မင်္ဂလာပါ
Symbian သုံးဖုန်းဖြစ်တဲ့ Nokia ဖုန်းတွေမှာ ဇော်ဂျီကီးဘုတ်အသစ် ရပါပြီ။ အစောပိုင်းကတော့ Opera Mini မှာ မြန်မာလို မြင်ရအောင် လုပ်ထားကြတော့ Web Text Editor လေးနဲ့ Opera Mini ထဲမှာပဲ ဇော်ဂျီကို ရိုက်လို့ရအောင် လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် Responsive အနေနဲ့ မရေးခဲ့တော့ ဖုန်းအနေအထားပေါ်မူတည်ပြီး အဆင်မပြေဖြစ်တာ များပါတယ်။
ဟိုး အရင်ကလည်း Nokia ဖုန်းတွေအတွက် ကီးဘုတ်တစ်မျိုး ထွက်ခဲ့ပါသေးတယ်။ ဒါပေမယ် ထည့်ဖို့ရာ သိပ်အဆင်မပြေပါဘူး။ ဖုန်းကို Hack ထားမှ ထည့်လို့ရပါတယ်။ Hack ထားရင်တောင်မှ မူလရှိပြီးသား ကီးဘုတ်နေရာမှာ အစားထိုးခွင့် မပေးတာမျိုးလည်း ရှိပါတယ်။
ယခုနည်းကတော့ ကျွန်တော် တရုတ်ဆော့ဖ်ဝဲလ် Baidu Input ရဲ့ Skin ကိုသာ ဆွဲထားတာ ဖြစ်တဲ့အတွက် ဖုန်းကို Hack ထားဖို့လည်း မလိုပါဘူး။ Baidu Input ဆော့ဖ်ဝဲလ်ကိုသွင်းပြီး ကိုယ်ဆွဲထားတဲ့ ဇော်ဂျီကီးဘုတ် Skin ကို ၎င်း Baidu Input မှာ ရွေးပေးလိုက်ရုံပါပဲ။
ထည့်သွင်းနည်း
လိုအပ်သော File များကို Download လုပ်လိုက်ပါ။ ပြီးနောက် Memory ထဲသို့ ကူးထည့်ပါ။
Download
https://www.dropbox.com/s/lqvjwpq2mm3ns5u/keyboard-for-nokia.rar
အဆင့် ၁ ။ ။ Baiduinput_symbian3_v5_v3.1_1000e.sisx ကို ဖုန်းထဲ၌Install လုပ်ပါ။
အဆင့် ၂ ။ ။ C:\baidu\input\touchskin ထဲသို့ Zawgyi-Keyboard.bds ကို Copy ကူးထည့်ပါ။ ဒီတိုင်းထည့်မရလျှင် X-plore ကိုသုံး၍ထည့်ပါ။ X-plore အကြောင်း ဤနေရာတွင် ရှင်းပြမနေတော့ပါ။ )
ဒီအဆင့်ထိကတော့ ဆော့ဖ်ဝဲလ်ထည့်ခြင်း ပြီးပါပြီ။
ဇော်ဂျီကီးဘုတ် ပြောင်းနည်း
Application Menu ထဲမှ Du ဆိုသော Icon လေးကို ဖွင့်ပါ။ တရုတ်လိုတွေ ပေါ်လာပါလိမ့်မယ်။
နံပါတ် ၁ ကိုရွေးပါ။
နံပါတ် ၁ ကိုရွေးပြီးလျှင် အပေါ်ဆုံးတစ်ခုကို ရွေးပါ။ နောက်တစ်ခု တက်လာလျှင် အပေါ်ဆုံးတရုတ်စာ ပါတာကို ရွေးပါ။ AknFEP သည် မူလ ကီးဘုတ်ဖြစ်သည် )
နောက်သို့ ပြန်ထွက်ပါ။
နံပါတ် ၄ ကိုရွေးပါ။
နံပါတ် ၄ ကိုရွေးပြီးလျှင် အပေါ်ဆုံးတစ်ခုကို ရွေးပါ။
ပုံစံ ရွေးခိုင်းပါလိမ့်မည်။ ဒုတိယ Tab ကိုသွားပါ။ Baidu-Zawgyi-Keyboard ကိုရွေးနှိပ်လိုက်ပါ။ Popup တက်လာလျှင် အပေါ်ဆုံး တစ်ခုကို ရွေးပေးပါ။ ဒုတိယတစ်ခုသည် ထည့်ထားသော Skin ကို Delete လုပ်ခြင်းဖြစ်သည်။ )
အဆင့်ဆင့် Back ပြန်သွား၍ ထွက်လိုက်ပါ။
Message မှာ စာဝင်ရိုက်ကြည့်၊ ကီးဘုတ်ပေါ်က အင်္ဂလိပ် အလံလေးကိုနှိပ်ကြည့်ပါဦး။ စာရိုက်မရသေးပါက ညာဖက် အပေါ်ဆုံးရှိ တရုတ်စာကို နှိပ်ပါ။ Horizontial ကိုရွေးလိုက်ပါ။ဇော်ဂျီ ကီးဘုတ် ပေါ်လာပါလိမ့်မယ်။
ရိုက်နည်းကတော့ ပုံမှန်အတိုင်းပါပဲ။ ပါဌ်ဆင့်တွေကိုတော့ မူရင်းစာလုံးနေရာတွေမှာ ထည့်ထားပါတယ်။ ဥပမာ ဆ ရဲ့ ပါဌ်ဆင့်ကိုရိုက်မယ်ဆိုရင် ဆ ကိုဖိထားလိုက်ရုံပါ။
အိုကေ စာတော့ ရိုက်လို့ရသွားပါပြီ။ စာရိုက်ဖို့အတွက် ကီးဘုတ် သတ်သတ်ပါပဲ။ Font ကိုမြင်ရဖို့ကတော့ Font Zoomer လိုမျိုး Font ပြောင်းတဲ့ ဆော့ဖ်ဝဲလ်သုံးပြီး ပြောင်းပါ။ Zawgyi Font ပြောင်းလိုက်လျှင် ဖုန်းထဲ၌ တရုတ်စာ မြင်ရတော့မည် မဟုတ်ပါ။
Baidu ထဲမှ နံပါတ် ၄ ကို ပြန်နှိပ်ပြီး နောက်ခံများ ပြောင်းလဲနိုင်ပါတယ်။ ပို၍သပ်ရပ်သော ကီးဘုတ်လေး ရပါလိမ့်မယ်။
ကဲ ပိုရှင်းသွားအောင် FAQ လေး ဆက်ဖတ်လိုက်ပါဦး။
မေး။ ။ ဇော်ဂျီကီးဘုတ်အပြင် ဘာကီးဘုတ်တွေ ပါသေးလဲ။
ဖြေ။ ။ အင်္ဂလိပ်ပါမယ်၊ တရုတ် Pinyin ပါမယ်။
မေး။ ။ ကီးဘုတ်တော့ မြင်ရပြီ ဒါပေမယ့် ရိုက်လိုက်ရင် လေးထောင့်တုန်းတွေပဲ ပေါ်တယ်။ ဘာဖြစ်လို့လဲ။
ဖြေ။ ။ ဟုတ်ကဲ့။ ဒါက ကီးဘုတ်သတ်သတ်ပါပဲ။ Font ကိုမြင်ချင်ရင် Font Zoomer လို Font ပြောင်းပေးတဲ့ Software တစ်မျိုးကိုသုံးပါ။ အဲဒါဆိုရင် ဖုန်းတစ်ခုလုံးမှာ မြန်မာလို ရိုက်လို့ရသွားပါပြီ။ ဒါပေမယ့် စာလုံးထပ်ပြီး မသပ်မရပ် ဖြစ်တဲ့ ပြဿနာတော့ ရှိပါတယ်။
မေး။ ။ တရုတ်ဆော့ဖ်ဝဲလ်ကို ပြန်ပြင်ထားတာဆိုတော့ Error များ ရှိနိုင်မလား၊ Master Reset ချမှ ပြန်ဖြုတ်လို့ ရတာမျိုးပေါ့။
ဖြေ။ ။ မရှိပါဘူး။ ဖြုတ်ချင်ရင် Baidu Input ကို အလွယ်တကူပဲ ပြန်ဖြုတ်နိုင်ပါတယ်။ မူလကီးဘုတ် (AknFEP ကို Baidu Input ထဲမှာ ပြန်ရွေးပြီးရင်ပေါ့။
မေး။ ။ Contact နာမည်ပြောင်းတာတွေ၊ Message ပို့တာတွေမှာ စာလုံးတွေ မသပ်မရပ်ဖြစ်တာမျိုးနဲ့ စာလုံးထပ်တာတွေရှိပါတယ်။ အမှန်အတိုင်း သပ်သပ်ရပ်ရပ်မြင်အောင် ဘယ်လိုလုပ်ရပါမလဲ။
ဖြေ။ ။ ဇော်ဂျီမှ မဟုတ်ပါဘူး။ အခြား မြန်မာ Font တွေထည့်လည်း ဖြစ်ပါတယ်။ အခုတွေ့ရသလောက်ကတော့ Symbian ဖုန်းထဲမှာ မြန်မာစာကို သပ်သပ်ရပ်ရပ်နဲ့ အမှန်အတိုင်း မြင်နိုင်တာ Vibar ထဲမှာရယ်၊ Nokia Car Mode မှာရယ်၊ Blob ဆိုတဲ့ Blogger and WordPress Client ထဲမှာရယ်ပါပဲ။
မေး။ ။ ဒီကီးဘုတ်ကို ပိုကောင်းအောင် လုပ်ဖို့ရှိပါသလား။
ဖြေ။ ။ ဟုတ်ကဲ့ဗျာ၊ ဒီကီးဘုတ်ရယ်မှ မဟုတ်ပါဘူး၊ အခြားသော အဆင်ပြေတာမျိုးတွေ့ရင်လည်း လုပ်ဖြစ်ဦးမှာပါပဲ။
မေး။ ။ အဲဒီလိုမျိုး Skin ကို ကိုယ့်တိုင်းကိုယ် လုပ်ကြည့်ချင်တယ်။ ရနိုင်ပါ့မလား။
ဖြေ။ ။ ရတာပေါ့ဗျာ။ စိတ်ပါလို့ လုပ်ချင်တယ်ဆိုရင် http://shouji.baidu.com/input/ ကိုသွားပါ။ လိုအပ်တဲ့ ဆော့ဖ်ဝဲလ် Baidu Input ရဲ့ Skin ပြောင်းတဲ့ ဆော့ဖ်ဝဲလ် ကို Download လုပ်ပါ။ ကိုယ့်တိုင်းကိုယ် ပြုပြင်တီထွင်နိုင်ပါတယ်။
ကဲ ကျွန်တော်မေးပြီး ကျွန်တော်ဖြေထားတာလေး ဖတ်ပြီးရင်တော့ သဘောပေါက်လောက်ပါပြီနော်။
စမ်းသပ်ပြီးဖုန်းများ
Nokia 5800 , Nokia C7-00 (Symbian Belle , Symbian 3)
အသိပေးချင်တာကတော့
ဒီဆော့ဖ်ဝဲလ်ကို ကျွန်တော်ရေးထားတာ မဟုတ်ဘူး၊ Skin ကိုသာ ပြောင်းထားခြင်းဖြစ်တယ်။ ဒါကြောင့် ဒီဆော့ဖ်ဝဲလ်နဲ့ ပတ်သက်ပြီး ကျွန်တော့်ကို အားနာရန်၊ ခရက်ဒစ်ပေးရန် လုံးဝ မလိုပါ။ Skin အတွက်ကတော့ ကျွန်တော် မတတ်တခေါက် ပညာနဲ့ အချိန်ကုန်၊ အိပ်ရေးပျက်၊ လေ့လာဖို့ အင်တာနက်အသုံးပြုခ အကုန်ခံပြီး လုပ်ထားတာ ဖြစ်တဲ့အတွက် အသိအမှတ်ပြုပေးပါ။
အဆင်မပြေတာများရှိခဲ့ရင် ဒီနေရာကနေ ဆက်သွယ်ပြီး အကူညီတောင်းနိုင်ပါတယ်။ သို့မဟုတ် ၀၉ ၄၂၁ ၀၃၈ ၀၆၈ ကို အိပ်ချိန်ကလွဲရင် ဆက်သွယ်အကူညီတောင်းနိုင်ပါတယ်။
အဆင်ပြေကြပါစေ
နွယ်ရိုး
၂၂ / ၂ / ၂၀၁၃
Credit to Ko Nwe Yoe
http://www.nweyoe.net/blog/new-nokia-zawgyi-keyboard/
General Knowledge
Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။
Showing posts with label Nokia. Show all posts
Showing posts with label Nokia. Show all posts
Saturday, March 9, 2013
New Nokia Zawgyi Keyboard
Labels:
Myanmar Keyboard,
Nokia
Wednesday, July 11, 2012
Symbian Games များကို FullScreen အပြည့်မြင်ရအောင် ပြုပြင်နည်း
1.Open Menu

2. Select “Settings”.
3. Select “Application Manager”.

4. Select “Installed apps”.

5. Highlight the application, game or any other software which you wish to run in full screen mode.

6. Select “Options”.

7. Select “Suite Settings”.

8. Select “On-Screen Keyboard”.
9. From the various options given (Game and navig. keys, Navig. keys only), select “Off”.

10. Select “OK”.
11. Press back and exit the application manager.
Thats It! Now open the application (for which you changed the settings) and enjoy it in full screen mode!
By Rosy King in MMUC

SYMBIAN S60V5 GAME : Predators

ဒေါင်းရန်လင့်(ခ်) - http://www.box.com/s/a2f50dd99ba4ebf345c5
WebRepOverall rating
By Rosy King in MMUC
Tuesday, July 10, 2012
Symbian Hacking လုပ်ဆောင်နည်း
Credits g0es to Coderus!
Symbian hacked again!
1. Connect phone with PC, or memory card to cardreader, or memory card to other non-nokia device (need access to private folder)
2. Download QuarantineDriversLDD.zip and unpack to phone mass storage or memory card(For Devices with MMC)
3. Download QuarantineF.zip and unpack to mass storage memory(For Devices with Mass Storage)
4. Download and install DrWeb6 for symbian
5. Launch DrWeb.
6. Go to Options - Quarantine

7. Go Options - Select all
8. Go Options - Restore
-. RomPacther drivers now in c:\sys\bin folder
9. Download and install RomPacther+ 3.1 Lite
10. Launch RomPatcher+ and apply Open4all patch
-. Now you have access to write in all system folders
-. If need you can apply installserver patch, or found in web installserver.exe (installserver needs for installing all applications without any certificate restrictions).
-. For autostart patches download and install full version RomPatcher+ (install after applying/copying installserver).
Profit!
Instructions for the Novice
1. Connect ur phone to PC using mass storage mode.
For MMC download the QuarantineDriversLDD.zip and for devices with mass storage download the QuarantineF.zip
2. Then download the quarantine file, extract it to the path E:\Private\20024113\Quarantine path\
3. Now disconnect the phone, install the drweb antivirus(Signed already).
4. Launch drweb antivirus, go to options->quarantine.
5. U will be able to see three quarantined files as in the screenshot above.
6. Go to options->Select all.
7. Go to options->Restore
8. Now all the drivers for rompatcher will be moved to C:\sys\bin
7. Now install the rompatcherlite+ version(Signed Again)
8. Now launch the rompatcher, and apply the open4all patch(You now get full access to system folders)
9. Now ur phone is hacked ok, and so if u want to install unsigned apps jus apply the installserver patch in rompatcher lite
10. Or if u want to permanently hack ur mobile, apply open4all patch in rompatcher, using a file manager(X-Plore is the easiest) move the installserver(compatible with ur device) to C:\sys\bin\
Download Link >>>
QuarantineDriversLDD - https://sites.google.com/site/icoderus/QuarantineDriversLDD.zip
QuarantineF.zip - https://sites.google.com/site/icoderus/QuarantineF.zip
Dr.Web + RomPatcher - http://www.mirrorcreator.com/files/0K1POSNH/Dr.Web___ROM_Patcher.Soewin.rar_links
Rosy King (MMUC)
Internet For NOKIA (symbion OS)
ဒီ post က Nokia Symbion OSဖုန်းတွေ အတွက်ဖြစ်ပါတယ်.
Nokia မှာအင်တာနက်ဘယ်လိုဖွင့်ရမလဲ..မေးကြသူတွေ အတွက်ပါ..
ပထမဆုံး
၁. Menu ထဲက setting ထဲကိုဝင်ပါ။
1.

၂. setting ထဲက connectivity ကို ရွေးချယ်ပါ။

၃.Connectivity ထဲက Destinations ဆိုတာကိုရွေးပါ
ီ

၎.default internet ဆိုတဲ့box ကျလာပါမယ်..
အဲဒီထဲကaccess point( Add new access point) ကိုရွေးပါ

၅.သူ့ကိုရွေးလိုက်တာနဲ့ Automatically check for available access points ? ဆိုတာပေါ်လာမယ်
yes ကို ရွေးပါ

၆. access points ကို check လိုက်တာနဲ့ Packet data Available ဆိုပြီးပေါ်လာမယ်
select လုပ်ပါ

၇.packet data access point name မှာ mptnet လို့ရိုက်ပေးပါ

၈.ရိုက်ပြီးလို့ Okနှိပ်ပြီးရင် select destinationဆိုတာ ကျလာပါမယ်
internet ကိုရွေးပါ

internet ရွေးပြီးရင် ရပါပြီ..ပြန်စစ်ဆေးဖို့အတွက်
back ပြန်လုပ်ြ့ပီး internet ထဲဝင်ကြည့်ပါ
အောက်ဆုံးမှာ mptnet ဆိုပြီး data network ပုံလေးနဲ.တွေ.ပါလိမ်.မယ်

အဲဒီ mptnet ထဲကိုဝင်ကြည့်ရင် အောက်ကပြထားသလိုတွေ့ရပါမယ်.
connection name မှာ mptnet
access point name မှာ mptnet ဆိုပြီးတွေ့ပါမယ်
ကျန်တာတွေဖြည့်စရာမလိုပါဘူး

အဆင်ပြေပြီဆိုရင်..network mode ပြောင်းပါမယ်
EDGE WCDMA ပြောင်းပါမယ်
WCDMA ကို HSDPA network နဲ့ သုံးပါတယ်.
အောက်ကပုံကိုကြည့်ပါ Network ဆိုတာထဲဝင်ပါ.
Dualmode. UMTS. GSM ဆိုပြီးတွေ့ရပါမယ်
UMTS ကိုရွေးရင် 3G network ရပြီး WCDMA အနေနဲ့ အင်တာနက်ပိုမြန်မြန်သုံးလို့ရပါတယ်
GSMကို ပဲရွေးထားရင် EDGEစနစ်နဲ့သုံးလို့ရပါမယ်.
Dual mode ဆိုရ်ငတော့.. သူ့ဘာသာလိုင်းပိုကောင်းတာကို auto change နေမှာပါ.

ကျွန်တော်တို့က လိုင်းပိုကောင်ူးကောင်းသူံးချင်လို့ UMTS network ကို ရွေးလိုက်ပါတယ်
ok နှိပ်ပါ
phone screen
အပေါ်ဆုံး
ဘယ်ဘယ်ထောင့် signal တုံးလေးအောက်မှာ 3.5 G ဆိုပြီးပေါ်လာတွေ့ပါလိမ်.
ဒါ 3 G network မှာ phone က အလုပ်လုပ်နေတာကို ပြတာပါ
အခုအင်တာနက်ထဲဝင်ကြည့်မယ်
Web ကို ရွေးပါ menu ထဲ က internet ထဲမှာ ကမ္ဘလုံးပုံလေးနဲ့ပါလိမ်ရှိပါလိမ်.မယ်

Web ထဲဝင်လိုက်တာနဲ့အောက်က box လေးတက်လာမယ်
WLAN ဆို တဲ့ wifi ကိုရွေးမှာလား..
internet (mpt)net ကို ရွေးမှာလာဆိုပြီး
mptnet ကိုရွေးပေးပါ

Ok!!!..
လူကြီးမင်းတို့မျှော်လင့်နေတဲ့
အရာလာပါပြီ..
အင်တာနက်ပွင့်နေတာကို
3.5 G ဆိုတဲ့ အရာ ရဲ့အောက်မှာ
Data transfer လုပ်တဲ့ မျှားပုံလေးတွေပေါ်နေတာ
ကြည့်၇င်သိနိုင်ပါတယ်

www.facebook.com ကို ရိုက်လိုက်တာပါ
အင်တာနက်ရပါပြီခင်ဗျာ
စိတ်ကြိုက်သုံးပါတော့ :D:D

သုံးပြီးရင် ပြန်ပိတ်ဖို့တော့လိုမယ်ဗျာ.
ပြန်ပိတ်ဖို့menu/setting /connectivity ထဲက connection manager ထဲသွားပြီး
လက်ရှိပွင့်နေတဲ့ mptnet ကိုထောက်
disconnect လုပ်ပေးဖို့ပါပဲ

End connection Mptnet ဆိုပြီးပေါ်လာမယ်.
yes လို့ရွေးပေးလိုက်ပါ.
ဒဆို ပြန်ပိတ်သွားပါပြီ

Nokia ဖုန်းတွေမှာ
နောက်တစ်ခေါက်အင်တ်ာနက်ဖွင့်ရင် သူ့ဘာသာ autoပွင့်သွားပါတယ်
ဥပမာ
Facebook့ ကို browser QQ. Opera တို့ကနေ၀င်ရင်လည်း.
ဘာမှ data ပြန်ဖွင့်စရာမလိုပဲ..browser ထဲဝင် လိုချင်တဲ page ကို ရိုက်လိုက်တာနဲ့auto
Network က အုလပ်လုပ်ပါတယ်
တစ်ခါတစ်လေ.. browser တွေ .. Map တွေ ... internet တွေကိုအဆုံးထိမထွက်မိရင်လည်းသူ့ဘာသာData network ကအလုပ်လုပ်နေတတ်လို့ Online သုံးတဲ့ application ကို သေသေချာချာ ထွက်ပေးပါ:)
computer နဲ့ချိတ်သုံးချင်ရင်တော့ Nokia pc suite ရှိပါတယ်
ဒီက နေ PC suite ကိုဒေါင်းပါ
:)
Post By Nyein Chan Ko Ko
အလိုအလျောက် ပွင့်ဖို့ အတွက်ကတော့ အထက်က ပြထားတဲ့ Connectivity ထဲက အောက်ဆုံးမှာ Admin setting ဆိုတာ ရှိပါတယ် ။
ဖွင့်ကြည့်ပြီး Packet data ကို ထပ်ဖွင့်လိုက်ပါ ။
Packet data connection မှာ ရွေးချယ်စရာ ၂ ခုရှိပါတယ် ။ When available နဲ့ When needed ဆိုတဲ့ ၂ခုမှာ
When needed ကို ရွေးချယ်ပေးပါ ။
Access point ကတော့ mptnet ပဲပေါ့ဗျာ ။
ဒါဆိုရင် အင်တာနက် သုံးလိုက်တိုင်း သွားဖွင့်ပေးနေစရာ မလိုတော့ပါဘူး ။
ပြန်ပိတ်ချင်တယ် ဆိုရင်တော့ မိမိ အသုံးပြုနေတဲ့ internet browser တွေ App တွေကို သေသေချာချာ ပြန်ပိတ်လိုက်တာနဲ့ အလိုလို ပြန်ပိတ်သွားပါတယ် ။
Labels:
APN Setting,
Nokia
+++Zawgyi Keyboard, Font & Dictionary for Meego Devices+++
+=+= HOW TO INSTALL =+=+
>>>>>>>>>>>>INSTALLING ZAWGYI FONT<<<<<<<<<<<<<<<<<<<

အခုနောက်ပိုင်းမှာ Meego OS တွေလည်း နည်းနည်းလေးတော့ အသုံးများလာပါတယ်။ သူငယ်ချင်းတစ်ယောက် သုံးဖို့ အစဉ်ပြေအောင် လုပ်ရင်းနဲ့ လုပ်ဖြစ်သွားတာပါ။ ကျွန်တော် အခု စမ်းထားတာကတော့ Nokia N9 နဲ့ပါ။
ပထမဆုံးအနေနဲ့ ကျွန်တော်တို့ ဇော်ဂျီ ဖောင့်ကို တင်ပေးဖို့လိုပါမယ်။ ကျွန်တော်ကတော့ Ovi Store ကနေအလွယ်တကူ ဒေါင်းလို့ရတဲ့ Font Manager App နဲ့တင်တာပါ။ တကယ်လို့ Ovi Store က မဒေါင်းချင်ရင်တော့ ( LINK:http://db.tt/8QdqjzoO ) တင်ပေးထားပါတယ်။ DEB ဖိုင်တွေကို ဘယ်လို Install တင်ရမယ်ဆိုတာကိုတော့ ( LINK:http://www.youtube.com/watch?v=qgYU8SlpJ6I ) မှာကြည့် လို့ရပါတယ်။ နောက် Mass Storage Mode နဲ့ Zawgyi Font(Zawgyi-One.ttf) ဖိုင်ကို ထည့်လိုက်ပါ။

ဖုန်းကို ကွန်ပြူတာ ကနေဖြုတ်ပြီးတော့ Font Manager ကို ဖွင့် လိုက်ပါ။ ဘယ်ဘက်အောက် ဒေါင့်နားမှာ (+) လက္ခဏာလေးကို နှိပ်ပြီးတော့ ခုနက ထည့်ထားတဲ့ Zawgyi Font ကို ရွေးပေးလိုက်ရင် ဇော်ဂျီဖောင့် တင်ပြီးသား ဖြစ်သွားပါပြီ။ တကယ်လို့ အဆင်မပြေရင်တော့ ( LINK: http://www.youtube.com/watch?v=dKV_L1u3j9U ) နဲ့ ( LINK: http://www.taringa.net/posts/info/14853665/Tutorial-para-font-manager-en-nokia-n9.html ) မှာ သွားကြည့်လို့ရပါတယ်။
ကဲ... ဒါဆိုရင်တော့ ကျွန်တော်တို့ ဇော်ဂျီဖောင့် Install လုပ်တာ အဆင်ပြေသွားပါပြီ။
>>>>>>>>>INSTALLING ZAWGYI KEYBOARD VIA MESINPUT<<<<<<<<<<<
အခု ဇော်ဂျီ ကီးဘုတ်ကို စတင်ပါမယ်။ ဇော်ဂျီ ကီးဘုတ်ကို တင်နည်းက(၂) နည်း ရှိပါတယ်။ တစ်နည်းကတော့ INCEPTION (LINK: https://endno.de/~itsnotabigtruck/inception/ ) လုပ်ရပါတယ်။ နောက်တစ်နည်းကတော့ မလိုပါဘူး။ ဒါ့ကြောင့် လတ်တလော အသုံးလွယ်တဲ့ ဒုတိယ နည်းလမ်းနဲ့ပဲ အရင်ပြပေးပါ့မယ်။

၁) MesInput ကို အရင် Download လုပ်ပါ။ (Ovi Store LINK: http://store.ovi.com/content/161100 )
( Dropbox LINK: http://db.tt/Nm4Uyo1J )
၂) DEB ဖိုင်ကို Download လုပ်ထားမိရင်တော့ ကျွန်တော်တို့ Font Manager တင်ခဲ့တုန်းကလိုပဲ ပြန်တင်ပေးရပါလိမ့်မယ်။ Ovi Store ကဆိုရင်တော့ သိပ်ပြဿနာ မရှိပါဘူး။

၃) MesInput ကိုဖွင့်လိုက်ပါ ပုံထဲက အတိုင်းတွေ့ရပါလိမ့်မယ်။ " Keyboard ID to install " ဆိုတဲ့ Textbox ထဲမှာ ပုံထဲကအတိုင်း 749029 ကိုထည့်ပါ။ ပြီးရင် " Install Keyboard " ကိုနှိပ်လိုက်ရုံပါပဲ။ အခက်အခဲရှိရင် ( LINK: http://www.mesinput.com/instructions/ ) မှာ ထပ်ကြည့်နိုင်ပါတယ်။

၎) နောက်ဆုံးအနေနဲ့ Notes ကို ဖွင့်လိုက်ပါ။ ကီးဘုတ်ကို ဘယ်-ညာ drag ဆွဲကြည့်လိုက်ပါ။ ဇော်ဂျီ ကီးဘုတ် တင်ပြီးသားဖြစ်နေပါပြီ။
>>>>>>>INSTALLING DICTIONARY STAR TO USE ORNAGAI<<<<<<<<<
ဇော်ဂျီဖောင့် တင်ထားတာကြောင့် Ornagai ( ENG-MM ) Dictionary ပါ အသုံးပြုလို့ရသွားပါတယ်။

၁) ကျွန်တော်တို့ ပထမဆုံးက Free ရတဲ့ Dictionary Star App ကို (Ovi Store LINK: http://store.ovi.com/content/244927 ) တင်လိုက်ပါ။ DEB ဖိုင်ကို တော့ (Dropbox LINK: http://db.tt/7qbKPODb ) ကနေယူပြီး တင်လိုက်ပါ။
၂) အင်္ဂလိပ် - မြန်မာ (Ornagai) အဘိဓာန်ကိုတော့ (@ Credit to ကိုထိန်လင်းရွှေ @GIT LINK: https://github.com/saturngod/ornagai-V2/downloads ) မှ ရယူနိုင်ပါတယ်။ ကျွန်တော်တို့က အခုတင်ထားတာ ဇော်ဂျီဖြစ်တဲ့ အတွက် ( ornagien.tar.bz2 ) ဆိုတဲ့ ဖိုင်ကို Download လုပ်ရပါမယ်။
၃) ရလာတဲ့ tar.bz2 ဖိုင်ကို winRAR လို Software တစ်ခုခု နဲ့ Extract လုပ်လိုက်ပါ။ " ornagaien " ဆိုတဲ့ ဖိုဒါလေး ရလာပါလိမ့်မယ်။

၎) အခုနောက်ဆုံး အနေနဲ့ "ornagaien" ဖိုဒါကို ပုံပါအတိုင်း /home/user/.stardict ထဲကို ဖိုဒါလိုက်ထည့်ပေးလိုက်ရင်ရပါတယ်။
၅) ကဲအခု Dictionary Star App ကိုဖွင့်ပြီးတော့ "Ornagai" ဆိုတဲ့ check box ကလေး ကို ရွေးပေးလိုက်ရုံနဲ့ အင်္ဂလိပ်-မြန်မာ Dictionary တစ်ခုကို အသုံးပြုလို့ရပါပြီ
By Shein Myint Aung in Myanmar Mobile Users Club

applicatio_79fxiah1.sis Version History
Myanmar Font for Opera mobile in s60v5, Symbian^3, Symbian Anna, Nokia Belle Phones (Nokia N8, C7, C6-01, E7, 5800, 5230, 5530, 5535, N97, X6, C6, Samsung i8910, Sony Ericsson Idou, Vivaz Etc.)
In symbian phones, opera browser is the only browser that will dispaly myanmar fonts correctly.
>>Step-1: Download this: http://bit.ly/KJXwl4
which includes the followings:
1) Opera Mobile 12
2) X-plore
3) Nokia Pure font with zawgyi
4) user.css
5) instructions!!.txt
>>Step-2
Un-rar the file. Install opera mobile and x-plore on your phone
>>Step-3
Open X-plore and copy the font file "NOKIA_PUREwithzawgyi.ttf" to "E:/system/Apps/OperaMobile/fonts"

>>Step-4
Copy the file "user.css" to "E:/system/Apps/OperaMobile/styles"

Close X-plore after this step. Now enjoy Myanmar font on your lovely Symbian Phone. :)
font - http://www.mediafire.com/ ?af1t75dcdgj77j9
user.css - http://www.mediafire.com/ ?8qhdagm41yf67ci
x-plore - http://www.mediafire.com/ ?upj9k22pi31le30
By Kung Htet Han
>>Step-1: Download this: http://bit.ly/KJXwl4
which includes the followings:
1) Opera Mobile 12
2) X-plore
3) Nokia Pure font with zawgyi
4) user.css
5) instructions!!.txt
>>Step-2
Un-rar the file. Install opera mobile and x-plore on your phone
>>Step-3
Open X-plore and copy the font file "NOKIA_PUREwithzawgyi.ttf" to "E:/system/Apps/OperaMobile/fonts"

>>Step-4
Copy the file "user.css" to "E:/system/Apps/OperaMobile/styles"

Close X-plore after this step. Now enjoy Myanmar font on your lovely Symbian Phone. :)

font - http://www.mediafire.com/
user.css - http://www.mediafire.com/
x-plore - http://www.mediafire.com/
By Kung Htet Han
Subscribe to:
Posts (Atom)