday, December 2, 2012

Custom Rom တင်ပီး boot မတက်တော့တဲ့အချိန်လုပ်ကြည့်ရန်


Clockwordmod Recovery လဲဝင်တယ်
Custom Rom လဲတင်လို့ရတယ်
ဒါပေမယ့် rom flash ပီးရင် boot မတက်တော့ဘူး
Wipe factory reset လုပ်လဲ boot မတက်တော့ဘူး
Stock Rom ပြန်တင်လဲ တစ်ဝက်ရောက်ခါနီးမှာ တစ်နေတယ်

အဲဒီတော့ ကျွန်တော်စဉ်းစားတယ်
ဖုန်းက brick လဲမဖြစ်သေးဘူး
ကွန်ပျူတာနဲ့ ချိတ်ရင်လဲ driver သိသေးတယ်

တစ်ခေါက်ဖတ်ဖူးတယ်
Android boot တက်ဖို့
boot.img,recovery.img,cust.img
အဲဒါတွေရှိမှ စက်တက်တာ

အဲဒီကောင်တွေက ဖုန်းရဲ့ internal memory ထဲမှာ ရှိတာကိုး
အဲဒီတော့ cwm ထဲဝင်ပြီး mounts & storage အောက်ကကောင်တွေကို format ရိုက်လိုက်တယ်
/boot
/cache
/data
/sdcard
/system

ပြီးတော့ wipe data factory reset, wipe cache partition,wipe dalvik cache လုပ် memory card ကို format ရိုက် custom rom တစ်ခုကို memroy card ထဲထည့်ပြီး custom rom ကို flash လိုက်တယ်

ကျွန်တော့်အထင် boot တက်ဖို့လိုတဲ့ကောင်တွေကို cwm နဲ့ format ရိုက်လိုက်တော့ ပျက်သွားရောဗျ
ပြီးတော့ custom rom တင်တဲ့အချိန်မှာ ,updating system,updating dalvik cache, updating boot ဆိုပြီး ဘာညာပေါ်လာတယ် အသစ်ပေါ်လာတာပေါ့

နောက်တော့လဲ android os က boot တက်လာပါတယ်
ကံကောင်းကြပါစေဗျာ


By Bo Sunny Lwin


https://www.facebook.com/groups/MyanmarMobileUsers/doc/504188946272144/

Sunday, October 14, 2012

Samsung Ace GT-S5830I အတွက် Custom Rom


ACE 5830I သမားများအတွက် OFFICAL မထွက်သေးလို့ အသစ်ဆန်းလေးတွေသုံးချင်သူများ အတွက် custom rom လေးပါ Version က 4.1.1 ပါ


Ace 5830i ကို Custom Rom ဖို့အရင်ဆုံးလိုအပ်တဲ့ CWM နဲ့ Ginger CREAM V2 ဖိုင်တွေကို အောက်မှာ ဒေါင်းပါ


GingerCream V2 break semsiouglu.zip ဖိုင်ပါ http://www.facebook.com/l.php?u=http%3A%2F%2Fwww.mediafire.com%2F%3F2yv12mcm8k17tgu&h=hAQFMxCRpCWM
https://www.box.com/s/iqegpw6ten7m0lc43up7


Custom ROM နဲ့ CWM ကိုဒေါင်းပြီးသွားရင် ဖုန်းကိုကွန်ပျူတာနဲ့ချိန်ပေးပါ ရလာတဲ့ ZIP 

ဖိုင်လေးကိုဖိုင်လေးကို


ဖုန်းရဲ့ SD ကဒ်ထဲရွေ့ပေးပါ Folder တွေထဲမှာမထည့်ပဲ အပြင်မှာထုတ်ထားရင် 

ရှာရတာပိုအဆင်ပြေပါတယ်


Recovery mode ကိုဝင်ဖို့ ဖုန်းပါဝါကိုပိတ်ပေးပြီး vomule up +home+power ကိုတွဲ့နှိပ်ပေးပါ


ဖုန်းဝါပြန်တတ်လာပါမယ် ပြီးရင် Recovery mode ကိုရောက်ရှိသွားပါလိမ့်မယ် recovery modeထဲက zip


ဖိုင်တွေကို ရွေးပေးဖို့ home ကိုသုံးပြီး အပေါ်အောက်ရွေ့ဖို့ vomule up & vomule down 

ကိုအသုံးးပြုနိုင်ပါတယ်

Recovery Mode ဝင်သွားတာရင် apply update from sdcar ထဲကိုဝင်ပြီး cwm zip 

ဖိုင်လေးကိုရွေးပေးပြီး home


ကိုနှိပ်ပေးပါ cwm ကို install လုပ်ပေးခြင်းပြီးစီးသွားရင် wipe cach partition ကိုဝင်ပြီး wipe caahe 

လုပ်ပေးပါ
wipe data / factory reset ထဲကိုဝင်ပြီး Yes--- delete all user လုပ်ပေးပါ ပြီးရင် reboot system now
ကိုနှိပ်ပေးပြိး reboot ချပေးပါ ဖုန်းပါဝါပြန်တတ်လာတဲနဲ့ recovery mode


ကိုပြန်ဝင်ပြီး စောစောကဒေါင်းထားတဲ့ GingerCream V2 break semsiouglu.zip ကို flash 

လုပ်ပေးလိုက်ပါ
ပြီးရင်reboot ချပေပါ ဖုန်းပါဝါမှာပဲရပ်နေပါက ဘက်ထရီကိုပြန်ဖြုတ်ပြီးပြန်တပ်ပေးလိုက်ပါ


အဆင်ပြေသွားပါလိမ့်မယ် သူရဲ့feature လေးတွေကဘယ်လိုလန်းလဲဆိုတာ


ဖုန်းပြန်ပွင့်တဲ့အခါမှာမြင်ကြရပါလိမ့်မယ် ကျတ်ာလည်း DOC


ကိုအခုမှစရေးပေးတဲ့အတွက်အမှားပါရင်ခွင့်လွှတ်ပေးပါ ပြင်ဆင်ပေးပါ ကူညီချင်ယုံသက်သက်ဖြင့်
တင်ပေးခြင်းဖြစ်ပါတယ် မန်ဘာများ................:

By Arr Yone Oo https://www.facebook.com/groups/MyanmarMobileUsers/doc/487492844608421/

Wednesday, July 11, 2012

All about Custom ROM flashing

Custom ROM တင်တာနဲ့ ပါတ်သက်ပီး သိထားသင့်တာလေးတွေ ရေးတင်လိုက်ပါတယ်။ (သိပီးသားသူများအား မဆိုလိုပါ။ လိုအပ်တာလေးတွေ ရှိရင် ၀င်ဖြည့်စွက်ရေးသားသွားပါ)

What is Custom ROM
- လွယ်လွယ်ဥပမာပေးရရင် ဟင်းတစ်ခွက်ကို ကိုယ်ကြိုက်တဲ့ အရသာမျိုး ပေးစွမ်းနိုင်အောင် ပြန်လည်ချက်ပြုတ်ထားတဲ့ ဟင်းတစ်ခွက်လို့ပဲ ခေါ်လိုက်ပါတယ်။ Custom ROM လုပ်တဲ့ tools တွေ pc softwares တွေကိုကျတော့ Kitchen (မီးဖိုချောင်) လို့ခေါ်ကျပါတယ်။ Custom ROM လုပ်ပေးတဲ့ Developers တွေကိုကျတော့ Chef(စားဖိုမှူး) လို့ ခေါ်ပါတယ်။

Advantages of Custom ROM
- များကြီးပါပဲဗျာ.. chef ရဲ့ အစွမ်းရှိရင် ရှိသလောက် add on တွေ (two ways phone recorder built in, စိတ်ကြိုက်ဖန်တီးထားတဲ့ status bar, phone, market, themes, lockscreen THEMES အလန်းစားတွေ၊
HTC လိုဖုန်းမျိုးမှာ Sense UI ကို နောက်ဆုံးဗားရှင်းထိ တင်ပေးထားတာတွေ၊ ဖုန်းကို အိတ်ထဲကထုတ်လိုက်ရင် miss ဖြစ်သွားတဲ့ HTC sense UI v2.1 ကို အဆင်ပြေတဲ့v.3.5 သို့ချိန်းပေးထားတာတွေ, LED မပါတဲ့ဖုန်းတွေမှာ LED backlight notif ထဲ့ပေးနိုင်တာတွေ၊ ဖုန်းရဲ့ မန်မိုရီကို အပလီကေးရှင်းများများသွင်းနိုင်အောင် အဆမတန် များပေးထားတာတွေ၊ ဘက်ထရီိအားကို ခံနိုင်သမျှခံအောင်လုပ်ပေးထားတာတွေ၊ စသည်စသည်ဖြင့် အများကြီးမှ အများကြီးပါ။
- တချို့ ROM တွေဆို custom Kernel တွေထဲ့ပေးထားပတယ်။ custom kernel တွေက သင့် CPU speed , voltage ကို လိုသလို ထိန်းချုပ်ပေးသွားပါတယ်။ ဖုန်းအိပ်ပျော်နေတဲ့အချိန်ဆို CPU ကို တတ်နိုင်သမျှအားမစားအောင် undervoltage လုပ်ပေးမယ်။ ဖုန်း 3D gameတွေ ဆော့တော့မယ်ဆို speed ကို အရှိထက်ပိုတင်ပေးမယ် စသည်ဖြင့်ပေါ့ဗျာ။

Disvantages of Custom ROM
-မကျွမ်းကျင်ရင် မကျွမ်းကျင်သလို ဖုန်းက bricked ဖြစ်သွားနိုင်ပါတယ်။ unstable Custom ROM တွေ ရွေးမိတာပဲဖြစ်ဖြစ် ဖုန်းမော်ဒယ်လေး သေချာမဖတ်မိပဲ ROM မှားတင်မိတာပဲဖြစ်ဖြစ် သင့်ဖုန်းဟာ dead phone ဖြစ်သွားနိုင်ပါတယ်။

Preparing before flashing Custom ROM
- သင့်ဖုန်းရဲ့ ဘက်ထရီက အနဲဆုံး ၅၀ % အထက်မှာရှိနေဖို့လိုပါတယ်။ 100% ထားလုပ်ရင်တော့ အကောင်းဆုံးပါ။
- flash မလုပ်ခင် ကျနော်ကတော့ data, contact, message, application တွေ အကုန် back up လုပ်ပါတယ်။့ How to back up ur Device >>https://www.facebook.com/groups/MyanmarMobileUsers/doc/376252589065781/
- Choosing the best custom ROM - Custom ROM ပေါင်းမြောက်များစွာ ရှိတဲ့အထဲကမှ သင့်လျော်တဲ့ stable ဖြစ်တဲ့ custom rom ကိုသွင်းမိဖို့အရေးကြီးပါတယ်။
- How to find the matched custom for ur phone - http://forum.xda-developers.com ထဲက custom တွေ အများအပြားထဲကမှ rating များပီး အမြဲတန်းရှေ့လျောက်နေတဲ့ pages တွေအများကြီးဖြစ်နေတဲ့ custom rom တွေကို အရင်စဉ်းစားပါတယ်။
နောက်.. ပထမစာမျက်နှာတွေ လိုက်ဖတ်ပြီး ဘာfeatures တွေပါသလဲ။ ကိုယ့်အတွက် ဘာတွေ အသုံးဝင်မလဲ ရွေးပါတယ်။ Firmwares version တွေ latest ဖြစ်မဖြစ်ရွေးပါတယ်။ နောက်ဆုံးစာမျက်နှာ ၅မျက်နှာ ၆မျက်နှာ
လိုက်ဖတ်ပြီး ဘယ်သူတွေက ROM နဲ့ပါတ်သက်ပီး bugs တွေပါလို့ ဘာတွေ ကွန်ပလိန်းတက်ထားလဲလိုက်ဖတ်ပါတယ်။ အဲ့ဒီအထဲကမှ အသင့်လျော်ဆုံးကို ရွေးပီးဒေါင်းပါတယ်။
- သင့်ဖုန်းက rooted ဖြစ်နေရမယ်။ CWM (clock work mod recovery) ထဲ့ထားရမယ်။ busybox ထဲ့ထားရမယ်။

Flashing Custom ROM
-Custom ROM တွေက နှစ်မျိုးနှစ်စား လာပါတယ်။ full wipe လို့ခေါ်တဲ့ ROM (ဖုန်းထဲက ရှိသမျှ data တွေအကုန် wipe လုပ်ပြစ်ရပြီး ဖုန်းတစ်လုံးလုံးအသစ်ကနေ ပြန်စရသလို ဖြစ်သွားတာ)
unwipe လို့ခေါ်တဲ့ ROM (ပထမတင်ထားတဲ့ custom rom ကိုပဲ latest custom version ကိုတင်မယ်ဆိုရင် wipe လုပ်စရာမလိုပဲသွင်းလို့ရတာကိုဆိုလိုပါတယ်)။ ကျွန်တော်ကတော့ ဘယ် ROM တင်တင် ဒေတာတွေအကုန် Wipe လုပ်ပစ်ပါတယ်။

1.ကဲ ဒေါင်းပြီးသား Custom ROM.zip ကို sdcard အောက်ကို ကော်ပီလုပ်မယ်။
2. Clockwork mod recovery ထဲဝင်မယ်။ (၀င်နည်းအမျိုးမျိုးရှိပါတယ်)
3. Format Data/Factory reset လုပ်မယ်။
4. Format cache partitation လုပ်မယ်။
5. Advanced> wipe dalvik cache, wipe battery stats လုပ်မယ်။
6. Mount and storage > format cache, system, data တွေပါ ကျွန်တော်စိတ်ချရအောင်လုပ်ပတယ်။ ဒီနေရာမှာ format sdcard မလုပ်သရ်ျ သင့်ဖုန်းထဲက photo တွေ၊ mp3 တွေ၊ စတဲ့ sdcard ထဲက data တွေမပျက်ပါဘူး။
7. Install zip from sdcard ဆိုပီး ခုန ဒေါင်းထားတဲ့ zip file ကို ရွေးပီး install လုပ်လိုက်ပါတယ်။
8. Reboot system လုပ်လိုက်ပါတယ်။
9. စက်တက်တဲ့အချိန်က သာမန်ထက်ကြာနိုင်ပါတယ်.. wipe လုပ်ထားတဲ့ dalvik cache ကို ပြန်လည်တည်ဆောက်ရတဲ့အတွက်ပါ။ ၅မိနစ်ကနေ ၁၀မိနစ်ခန့်ထိကြာနိုင်ပါတယ်။ ၁၀မိနစ်ကျော်သွား၇င်တော့ ....။

Custom ROM flash လုပ်တာ ပြီးဆုံးပါပီ။ Chef တွေ ပြောနေကျစကားလေးပြန်သုံးပါရစေ။ I am not responsible for any damage to your phone ပါ။

ကျွန်တော့်အတွေ့အကြုံလေးကို ဖြည့်စွက်လိုက်ပါဦးမယ်။ အရင်က ကျွန်တော် Custom ROM တွေ update ထွက်ရင် ထွက်သလို အမြဲတန်း update လုပ်ပါတယ်။ တခါတလေဆို ၁ရက်ထဲ နှစ်ခါလောက်ကို လုပ်ပါတယ်။ (some called as Flashmanic or Flashcoholic)
ကွန်ပြူတာမလိုပဲ ဖုန်းထဲတင် ကိစ္စပြတ်တာကိုး(တချို့ ဖုန်းတွေလို ပီစီနားပြေးစရာမလိုဘူးလေ :P) အမြဲတန်း custom rom တွေနဲ့ ဖုန်းက ဖလန်းဖလန်းထနေတော့ ပြသနာသိပ်မရှိဘူးပေါ့။ နောက်တော့ flash လုပ်၇မှာပျင်းလာတယ်။ ကျွန်တော့်အတွက် stable အဖြစ်ဆုံး custom rom တစ်ခုကိုပဲ ရွေးပီးသုံးပါတော့တယ်။ စသုံးခါစက custom rom လေးနဲ့ ဖုန်းက မြန်တာပေါ့ဗျာ။ နှစ်လ သုံးလလောက်ကြာတော့ ဖုန်းက လိုင်းက သိပ်မမိချင်တော့ဘူး။ ခေါ်ရခက်လာတယ်။ ဘက်ထရီက အုပ်အုပ်လာတယ်။ Screen Wake up ခနခန ဖြစ်လာတယ်။ အားသွင်းရင် ဖုန်းက ပူကျွတ်တက်လာတယ်။ မျိုးစုံပေါ့။ ကျနော့်အထင်ပါ မှားရင်လဲ မှားနိုင်ပါတယ်။ custom rom တွေ တင်မယ်ဆို အမြဲတန်း update ဖြစ်တဲ့ဟာ ပြောင်းပြောင်းပေးသင့်တယ်လို့ထင်ပါကြောင်းပြောရင်းနဲ့...
အမငှီး... လက်ညောင်းထှာ.. :D
Please give credit to MMUC, if you want to share.Thanks,MMUC@Facebook