Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။
Showing posts with label Data. Show all posts
Showing posts with label Data. Show all posts

Tuesday, December 4, 2012

Internet Usage Monitor (data amount သိနိုင်ဖို့)



By Kyaw Nyein Thwin in Myanmar Mobile Users Club
မြန်မာနိုင်ငံရှိ mobile internet များကို data plan ဖြင့် ကောက်ခံတော့မည် ဖြစ်သောကြောင့် mobile ဖြင့် internet အသုံးပြုသူများအနေဖြင့် မိမိတို့ အသုံးပြုသော data amount ကို အလွယ်တကူ သိနိုင်မည် မဟုတ်ပါ။ ထိုအခက်အခဲကို Myanmar Hub ၏ Internet Usage Monitor(IUM) ကို အသုံးပြုခြင်းဖြင့် လွယ်ကူစွာ ဖြေရှင်းနိုင်မည် ဖြစ်သည်။ IUM ကို အသုံးပြုခြင်းဖြင့် အ
င်တာနက် အသုံးပြုခကျသင့်ငွေ Data အသွားအပြန်ပြုလုပ်သည့် ပမာဏ တို့ကို အလွယ်တကူ ကြည့်ရှု့နိုင်မည် ဖြစ်သည်။ ထို့အပြင် အင်တာနက် အသုံးပြုခနှုန်းထားများကိုပါ လိုအပ်သလို ပြင်ဆင်နိုင်သဖြင့် data plan အပြောင်းအလဲရှိပါက အဆင်ပြေစွာ အသုံးပြုနိုင်မည် ဖြစ်ပါသည်။
IUM ကို အသုံးပြုရန်အတွက် အနည်းဆုံး android version 2.2 ရှိရမည်ဖြစ်၍ version 4.x.x ထိ အသုံးပြုနိုင်ပါသည်။IUM အသုံးပြုပုံအဆင့်အဆင့်
  1. apk file ကို အခမဲ့ download ပြုလုပ်ပါ။
  1. ထိုနောက် နှစ်သက်ရာ file manager (သို့) apk installer ကို အသုံးပြု၍ install ပြုလုပ်ပါ။
  1. Install ပြုလုပ်ပြီးပါက home screen ၏ လွတ်နေသော နေရာတစ်နေရာကို လက်ဖြင့် ခေတ္တာ နှိပ်ထားပါ။
  1. Homescreen ကို Personalise ပြုလုပ်ရန် windows တစ်ခု (သို့) dialog တစ်ခု ပေါ်လာပါမည်။
  1. ထို window(သို့) dialog မှ Widget ကို ရွေးချယ်ပါ။
  1. ထိုနောက် Internet Usage Monitor ကို ရွေးချယ်ပါ။
  1. Homescreen တွင် IUM Widget ပေါ်လာပါလိမ့်မည်။
IUM အင်တာနက်နှုန်းထား ပြင်ဆင်ပုံအဆင့်ဆင့်ဥပမာ။  ။ data 10MB လျှင် 2 ကျပ်နှုန်း အဖြစ်ပြောင်းလဲခြင်း
  • Homescreen ရှိ IUM Widget ၏ အပေါ်ညာလက်ထိပ်ရှိ စက်သွားပုံ ခလုတ်ကလေးကို နှိပ်ပါ။
  • Dialog တစ်ခုပေါ်လာပါမည်။
  • Unit နေရာတွင် 10 ကို ထည့်ပါ။
  • ထိုနောက် MB ကို ရွေးချယ်ပါ။
  • Price နေရာတွင် 2 ကို ထည့်ပါ။
  • ထိုနောက် Save ကို နှိပ်ပါ။
IUM ကို reset ပြုလုပ်နည်းတစ်ခါတစ်ရံတွင် မိမိဖုန်း၏ credit ကို top up လုပ်လိုက်၍ဖြစ်စေ အခြားအကြောင်းကြောင့်ဖြစ်စေ IUM ၏ record များကို 0 မှ ပြန်လည် စတင်လိုပါက
  1. Homescreen ရှိ IUM Widget ၏ အပေါ်ညာလက်ထိပ်ရှိ စက်သွားပုံ ခလုတ်ကလေးကို နှိပ်ပါ။
  1. Dialog တစ်ခုပေါ်လာပါမည်။
  1. “Reset All Data Usage” ကို နှိပ်ပါ။
  1. Dialog ထပ်ပေါ်လာပါက “Reset” ကို နှိပ်ပါ။
Download link (1) >> http://www.mediafire.com/?1cpk1p4eacph0hbDownload link (2) >> https://www.dropbox.com/s/ub9rv1n5y8dlwn8/Upload%20by%20Kyaw%20Nyein%20Thwin%20-Internet%20Usage%20Monitor.apk
credit to MMHub
Like ·  · Report · November 30 at 11:03am

data ချွေတာရေး နည်းလမ်းများ



By Kaung Thet Han in Myanmar Mobile Users Club 

ဒေတာ ကို volume နဲ့ကောက်တာကို သဘောကျပေမဲ့ ဈေးနှုန်းကိုတော့ ခုထိ သဘောမကျသေးပါ။  ဒါပေမဲ့ မရှိရင် ရှိတာနဲ့ သုံးရမှာ မို့လို့ ပိုက်ဆံ သက်သာမယ့် နည်းလမ်းတွေ ကို ဝေမျှချင်ပါတယ်။
1) ကိုယ်မသိပဲ သုံးနေသော data များကို ပိတ်ပြစ်ပါ။

  • Android နဲ့ iOS က background service တွေတော်တော်များပါတယ်။   Android ကပိုဆိုးပါတယ်။  Google က statistical data တွေ collect လုပ်တာမို့လို့ပါ။   ကြားထဲ က Google အပြင် samsung တို့ htc တို့ကပါ ပါ တတ်ပါသေးတယ်။   ဒါ ကြောင့် တစ်ခါတစ်လေ Help improve google by sending your data blah blah blah ဆိုတာမျိုးတွေ တွေ့ရင် လုံးဝ သဘောမတူပါနဲ့။  
  • Android နဲ့ iOS က background service တွေတော်တော်များပါတယ်။   Android ကပိုဆိုးပါတယ်။  Google က statistical data တွေ collect လုပ်တာမို့လို့ပါ။   ကြားထဲ က Google အပြင် samsung တို့ htc တို့ကပါ ပါ တတ်ပါသေးတယ်။   ဒါ ကြောင့် တစ်ခါတစ်လေ Help improve google by sending your data blah blah blah ဆိုတာမျိုးတွေ တွေ့ရင် လုံးဝ သဘောမတူပါနဲ့။  

  • Sync service တွေကလည်း ဒေတာတော်တော် စားပါတယ်။  ဖြစ်နိုင်ရင် အဲဒါတွေကို ပိတ်ထားရင် သက်သာပါတယ်။   ကျွန်တော်စမ်းဖွင့်ထားကြည့်တာတော့ တစ်နာရီ မှာ ၂၀၀ kb လောက်တက်ပါတယ်။ တစ်ခြားဖုန်းတွေတော့မသိပါ။    eg. dropbox, evernote
  • Sync service တွေကလည်း ဒေတာတော်တော် စားပါတယ်။  ဖြစ်နိုင်ရင် အဲဒါတွေကို ပိတ်ထားရင် သက်သာပါတယ်။   ကျွန်တော်စမ်းဖွင့်ထားကြည့်တာတော့ တစ်နာရီ မှာ ၂၀၀ kb လောက်တက်ပါတယ်။ တစ်ခြားဖုန်းတွေတော့မသိပါ။    eg. dropbox, evernote

  • Android ဖုန်းတွေမှာ Auto refresh လုပ်တဲ့ app တွေကို refresh interval ပြောင်းပါ။  12 hourly တို့ 24 hourly တို့ ဒါမှ မဟုတ်ရင် manual refresh လုပ်ပါ။ 
  • Android ဖုန်းတွေမှာ Auto refresh လုပ်တဲ့ app တွေကို refresh interval ပြောင်းပါ။  12 hourly တို့ 24 hourly တို့ ဒါမှ မဟုတ်ရင် manual refresh လုပ်ပါ။ 


  • android ရဲ့ တစ်ချို့ free application တွေက ကြော်ငြာ ၀င် တတ်ပါတယ်။   ကြော်ငြာတွေကလည်း data စားပါတယ်။   ကြော်ငြာတွေ ပိတ်လို့ရတဲ့ adbloker တွေရှိပါတယ်။   ကျွန်တော်က တော့ ROM Toolbox Pro ကိုသုံးပါတယ်။  lucky patcher နဲ့လည်း Google ads တွေ remove လုပ်လို့ရပါတယ်။ အဲဒါတွေ မလုပ်တတ်ရင်တော့ မလိုအပ်တဲ့ applications တွေကို uninstall လုပ်ဖို့ အကြံပြုပါတယ်။ 

  • တစ်ချို့ battery saving လုပ်တဲ့ app တွေ က background service တွေ background data connection တွေကို ပိတ်ပေးပါတယ်။   eg.JuiceDefende

r
2) data compression ပါတဲ့ mobile web browser များကို အသုံးပြုခြင်း
  • ဒီနေရာမှာ နံပါတ် ၁ လမ်းညွှန်ချင်တာက Opera Mini Web browser ဖြစ်ပါတယ်။   ပုံမှန်အား ဖြင့် ၈၅%
လောက်သက်သာပါတယ်။   10 MB လောက်ကုန်မဲ့နေရာ မှာ 1.5 MB လောက်နဲ့ အလုပ်ဖြစ်ပါတယ်။
 ဒါတောင် image resolution ကို high level ထားထားတာပါ။   ထပ်ပြီး saving ဖြစ်ချင်တယ်ဆိုရင်တော့
low image resolution အထိထားလို့ရပါတယ်။ ဒါပေမဲ့ opera mini က web page တွေ loading လုပ်တာ
နှေးပါတယ်။  မြန်မာစာလည်း မမှန်ပါဘူး။    Android, iOS, Symbian, Java အစရှိ OS အကုန်လုံးမှာ
opera mini ကို အသုံးပြုနိုင်ပါတယ်။  

  • နံပါတ် ၂ ကတော့ UC browser ဖြစ်ပါတယ်။  ဒီ browser ကလည်း OS အကုန်လုံးမှာ အသုံးပြုနိုင်ပါတယ်။
ဒီ browser ကလည်း compression 90% လောက်ရတဲ့ browser ဖြစ်ပြီး web page loading တွေ
အရမ်းမြန်ပါတယ်။ ဒါပေမဲ့ Opera mini လောက် အသုံးပြုရတာ မလွယ်ကူပါဘူး။  မြန်မာစာ ပေါ်တာ မှန်ပါတယ်။


  • အဲဒီ ၂ ခုလုံးမကြိုက်လို့ တစ်ခြား browser တွေပဲ သုံးခြင်တယ် ဆိုရင် Mobile view တွေကို ကြည့်ပါ။


 mobile data က ဈေးကြီး လွန်းတော့ website တော်တော်များများက mobile view နဲ့ desktop viewဆိုပြိး ခွဲထားပါတယ်။  desktop view ကို မှ ၀င်ကြည့် ချငတယ် ဆိုရင်တော့ data ၄ ဆ - ၅ ဆလာက်ပိုကုန်ပါလိမ့်မယ်။ 3) သုံးမယ့်ဒေတာ ကို limit လုပ်ပါ။  
  • Android မှာ ဆိုရင်တော့ Settings ထဲမှာ data limit လုပ်လို့ရပါတယ်။  data counter widget တွေလည်းရှိပါတယ်။    



  • <ပန်းသီးမှာ တော့ မသိပါ။  သိသူများ edit ၀င်လုပ်နိုင်ပါသည်>

4) နောက်ဆုံး နည်းကတော့ data ကို ပိတ်ထားပါ။  ပိုက်ဆံကုန် သက်သာတဲ့ အပြင် battery စားလည်း သက်သာပါတယ်။  https://www.facebook.com/groups/MyanmarMobileUsers/doc/506787652678940/
Like ·  · Report · November 29 at 9:09pm

Wednesday, July 11, 2012

WCDMA, EDGE enable for Iphone

iphone အတွက် မြန်မာနိုင်ငံမှာ internet setting ပြောင်းနည်းပါ။

ဒီဟာက I.OS 5
Iphone 4 မှာ စမ်းထားတာဖြစ်ပါတယ်

အင်တာနက်ဖွင့်ဖို့

ပထမဆုံး..Setting ကို အရင်သွားပါ.



အဲဒီထဲက General ကို ၀င် ပါ..





ပြီးတော့ network ထဲကို ၀င် ပါ




Network ထဲက cellular data network ထဲကို ၀င် ပါ


cellular data ထဲမှာ. cellulardata, MMS, Internet tethering အားလုံးကို mptnet လို့ ဖြည့်ပါ





OK... ဒါဆိုရင် setting တော့ပြင်ပြီးပြါ့ပီ.
back ပြန်လုပ်ပြီး.. network ဆီကို ပြန်သွားပါ
အဲဒီထဲက enable 3G. cellular data တွေကို On လိုက်ပါ

အင်တာနက် ရတဲ့ phone တွေ မှာဘယ်ဘက်ထောင့်က signal တုန်းတွေ ဘေးမှာ 3G ဒါမှမဟုတ် E ဆိုပြီးပေါ်လာပါလိမ်.မယ်.
3G network ရတဲ့နေရာတွေ မှာ 3 G ပေါ်ပေမယ့် 3G ကို enable မလုပ်တာ ...3g မရတာမျိဲုးမှာဆိုရင် E ပဲပေါ်ပါတယ်




ဒီအောက်ကဟာကတော့
short cut ပါ .
iphone menu screen ရဲ့ ထိပ်ဆုံးက ဘားလေးကို ညာဘက်ကိုတွန်းလိုက်ရင် ဒါလေးကျလာပါလိမ်.မယ်
3G နဲ့ Data network ကို ဒီက အဖွင့်အပိတ်လုပ်ပြီး... အင်တာနက် သုံးနိုင်ပါတယ်




နောက်တစ်ခုကတော့ ကွန်ပျူတာနဲ့ချိတ်သုံးဖို့ပါ
ကွန်ပျူတာမှာ itune ရှိဖို့တော့လိုပါတယ်
setting ထဲက personal hotspot ကို ၀င် ပါ
အဲဒီ personal hotsptlot ကို on လိုက်ရင်




turn on wifi and bluetooth နဲ့ USb only ဆိုပြီးပေါ်လာပါလိမ်.မယ်..နှစ်သက်ရာနဲ့အသုံးပြုပါတယ်

personal hotspot ကို သုံးဖို့ အရင် Data network ဖွင့်ထားမှရပါလိမ်.မယ်.
Wifi ကို password ထားချင်ရင်နှစ်သက်ရာ password ပေးထားပါ ..အနည်းဆုံး ၈လုံှးရိရပါမယ်
bluetooth နဲ့ကတော့ ဘယ်လိုမှ လိုင်းမကောင်း.မရပါ.







ှုIphone သုံးစွဲသူများအင်တာနက်ကို အဆင်ပြေပြေ သုံးစွဲနိုင်မယ်မျှော်လင့်ပါတယ်


:D


posted by Nyein Chan Ko Ko