ZTE c N700 root နှင့် မြန်မာစာ
အတော်တိုင်ပတ်တဲ့ကောင်လေးပါလား usb debug လုပ်ပြီး vroot နဲ့ ကိုင်မယ် ဆိုပြီးတော့ vroot လေးဖွင့် usb ကြိုး ကောက်ထိုး၊ ဟိုက် ဘာမှကို မဘာပါလား၊ အဲဒါနဲ့ device manager ထဲသွားကြည့်ပြန်တော့လည်း conflict ဖြစ်နေတာ တစ်ခုမှမရှိ၊ driver လိုက်ရှာတော့လည်း ဘယ်မှာမှမတွေ့ အင်း တိုင်တော့ပတ်ပြီ၊ noti ဘားကို ဆွဲချကြည့်တော့လည်း usb debug နဲ့ usb storage က ရနေတယ်၊ ဘာနဲ့လုပ်ရင်ကောင်းမလည်း ဆိုပီး z4root လေး usb drive mode ကနေ ထည့် အင်စတောလုပ်ကြည့်၊ root လုပ်ကြည့်တယ် successful ဆိုပဲ၊ ပျော်သွားတာဗျာ၊ restart ချ ပြန်တက် လာတော့ pro myankey လေးထည့် bagan kb pro လေးထည့်၊ pro myankey ကို run တော့ ဇော်ဂျီ ထည့်ရန် ဆိုတာလေးနှိပ် အင် super user request လည်းမတောင်း ဘာမှ မလုပ် အဲဒါနဲ့ပဲ root checker နဲ့ စစ်တော့ root မလုပ်ရသေးပါတဲ့၊ ဟမ် ခုနက သေသေချာချာ successful ဖြစ်ပါတယ်၊ အမြင်များ မှားတာလားဆိုပီး second round ပြန်လုပ်၊ စက်ပြန်တက်လာတော့ super user လေးနဲ့ ဟဲဟဲ ဘယ်ရမလဲ ဆိုပီး pro myankey ပြန် run ဖေဇော်ဂျီ ပြန်ထည့် မရပါခင်ဗျ၊ အဲလိုနဲ့ နာရီဝက်လောက်ကြာနေပီ၊ ဘာလုပ်ရင် ကောင်းမလဲ၊ ကဲ နောက်တစ်နည်း z4root ကို ပါမင်းနင့် ရု မလုပ်ခိုင်းပဲ temp root လုပ်ခိုင်းကြည့်တယ်၊ successful တယ်၊ ပြန်ထွက်တယ်၊ promyankey နဲ့ ဖေဇော်ဂျီ ပြန်ထည့်တယ်၊ အံမယ် super user request တောင်းသဟ၊ ကဲ ဆက်လုပ်ပီ၊ ရပီ၊ input method မှာ myan key ရိုးရိုးနဲ့ bagan kb pro နှစ်ခုထည့်ထားပီး စမ်းကြည့် အားလုံးအိုကေ၊ ကဲ restart ချရင် root ပျောက်မယ် ချတယ်ကွာ၊ မရလည်းနေဆိုပီး ကိုင်လိုက်တာ၊ အင်း တော်သေးတာပေါ့ ဒေါ်အေးသာကျော့ root မဖြစ် တော့ဘူး၊ မြန်မာစာတော့ မပျောက်ဘူး၊ အားလုံးအိုကေ၊ အော် အတော် တိုင်ပတ်ပါလား ဒီနေ့တော့
အော် မေ့လို့
ဒါလေးက z4root http://adf.ly/S243f
General Knowledge
Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။
Showing posts with label Root. Show all posts
Showing posts with label Root. Show all posts
Saturday, July 13, 2013
Saturday, March 9, 2013
How to Easy Root Samsung Korea SHV-E120S
- ကျွန်တော့်ထက် ဆရာတွေအတွက်တော့မဟုတ်ပါဘူးးးဗျာ ... တစ်ချို့ လေ့လာနေတဲ့ ကျွန်တော်တို့ လို လူတွေအတွက် Doc တင်ပေးလိုက်တာပါဗျာ ... သိပြီးသား နားလည်ပြီးသား လူတွေပါခဲ့မယ်ဆိုရင် Sorry ပါ ... လို့ တောင်းပန်ပါတယ် ...ေိေိေိ .. နည်းနည်း ရှည်သွားပြီမော်ဒယ်လ် - SHV-E120Sဗားရှင်း - 4.0.+ ICS Onlyဒါလေးးတွေ ဒေါင်းလိုက်ပါ .... http://d-h.st/u2L http://hotfile.com/dl/145578521/1942b22/Tegrak-Kernel-Build-32-for-SHV-E120S-EL27.recovery.tar.html အရင်ဆုံး ဖုန်းကို ဘက်ထရီ ဖြုတ်ပါ ... ပြီးရင် Vol-(+)Home(+)Power ကိုတွဲနှိပ်ထားပါ ... ကိုရီးယားစာတန်းလေးတွေတက်လာရင် Vol+ ကို နှိပ်ပြီးတော့ Downloading ကိုဝင်လိုက်ပါ .. အဲဒါတွေ အဆင်ပြေသွားပြီဆိုရင် ဒေါင်းထားတဲ့ ... Odin ကိုဖွင့်ပါ .... ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ ... အဲဒီမှာ ID:COM လေးက အ၀ါလေးပေါ်သွားရင် အသင့်ဖြစ်သွားပါပြီ .... ပြီးရင် ဒေါင်းထားတဲ့ SHV-E120S-EL27.recovery.tar.html ဇစ်ဖိုင်ကို BOOTLOADER ဆိုတဲ့ ဖိုင်မှာထည့်လိုက်ပါ ... ပြီးရင် ... Start ကို နှိပ်လိုက်ပါ ... သူ့ ဘာသာ Run သွားပြီးနောက် .. PASS ဆိုတဲ့ အစိမ်းရောင် အကွက်လေးထဲမှာ ပေါ်လာရင် အဆင်ပြေသွားပါပြီ .... ပြီးရင် ဖုန်းက Auto restart ကျသွားပြီး ပုံမှန်အတိုင်း ပြန်တက်လာပါလိမ့်မယ် ....ဖုန်း ပြန်လာပြီဆိုရင် ... ကျွန်တော်တို့ ရီကာဗာ ၀င်ကြည့်ရအောင်ဗျာ .... ကျွန်တော်တော့ တော်တော်လေး တိုင်ပတ် ခဲ့တာပါ ... ဖုန်းကို ဘက်ထရီ ဖြုတ်လိုက်ပါ ... စက္ကန့် အနည်း ငယ် ထားလိုက်ပါ .... ပြီးရင် ဘက်ထရီ ပြန်တပ်မယ် .. Vol+ Vol- Power သုံးခု တွဲနှိပ်မယ် ... ဆမ်ဆောင်းဆိုတဲ့ စာတန်းလေး ပေါ်လာရင် ... Power ခလုပ်ကိုလွတ်ပြီးတော့ Vol+ Vol- ကို ဆက်ဖိထားလိုက်ပါ ... အဲဒီမှာ CWM ကိုရောက်သွားပါလိမ့်မယ် ... ပုံမှန်မဟုတ်တာတော့ သေချာတယ် ... ပုံတင်လို့ မပြနိုင်တော့ စိတ်မရှိပါနဲ့  ... ပုံမှန်မဟုတ်ဘူးဆိုရင် အောင်မြင်သွားပြီ ...ပေါ့ exit ကိုရွေးပြီးတော့ Reboot လုပ်လိုက်ပါ ... ကျွန်တော် တို့ ဖုန်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားရင် Root ကျတော့ မယ် ... ခုန CWM မှာ Root.zip ထည့်ပြီးလုပ်လဲ မရပါဘူး .. Unlock Root နဲ့ လဲ မရပါဘူး .. တခြား Root တွေနဲ့ လဲ မရပါဘူး .. မရပါဘူးးဆိုတာ .. Root တော့ ဖြစ်တယ် ... access မဖြစ်တာကိုပြောတာ ... အလွယ်ဆုံးနည်းက ကတော့ ... Shuame နဲ့ လုပ်လိုက်ပါ ... Root လုံးဝ ဖြစ်ပါတယ် ...ကျွန်တော် စာမစီတက်ပါ ... အမြင်မတော်ရင် ပြင်လိုက်ပါ .. ကျေးဇူးတင်ပါတယ် ကိုမျိုး ပုသိမ် ကိုဖြိုး ညောင်ဦး နဲ့ တခြားကျေးဇူးတင်ထိုက်သူအားလုံး ကျေးဇူးပါ
Saturday, February 2, 2013
G510 & Y300 For Rooted (No Need Unlock)
G510 Buil Number End B165 / Y300 Build Number and B165 & B170 Only For dload File ဒီမှာလင့်ဒ်မှာဒေါင်းပါ.. ဒီဖိုင်တစ်ခုထဲနဲ့  ဒီမော်ဒယ်လ် ၂ မျိုးစလုံးရပါသည် ...
>>>> http://www.mediafire.com/?hcs792cduwlqr27 >>>
ဒေါင်းလို့ ပြီးသွားရင် ဇစ်ဖိုင်ကို ဖြေပြီးတော့ dload ဖိုင်လေးကို မန်မိုရီကဒ် တစ်ခု format ချပြီးတော့ ထည့်လိုက်ပါ ... ပြီးရင် ဘက်ထရီ ကိုဖုန်ပြီးတော့ မိနစ် အနည်းငယ်စောင့်ပါ...ပြီးရင် မန်မိုရီကဒ်ထည့်ပါ ... ဘက်ထရီ ထည့်ပါ ... Vol+ Vol- Power ကိုတွဲနှိပ်ပါ ... သူ့ ဘာသာ အင်စတောလုပ်သွားပြီ... reboot ကျသွားပါလိမ့်မည်... ပြီးတဲ့နောက် Unlock Root နဲ့ လုပ်လိုက်ပါ .... Error လုံးဝ ကင်းပါသည် .... G510 & Y300 နှစ်မျိုးစလုံးမှာ အခုပေါ်မှာပြောထားတဲ့ Buil Number တူရင် ရပါတယ် ... ကျွန်တော်ကိုယ်တိုင် စမ်းသပ်ပြီးမှ တင်ပေးထားတာပါ ... လိုင်းမကောင်းလို့  ကိုကစ် က ကူညီပြီးတော့ Upload လုပ်ပေးထားပါသည် ... အားလုံး အဆင်ပြေကြပါစေ...ကျေးဇူးတင်ပါသည် .... Post by Ko9
https://www.facebook.com/groups/MyanmarMobileUsers/doc/536125379745167/
By Ko Naing in Myanmar Mobile Users Club
Monday, January 28, 2013
Huawe G510-0010(U8951) Root (Unlockcode မလို)
Huawei G510-0010(U8951) အတွက် root လေးပါ။ Unlockcode တောင်းစရာမလိုပါဘူး။လုပ်ဖို့အလွ
ဒါပေမယ်တစ်ချက်သတိထားရမှာက မိမိဖုန်းရဲ Build Number လေးကိုအောက်ကအဆင့်တွေမလုပ်ခင်စစ
ဒီကောင်က **Build Number -V100R001C17B165- * မှာအားလုံးအဆင်ပြေပါတယ်
အခြား Build Number များဖြစ်ပါက ဖုန်းအတွက် Error များရှိနိုင်ပါတယ်။
Build Number စစ်ဖို့က System Setting>About ထဲမှာရှိပါတယ်။
တကယ်လို့ အခု root လုပ်လို့ရတဲ့ Build Number နဲ့တူတဲ့ Firmware လိုချင်တယ်ဆိုလျှင်တော့ဒီအောက်က
http://www.huaweidevice.com/
ကဲ Build Number -V100R001C17B165 ဖြစ်တဲ့ဘော်ဒါတွေစ root လိုက်ရအောင်
update download link
http://www.mediafire.com/
1. G510 Update File ဒါလေးကို Download လုပ်ပြီး Extract လုပ်ပါ။
2. dload folder လေးရပါလိမ့်မယ် အဲ့ဒီ Folder လေးကို Memory Card ထဲ ဒီအတိုင် Copy ကူးထည့်လိုက်ပါ။ ***ဘယ် Folder အောက်မှမထည့်ပါဘူး***
3. ဖုန်းကိုပိတ်ပြီး Battery ထုတ်ပြီး ခဏစောင့်ါပါ။
ပြီးလျှင် SD Card ထည့် Battery ပြန်ထည့်ပြီ
(Power) နှင့် Vol Up + Vol Down ကို ပြိုင်တူဖိထားပေးပါ။ ဖုန်းမှ Update
လုပ်သွားပါလိမ့်မယ်။
ဖုန်းပြန်ပွင့်လာပြီးဆိုရင်တော့
UnlockRoot 3.1 (Download Link)
http://www.mediafire.com/
မှတ်ချက်။ ။ Build Number -V100R001C17B165 သာ ပြည့်စုံကောင်းမွန်ပါသည်။
MMUC မှ ကိုဟိန်းထက် ၏ Post အားပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။
doc by
နက္ခတ် သစ်
Sunday, January 27, 2013
Huawei Y220T Rooting Guide
Huawei Y220T Rooting Method
အရင်ဆုံး Driver ကိုသွင်းရပါမယ်။ No. (1) ကဟာကိုဒေါင်းပါ။
Y220T_Research_Download ဆိုတဲ့ ဖိုဒါထဲက Reseach Dowload.exe ကို run လိုက်ပါ။ No. (2) ကိုဒေါင်းပါ ... ။
220T ROOT.pac ဖိုင်ကို Open လုပ်ပါမယ်။ No. (3) ကိုဒေါင်းပါ ... ။
ပြီးရင် တတိယခလုပ်လေးကို နှိပ်လိုက်ပါ။
နောက် ဖုန်းကို ပါဝါပိတ် ဓာတ်ခဲဖြုတ် ပြန်တပ်ပြီးတော့ VOL Down ခလုတ်ကို နှိပ်လျက်နဲ့ USB ထိုးလိုက်ပါ။
ဒါဆိုရင် Software ကစပြီးအလုပ်လုပ်ပါပြီ။ ဖုန်းထဲကို လိုတဲ့ဖိုင်တွေ ရိုက်ထည့်သွားပါမယ်။
အားလုံးပြီးသွားပြီဆိုရင်တော့ PASS ဆိုပြီး အစိမ်းရောင်လေးပေါ်လာပါမယ်။
ဖုန်းကို usb ဖြုတ်။ ဓာတ်ခဲဖြုတ် ပြန်တပ်ပြီးတော့ ပါဝါဖွင့်ပါ။
ပြီးရင် No. (4) မှာဒေါင်းထားတဲ့ Root Tool နဲ့ Root လုပ်လိုက်ပါ ... ။
All Done !!~
အားလုံးအားလုံးကို Credit ပေးပါတယ်ဗျာ ... ရှာဖွေမှု၊ ကြိုးစားမှု၊ မျှဝေမှုအားလုံးးကိုကျေးဇူးတင်ပါတယ် .... ။
Credit to >> MM MPX team, MMSD,
Special Thanks to (Kee Liong Lee @MMSD) for he buying this pac file !!~
Thanks to all.
Don't miss to treat me beer !!~ & Y220T တွေ ဈေးမတက်ပါစေနဲ့ .... :D :P :P
စိုင်းအာကာ (MMUC)
Download Link
No. (1) >> http://d-h.st/eha (Driver)
No. (2) >> http://d-h.st/tNX (Reseach Download)
No. (3) >> http://www.mediafire.com/?1tb80metezy32m2 (Y220T Pac file)
No. (4) >> http://d-h.st/oEL (Root Tool)
https://www.facebook.com/groups/MyanmarMobileUsers/doc/533807793310259/
By စိုင်း အာ ကာ in Myanmar Mobile Users Club
Lenovo A780 - Guide for upgrading ICS, Root , Installing Google Play And Removing Chinese Apps
Lenovo A780 အတွက် ICS (4.0.4) တင်နည်း၊ အမြစ်တူးခြင်း
အချို့သော ဖိုရမ်တွေမှာ Lenovo A780 (2.3.5) ကို Unlock Root , Shume ( www.shuame.com ) စတာတွေနဲ့ Root လုပ်လို့ရတယ်လို့ ရေးထားတာတွေတွေ့ရပါတယ်။ ကျနော် အဲဒီနည်းတွေနဲ့ စမ်းကြည့်တဲ့ အခါမှာ Root မဖြစ်ပဲ Wifi ဖွင့်မရတာတွေ ဖြစ်တာကို တွေ့ရပါတယ်။ တကယ်လို့များ wifi error ဖြစ်နေရင်တော့ ICS ကို upgrade လုပ်လိုက်ရင် အဆင်ပြေသွားပါတယ်။
ကဲ .. စလိုက်ရအောင် . .
1. ပထမဆုံး ICS (4.0.4) ကို အဆင့်မြှင့်ဖို့အောက်ပါဖိုင်ကို ဒေါင်းလိုက်ပါ။
http://www.mediafire.com/?ppy86hp1oo326j9http://www.mediafire.com/?fd5q0z6zzvg78aw
ဒေါင်းလို့ရလာတဲ့ .001 နဲ့ .002 ဖိုင်နှစ်ခုကို HJsplit ( www.hjsplit.org )ကိုသုံးပြီး တစ်ဖိုင်တည်းဖြစ်အောင် ပေါင်းလိုက်ပါ။ .7z ဆိုတဲ့ဖိုင်ကို ရပါလိမ့်မယ်။ WinRAR/WinZip ကိုသုံးပြီး အဲဒီဖိုင်ကို ထပ်ဖြည်လိုက်ပါဦး။ www.aloshop.mobi_A780_upgrade_to_40.zip ဖိုင်ကိုရပါလိမ့်မယ်။ အဲဒီဖိုင်ကို SD ကဒ်ပေါ်ကူးလိုက်ပါ။
SD ကဒ်ကိုထည့်ပြီး ဖုန်းကို CWM Mode ၀င်ပါမယ်။ ( Vol up + power )
Apply zip from SD card ကိုရွေးပါ။ စောစောက SD ကဒ်ပေါ်ကူးထားတဲ့ဖိုင်ကို ရွေးပြီး Update လုပ်ပေးပါ။
Update ပြီးသွားရင်တော့ ဖုန်းကို Reboot လုပ်ပေးပါ။ ဖုန်းပြန်တက်လာရင် ICS (4.0.4) ကိုရပါပြီ။
2. Root
4.0.4 ကို အမြစ်တူးဖို့ အောက်ပါဖိုင်ကို ဒေါင်းလိုက်ပါ။
http://www.mediafire.com/?acucibun1uja0do
ဖုန်းကို USB debugging mode ဖွင့်ပြီး ကွန်ပျူတာနှင့်ချိတ်ပါ။
ဒေါင်းထားတဲ့ဖိုင်ကို ဖြည်ပြီး အဲဒီအထဲက ROOTPHONE.bat ဖိုင်ကို Run ပေးပါ။
ပြီးရင် အောက်က command line တွေကို တကြောင်းချင်းရိုက်ထည့်ပေးပါ။
cd /data/local/tmp
chmod 777 ./mempodroid
./Mempodroid 0xd524 0xab8f sh
mount -o remount,rw -t ext4 /dev/block/mmcblk0p12 /system
cat /data/local/tmp/ su> /system/xbin/su
chown 0.0 /system/xbin/su
chmod 06755 /system/xbin/su
cat /data/local/tmp/Superuser.apk >/system/app/Superuser.apk
chown 0644 /system/app/Superuser.apk

အားလုံးပြီးရင် ဖုန်းကို Reboot ချပေးပါ။ ပြန်တက်လာရင် သင့်ဖုန်းမှာ Superuser လေးမြင်ရပြီးဆိုရင်တော့ Root ဖြစ်ပါပြီ။

3. Installing Google Play & Gmail App
ပလေးစတိုးနဲ့ ဂျီမေးလ် ထည့်ဖို့ အောက်ကဖိုင်ကို ဒေါင်းပေးပါ
http://www.mediafire.com/?3ppx6g41s111418ဒေါင်းလို့ရလာတဲ့ Market.rar ကို ဖြည်လိုက်ပါ။
ရလာတဲ့ဖိုင်တွေကို Roor Explorer ကိုအသုံးပြုပြီး /system/app/ အောက်မှာကော်ပီကူးလိုက်ပါ။ ပြီးရင် အဲဒီဖိုင်တွေကို Root Explorer နဲ့ Premission rw -r - r - ကိုပြောင်းပေးပါ။

ပြီးရင် ဖုန်းကို Reboot လုပ်လိုက်ပါ။
4. Removing Chinese Apps
Root Explorer ဖြင့် /System/App/ ထဲက အောက်ပါဖိုင်များကို Delete လုပ်ခြင်းဖြင့် တရုတ်အပလီကေးရှင်းတွေကို ဖျက်နိုင်ပါတယ်။
116114
ATMail_Android_V353a_orange
AndroidQQ2012_1.1_lenovo_a780_0703
Appstore
BaiduSearch_Android_1-0-8-39-1505d
BrowserQuick
DM4.1.0.00_A1.6.20120704
Email
Exchange
ExchangeRateConverter
FmRadio
Kaixin_1.0.7_LenovoA780_20120627
LatinIME
LeCloudHelper
Lenovo_A780_ICS_V2.2.1_120628PM1857
LenovoSafeCenter
LenovoSafeWidget
LenovoServiceSetting
LenovoUEService
LiveWallpapers
LV_20120619
moffice_4.5_2052_cn00288_lenovo_115487
Montezuma2_Full_v1.0.3.z0.11.4_for_lenovo_mobile_LX0P0N30000
Music
MusicFX
OpenWnn
phoenix2-lenovo_a780ics-us
PintinIME
Protips
QQBrowser_Android_3.1.0_0255_lenovo_a780_20120618173314_formal_zipaligned
qqhall1.0_androidwvga_build0028_480x800_lenovo_a780_0620
QuickSearchBox
Qunar_android_v6.1.3.C1157
ReadingJoy_v5.5.4.23_rom_lenovo_A780
SogouInput_17695_OEM_20120612_android_oem_lenovo
sogoumap-phone-2.3.1-A780ICS
SohuNewsClient_v2.0.4_lenovo_7503_06141532
SoundRecorder
StopWatch
ToggleWidget
unicomclient_Lenovo_A780
UnitConverter
VisualizationWallpapers
Weibo2.8.1_166_Lenovo_A780_0628
WO3G
wostore_android_v16_common_v104_4
YoudaoDict_Android_phone_3_0_1_yz_lenovo_A780_0611
Youku_Phone_2.1.1_Lenovo_A780_0613_1542
မူရင်း - http://www.tinhte.vn/threads/1412900/
https://www.facebook.com/groups/MyanmarMobileUsers/doc/532652320092473/
By Squall Leonhart in Myanmar Mobile Users Club
U8825D အလွယ်ဆုံး root နည်း
1.download recovery image
2.flash image as recovery via fastboot command (Sooo please remember how you rooted your U8818 v2.3.6 )
3. reboot to recovery mode once and Select " reboot system now"
4. Now you got root access on your U8825D
(based on B956 ,but you can flash any build number)
U8818 version 2.3.6 မှာ root လုပ်သလိုသုံးရမှာပါ
တော်တော်လေးအဆင်ပြေကြမှာပါ
1.ခုပေးထားတဲ့ recovery image လေးကို ဒေါင်းလိုက်ပါ
2.fastboot flash recovery u8825recovery.img လို.ရိုက်ထည့်ပြီး
3. recovery mode ထဲတစ်ကြိမ်ဝင်ပြီး reboot လုပ်လိုက်ပါ
ပြန်တက်လာရင် root ဖြစ်သွားပါပြီ build number B956 official recovery ကို base လုပ်ထားတာဖြစ်တဲ့ အတွက် risk မရှိပါဘူး
***This recovery image file is created by phyo nyi nyi*
မှတ်ချက်: unlocked phone တွေပဲရမှာပါဗျာ
ဆိုင်သမားတွေ အကြိုက်တွေ့မှာပါ တော်တော် ဒုက္ခငြိမ်းလို့ပါ
https://docs.google.com/file/d/0BycMA_54W-qTQ0QzMGtiTUpWREk/edit?pli=1
Credit To : Phyo Nyi Nyi
Posted By : Aung Thiha
https://www.facebook.com/groups/MyanmarMobileUsers/doc/532304006793971/
By Tommy Oliver in Myanmar Mobile Users Club
huawei Y210t & Y220t rooting method
Huawei y210t & y220t Rooting Method
ဒေါင်းပြီးသား ဖိုင်ကို zipဖြည်ပြီး y210t & y220t root tool ကို computerမှာ runပါ
ပြီးရင်ဖုန်းကိုပါဝါပိတ်ပါ volume Down နဲ. Power ကိုတွဲနှိပ်ပါ
logoမှာရပ်နေပါလိမ်.မယ် phoneနဲ. computer ကို usb ချိတ်ပါ
enterနှိပ်ပါ ပြီးရင် batteryဖြုတ်ပါ powerပြန်ဖွင်.ပါ root မရသေးပါဘူး
unlockroot နဲ. rootလုပ်ဖို.လိုပါသေးတယ်၊
Unlock Root 3.0 ပါထည့်ပေးထားပါတယ် ... ။
အဆင်ပြေကြပါစေ ... ။
http://www.mediafire.com/?9nc999b5c40a09g
PWD >> mmuc
Credit >> Original Creator :D :D :D
https://www.facebook.com/groups/MyanmarMobileUsers/doc/526326714058367/
By စိုင်း အာ ကာ in Myanmar Mobile Users Club
How to root Lenovo LePad A1_07 android version 2.3.6
lepad-a1-rooter_signed.zip 260.02KB
update.zip 2.34MB
အပေါ်ကဖိုင်နှစ်ဖိုင်ကိုဒေါင်းပီး sdcard ထဲမှာထည့်ထားပါ.. ... sdcard က အလွတ်ဖြစ်ရင်ပိုကောင်းပါတယ်...
Tablet ကို ပါဝါပိတ်ပါ... ၁မိနစ်ခန့်စောင့်ပါ..... sdcard ကို tablet မှာတပ်ပါ...
၁။ Tablet မှ power + vol down ကိုအချိန်အနည်းငယ်ကြာဖိထားပါ... Lenovo နှင့်စာတန်းများပေါ်လာပီး CWM recovery ကိုရောက်သွားပါမယ်...
၂။ CWM recovery မှာ vol down နှင့် vol up ကို အပေါ်အောက်ရွေ့ဖို့အတွက်သုံးပီး power button ကို select လုပ်ဖို့အတွက်အသုံးပြုပါတယ်...
၃။ install zip from sdcard>>choose zip from sdcard ကိုသွားပီး lepad-a1-rooter_signed.zip ဆိုတာကိုရွေးပါ.. Install from sdcard complete ဆိုရင်တော့ root လုပ်ခြင်းပီးပါပီ၎။ ပီးရင်တော့ Go Back နဲ့ထွက်ပီး reboot system now ကိုရွေးပေးလိုက်ပါ...
ကျွန်တော်ကိုယ်တိုင်စမ်းသပ်အောင်မြင်ပြီးသားဖြစ်ပါတယ်ခင်ဗျာ...
အပေါ်ကဖိုင်နှစ်ဖိုင်ကိုဒေါင်းဖို့အတွက် MMUC မှ ကို Sai Nyi Phyo ကူညီပေးထားပါဖြစ်ပါတယ်ခင်ဗျာ...
credit to တရုတ်ဆိုဒ်တစ်ခုကနေရှာတွေ့ထားတာပါခင်ဗျာ.. လင့်ကိုမမှတ်မိလို့ပါခင်ဗျာ.. အဆင်ပြေပါစေခင်ဗျာ..... :)
Rooting Galaxy Ace i8160
Rooting Galaxy Ace i8160
Before you begin rooting you must keep this in mind that “Rooting will void your warranty”
Important note: Do not disturb the process i.e remove the battery etc.
Important Note: Make sure that battery is atleast 85% as preventive measures
Instruction:
1) Download and install SAMSUNG USB Drivers for Mobile Phones
Instruction:
1) Download and install SAMSUNG USB Drivers for Mobile Phones
(You may install Samsung KIES for this) – LINK
2) Copy update_su.zip to internal sdcard.
3) Switch off the phone and enter to download mode (“Vol Down + Home + Power”).
Wait until the driver will be installed and Odin will recognize the phone!
4) Flash I8160XXLD8_ready_to_root_ANT.tar.md5 using Odin as PDA part.
5) Turn off the phone again and enter to recovery mode (“Vol Up + Home + Power”).
6) Select “apply update from sdcard” and choose update_su.zip file
7) Reboot the phone
8) Rooting Successful
Credit XDA
https://www.facebook.com/groups/MyanmarMobileUsers/doc/509931772364528/
Tuesday, December 4, 2012
Root_with_Restore_by_Bin4ry_v17
By Phyo Nyinyi in Myanmar Mobile Users Club နောက်လာတဲ့ Xperia တွေ ၊ တရုတ် ကလုန်းတွေ ( MTK devices )တွေ ကို root လုပ်လို့ ရပါတယ်
ခု စမ်းဖူးသလောက်နဲ့ xda က အတည်ပြုပေးထားတဲ့ devices တွေကို အောက်မှာ ချရေးသွားပါမယ်
နောက်ထပ်နောက်ထပ်လည်း စမ်းသပ်ပြီးသူများ သို့မဟုတ် google မှ ရှာလို့ ရတဲ့ နောက် မော်ဒယ်တွေကို
ဖြည့်စွက်သွားကြပါခင်ဗျာ
မူရင်းလင့်က ဒီမှာပါ
http://forum.xda-developers.com/showthread.php?t=1886460တစ်ကယ်ဒေါင်းလို့ လွယ်တဲ့ လင့်က ဒီမှာပါ
http://narod.ru/disk/63932206001.56cde8a33d58b543124692389d945a06/
Google: Nexus 7 [UK Firmware] (thanks Paul O'Brien for test) [seems some firmwares to work and some don't, as i dont have this device myself i would appreciate reports with FW-versions]
XTouch: X401
Jiayu G2-S thanks txakar
LG: P705 thanks mariolcneto, P7510 thanks fdothivanka
HTC: One S thanks sebagsm, Sensation XL [ICS 4.03] thanks Koate via PM, Sprint's OTA ICS update on Evo3D seems incompatible, Desire S thanks to Krayt via PM
Kyocera: Rise & Hydro thanks jmztaylor
Samsung: Galaxy S2 thanks danroob
Some more
Ainol: Novo 7 Tornado 7 thanks anoperson
Prestigio: MultiPad PMP5197D 9.7 ULTRA thanks logofreax
HDC: I9300 S3 clone thanks PMmshprojects
Huawei T8830 Pro
S3 Clone
Note Clone
S2 Clone
Lenovo A789
Huawei T8950
https://www.facebook.com/groups/MyanmarMobileUsers/doc/508237589200613/Like · · Report · 26 minutes ago
Samsung Galaxy Note SHV-E160S-E160K-E160L root လုပ်နည်း(၄.၀.၄)အတွက်သာ
By Kyaw Ko Ko in Myanmar Mobile Users Club ၁. ပထမဆုံး ကိုယ့်စက်နဲ့ဆိုင်တဲ့ tegrak kernel ကိုဒေါင်းပါ. tegrak kernel.zip ရယ် tegrak kernel.recovery.tar.md5 ရယ်ကိုဒေါင်းပါ။
၂. odin 1.85 ကိုဖွင့်ပါ.
၃. odin ထဲက PDA ကိုနှိပ်ပြီး ကို ခုနကဒေါင်းထားတဲ့ recovery ကို open လုပ်ပါ..
၎. ပြီးရင် ဖုန်းကိုပိတ်ပြီး volume- ရယ် home ရယ် power ရယ်ကိုနှိပ်ပါ..download mode ပေါ်လာရင် volume + ကိုနှိပ်ပါ...
၅. ပြီးရင် computer န့တွဲပါ...odin မှာ ID:COM မှာအရောင်လေးတက်လာရင် start ကိုနှိပ်ပါ.....
၆. ပြီးရင်ခဏစောင့်ပါ....kernel ကိုသူ့ဟာသူ install လုပ်ပါလိမ့်မယ်...
ရ. reset လို့ပေါ်ပြီးရင် reboot လုပ်ပါလိမ့်မယ်....
၈. volume+ ရယ် home ရယ် power ရယ်နှိပ်ပြီး recovery ထဲဝင်ပါ...
၉. နည်းနည်းကျန်သွားတယ်.. အဆင့်(၂) မလုပ်ခင် tegrak kernel .zip ကို SD ထဲထည့်ထားပါ...
၁၀. recovery ထဲရောက်ရင် install from zip ကနေပြီး tegrak kernel.zip ကို install လုပ်ပါ...ပြီးရင် reboot လုပ်ပါ....
၁၁. ပြန်တက်လာရင် root မရသေးပါဘူး...
၁၂. Tegrak kernel app ကို google play ဒါမှမဟုတ် black market ထဲက download ဆွဲပါ....ပြီးရင် install လုပ်ပြီး app ကိုဖွင့်ပါ....enable rooting ပေးပြီးခနစောင့်ရင် root ရပါပြီ..google ကရှာလဲရပါတယ်....
tegrak kernel recovery နဲ့ Zip ကိုဒီမှာ download လုပ်ပါ...download မလုပ်ခင်..build number ကိုသေချာစစ်ပါ....build number မှာ UH24,UJ30,UK09 ကိုကိုယ်နဲ့ဆိုင်တာ download လုပ်ပါ...
link ကhttp://pspmaster.tistory.com/181 ပါ...
tegrak kernel app ကတော့ကိုယ်ဟာကိုအဆင်ပြေတဲ့ဆီမှာဆွဲထားပါ...ကျွန်တော်တင်ပေးချင်ပေမယ့်...100kb ကို 2 ကျပ်တန် internet ကြီးကအဆင်မပြေလို့ပါ....
credit to http://pspmaster.tistory.com/181 anr Rkar Seven........
https://www.facebook.com/groups/MyanmarMobileUsers/doc/505590052798700/
Sunday, December 2, 2012
Sony Ericsson Xperia X8 သမားများအတွက် Root & Custom Roms
နိဒါန်း
ကျွန်တော် FB ပေါ်မှာ Doc ကိုအခုမှစရေးဖူးတဲ့အတွက်အမှားပါရင်ခွင့်လွှတ်ပါ။ အခုကျွန်တော် Sony Ericsson Xperia X8 အကြောင်း ကျွန်တော်သိသလောက်လေး ဝေမျှချင်လို့ပါ။ Sony X8 ဟာဆိုရင် သူ့နဂို Version 2.1.1 ပဲပါတယ်။ Official လဲ 2.1.1 ထိပဲရတယ်။ နောက်ပြီးတော့ မြန်မာစာလဲအဆင်မပြေဘူး -ျ တို့ တချို့ စာလုံးတွေရိုက်ရင် အပေါ်တက်ကပ်သွားတဲ့ error ရှိတယ်ဒါကြောင့် X8 သမားတွေအတွက် Custom Rom တင်နည်းလေး ကျွန်တော်တတ်သလောက်လေးတင်ပြတာပါ။ Custom Rom တွေကိုလဲ ကျွန်တော်သုံးဖူးတာပဲ တင်ပြပါ့မယ်။
Root
Download Link è https://www.dropbox.com/s/yck82dbdrmgu7wq/2.1.1.zip
အရင်ဦးဆုံး X8 ကို root လုပ်ဖို့ superoneclick version 2.1.1 ကိုသုံးပြီး root လုပ်ပါ။ root လုပ်ပြီးသွားပြီဆိုရင် Root Explorer ကိုသွင်းထားပါ။
xRecovery-mini သွင်းနည်း
အထက်ကအဆင့်ပြီးရင် xRecovery-mini-0.1-beta ကိုဒေါင်းလုပ်ဆွဲပြီး စက်ထဲမှာ ဖြည်လိုက်ပါ အထဲမှာဖိုင်၃ဖိုင်ပါပါ့မယ်။
Busybox
Chargemon
xrecovery.tar
အဲ့၃ဖိုင်ပါပါ့မယ် အဲ့၃ခုကို SD ကဒ်ထဲသို့ ဖိုလ်ဒါလ်ဖွဲ့ပြီးထည့်ချင်ထည့် ဒီတိုင်းထည့်လဲရပါတယ်။
SD ထဲထည့်ပြီးသွားရင် Root Explorer ဖွင့်ပြီး အပေါ်က ဖြည်ချထားတဲ့ ဖိုင်၃ခုကို copy လုပ်ပြီး /system/bin folder အောက်ထဲမှာ paste လုပ်ပေးလိုက်ပါ။ ဒါဆို သင့် X8 ဖုန်း xrecovery mode ထဲဝင်လို့ရသွားပါပြီ။
xrecovery ထဲကို ဝင်ဖို့အတွက် ဖုန်းစတတ်တတ်ချင်း back ကီးကို နှိပ်ပေးရမှာပါ (ဖိထားရမှာမဟုတ်ပါ)
xRecovery ကိုအထက်ပါအတိုင်းသွင်းရမှာရှုပ်တယ်ဆိုတဲ့သူတွေအတွက်တော့ https://www.facebook.com/groups/MyanmarMobileUsers/doc/484511551573217/ အဲ့မှာ တင်ထားပေးတဲ့ software တခုတော့တွေ့တယ် ကျွန်တော်ကိုယ်တိုင်မစမ်းရသေးပေမယ့် X8 အတွက်ပါပါတယ်။ CWM Recovery 3.2.0.0 သွင်းမလား xRecovery 0.1 သွင်းမလား ကြိုက်တာရွေးချယ်လို့ရပါတယ်။
Custom Rom for 2.3.7 (GingerDX 28b)
ဒီကောင်ကတော့ ကျွန်တော့်အတွက်အဆင်အပြေဆုံးနဲ့ သွင်းရတာအလွယ်ကူဆုံးပါပဲ။
update-GingerDX-v028b.zip လေးကိုဒေါင်းပြီးတော့ SD ကဒ်ထဲထည့် File နာမည်ကို Update.zip လို့ပြောင်း ဖုန်းကို restart လုပ် xrecovery mode နဲ့တတ်
Factory reset (full wipe)
Wipe cache partition
အဲ့၂ခုလုပ်ပြီး Install update.zip from SD Card ကိုရွေးပြီး reboot လုပ်ပေးရုံပါပဲ။ ခဏလောက်စောင့်လိုက်ရင် Gingerbread 2.3.7 ကိုသုံးနိုင်ပါပြီ။
Download Link è http://code.google.com/p/gingerdx/downloads/detail?name=update-GingerDX-v028b.zip&can=2&q=
ICS နဲ့ JB အတွက်က နည်းနည်းရှုပ်တော့ ကျွန်တော်မရေးတော့ဘူးဗျာ Link ပဲပေးလိုက်မယ် သေချာဖတ်ပြီးတော့လုပ်ပေါ့နော် သူက Bootloader Unlock လုပ်ရမယ် Kernel တွေ Change ရမယ်။ အဲ့တော့ ကျွန်တော်ရေးရမှာ မရဲဘူး သူ့တို့ရှင်းပြထားတာသွားဖတ်ရင်ပိုကောင်းမယ်ဗျ။
For Bootloader & Kernel Guild
Custom Rom for ICS 4.0.4 (MiniCM9)
Custom Rom for JB 4.1.1 (MiniCM10)
တစ်ခုတော့ ရှိတယ် X8 ဟာ CPU ရော Ram ရောနည်းတဲ့အတွက် ICS နဲ့ JB ကသိပ်အဆင်မပြေလှဘူး လေးတယ် တဖက်ကဖုန်းခေါ်ရင်ချက်ခြင်းမပေါ်ပဲလေးနေပြီးနောက်မှပေါ်လာတာတွေဖြစ်တတ်တယ်။ လှတာမက်ရင် ညစာခက်တယ်ဆိုတဲ့ စကားအတိုင်းပေါ့ဗျာ :D ကျွန်တော်က စက်ရုပ်နဲ့ပတ်သက်ပြီး ဆရာတပါးမဟုတ်တဲ့အတွက် ကျွန်တော် ပြောတာတွေမှာအမှားပါကောင်းပါနိုင်ပါတယ် အမှားပါခဲ့လို့ရှိရင်လဲ ဝင်ရောက် ပြင်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။
ညမီးအိမ်
Saturday, December 1, 2012
unlockroot_v3.0_offline Installer
unlockroot_v3.0_offline Installer
သုံးနေကြသူတွေကတော. ဒီတစ်ခါ တော်တော်ဝမ်းသာမှာပါ တော်တော်များများကြီးကို ရလာပါပြီ
Internet လိုင်းမကောင်းလို. ဒေါင်းရတာ အခက်မတွေ့ရလေအောင် Temp file ထဲက မ လာတာပါ
dropbox Link>>>https://dl.dropbox.com/u/54886305/unlockroot_v3.0_offline_Installer.7z
google drive>>>https://docs.google.com/open?id=0BycMA_54W-qTbXotMzZodGFwQmMအဆင်ပြေတဲ့သူ Mediafire ကနေပြန်တင်ပေးလိုက်ကြပါ
Original link https://www.facebook.com/groups/MyanmarMobileUsers/doc/498744033483302/
Wednesday, October 31, 2012
To Root or Not to Root
Root လုပ်သင့် မလုပ်သင့်
Root ဆိုတာ ဘာလဲ
Root လုပ်ထားတဲ့အတွက် သာမန် Root မလုပ်ထားသူတွေ မမြင်တွေ့နိုင်တဲ့ System file တွေကို မြင်တွေ့ပြင်ဆင်နိုင်ပါတယ်။ Root လုပ်ပြီးသွားပြီဆိုရင် ဖုန်းတစ်ခုလုံးမှာရှိတဲ့ File တွေအားလုံးကို တစ်ခုမကျန် တွေ့ရမှာပါ။ Root ပြုလုပ်လိုက်တာဟာ ဖုန်းတစ်ခုလုံးကို ပြောင်းလဲပစ်လိုက်တာမျိုးမဟုတ်ပါဘူး။ Root လုပ်လိုက်ပြီးရင်လည်း မူလအတိုင်း ပြန်ထားနိုင်ပါတယ်။
Root ပြုလုပ်ခြင်းအတွက် အများကြီး စိုးရိမ်နေဖို့ မလိုပါဘူး။ ဖုန်းထုပ်လုပ်သူတွေကတော့ Root ပြုလုပ်ခြင်းဟာ အသုံးပြုသူနဲ့ မသက်ဆိုင်တဲ့ စနစ်ရဲ့ File တွေကို ကိုင်တွယ်မှာစိုးလို့ ဆိုပြီး ဆင်ခြေပေးကြပါတယ်။ ဒါပေမယ့် Root ပြုလုပ်ခြင်းကို တားမြစ်တာဟာ မလုပ်သင့်တဲ့အရာပါ။ သာမန် ပညာတတ်တစ်ယောက်အနေနဲ့တော့ ကိုယ့်ရဲ့ ဖုန်းစနစ်ကို ပျက်ဆီးသွားစေမယ့် လုပ်ရပ်မျိုးကို အလွယ်တကူ ပြုလုပ်ကြမှာမဟုတ်ပါဘူး။ နောက်ပြီး ကိုယ်ကြုံတွေ့နေရတဲ့ အသေးအဖွဲ Software ပြဿနာလောက်ကိုတော့ Service Center ထိ အချိန်ပေးပြီးသွားရမယ်ဆိုတာက သိပ်ပြီး ကျေနပ်စရာမကောင်းလှပါဘူး။
တစ်ကယ်တော့ Android မှာ Root လုပ်ခြင်းဟာ ကွန်ပြူတာမှာဆိုရင် Administrator User နဲ့ Guest User နီးပါးလောက် ကွာခြားပါတယ်။ ဒါမှမဟုတ် Hidden Files တွေကို မြင်ရခြင်းနဲ့ မမြင်ရခြင်း ကွာသလိုမျိုးပါပဲ။ ဒီ Android ကို ဖုန်းထုတ်လုပ်သူတွေ မပိုင်ပါဘူး။ ဖုန်းထုပ်လုပ်သူတွေဟာလည်း Android ကို Google ကနေ အခမဲ့ ရယူထားတာဖြစ်လို့ Android ကို သူတို့လည်း မပိုင်ဆိုင်ပါဘူး။ ဒါ့ကြောင့် ဖုန်းထုတ်လုပ်သူတွေ ကြိုးစားပြီး ပိတ်ထားပေမယ့်လည်း Developer ရပိုင်ခွင့်နဲ့ တောင်းဆိုတော့မှာ ဖုန်းရဲ့ OEM ကို Unlock လုပ်ဖို့အတွက် မပေးချင် ပေးချင်နဲ့ ပေးရပါတော့တယ်။ Bootloader ကို ပိတ်ပင်ထားတာဟာလည်း ဥပဒေအရ မညီညွတ်ပါဘူး။ Bootloader ဆိုတာ နားလည်လွယ်အောင် ပြောရရင် Android ကို စတင်မောင်းနှင်မည့် စနစ်ပါပဲ။
Boodloader ကို Lock ချထားတဲ့အတွက် ဖုန်းဝယ်ယူစဉ်ကပါတဲ့ Android (Stock ROM) ကိုပဲ သုံးလို့ရပြီး ကျွန်တော်တို့ စိတ်ကြိုက် Android စနစ် (Custom ROM) တွေကို ထည့်လို့မရတော့ပါဘူး။ နည်းနည်းရှုပ်သွားပြီးလား... Laptop တစ်လုံးနဲ့ယှဉ်ပြီး ဥပမာပေးရအောင်...။ တစ်ကယ်လို့ ကျွန်တော်တို့က Windows 7 ပါတဲ့ ASUS Laptop တစ်လုံးဝယ်လိုက်ပြီ ဆိုပါစို့။ အဲဒီ့ Laptop ထဲကို Windows 8 ထည့်ချင်လည်း ထည့်လို့ရတယ်၊ တစ်ခြား Ubuntu တို့လို OS တွေလည်း ထည့်ချင်ထည့်လို့ရပါတယ်။ ကျွန်တော်တို့ ပိုက်ဆံပေးထားတာ Laptop (Hardware) အတွက်ပါပဲ။ ဝယ်တုန်းက Windows 7 ကို ဖြုတ်ပြီး တစ်ခြား OS ထည့်လိုက်လို့ Warranty ပျက်သွားပြီလို့ မရှိပါဘူး။ ဒါဆို သဘောပေါက်မှာပါ။ ကျွန်တော်တို့ ဖုန်းဝယ်ထားတာလည်း Hardware ကိုပါပဲ။ ဒါကြောင့် OS ဖြစ်တဲ့ Android ကို ကျွန်တော်တို့ ကြိုက်တာ ထည့်ခွင့်ရှိရမှာပေါ့။ အဲဒါအပြင် ဖုန်းထဲမှာပါတဲ့ Android ကိုတောင်မှ ဖုန်းထုတ်လုပ်သူတွေ ဖန်တီးထားတာမှ မဟုတ်တာ။ ဒါဆိုရင် Stock ROM တွေက ဖုန်းထုတ်လုပ်သူတွေ ဖန်တီးထားတာ မဟုတ်လား လို့ မေးလို့ရပါတယ်။ Stock ROM တွေက ဖုန်းထုတ်လုပ်သူတွေ ဖန်တီးထားတာဆိုပေမယ့် အဲဒါအတွက် ကျွန်တော်တို့ ပိုက်ဆံပေးဖို့မလိုပါဘူး။ သူတို့ဘာသာ Marketing သဘောအရ ပြုလုပ်ပေးတာပါ။ ခုနက ASUS Laptop ကိုပဲ ပြန်ကြည့်ပါဦး..။ Laptop ဝယ်တုန်းက ASUS က အပိုထည့်ပေးလိုက်တဲ့ Application တွေနဲ့ Tools တွေကို တွေ့ရမှာပါ။ ဒါတွေက Laptop ဝယ်လို့ ASUS က မေတ္တာလက်ဆောင်ပေးထားတဲ့ သဘောပါပဲ။ ဟုတ်ပါတယ် ဖုန်းထုတ်လုပ်သူတွေလည်း Android ကို Google ကပေးတဲ့အတိုင်း ဖုန်းထဲ ထည့်ပေးလိုက်လည်း ဖြစ်ပါတယ်။ Marketing သဘောအရ ဖုန်းထုတ်လုပ်သူအချင်းချင်း Stroke ROM တွေ ပြိုင်ဆိုင်ရေးပြီး ပြင်ဆင်ထည့်ပေးလိုက်တဲ့အတွက် ကျွန်တော်တို့က ဘာလို့များ ပိုက်ဆံအပိုပေးရမှာလဲ...?
ကျွန်တော်တို့ဖုန်းရဲ့ Android ကို ကျွန်တော်တို့ကြိုက်တာ ထည့်ခွင့်ရှိရမယ်။ Google ကနေ Android Icecream Sandwich ထွက်လာရင်လည်း ကျွန်တော်တို့ သုံးချင်တယ် Android Jelly Bean ထွက်လာရင်လည်း သုံးချင်ပါတယ်။ ဖုန်းဝယ်တုန်းကတည်းက ပါလာတဲ့ Android Gingerbrad ကြီးကို ရိုးနေပြီဗျာ...။ ဒါကို ခင်ဗျား လက်ခံတယ်ဆိုရင် စနစ်တစ်ခုလုံးပြောင်းပစ်တာမျိုးတောင်မဟုတ်တဲ့ Root လုပ်တာလေးကို ကျွန်တော်တို့ ဘာလို့များ မလုပ်သင့်/လုပ်ခွင့်မရှိရမှာလဲဗျာ...။
ဒါကြောင့် ကျွန်တော်တို့ ဝယ်ထားတာ ဖုန်းရဲ့ စနစ်ပိုင်းကို ကျွန်တော်တို့စိတ်တိုင်းကျ ကြည့်ရှုခွင့် လေ့လာခွင့် ပြင်ဆင်ခွင့် ရှိရမှာပါ။ နောက်ဆုံး ကျွန်တော်တို့ ဖုန်းကို စဖွင့်ဖွင့်ချင်း ပေါ်လာတဲ့ Samsung ဆိုတဲ့ပုံနေရာမှာ ကျွန်တော်တို့ကြိုက်တဲ့ပုံ အစားထိုးထည့်ခွင့်ရှိရပါမယ်။ ဖုန်းထုတ်လုပ်သူတွေကတော့ သူတို့ရဲ့ ရပိုင်ခွင့်အနေနဲ့ ဖုန်းရဲ့ ကိုယ်ထည်မှာ Samsung ဆိုတဲ့စာတန်းကို ထည့်နိုင်ပါတယ်။
Root လုပ်လိုက်ရင် ဘာအကျိုးထူးမှာလဲ? ဒါ Android ကို Root လုပ်သင့်မလုပ်သင့် စဉ်းစားနေတဲ့သူတွေ မေးနေကျမေးခွန်းပါပဲ။ Root လုပ်ရင် ဘာတွေ ထူးမှာလဲဆိုတော့ ဒါလေးက နမူနာပါ။
Nandroid - ကိုယ့်ရဲ့ ဖုန်းတစ်ခုလုံးရဲ့ စနစ်တစ်ခုလုံးကို Backup ပြုလုပ်ထားနိုင်ပါတယ်။ Backup ကို ကွန်ပြူတာထဲမှာပဲဖြစ်ဖြစ် သိမ်းထားနိုင်ပါတယ်။ ကိုယ့်ရဲ့ဖုန်း ပျက်သွားတဲ့အခါ အမျိုးအစားတူ ဖုန်းတစ်ခုကို ဝယ်ပြီး Restore ပြုလုပ်လိုက်တာနဲ့ တစ်ပြိုင်နက် ကိုယ့်ဖုန်းအတိုင်း တစ်ထပ်တည်း ပြန်ရပါလိမ့်မယ်။ ဒီလိုမျိုး တစ်ထပ်တည်းပြန်ရအောင် Service Center ကရော စွမ်းဆောင်နိုင်လို့လား။
Root ပြုလုပ်ထားရင် ကိုယ့်ဖုန်းပျက်သွားမှာလား ဆိုပြီး အမြဲ စိတ်ပူနေရမှလား..။ သိပ်လည်း စိတ်မပူပါနဲ့ Nandroid နဲ့ Backup ပြုလုပ်ထားရင် System file တစ်ခုခုကို မတော်တဆဖျက်မိတာတောင် ပြဿနာမရှိပါဘူ။ နည်းပညာပိုင်းအတွက် မသိတာရှိရင် သိတဲ့သူတွေကိုမေးပါ။ ကျွန်တော်တို့လည်း ခင်ဗျားလိုပါပဲ . . ဘာမှမသိခဲ့ပါဘူး။ သိတဲ့သူတွေကို မေးမြန်းအကူအညီတောင်းရင်း နည်းနည်းလေး နားလည်လာတာပါ။
အဆိုးဝါးဆုံး ဖြစ်နိုင်ခြေကတော့ Brick ဖြစ်တယ်လို့ ခေါ်တဲ့ လုံးဝဖွင့်မရတော့တဲ့အခြေအနေ ဖြစ်သွားတာပါပဲ။ အဲဒီ့လိုဖြစ်လာခဲ့ရင်တောင်မှ Stock ROM လို့ခေါ်တဲ့ ဖုန်းထုတ်လုပ်သူက ထုတ်ပေးတဲ့ Android စနစ်ကို ပြန်ပြီး ထည့်သွင်းလိုက်ရင် ဝယ်စဉ်ကအတိုင်း ပြန်ရပါလိမ့်မယ်။
Root မလုပ်သင့်တဲ့ အကြောင်းပြချက်-
- ကိုယ့်ကိုကိုယ် IT နည်းပညာနဲ့ပတ်သက်ရင် ခပ်တုံးတုံးလူလို့ထင်ရင်
- ကိုယ့်ဖုန်းကို ပိုပြီး မြန်လာအောင်၊ မလိုအပ်တဲ့ အမှိုက် (Stock Apps) တွေဖယ်ထုတ်တာမျိုး လုပ်ဖို့မလိုဘူးဆိုရင်
- ဖုန်းထုပ်လုပ်သူတွေက ပြုလုပ်ပေးထားတာတွေကသာ အကောင်းဆုံးလို့ တရားသေ ယူဆထားရင်
- Root Access ရမှ ထည့်သွင်းလို့ရမယ့် Apps တွေကိုလည်း စိတ်မဝင်စားဘူးဆိုရင်
- ကိုယ့်ရဲ့ဖုန်းစနစ်ကို မလေ့လာချင်ဘူး/မကလိချင်ဘူး/ ဖုန်းအတွက်နဲ့ အချိန်မပေးနိုင်ဘူး ဆိုရင်
- ကိုယ့်ရဲ့ ဖုန်း(Android) ကို Apple iPhone လိုပဲ ဘာမှ ပြုပြင်ဖန်တီးခွင့်မရှိဘူးလို့ ယူဆထားရင်
- Open Source ရဲ့ အဓိပ္ပါယ် (ရပိုင်ခွင့်) ကို သေချာနားမလည်ဘူး ဆိုရင်
- ဖုန်းထုတ်လုပ်သူတွေက တစ်ဖက်သက်ချမှတ်ထားတဲ့ Rule တွေကို ပြောသမျှ ခေါင်ငြိမ့်တတ်တဲ့သူ ဆိုရင်
- ဖုန်းဆိုတာ ဖုန်းဆက်လို့ရရင် ပြီးတာပဲလို့ သဘောထားတဲ့သူဆိုရင်
Root မလုပ်ပါနဲ့....
Root လုပ်သင့်တဲ့ အကြောင်းပြချက် -
- Root မလုပ်သင့်တဲ့အကြောင်းပြချက်တွေက ကိုယ်နဲ့ မကိုက်ညီဘူးဆိုရင်
- ကိုယ့်ဖုန်းကိုကိုယ် ထိန်းသိမ်းနိုင်စွမ်းရှိတယ်လို့ ယူဆရင်
- ကိုယ်ဝယ်ထားတဲ့ဖုန်းကို ကိုယ်ပိုင်တယ်လို့ ယူဆရင်
- Root ပြုလုပ်ခြင်းဟာ ကိုယ့်ရဲ့ အခွင့်အရေး/ရပိုင်ခွင့်လို့ ယုံကြည့်ရင်
ဒါဆို Root လုပ်ဖို့ ကြိုးစားကြည့်နိုင်ပါပြီ။
Root ဆိုတာ ခုမှကြားဖူးတာ ဘယ်ကစ လုပ်ရမှာလဲ?
ဘာမှ မပူပါနဲ့... rootzwiki လိုမျိုး Root စွယ်စုံကျမ်း website ရှိပါတယ်။ XDA လိုမျိုး Developer တွေ အများကြီးရှိတဲ့ forum တွေမှာ ဖုန်းထုတ်လုပ်တဲ့ ကုမ္မဏီကြီးတွေက ပညာရှင်တွေလည်း ရှိပါတယ်။ အလွယ်ဆုံးနည်းကတော့ Google မှာ How to root လို့ရိုက်ပြီး အနောက်မှာ ကိုယ့်ရဲ့ဖုန်းနာမည်ကို ထည့်ပေးလိုက်ရုံပါပဲ။ ကိုယ့်ဖုန်းကို Root လုပ်ရမယ့် နည်းလမ်းတွေ အများကြီးရှိသလို မြန်မာလို လေ့လာနိုင်တဲ့ Blog တွေလည်း ရှိပါသေးတယ်။
Root လုပ်ပြီးရင် ဘာလုပ်ရမလဲ ?
အကြံပေးချင်တာကတော့ Root လုပ်ပြီးရင် အရင်ဆုံး Backup ပြုလုပ်ထားပါ။ ပြီးရင်တော့ ကိုယ်ပိုင်တဲ့ဖုန်း ကိုယ့်သဘောပါပဲ....။
By Aaron
aaron.nandus@gmail.com
Aaron Nandus (MMUC)https://www.facebook.com/groups/MyanmarMobileUsers/doc/494994643858241/
Lenovo A690 ကို root မယ်
ကျွှန်တော်ဒီနည်းကို ၃ရက်လောက်ရှာပြီးမှရတာပါ
၁. SP flashtool ကို download ဆွဲပါ..
၂. Driver ကို download ဆွဲပါ…
၃. A690 root ကို download ဆွဲပြီး sd card ထဲကူးထည့်ထားပါ…
၎. Recovery file ကိုလည်း download ဆွဲပါ….
၅. ပြီးရင် phone ကို ပိတ်ပြီး battery ဖြုတ်လိုက်ပါ……
၆. Battery ဖြုတ်ရက်သား computer နဲ့တွဲပါ…
၇. Unknown device ပေါ်လာရင် device manager ထဲဝင်ပြီး update driver လုပ်ပြီး source ကိုရွေးပေးပါ…..source ကို a690 ကိုပေးပါ….
၈. Driver install လုပ်ပြီးရင် SP flashtool ကို ဖွင့်လိုက်ပါ….ပြီးရင် scattering ကိုရွေးပြီး..recovery ထဲက android scattering ကိုရွေးပါ…ပြီးရင် download ကို နှိပ်လိုက်ပါ….complete ဖြစ်သွားရင်…phone ကိုဖြုတ်ပြီး battery ပြန်တပ်ပြီး recovery ထဲဝင်ပါ…ပြီးရင် recovery ထဲကနေပြီး install from SD ထဲကနေပြီး root.zip ကိုပေးလိုက်ပါ…ပြီးရင် reboot လုပ်လိုက်ရင် ပြီးပါပြီ…..
Do your own risk.
Download လုပ်ဖို့အတွက်က
http://www.4shared.com/rar/ lyzw8NVw/recovery.html ရယ် http://www.4shared.com/rar/ n0vjpxCl/driver_a690_.html ရယ် http://www.4shared.com/zip/ zrBdY8kK/A690-rootBy9Sky.html ရယ်ပါ...http://www.4shared.com/rar/ 3lWPvs08/ SP_Flash_Tool_exe_v3122401.html....
မသိတာရှိရင်ပြန်မေးပါနော်...ဒါပ ထမဆုံးတင်တဲ့ doc မို့လို့ပါ.................... ..
Kyaw Ko Ko (MMUC)
https://www.facebook.com/groups/MyanmarMobileUsers/doc/494996910524681/
Subscribe to:
Posts (Atom)