Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။
Showing posts with label iPhone. Show all posts
Showing posts with label iPhone. Show all posts

Sunday, January 27, 2013

Temple Run2 and Subway Surf coins hack for iPhone 5.(Tested)




by Htun Oo Lwin

Firstly download that and install DisAid (can use iFunBox or iTool instead).http://www.mediafire.com/?u3h8sunmgkz53wx

For SubwaySurfer, download data,http://www.mediafire.com/?6alnlexrf8f949l

For TempleRun 2, download data,http://www.mediafire.com/?mo57h1684b0mbtt

Instruction,
-Close T2 or SS for multitasking.
-After installing DisAid,
 open that and choose Apps/temple run 2 or subway surfer.
-Click Copy to Device and choose each game data or player data for each game.
Overwrite when ask.
-Open the game and enjoy. 

Due to replacement of game data, you will lose your current data. Backup before you do this

Credit goes to each hacks, i am just sharing.. :)Credit tohttp://zamkato.com/2013/01/21/temple-run-2-hack-infinite-coins-no-jailbreak-required/



https://www.facebook.com/groups/MyanmarMobileUsers/doc/533835589974146/

iPhone/Android ဖုန်းတွေမှာ Google Maps ကို ဘယ်လို လမ်းပြခိုင်းမလဲ...?


ကျတော်တို့ကိုင်နေတဲ့ iPhone/Android handset တွေမှာ Google Maps App ထည့်ထားတယ်၊ အင်တာနက်လည်း ရတယ်၊ GPS လုပ်ဆောင်ချက်လည်း လုပ်ပေးနိုင်တယ်ဆိုရင် ကျတော်တို့ သွားချင်တဲ့ လမ်းကြောင်းကို Google Maps ကို လမ်းညွှန်ခိုင်းလို့ ရပါတယ်... Google Maps မှ မဟုတ်ပါဘူး... Google Maps နဲ့ အလားတူတဲ့ GPS navigation app တွေမှာ လုပ်လို့ရပါတယ်... မြန်မာပြည်အတွက် အကောင်းဆုံး ကျတော်အကြိုက်ဆုံးကတော့ Google Maps ပါ... ကျတော်တို့ မရောက်ဖူးတဲ့မြို့ရောက်နေတယ် သွားချင်တဲ့နေရာကို Google Maps က လမ်းညွှန်ပေးမှာပါ... လက်ထဲမှာ iPhone ပဲ အဆင်သင့်ရှိနေလို့ သုံးနည်းကို iPhone က Google Maps App နဲ့ပဲ လမ်းညွှန်ပါရစေ... မသုံးဖူးတဲ့သူတွေ အတွက်ရည်ရွယ်ကြောင်း ကြိုတင် မေတ္တာရပ်ခံပါရစေ...

၁. လုပ်ရမယ့် အဆင့်ကတော့ GPS ဖွင့်ပါ... (iPhone မှာ Google Maps ကိုလည်း GPS အသုံးပြုခွင့်ပေးပါတယ်ဆိုတာ on ထားရပါမယ်...
၂. အင်တာနက်ဖွင့်ပါ... အင်တာနက်မရရင် လမ်းညွှန်ခိုင်းလို့ မရသေးပါ... E/3G/WiFi ကြိုက်တာ ဖြစ်လို့ရပါတယ်...
၃.  Google Maps app ကို ဖွင့်ပါ... ကြိုတင် install လုပ်ထားရန် လိုပါတယ်....

၎. Search box ထဲမှာ ကျတော်တို့ သွားလိုတဲ့ နေရာကို ထည့်ပါ... ပြည်တွင်းမှာတော့ နေရာ အကုန်မရှိနိုင်ပါ... မတွေ့ရင် နာမည်ပြောင်းရှာကြည့်ပါလို့ အကြံပြုပါရစေ...


၅.  ကျတော်ရှိနေတဲ့ နေရာကနေ ဝီဇိတာရုံ ဘုန်းကြီးကျောင်းကို သွားမှာမို့ Wizidaryon လို့ရိုက်ပြီးရှာပါတယ်... အောက်ကပ်ရပ်မှာ WiZiDarYone Monaster လို့ပေါ်လာပါတယ်... ကျတော် သွားမယ့် ဘုန်းကြီးကျောင်းဖြစ်လို့ ရွေးလိုက်ပါတယ်...
စိတ်ပါရင်တော့ Google Maps မှာ နေရာတွေ ဘယ်လို မှတ်လို့ရလဲ ထပ်ရေးပါ့မယ်...

၆.  အနီရောက် အမှတ်အသားနဲ့ တည်နေရာကို ပြပေးပါတယ်... အခုရှိတဲ့နေရာနဲ့ ဝိဇိတာရုံဘုန်းကြီးကျောင်းကို ဘယ်လမ်းက သွားလို့ရမလဲ လမ်းညွှန်ခိုင်းချင်တယ်ဆိုရင် အောက်ဆုံး ညာဘက်ထောင့်က ကားပုံလေးပေါ်ကို နှိပ်ပါ...

၇.  taxi/ကိုယ်ပိုင်ကား/သူငယ်ချင်းကား/ချစ်သူကား လိုမျိုးကားနဲ့သွားမှာဆို အိမ်စီးကားပုံလေးကို နှိပ်ပါ... ဆိုင်ကယ်နဲ့သွားမှာဆိုလည်း အိမ်စီးကားပုံလေးကိုပဲ နှိပ်ပါ... အိမ်စီးကားပုံရဲ့ ညာဘက် တစ်ခုကျော်မှာရှိတဲ့ လမ်းလျှောက်သွားမှာဆိုရင်တော့ လူလမ်းလျှောက်နေတဲ့ပုံကို နှိပ်ပါ... အလယ်က ကားကြီးပုံလိုလို/ရထားပုံလိုလိုက bus ကားလိုင်း၊ မီးရထားလိုင်းတွေကို ပြောတာပါ... ပြည်တွင်းမှာတော့ အလုပ်လုပ်မယ်လို့ မထင်ပါ... 
ကျတော်က taxi ကားနဲ့ သွားမှာဖြစ်လို့ ကားပုံအသေးကို နှိပ်လိုက်တော့ Route options အောက်မှာ လမ်းကြောင်း ၃-ခု လာပြတယ်... Google Maps က ကျတော် အခုရှိတဲ့နေရာနဲ့ ဘုန်းကြီးကျောင်း သွားလို့ရတဲ့ အဲဒီလမ်း ၃-ခုပဲ သိရှာတယ်... 
 ၈.  ကျတော် အပေါ်ဆုံးက 6 minutes ကြာမယ့် လမ်းကို နှိပ်လိုက်တော့ ဒီလိုလာပြတယ်... ကျတော်တို့ သွားရမယ့်လမ်းက အပြာရောင်နဲ့ပြထားတဲ့ လမ်းပေါ့... အင်တာနက်ကို ဒီအချိန်မှာ ပိတ်မယ်ဆို ပိတ်လို့ရပါပြီ... GPS တွေ့ ဆက်ဖွင့်ထားပါ... 
လမ်းကြောင်းကို ကြည့်ရအောင်ပါ... ၈၂-လမ်းက နေ မြောက်ဘက်သွားတယ်... (အလိုလေး ဘုရားရေ... တစ်လမ်းမောင်းကို ပြောင်းပြန်ပြန်ထွက်တယ်...) ၂၇-လမ်းရောက်တော့ အရှေ့တက်(ညာချိုး)တယ်... လမ်း ၈၀ ရောက်တော့ မြောက်(ဘယ်)ကွေ့တယ်... ၂၆-လမ်းရောက်တော့ အရှေ့ (ညာ)ကွေ့တယ်... ၆၈-လမ်းရောက်တော့ တောင် (ညာ)ကွေ့တယ်.. ၃၁-လမ်းကျော်တော့ တွေ့ပါပြီ ဘုန်းကြီးကျောင်း... 

ကျတော် မရွေးဖြစ်တဲ့ ကျန်တဲ့လမ်းကြောင်း ၂-ခုကိုလည်း ခဲရောင်နဲ့ပြထားပါတယ်...
https://www.facebook.com/groups/MyanmarMobileUsers/doc/513429372014768/

By Mg Hla Mandalay in Myanmar Mobile Users Club

Monday, September 24, 2012

Hacked iPhone 5 nano-SIM--thickness doesn't matter



We cut our cards with a pair of scissors.
(Credit: John Chan/CNET Asia)
In an earlier article, we discussed how the nano-SIM standard (or 4FF) is thinner than the earlier SIM card standards--mini-SIM (2FF) and micro-SIM (3FF). This was easily solved with some sandpaper, and we found that thinning down a micro-SIM doesn't have any detrimental effect on it. Today, after completing the job of cutting a micro-SIM down to the dimensions of a nano-SIM, we also discovered that the iPhone 5's SIM tray is quite forgiving--the thicker card fit in with no issues.

It's not pretty, but it works.
(Credit: John Chan/CNET Asia)
This means that, with the iPhone 5, there is no need to worry about the thickness of a micro-SIM when modifying it into a nano-SIM. All that has to be done is to cut it down to the correct length and height, and you're good to go. This also means that nano-SIM cutters (these look like large staplers) should work without a hitch.

Our experiment involved cutting down a pre-paid card from Indonesia--it detects, but doesn't connect to local networks.
(Credit: John Chan/CNET Asia)
For those who have older SIM cards with larger chips, you may have to cut into the metal parts so it can be pared down to nano-SIM size. This won't spoil the card, but you do have to make sure the horizontal lines on the chip match up correctly so the phone can detect the card. See the image below for an illustration of that.

Make sure these parts line up (highlighted in red) when you cut your old micro-SIM down to size.
(Credit: John Chan/CNET Asia)
It is also important to note that even though our experiment worked with an iPhone 5, there's no guarantee that this will be the same for future devices that require the thinner nano-SIM.
Source: www.asia.cnet.com

BBobo Naing in Myanmar Mobile Users Club


Thursday, July 12, 2012

Asphalt 7 HaCk for iPhone/iPad

Asphalt 7 Hack 

Features:
210 Star
2 million Dollars
level 38

Instructions:
Download the file
and copy (overwrite) to var/mobile/Application/Asphalt7/Documents

Download Now > http://www.mediafire.com/?k4q80gg30har4zu

 Shared by Soe Win ( MMUC )

Wednesday, July 11, 2012

iPhone အတွက် Ringtones ကို iTunes ဖြင့် လုပ်လို့ရမယ့်နည်းလမ်းလေး ကို တင်ပြပေးပါရစေ

iPhone အတွက် Ringtones ကို iTunes ဖြင့် လုပ်လို့ရမယ့်နည်းလမ်းလေး ကို တင်ပြပေးပါရစေ



ပထမဆုံး iTunes ကို ဖွင့်ပါ၊ ပြီးရင်တော့

၁) Preferences ထဲက

၂) General အောက်မှရှိတဲ့

၃) Import Settings ထဲကိုဝင်လိုက်ပါ



၎) AAC Encoder ကိုရွေးပြီး

၅) OK ကိုနှိပ်ပါ၊ Preference ထဲက OK ကိုထပ်နှိပ်လိုက်ပါ။



၆) မိမိ Ringtone လုပ်လိုတဲ့သီချင်းကို ရွေးပြီး Rt Click နှိပ်ကာ Get Info ထဲဝင်လိုက်ပါ။




၇) Options ထဲက Start Time မှာ မိမိ Ringtone စချင်တဲ့အချိန်နဲ့ Stop
Time မှာ မိမိ Ringtone ဆုံးချင်တဲ့အချိန်တွေကို ဖြည့်ပါ။ ပြီးရင် OK
ကိုနှိပ်ပါ

(သတိထားရမှတစ်ခုက Ringtone ကြာချိန် စုစုပေါင်းဟာ စက္ကန့် ၄၀ ကျော်နေရင် iPhone ထဲကို ထဲ့လို့မရပါဘူး)



၈) စောစောက Start Time-Stop Time မှတ်ထားတဲ့ သီချင်းဖိုင်မှာ Rt Click လုပ်ပါ။ Create AAC Version ဆိုတာလေးနှိပ်ပြီး ခဏစောင့်ပါ




၉) Converting ဆိုတာလေး ပေါ်လာပါလိမ့်မယ်၊ အဲ့ဒီနောက်မှာတော့ စောစောက
သီချင်းဖိုင်နဲ့ နာမည်တူတဲ့ စက္ကန့် ၄၀ စာဖိုင်လေးတစ်ခု ထပ်ပေါ်လာပါလိမ့်မယ်။
ပေါ်လာတဲ့ဖိုင်ကို Copy လုပ်ပြီးဖြစ်ဖြစ် Drag လုပ်ပြီးဖြစ်ဖြစ် Desktop
မှာ Save လုပ်ပါ။

၁၀) Desktop ပေါ်ကဖိုင်ရဲ့ Extension ဟာ .m4a ပါ။ Rename လုပ်ပြီး .m4r လို့ပြောင်းလိုက်ပါ။

၁၁) iTunes ထဲမှာ စောစောက အသစ်ပေါ်လာတဲ့ ဖိုင်ကို Delete လုပ်ပါ။

၁၂) .m4r Extension ပြောင်းထားတဲ့ Desktop ပေါ်ကဖိုင်လေးကို Double Click လုပ်လိုက်ရင် iTunes Ringtones ထဲကိုရောက်သွားပါလိမ့်မယ်။


ဒီအချက် ၁၂ ချက် အတိုင်းလိုက်လုပ်လိုက်ရင် iPhone အတွက် မိမိစိတ်ကြိုက်
Ringtone တစ်ခုကို မည်သည့် Software မှထပ်မလိုပဲ iTunes နဲ့တင်
ဖန်တီးနိုင်မှာဖြစ်ပါတယ်။

ပထမ တစ်ကြိမ် နှစ်ကြိမ်မှာတော့ နည်းနည်းခက်တယ်ထင်ရပေမယ့် နောက်ပိုင်းလွယ်ကူ သွားပါလိမ့်မယ်။

Original Post >> http://ygn.me/jT

WCDMA, EDGE enable for Iphone

iphone အတွက် မြန်မာနိုင်ငံမှာ internet setting ပြောင်းနည်းပါ။

ဒီဟာက I.OS 5
Iphone 4 မှာ စမ်းထားတာဖြစ်ပါတယ်

အင်တာနက်ဖွင့်ဖို့

ပထမဆုံး..Setting ကို အရင်သွားပါ.



အဲဒီထဲက General ကို ၀င် ပါ..





ပြီးတော့ network ထဲကို ၀င် ပါ




Network ထဲက cellular data network ထဲကို ၀င် ပါ


cellular data ထဲမှာ. cellulardata, MMS, Internet tethering အားလုံးကို mptnet လို့ ဖြည့်ပါ





OK... ဒါဆိုရင် setting တော့ပြင်ပြီးပြါ့ပီ.
back ပြန်လုပ်ပြီး.. network ဆီကို ပြန်သွားပါ
အဲဒီထဲက enable 3G. cellular data တွေကို On လိုက်ပါ

အင်တာနက် ရတဲ့ phone တွေ မှာဘယ်ဘက်ထောင့်က signal တုန်းတွေ ဘေးမှာ 3G ဒါမှမဟုတ် E ဆိုပြီးပေါ်လာပါလိမ်.မယ်.
3G network ရတဲ့နေရာတွေ မှာ 3 G ပေါ်ပေမယ့် 3G ကို enable မလုပ်တာ ...3g မရတာမျိဲုးမှာဆိုရင် E ပဲပေါ်ပါတယ်




ဒီအောက်ကဟာကတော့
short cut ပါ .
iphone menu screen ရဲ့ ထိပ်ဆုံးက ဘားလေးကို ညာဘက်ကိုတွန်းလိုက်ရင် ဒါလေးကျလာပါလိမ်.မယ်
3G နဲ့ Data network ကို ဒီက အဖွင့်အပိတ်လုပ်ပြီး... အင်တာနက် သုံးနိုင်ပါတယ်




နောက်တစ်ခုကတော့ ကွန်ပျူတာနဲ့ချိတ်သုံးဖို့ပါ
ကွန်ပျူတာမှာ itune ရှိဖို့တော့လိုပါတယ်
setting ထဲက personal hotspot ကို ၀င် ပါ
အဲဒီ personal hotsptlot ကို on လိုက်ရင်




turn on wifi and bluetooth နဲ့ USb only ဆိုပြီးပေါ်လာပါလိမ်.မယ်..နှစ်သက်ရာနဲ့အသုံးပြုပါတယ်

personal hotspot ကို သုံးဖို့ အရင် Data network ဖွင့်ထားမှရပါလိမ်.မယ်.
Wifi ကို password ထားချင်ရင်နှစ်သက်ရာ password ပေးထားပါ ..အနည်းဆုံး ၈လုံှးရိရပါမယ်
bluetooth နဲ့ကတော့ ဘယ်လိုမှ လိုင်းမကောင်း.မရပါ.







ှုIphone သုံးစွဲသူများအင်တာနက်ကို အဆင်ပြေပြေ သုံးစွဲနိုင်မယ်မျှော်လင့်ပါတယ်


:D


posted by Nyein Chan Ko Ko

Tuesday, July 10, 2012

How To Unlock Any Jailbroken iPhone On Any Baseband And Firmware!


UPDATE!!!

SAM Unlock ကို Apple Activation Server က ပိတ်လိုက်ပါသဖြင့် unlock လုပ်လို့မရတော့ပါ...

XxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxX

***ပထမဦးစွာ မိမိ၏ iPhone သည် Jailbroken ဖြစ်နေပါစေ.... Jailbreak မလုပ်ထားလျှင် unlock လုပ်လို့မရပါ။***


NEW METHOD

၁။ Cydia မှာ bingner ရဲ့ Official Source (http://repo.bingner.com/) ကို add ပီးး SAM ကို Install လုပ်ပါ.. 

၂။ သင်အသုံးပြုမည့် ဖုန်းကဒ်အား ထည့်ပါ။

၃။ SpringBoard မှ SAMPrefs ကိုဖွင့်၍ Method မှာ Auto Detect ထားပါ။
(ဤအဆင့်တွင် auto detect ဖြင့် သင့်ဖုန်း unlock မဖြစ်ပါက Method မှာ By Countery and Carrier ကိုထား၍ သင့်ဖုန်း၏ Original Carrier ကိုရွေးပေးပါ။)

၎။ သင့်ဖုန်း၏ Original Carrier ကိုသိလိုပါက iTools ဖြင့် ဖုန်း details တွင် ကြည့်နိုင်ပါသည်။
(အခြားနည်းဖြင့် unlock လုပ်ထားပါက iTools ဖြင့်ကြည့်ချိန်တွင် SIM Card ထုတ်ထားပါ )

၅။ SAMPrefs -> Utilities အောက်မှ Attempt Activation ကို နှိပ်ပါ။
(အကယ်၍ Attempt Activation ရှာမတွေ့ပါက De-Activate iPhone ကို အရင်နှိပ်ပါ Attempt Activation ပေါ်လာပါလိမ့်မည်)

၆။ Attempt Activation ကို နှိပ်ပြီးလျှင် "this may take a while" ဟုရေးထားသော pop-up ပေါ်လာပြီး ခဏနေလျှင် Respring ဖြစ်သွားပါလိမ့်မည်။

၇။ ပြန်တက်လာပြီး ခဏကြာ searching လုပ်ပီးလျှင် သင့်ဖုန်းသည် Fully Unlock ဖြစ်၍ သင့် SIM ၏ Network အား ရှာဖွေတွေ့ရှိနေကြောင်း ပျော်ရွှင်စွာ တွေ့ရှိရပါလိမ့်မည်။ :)

 Credit To ***Nway Witt Mhon***



OLD METHOD

၁။ Cydia ထဲတွင် ဒီ source "http://repo.bingner.com/" ကို Add ပါ။

၂။ ထို့နောက် ၄င်း source ထဲမှ SAM ကို download လုပ်လိုက်ပါ။

၃။ SAM icon သည် မိမိ၏ Springboard ပေါ်တွင်ပေါ်လာမည်။ SAM ထဲသို့ဝင်ပါ။ Phone ထဲတွင် မိမိသုံးမည့်
( မိမိunlock လုပ်မည့် ) Sim card ကိုထည့်ထားရပါမည်။

၎။ SAM ထဲတွင် Utilities ထဲဝင်ပြီး "De-Activate iPhone" ကို နှိပ်ပါ။ "More Information" ၏ Activation State တွင် Unactivated ဖြစ်သွားပါလိမ့်မည်။ ဒါပေမယ့်.. တစ်ချို့ တစ်ချို့ သောဖုန်းတွေမှာ.. "De-Activate iPhone" ကိုနှိပ်သော်လည်း.. "More Information" ထဲတွင်.. "Unactivated" အစား "FactoryActivated" ပဲပေါ်နေတာတွေ.. တွေ့ ရပါတယ်.. အဲလိုဆိုရင်.. အရင်ဆုံး.. "Utilities" ထဲက.. "Revert Lockdownd to Stock" ကိုအရင်နှိပ်ပါ.. အဲဒီအချိန်မှာ.. "Internet" ရှိနေရပါမယ်.. ပထမဆုံးတစ်ခေါက်ဆိုရင်.. အဲဒီမှာတော်တော်ကြာကြာတစ်နေတတ်ပါတယ်.. စိတ်ရှည်ရှည်နဲ့ စောင့်လိုက်ပါ.. ပြီးမှ.. Deactivate ပြန်လုပ်ပါ။

၅။ SAM ကို enable လုပ်ပြီးလျှင် "Method" ထဲမှ "By Country and Carrier"  ကိုရွေးပါ။ ထို့နောက် မိမိ၏ iPhone ကို lock လုပ်ထားသည့် Carrier ကိုရွေးပါ။ ( eg. AT&T ) "SIM ID" တစ်ခုခုကိုရွေးပါ။ iTunes က မိမိ၏ iPhone ကို activate မလုပ်ပေးလျှင် နောက်ထပ် SIM ID ကိုထပ်ရွေးပါ။

၆။ "More Information" ထဲသို့ဝင်ပြီး  SAM Details ထဲက.. IMSI ကို Copy ကူးပြီး "Spoof Real SIM to SAM" ကိုနှိပ်ပါ။

၇။ ပြီးလျှင် SAM ၏ Main Screen ကိုသွားပြီး "Method" ကို "Manual"ပြောင်းပါ။

၈။ IMSI နေရာတွင် မိမိ Copy ကူးထားတာကို Paste လုပ်ပါ။

၉။ မိမိ၏ iPhone ကို Computer တွင်တပ်၍ iTunes နှင့် Activate ပြန်လုပ်ပါ။ မိမိ iPhone ၏ Summary Page မှ Phone No. ကို Click ၂ချက်နှိပ်ပါ။ iTunes တွင်ဖော်ပြထားသော IMEI သည် မိမိ SIM card ၏ IMEI တူနေရပါမည်။ ICCID သည်လည်း.. SIM Card ၏ ICCID နှင့် တူညီနေရပါမည်။ မတူပါက အဆင့် ၄ မှပြန်၍လုပ်ပါ။

၁၀။ iTunes ကိုပိတ်၍ iPhone ကိုကြိုးဖြုတ်ပြီး SAM ထဲသို့ ပြန်ဝင်ကာ.. Enable ကို ပိတ်လိုက်ပါ။

၁၁။ ထို့နောက် မိမိ၏ iPhone ကို iTunes နှင့်ပြန်ချိတ်ပါ။ Activate လုပ်လို့ မရပါဆိုတဲ့ Error တစ်ခုတက်လာပါလိမ့်မည်။။ iTunes ကိုပိတ်ပြီးပြန်ဖွင့်လိုက်ပါ။

၁၂။ ခဏကြာစောင့်ပြီးလျှင် Settings-->General-->About ထဲမှ Carrier သည် မိမိထည့်ထားသော SIM card ၏ carrier ဖြစ်နေပါလိမ့်မည်။ Signal Bar တွင်လည်း မိမိ၏ iPhone Unlock ပြုလုပ်ပြီးကြောင်းပြောလိမ့်မည်။

၁၃။ Congratulations!! Your iPhone has been unlocked!

Credit To ***Sezin Lynn***



***Warning*** : သင်ကိုယ်တိုင် စမ်းသပ်ပြုလုပ်လျှင် သင့်၏တာဝန်ဖြစ်၍ အခြားသူပြုလုပ်ပေးလျှင် ထိုသူ၏တာဝန်သာဖြစ်ပါသည်။ ပြုလုပ်စဉ် အခက်အခဲတစ်စုံတစ်ရာတွေ့ ကြုံပါက အောက်တွင် Comment ရေး၍မေးမြန်းနိုင်ပါသည်။ ကံမကောင်းအကြောင်းမလှ၍ဖြစ်ပေါ်ကြုံတွေ့ လာခဲ့သော ပြသနာကိစ္စအ၀၀တို့ သည် ပို့ စ်ရေးသားတင်ယူသူတို့ ထံ တွင် တာဝန်မရှိပါကြောင်း လေးစားစွာဖြင့်အသိပေးအပ်ပါသည်။ အမေးဇင်း စိုးမင်း and Sezin Lynn (MMUC)