Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။

Wednesday, July 11, 2012

iPhone အတွက် Ringtones ကို iTunes ဖြင့် လုပ်လို့ရမယ့်နည်းလမ်းလေး ကို တင်ပြပေးပါရစေ

iPhone အတွက် Ringtones ကို iTunes ဖြင့် လုပ်လို့ရမယ့်နည်းလမ်းလေး ကို တင်ပြပေးပါရစေ



ပထမဆုံး iTunes ကို ဖွင့်ပါ၊ ပြီးရင်တော့

၁) Preferences ထဲက

၂) General အောက်မှရှိတဲ့

၃) Import Settings ထဲကိုဝင်လိုက်ပါ



၎) AAC Encoder ကိုရွေးပြီး

၅) OK ကိုနှိပ်ပါ၊ Preference ထဲက OK ကိုထပ်နှိပ်လိုက်ပါ။



၆) မိမိ Ringtone လုပ်လိုတဲ့သီချင်းကို ရွေးပြီး Rt Click နှိပ်ကာ Get Info ထဲဝင်လိုက်ပါ။




၇) Options ထဲက Start Time မှာ မိမိ Ringtone စချင်တဲ့အချိန်နဲ့ Stop
Time မှာ မိမိ Ringtone ဆုံးချင်တဲ့အချိန်တွေကို ဖြည့်ပါ။ ပြီးရင် OK
ကိုနှိပ်ပါ

(သတိထားရမှတစ်ခုက Ringtone ကြာချိန် စုစုပေါင်းဟာ စက္ကန့် ၄၀ ကျော်နေရင် iPhone ထဲကို ထဲ့လို့မရပါဘူး)



၈) စောစောက Start Time-Stop Time မှတ်ထားတဲ့ သီချင်းဖိုင်မှာ Rt Click လုပ်ပါ။ Create AAC Version ဆိုတာလေးနှိပ်ပြီး ခဏစောင့်ပါ




၉) Converting ဆိုတာလေး ပေါ်လာပါလိမ့်မယ်၊ အဲ့ဒီနောက်မှာတော့ စောစောက
သီချင်းဖိုင်နဲ့ နာမည်တူတဲ့ စက္ကန့် ၄၀ စာဖိုင်လေးတစ်ခု ထပ်ပေါ်လာပါလိမ့်မယ်။
ပေါ်လာတဲ့ဖိုင်ကို Copy လုပ်ပြီးဖြစ်ဖြစ် Drag လုပ်ပြီးဖြစ်ဖြစ် Desktop
မှာ Save လုပ်ပါ။

၁၀) Desktop ပေါ်ကဖိုင်ရဲ့ Extension ဟာ .m4a ပါ။ Rename လုပ်ပြီး .m4r လို့ပြောင်းလိုက်ပါ။

၁၁) iTunes ထဲမှာ စောစောက အသစ်ပေါ်လာတဲ့ ဖိုင်ကို Delete လုပ်ပါ။

၁၂) .m4r Extension ပြောင်းထားတဲ့ Desktop ပေါ်ကဖိုင်လေးကို Double Click လုပ်လိုက်ရင် iTunes Ringtones ထဲကိုရောက်သွားပါလိမ့်မယ်။


ဒီအချက် ၁၂ ချက် အတိုင်းလိုက်လုပ်လိုက်ရင် iPhone အတွက် မိမိစိတ်ကြိုက်
Ringtone တစ်ခုကို မည်သည့် Software မှထပ်မလိုပဲ iTunes နဲ့တင်
ဖန်တီးနိုင်မှာဖြစ်ပါတယ်။

ပထမ တစ်ကြိမ် နှစ်ကြိမ်မှာတော့ နည်းနည်းခက်တယ်ထင်ရပေမယ့် နောက်ပိုင်းလွယ်ကူ သွားပါလိမ့်မယ်။

Original Post >> http://ygn.me/jT