Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။

Wednesday, July 11, 2012

All about Custom ROM flashing

Custom ROM တင်တာနဲ့ ပါတ်သက်ပီး သိထားသင့်တာလေးတွေ ရေးတင်လိုက်ပါတယ်။ (သိပီးသားသူများအား မဆိုလိုပါ။ လိုအပ်တာလေးတွေ ရှိရင် ၀င်ဖြည့်စွက်ရေးသားသွားပါ)

What is Custom ROM
- လွယ်လွယ်ဥပမာပေးရရင် ဟင်းတစ်ခွက်ကို ကိုယ်ကြိုက်တဲ့ အရသာမျိုး ပေးစွမ်းနိုင်အောင် ပြန်လည်ချက်ပြုတ်ထားတဲ့ ဟင်းတစ်ခွက်လို့ပဲ ခေါ်လိုက်ပါတယ်။ Custom ROM လုပ်တဲ့ tools တွေ pc softwares တွေကိုကျတော့ Kitchen (မီးဖိုချောင်) လို့ခေါ်ကျပါတယ်။ Custom ROM လုပ်ပေးတဲ့ Developers တွေကိုကျတော့ Chef(စားဖိုမှူး) လို့ ခေါ်ပါတယ်။

Advantages of Custom ROM
- များကြီးပါပဲဗျာ.. chef ရဲ့ အစွမ်းရှိရင် ရှိသလောက် add on တွေ (two ways phone recorder built in, စိတ်ကြိုက်ဖန်တီးထားတဲ့ status bar, phone, market, themes, lockscreen THEMES အလန်းစားတွေ၊
HTC လိုဖုန်းမျိုးမှာ Sense UI ကို နောက်ဆုံးဗားရှင်းထိ တင်ပေးထားတာတွေ၊ ဖုန်းကို အိတ်ထဲကထုတ်လိုက်ရင် miss ဖြစ်သွားတဲ့ HTC sense UI v2.1 ကို အဆင်ပြေတဲ့v.3.5 သို့ချိန်းပေးထားတာတွေ, LED မပါတဲ့ဖုန်းတွေမှာ LED backlight notif ထဲ့ပေးနိုင်တာတွေ၊ ဖုန်းရဲ့ မန်မိုရီကို အပလီကေးရှင်းများများသွင်းနိုင်အောင် အဆမတန် များပေးထားတာတွေ၊ ဘက်ထရီိအားကို ခံနိုင်သမျှခံအောင်လုပ်ပေးထားတာတွေ၊ စသည်စသည်ဖြင့် အများကြီးမှ အများကြီးပါ။
- တချို့ ROM တွေဆို custom Kernel တွေထဲ့ပေးထားပတယ်။ custom kernel တွေက သင့် CPU speed , voltage ကို လိုသလို ထိန်းချုပ်ပေးသွားပါတယ်။ ဖုန်းအိပ်ပျော်နေတဲ့အချိန်ဆို CPU ကို တတ်နိုင်သမျှအားမစားအောင် undervoltage လုပ်ပေးမယ်။ ဖုန်း 3D gameတွေ ဆော့တော့မယ်ဆို speed ကို အရှိထက်ပိုတင်ပေးမယ် စသည်ဖြင့်ပေါ့ဗျာ။

Disvantages of Custom ROM
-မကျွမ်းကျင်ရင် မကျွမ်းကျင်သလို ဖုန်းက bricked ဖြစ်သွားနိုင်ပါတယ်။ unstable Custom ROM တွေ ရွေးမိတာပဲဖြစ်ဖြစ် ဖုန်းမော်ဒယ်လေး သေချာမဖတ်မိပဲ ROM မှားတင်မိတာပဲဖြစ်ဖြစ် သင့်ဖုန်းဟာ dead phone ဖြစ်သွားနိုင်ပါတယ်။

Preparing before flashing Custom ROM
- သင့်ဖုန်းရဲ့ ဘက်ထရီက အနဲဆုံး ၅၀ % အထက်မှာရှိနေဖို့လိုပါတယ်။ 100% ထားလုပ်ရင်တော့ အကောင်းဆုံးပါ။
- flash မလုပ်ခင် ကျနော်ကတော့ data, contact, message, application တွေ အကုန် back up လုပ်ပါတယ်။့ How to back up ur Device >>https://www.facebook.com/groups/MyanmarMobileUsers/doc/376252589065781/
- Choosing the best custom ROM - Custom ROM ပေါင်းမြောက်များစွာ ရှိတဲ့အထဲကမှ သင့်လျော်တဲ့ stable ဖြစ်တဲ့ custom rom ကိုသွင်းမိဖို့အရေးကြီးပါတယ်။
- How to find the matched custom for ur phone - http://forum.xda-developers.com ထဲက custom တွေ အများအပြားထဲကမှ rating များပီး အမြဲတန်းရှေ့လျောက်နေတဲ့ pages တွေအများကြီးဖြစ်နေတဲ့ custom rom တွေကို အရင်စဉ်းစားပါတယ်။
နောက်.. ပထမစာမျက်နှာတွေ လိုက်ဖတ်ပြီး ဘာfeatures တွေပါသလဲ။ ကိုယ့်အတွက် ဘာတွေ အသုံးဝင်မလဲ ရွေးပါတယ်။ Firmwares version တွေ latest ဖြစ်မဖြစ်ရွေးပါတယ်။ နောက်ဆုံးစာမျက်နှာ ၅မျက်နှာ ၆မျက်နှာ
လိုက်ဖတ်ပြီး ဘယ်သူတွေက ROM နဲ့ပါတ်သက်ပီး bugs တွေပါလို့ ဘာတွေ ကွန်ပလိန်းတက်ထားလဲလိုက်ဖတ်ပါတယ်။ အဲ့ဒီအထဲကမှ အသင့်လျော်ဆုံးကို ရွေးပီးဒေါင်းပါတယ်။
- သင့်ဖုန်းက rooted ဖြစ်နေရမယ်။ CWM (clock work mod recovery) ထဲ့ထားရမယ်။ busybox ထဲ့ထားရမယ်။

Flashing Custom ROM
-Custom ROM တွေက နှစ်မျိုးနှစ်စား လာပါတယ်။ full wipe လို့ခေါ်တဲ့ ROM (ဖုန်းထဲက ရှိသမျှ data တွေအကုန် wipe လုပ်ပြစ်ရပြီး ဖုန်းတစ်လုံးလုံးအသစ်ကနေ ပြန်စရသလို ဖြစ်သွားတာ)
unwipe လို့ခေါ်တဲ့ ROM (ပထမတင်ထားတဲ့ custom rom ကိုပဲ latest custom version ကိုတင်မယ်ဆိုရင် wipe လုပ်စရာမလိုပဲသွင်းလို့ရတာကိုဆိုလိုပါတယ်)။ ကျွန်တော်ကတော့ ဘယ် ROM တင်တင် ဒေတာတွေအကုန် Wipe လုပ်ပစ်ပါတယ်။

1.ကဲ ဒေါင်းပြီးသား Custom ROM.zip ကို sdcard အောက်ကို ကော်ပီလုပ်မယ်။
2. Clockwork mod recovery ထဲဝင်မယ်။ (၀င်နည်းအမျိုးမျိုးရှိပါတယ်)
3. Format Data/Factory reset လုပ်မယ်။
4. Format cache partitation လုပ်မယ်။
5. Advanced> wipe dalvik cache, wipe battery stats လုပ်မယ်။
6. Mount and storage > format cache, system, data တွေပါ ကျွန်တော်စိတ်ချရအောင်လုပ်ပတယ်။ ဒီနေရာမှာ format sdcard မလုပ်သရ်ျ သင့်ဖုန်းထဲက photo တွေ၊ mp3 တွေ၊ စတဲ့ sdcard ထဲက data တွေမပျက်ပါဘူး။
7. Install zip from sdcard ဆိုပီး ခုန ဒေါင်းထားတဲ့ zip file ကို ရွေးပီး install လုပ်လိုက်ပါတယ်။
8. Reboot system လုပ်လိုက်ပါတယ်။
9. စက်တက်တဲ့အချိန်က သာမန်ထက်ကြာနိုင်ပါတယ်.. wipe လုပ်ထားတဲ့ dalvik cache ကို ပြန်လည်တည်ဆောက်ရတဲ့အတွက်ပါ။ ၅မိနစ်ကနေ ၁၀မိနစ်ခန့်ထိကြာနိုင်ပါတယ်။ ၁၀မိနစ်ကျော်သွား၇င်တော့ ....။

Custom ROM flash လုပ်တာ ပြီးဆုံးပါပီ။ Chef တွေ ပြောနေကျစကားလေးပြန်သုံးပါရစေ။ I am not responsible for any damage to your phone ပါ။

ကျွန်တော့်အတွေ့အကြုံလေးကို ဖြည့်စွက်လိုက်ပါဦးမယ်။ အရင်က ကျွန်တော် Custom ROM တွေ update ထွက်ရင် ထွက်သလို အမြဲတန်း update လုပ်ပါတယ်။ တခါတလေဆို ၁ရက်ထဲ နှစ်ခါလောက်ကို လုပ်ပါတယ်။ (some called as Flashmanic or Flashcoholic)
ကွန်ပြူတာမလိုပဲ ဖုန်းထဲတင် ကိစ္စပြတ်တာကိုး(တချို့ ဖုန်းတွေလို ပီစီနားပြေးစရာမလိုဘူးလေ :P) အမြဲတန်း custom rom တွေနဲ့ ဖုန်းက ဖလန်းဖလန်းထနေတော့ ပြသနာသိပ်မရှိဘူးပေါ့။ နောက်တော့ flash လုပ်၇မှာပျင်းလာတယ်။ ကျွန်တော့်အတွက် stable အဖြစ်ဆုံး custom rom တစ်ခုကိုပဲ ရွေးပီးသုံးပါတော့တယ်။ စသုံးခါစက custom rom လေးနဲ့ ဖုန်းက မြန်တာပေါ့ဗျာ။ နှစ်လ သုံးလလောက်ကြာတော့ ဖုန်းက လိုင်းက သိပ်မမိချင်တော့ဘူး။ ခေါ်ရခက်လာတယ်။ ဘက်ထရီက အုပ်အုပ်လာတယ်။ Screen Wake up ခနခန ဖြစ်လာတယ်။ အားသွင်းရင် ဖုန်းက ပူကျွတ်တက်လာတယ်။ မျိုးစုံပေါ့။ ကျနော့်အထင်ပါ မှားရင်လဲ မှားနိုင်ပါတယ်။ custom rom တွေ တင်မယ်ဆို အမြဲတန်း update ဖြစ်တဲ့ဟာ ပြောင်းပြောင်းပေးသင့်တယ်လို့ထင်ပါကြောင်းပြောရင်းနဲ့...
အမငှီး... လက်ညောင်းထှာ.. :D
Please give credit to MMUC, if you want to share.Thanks,MMUC@Facebook