Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။

Wednesday, July 11, 2012

Apple ကုပ္မဏီမှ ဘုရားသခင်ကို မူပိုင်ခွင့် ချိုးဖောက်မှုကြောင့်တရားစွဲ

Apple ကုပ္မဏီမှ ဘုရားသခင်ကို မူပိုင်ခွင့် ချိုးဖောက်မှုကြောင့် ယနေ့ တရားရုံးတွင် တရားစွဲလိုက်ကြောင်းသိရသည်။ Apple ကုပ္မဏီ ကိုယ်စားလှယ်အဆိုအရ ဘုရားသခင်သည် စား၍ရသေား သစ်သီးအပင် တစ်ပင်ဖန်ဆင်းရာတွင် Apple ၏ မူပိုင်ခွင့်များကို ချိုးဖေါက်ခဲ့သည် ဟုဆိုသည်။
“ဘုရားသခင်ဟာ ကျနော်တို့ရဲ့ ခိုင်မာရှည်ကြာလှပြီ ဖြစ်တဲ့ ဒီ Apple ဆိုတဲ့စကားလုံးကို ပြောင်ပြောင်တင်းတင်း အရှက်မဲ့မဲ့ ခိုးသုံးလိုက်တာပါပဲ” ဟု Apple မှ ပြောရေးဆိုခွင့် ရှိသူက ပြောကြားသွားသည်။
လူထုဟာ ပန်းသစ်တော်နဲ့ Apple ရဲ့အိုင်ပက်၂ နဲ့ လွဲသွားနိုင်တယ်။  ကျနော်တို့ နှစ်ရှည်လများ ကျိုးစားလာခဲ့ရတဲ့ အသီးအပွင့်ကို လိုရာဖန်ဆင်းနိုင်တဲ့ ဘုရားသခင်လို ပုဂ္ဂိုလ်မျိုးက ခိုးယူသွားတာ လက်မခံနိုင်ပါဘူး။

ဘုရားသခင်ဟာ အားလုံးကို ဖန်ဆင်းခဲ့တယ်ဆိုပေမဲ့ ဒီ  Apple ဆိုတဲ့ စကားလုံးကို ဖန်ဆင်းခဲ့ဟန်ဆောင်တာကိုတော့ လက်မခံနိုင်ပါဘူး။Apple ၏ အခြား တရားစွဲဆိုထားမှုများApple သည် ပြိုင်ဖက် Nokia, Sony Erricson and Motorolla များကိုလည်း တရားစွဲဆိုပြီး ဖြစ်ကြောင်းသိရသည်။ အတည်မပြုရသေးတော သတင်းများအရာ အင်္ဂလိပ်ဘာသာရပ်အပေါ်တွင် (i)ဟူသော စကားလုံးသုံးစွဲခြင်းကို ၄င်း၊ ဆေးပြားများကို  Tablet ဟုခေါ်ဆိုနေခြင်းများကို ၄င်း တရားစွဲဆိုရန် ရှိကြောင်း ကြားသိရသည်။



http://newsthump.com/2011/04/22/apple-computer-to-sue-god-for-trademark-infringement/