General Knowledge
Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။
Showing posts with label General. Show all posts
Showing posts with label General. Show all posts
Sunday, January 27, 2013
2013 မှာ စက်ရုပ်ဖုန်းဝယ်ပြီးစိတ်မညစ်ရအောင်
ဒီကိစ္စကိုပြောချင်နေတာကကြာပြီ ပြောမယ်ပြောမယ်ဆိုပြီးမပြောဖြစ်တာပါ။ဖုန်းဆိုင်ဖွင့်တဲ့လူတော်တော်များများလည်းကြုံဖူးမှာပါ။ Android Version လေးနိမ့်နေလို့ Version မြှင့်ချင်လို့ဆိုတဲ့စကားတွေပါ။ ဒီနေ့တော့နည်းနည်းလေကြောရှည်ပြီးပေါက်ကွဲဦးမယ်။လွန်တာရှိရင်လည်းတောင်းပန်ပါတယ်ဗျာ။ ဘယ့်နဲ့ ကိုင်ထားတာက Huawei U8500,U8650,U8661,U8660 လာကတည်းက သူ့အိုးနဲ့သူဆန်အကိုက် ဆော့လို့ရသင့်သလောက်တော့ ဂိမ်းဆော့လို့ရပါတယ်။ အဲ့ဒါကို HD Game မှဆော့ချင်တာ Version မြင့်မှဆော့လို့ရတယ်ထင်တဲ့လူကတပုံကြီး 2.3.6,2.3.7 ခောတ်နည်းနည်းနောက်ကျပါတယ်။ ဒါပေမယ့်ရှေ့မှီနောက်မှီလေးပါဗျာ။ အင်တာနက်သုံးလည်းမြန်မာစာမှန်သေးပါတယ်။ နောက်ရှိသေးတယ် Samsung သမားတွေ ACE,GIO,FIT,Y,Mini သမားများ တင်လိုက်ချင်တယ် ICS,Jelly Bean ပြောရင်လဲ ဒီကလူပဲအဆိုးဖြစ်ဦးမယ်။အဲ့ဒီတော့လူကြီးမင်းတို့ကိုပြောချင်တာကဖုန်းလေးမ၀ယ်ခင်လဲ ဘယ်ဖုန်းကတော့ ဘယ်လောက်အထိသုံးလို့ရတယ်ဆိုတာနားလည်တဲ့သူဆီမှာတိုင်ပင်။ ဆိုင်ကလူကိုသေချာမေးပြီးမှဝယ်ပါ။တခုရှိသေးတာဒီခောတ် ဒီကာလမှ ခင်ဗျားတို့ကြိုက်တဲ့စက်ရုပ်က ပိုက်ဆံတစ်သိန်းခွဲ လောက်သုံးရင် တော်တော်သုံးလို့အဆင်ပြေတဲ့ပစ္စည်းရနေပါပြီး။ အဲဒီတော့ဝယ်တော့မယ်ဆိုလည်း
1. ဖုန်းအရွယ်အစား (အင်တာနက်သုံးချင်ရင် Screen ကြီးမှဖြစ်မှာ,အရမ်းငယ်နေရင်မကောင်းပါ)
2. ဖုန်းမှာပါတဲ့ CPU အမြန်နှုန်း (Single Core,Dual Core,Quad Core) (HD သမားတွေအတွက်)
3. ဖုန်းမှာ ပါတဲ့ Internal Memory (Settin>Storage) မှာသွားစစ် (APP တွေများများသွင်းဖို့)
4. ဖုန်းမှာပါတဲ့ Android Version (Setting>About) မှာသွားစစ်
5. မြန်မာစာထည့်လို့ရမရ (မြန်မာစာဖတ်ချင်သူတွေအဖို့)
6. ဖုန်းရဲအပိုပစ္စည်း ပေါမှုမပေါမှု (အဓိကက Battery,Charger)
7. နောက်ဆုံးတစ်ချက်က ဒီဖုန်းကိုဝယ်လိုက်လို့ခင်ဗျားရဲ့စိတ်ကျေနပ်မှုပဲ (၀ယ်ပြီးမှစိတ်မညစ်ဖို့)လောလောဆယ်ထပ်ပြီး အကြံဥာဏ်ပေးချင်တဲ့ဖုန်းတွေရှိပါတယ်။ ခင်ဗျာတို့ရဲ့စိတ်ကျေနပ်မှုနဲ့တထပ်တည်းကျချင်မှကျမှပါ။ ကြိုက်သလို့ဆုံးဖြတ်နိုင်ပါတယ်။ ကျွန်တော်တွေ့ဖူးတဲ့ဖုန်းတွေထဲက နှစ်သိန်းအောက်ကဖုန်းတွေကိုပဲအကြံဥာဏ်ပေးပါ့မယ်။ နှစ်သိန်းအထက်တွေမပြောတော့တာက သူ့ဟာနဲ့သူတမျိုးစီကောင်းကျလို့ပါ။ အထူးသဖြင့် Internal Memory အတွက်လှည့်ကြည့်စရာကိုမလိုလောက်အောင်များပါသည်။CPU ကလည်းအားလုံးလိုလို DUAL Core တွေဖြစ်ကုန်ကျပါပြီး။တစ်သိန်းအောက်ဖုန်းများZTEU795 -( Android Version ICS -4.0.4)HuaweiT8620 (Android Version ICS -4.0.4),T8828 (Android Version 2.3.6)SamsungGalaxy Pocket (Android Version 2.3.6)အဲ့ဒီသုံးမျိုးစလုံးကောင်းပါသည်။ ဒီဈေးလောက်နှင့် LENOVO,TCL ဖုန်းများသည် internal memory အရမ်းနည်းပါသည်။တစ်သိန်းနှင်းနှစ်သိန်းကြား ရွေးစရာ Model အများကြီးရှိပါသည်။HuaweiU8812,U8815,U8818,U8825,U8950,U8951,U8860,U8850,T8950,T8830,Huawei များသည် ICS နှင့်လာတာများပါသည်။SamusngMini2,ACE Advane,Ace Plus,Ace DuosSasmsung များသည် Android OS Officisl (2.3.6) ထိပဲဖြစ်ပါသည်။SonyNeoV,NEO,NeoL,Ray,Xperia U,Xperia Goအခြား Model များရှိပါသေးသည် Screen Size အရမ်းသေးသောကြောင့်မညွှန်းတော့တာပါ။ ပြောစရာရှိတာက Ray သည် Screen Size အနည်းငယ်သေးပါသည်။ သို့သော်သူမှာပါတဲ့ ကင်မရာ အတော်ကောင်းပါသည်။နောက်ပြီး Sony အခုရေးခဲတဲ့ Model များသည် ICS အထိ Update လုပ်လို့ရပါသည်။HTC တွေကိုမရေးတာက နှစ်သိန်းအောက် မှာရှိတဲ့ Explorer,Wildfire,Wildfire S အဲ့ဒီ model တွေက internal Memory အရမ်းနည်းလို့ပါ။ တခုမှာချင်တာက Huawei T8828,U8951 မြန်မာစာ ကျွန်တော်ဒီစာရေးနေတဲ့အချိန်ထိ မြန်မာစာသုံးလို့မရသေးပါ။ အဲ့ဒီဖုန်းတွေပါပဲ ဒါပေမယ် လူကြီးမင်းတို့ မျက်စိနဲ့ကြည့် ရင်ဘတ်နဲ့ထိတာဝယ်ပါ။ဆက်ပြောပါဦးမယ်Android 2.3.(1-7) -GingerBreadခောတ်နောက်ကျနေပြီးဆိုပေမယ့် အခုထိနောက်ထွက်တဲ့ android application 90% လောက်တော့သူပေါ်အလုပ်လုပ်ပါသေးသည်။ ရှေမှီနောက်မှီအနေအထားလေးမှာရှိပါသေးသည်။လူကြီးမင်းရဲ့ဖုန်းမှာပါတဲ့ Hardware ပိုင်သာကောင်းမွန်တယ်ဆိုရင် HD Game တွေဆော့လို့ရပါသည်။အကောင်းဆုံးကတော့ မြန်မာစာနေရာတိုင် မှာမှန်ပါသည် မြန်မာစာသုံးဖို့စိတ်အနှောက်ယှက်လုံးဝမဖြစ်ပါဘူး။ဘယ်လိုပဲဖြစ်ဖြစ်ခုချိန်ထိတော့ လူသုံးအများဆုံ Android Version ပါ။ ဒီမှာကြည့်ပါhttp://news.cnet.com/8301-1035_3-57561981-94/android-jelly-bean-gains-gingerbread-seeing-a-slow-fade/Android (4.0.3.-4.0.4) -Ice cream Sandwichသိသာတာကတော့ Face Unlock ဆိုတဲ့ Function လေးကဒီစနစ်မှာ စတိုးလာပါသည်။ နောက်ဆုံထွက် android application အားလုံးလိုလို အလုပ်လုပ်ပါသည်။ မြန်မာစာရေးရာတွင် Contact နှင့် Message မှတ်ဖို့၊ပို့ဖို့အဆင်ပြေပါသည်။အင်တာနက်သုံးရာတွင်မြန်မာစာ ရှေ့နောက်အနည်းငယ်လွဲပါသည်။ Fire Fox , Friden Caster, Facebook နောက်ဆုံး version နှင့်အင်တာနက်သုံးလျှင်အဆင်ပြေပါသည်။သေးစိတ်ဖတ်ချင်ရင်တော့http://www.android.com/about/ice-cream-sandwich/Android (4.1.1.-4.1.2-4.2) -Jelly BeanTocuh စနစ်ကို အရင်စနစ်တွေထက်ပိုမိုချောမွေ့ပြေပြစအောင်လုပ်ဆောင်နိုင်တယ်လို့ဆိုထားပါတယ်။ပြီးတော့ Text-to-speech ,Voice Typing ,Google Now စတဲ့ Feature တွေပါဝင်လာပါတယ်။ အဆိုးဆုံးလို့ပြောရမှာကတော့ မြန်မာစာရိုက်ရင် ဖုန်းရဲ့ဘယ်နေရာမှာရိုက်ရိုက် ရှေ့နောက်တလွဲတွေဖြစ်တာပါပဲ။သေးစိတ်ဖတ်ချင်ရင်တော့http://www.android.com/about/jelly-bean/Android OS တွေအတွက် အကြမ်းဖျင်းလေးရေးထာတာပါ။ အမှားပါရင်လည်း ကျွန်တော်ကပဲဒီနေရာကပဲစာဖတ်သူအားလုံးကိုတောင်းပန်ပါတယ်။ နှစ်သိန်းအောက်မှာရှိတဲ့ ကောင်းနိုးရာရာဖုန်းလေးတွေရှိသေးရင်ထပ်မံဖြည့်စွက်ပေးကျပါဦးဗျာ။ နောက်ဆုံးပြောချင်တာကတော့ အားလုံး ၂၀၁၃ မှာ ဖုန်းအ၀ယ်မမှားပါစေနဲ့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။
https://www.facebook.com/groups/MyanmarMobileUsers/doc/523171071040598/
By နက္ခတ် သစ် in Myanmar Mobile Users Club
အလကားဆိုတာ
သူငယ်ချင်း အချင်းချင်း အလကားလုပ်ပေးကျ၇တာများပါတယ်။ အဲ့မှာပေါ့ဗျာ.. android အတွက်ပါ။ ခင်လို့မင်လို့ ပြောတယ်...။
anti virus ဆို မတင်နဲ့မလိုဘူး.... ကိုယ်ကမတင်နဲ့ပြောတယ်...။ ဒီကောင်မရှိလို့ပြောတာဆိုပီး တခု ၂၀၀၀နဲ့ ဆိုင်တွေမှာသွားတင်တယ်။
Go Launcher မတင်နဲ့ ထထလင်းတယ်ပြောတယ်။ ကိုယ့်မပြောရဲတော့ ရတဲ့ဆိုင်သွား ပိုက်ဆံပေးတင်တယ်။
Live wallpaper လှလှလေးတင်ပေးပြောတယ်။ မင်းအဲ့စကရင်ကြီးကြည့်ပီး ဖီးလ်ခံမလို့လား လကားဘက်ထွီကုန် စက်လေး လို့ပြောတယ်။ မရပြန်ဘူး။
screen lock and off ဘာညာသာရကာ မတင်နဲ့သူလဲ တခါတခါ ထထလင်းတယ်ပြောတယ်။ ပါလာတဲ့ lock ခလုပ်သေအောင် နှိပ် တနေ့ မင်းဘယ်နှကြိမ်နှိပ်မှာတုန်းပြောတယ် မရဘူး။ ထိုနည်း၎င်းပဲ။
Y လောက်၊ u8650 u8660 လောက်ကို jelly bean တို့ ics တို့ တင်ချင်တယ်။ ကျုပ်အတွက် ဘာခက်သလဲ ရအောင် ရှာတင်ပေးမှာပေါ့။ သူငယ်ချင်း မတင်ပါနဲ့... အဲ့တာတွေက official တွေမဟုတ်ဘူး custom rom လို့ခေါ်တယ်...။ bugs တွေ ပါရင် မင်းမရှင်းတတ်လောက်ဘူး။ နှံပြည်စုတ်ကို အမြောက်နဲ့ မချိန်ချင်စမ်းပါနဲ့ ပြောတယ် မရဘူး။ ၁သောင်းလောက်အကုန်ခံပီး သွားတင်တယ်။ခန နေ တော့ အဖေကယ်ပါ အမေကယ်ပါနဲ့ ကိုယ့်ဆီပြန်ရောက်လာတယ် wifi မရဘူး။ bluetooth on လိုက်တာနဲ့ စက်ကဟန်းသွားတယ်။ ပြန်ချပေးပါတဲ့။
ကိုယ်ကလိုအပ်သလောက်ပဲ ထဲ့ပေးတယ် အကောင်းဆုံးတွေထဲက တမျိုးတခုဆီပေါ့။ အာသာမပြေဘူး။ အမျိုးအစားတူတွေကို တမျိုး သုံးလေးခု ပိုက်ဆံအကုန်ခံပီး သွားသွားတင်တယ်။
ကွယ်ရာကျပြောသေးတယ်။ ဒီကောင်က လက်တည့်စမ်းနေတာ ပိုက်ဆံမယူဘူးလေ ကြည့်ပါလား။ ဟိုကမှ တကယ်တတ်တာ ငါ root ပြန်လုပ်တာ၁သောင်းခွဲတောင် ပေးရတယ်။ ဘာညာနဲ့ပြန်ပြောတယ်။ ပိုက်ဆံများများတောင်းမှ ကောင်းတယ်ထင်တာကိုး။ လကားဆိုတာ လူတိုင်းအတွက်တော့ မဟုတ်ဘူးဗျ။
ခက်တော့လည်းခက်သားလားကျုပ်ကိုက လျာရှည်တာ သူ့စက်သူ့ဖုန်း သူတင်ချင်တာတင်မှာပေါ့... ဆရာသွားသွားလုပ်တာကိုက ကိုယ့်အမှား။ကျနော့်နိုတီဘားဆို ဘာမှမရှိပဲ အရှင်းပဲထားတယ်။ ယုတ်စွအဆုံး battery icon တောင် ဖျောက်ထားပီး battery bar ဆိုတာ အပေါ်ဆုံးမှာတင်ထားတယ်။
https://www.facebook.com/groups/MyanmarMobileUsers/doc/511950152162690/
By Myat Htun Thit in Myanmar Mobile Users Club
Tuesday, December 4, 2012
Knowledge for Android CPU Governors
By စိုင်း အာ ကာ in Myanmar Mobile Users Club Knowledge about CPU Governor !!Android ဖုံးတွေမှာ CPU overclock လုပ်တဲ့အခါ Governor လေးတွေရှိပါတယ် ... အဲ့ဒါတွေက ကိုယ့်ဖုံးရဲ့ Performance တွေ Battery Life တွေ စတာတွေကို လိုအပ်သလိုထိန်းညှိပေးနိုင်ပါတယ် ... ။
Custom ROM (or) Custom Firmware တင်ထားတဲ့ ဖုံးတွေမှာ တိုက်ရိုက် Overclock လုပ်နိုင်သလို Governors တွေကိုလည်း တိုက်ရိုက် ပြောင်းနိုင်ပါတယ် .... ။
Stock ROM (or) Original Firmware ပဲတင်ထားတဲ့ ဖုံးတွေမှာဆိုရင်တော့ Root access ရရှိပြီးရင်ကိုယ့်ဖုံးကို CPU overclock ပြုလုပ်နိုင်ပါတယ် .... ။ CPU overclock ပြုလုပ်တဲ့ app တွေလည်းအများကြီးရှိပါတယ် ...
CPU overclock ပြုလုပ်ခြင်းအားဖြင့် မိမိတို့ဖုံးရဲ့ Performance ကို အနည်းနဲ့အများ ပိုမိုကောင်းမွန်လာစေပါတယ် .. ။
CPU Governors လေးတွေကို ဘယ်လိုထားရမလဲ .. ဘာက ဘယ်လိုအားသာတယ်ဆိုတာလေးတွေကို ပြောပြချင်တာပါ .... ။ Governors က (၁၂) မျိုးတောင်ရှိတယ်ဗျ .. အသုံးများတာကိုပဲ ပြောပြပါမယ် ... ။
(1). OnDemand >> မိမိသတ်မှတ်ထားတဲ့ အနိမ့်ဆုံး CPU Frequency ကနေ အမြင့်ဆုံးကို ချက်ချင်း ပြောင်းလဲ ပေးနိုင်ပါတယ် ... ။ ဒါကြောင့်မိမိလိုအပ်သလောက်ကို ချက်ချင်းပြောင်းလဲပေးနိုင်ပါတယ် .. ။
(2). Interactive >> သူကတော့ Ondemand နဲ့တူပါတယ် .. ကွဲပြားတဲ့အချက်ကတော့ မိမိသတ်မှတ်ထားတဲ့ CPU Frequency ကို အနိမ့်ဆုံးစကေးကနေ အမြင့်ဆုံးကို ပြောင်းမယ်ဆိုရင် Ondemand ထက်ကိုပိုမြန်ပါတယ် ...
(3). Lagfree >> သူလည်း Ondemand နဲ့ဆင်တူပါတယ် .. ။ ကွဲပြားတာက သူက အမြင့်ဆုံး Frequency ကိုတက်ရင် ကြားမှာရှိတဲ့ စကေးတွေအကုန်လုံးကို မကျော်ပဲတက်သွားတာပါ ... ဘက်ထရီပိုစားတယ် ... ဒါပေမဲ့ 100% အမြင့်ဆုံး Frequency ကိုရောက်ရှိပါတယ် ... ။ သိပ်တော့သုံးလို့မကောင်းပါဘူး ... တချက်ချက်ကျရင် အနိမ့်ဆုံးကနေ အမြင့်ဆုံးရောက်ဖို့ကို တဆင့်ချင်းသွားရတဲ့အတွက် တချက်ချက်မကောင်းပါဘူး ... ။
(4). Performance >> သူက အနိမ့်ဆုံးနဲ့ အမြင့်ဆုံး Frequency က တူတူပါပဲ ... Performance Benchmark တွေကို သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ တိုင်းတဲ့အခါ ကောင်းမွန်တဲ့ ရလာဒ်ကိုရရှိနိုင်ပါတယ် ... မကောင်းတာကတော့ ဘက်ထရီစားတယ် ... ဖုံးကကြာလာရင် Heat တက်လာတယ် စတာတွေဖြစ်ပါတယ် ... ။
(5). Power Save >> သူကတော့ Performance နဲ့ ပြောင်းပြန်ပါ ..။ အနိမ့်ဆုံးပဲထားထားတာပါ ... ဘက်ထရီကုန်သက်သာတယ် ... နောက်ပြီးနည်းနည်းတော့ လေးတာပေါ့ .... ဒါပါပဲ . ။
(6). Smartass >> သူက အနိမ့်ဆုံးမှာ ဘက်ထရီကြာကြာခံတယ် ... ပြီးတော့ Lower Frequency ကို Sleeping အချိန်မှာ 352 MHz အဖြစ်သတ်မှတ်ပါတယ် .. တကယ်လို့ မိမိက 254 MHz တစ်ခုခုထားလိုက်တယ်ဆိုရင်တော့ မိမိသတ်မှတ်တဲ့အတိုင်းပဲ ထားပါတယ် ... ။ Default Min Frequency ကတော့ 352 MHz ပါ ... ။
(7). Smartass V2 >> သူက smartass ကနေ ခွဲထွက်တာပါ .. ။ သူက Screen Off လုပ်တဲ့အခါ အနိမ့်ဆုံး ကိုချက်ချင်းရောက်ပြီး Screen On တဲ့အခါ အမြင့်ဆုံးကိုချက်ချင်းရောက်ပါတယ် ... သူရဲ့ရည်ရွယ်ချက်က Performance & Battery ကို Balance ဖြစ်စေဖို့အတွက်ပါပဲ ... ။
တော်တော်များများကတော့ ပုံစံတူတွေပါပဲ ... အင်္ဂလိပ်လိုဖတ်ရမှာပျင်းတဲ့ ဘော်ဒါတွေအတွက် ဖတ်ပေးတာပါ ... ကျွန်တော် ဘာသာပြန်တာလည်း မှားတာလည်း ပါရင်ပါမပေါ့ ... ။ အားလုံးပဲ မိမိတို့ရဲ့ ဖုံးကို စိတ်ကြိုက်ကလိနိုင် ကြပါစေ ... ။
Credit To >> xda developers, Google
app name for overclocking CPU
1. SetCPU.
2. No-frills CPU.
3. Tegrak Overclock.
ကျေးဇူးတင်ပါတယ် ...
စိုင်းအာကာ (MMUC)
Like · · Report · Sunday at 12:48pmhttps://www.facebook.com/groups/MyanmarMobileUsers/doc/508096839214688/
data ချွေတာရေး နည်းလမ်းများ
By Kaung Thet Han in Myanmar Mobile Users Club
ဒေတာ ကို volume နဲ့ကောက်တာကို သဘောကျပေမဲ့ ဈေးနှုန်းကိုတော့ ခုထိ သဘောမကျသေးပါ။ ဒါပေမဲ့ မရှိရင် ရှိတာနဲ့ သုံးရမှာ မို့လို့ ပိုက်ဆံ သက်သာမယ့် နည်းလမ်းတွေ ကို ဝေမျှချင်ပါတယ်။
1) ကိုယ်မသိပဲ သုံးနေသော data များကို ပိတ်ပြစ်ပါ။
- Android နဲ့ iOS က background service တွေတော်တော်များပါတယ်။ Android ကပိုဆိုးပါတယ်။ Google က statistical data တွေ collect လုပ်တာမို့လို့ပါ။ ကြားထဲ က Google အပြင် samsung တို့ htc တို့ကပါ ပါ တတ်ပါသေးတယ်။ ဒါ ကြောင့် တစ်ခါတစ်လေ Help improve google by sending your data blah blah blah ဆိုတာမျိုးတွေ တွေ့ရင် လုံးဝ သဘောမတူပါနဲ့။
- Android နဲ့ iOS က background service တွေတော်တော်များပါတယ်။ Android ကပိုဆိုးပါတယ်။ Google က statistical data တွေ collect လုပ်တာမို့လို့ပါ။ ကြားထဲ က Google အပြင် samsung တို့ htc တို့ကပါ ပါ တတ်ပါသေးတယ်။ ဒါ ကြောင့် တစ်ခါတစ်လေ Help improve google by sending your data blah blah blah ဆိုတာမျိုးတွေ တွေ့ရင် လုံးဝ သဘောမတူပါနဲ့။
- Sync service တွေကလည်း ဒေတာတော်တော် စားပါတယ်။ ဖြစ်နိုင်ရင် အဲဒါတွေကို ပိတ်ထားရင် သက်သာပါတယ်။ ကျွန်တော်စမ်းဖွင့်ထားကြည့်တာတော့ တစ်နာရီ မှာ ၂၀၀ kb လောက်တက်ပါတယ်။ တစ်ခြားဖုန်းတွေတော့မသိပါ။ eg. dropbox, evernote
- Sync service တွေကလည်း ဒေတာတော်တော် စားပါတယ်။ ဖြစ်နိုင်ရင် အဲဒါတွေကို ပိတ်ထားရင် သက်သာပါတယ်။ ကျွန်တော်စမ်းဖွင့်ထားကြည့်တာတော့ တစ်နာရီ မှာ ၂၀၀ kb လောက်တက်ပါတယ်။ တစ်ခြားဖုန်းတွေတော့မသိပါ။ eg. dropbox, evernote
- Android ဖုန်းတွေမှာ Auto refresh လုပ်တဲ့ app တွေကို refresh interval ပြောင်းပါ။ 12 hourly တို့ 24 hourly တို့ ဒါမှ မဟုတ်ရင် manual refresh လုပ်ပါ။
- Android ဖုန်းတွေမှာ Auto refresh လုပ်တဲ့ app တွေကို refresh interval ပြောင်းပါ။ 12 hourly တို့ 24 hourly တို့ ဒါမှ မဟုတ်ရင် manual refresh လုပ်ပါ။

- android ရဲ့ တစ်ချို့ free application တွေက ကြော်ငြာ ၀င် တတ်ပါတယ်။ ကြော်ငြာတွေကလည်း data စားပါတယ်။ ကြော်ငြာတွေ ပိတ်လို့ရတဲ့ adbloker တွေရှိပါတယ်။ ကျွန်တော်က တော့ ROM Toolbox Pro ကိုသုံးပါတယ်။ lucky patcher နဲ့လည်း Google ads တွေ remove လုပ်လို့ရပါတယ်။ အဲဒါတွေ မလုပ်တတ်ရင်တော့ မလိုအပ်တဲ့ applications တွေကို uninstall လုပ်ဖို့ အကြံပြုပါတယ်။
- တစ်ချို့ battery saving လုပ်တဲ့ app တွေ က background service တွေ background data connection တွေကို ပိတ်ပေးပါတယ်။ eg.JuiceDefende
r
2) data compression ပါတဲ့ mobile web browser များကို အသုံးပြုခြင်း
- ဒီနေရာမှာ နံပါတ် ၁ လမ်းညွှန်ချင်တာက Opera Mini Web browser ဖြစ်ပါတယ်။ ပုံမှန်အား ဖြင့် ၈၅%
လောက်သက်သာပါတယ်။ 10 MB လောက်ကုန်မဲ့နေရာ မှာ 1.5 MB လောက်နဲ့ အလုပ်ဖြစ်ပါတယ်။
ဒါတောင် image resolution ကို high level ထားထားတာပါ။ ထပ်ပြီး saving ဖြစ်ချင်တယ်ဆိုရင်တော့
low image resolution အထိထားလို့ရပါတယ်။ ဒါပေမဲ့ opera mini က web page တွေ loading လုပ်တာ
နှေးပါတယ်။ မြန်မာစာလည်း မမှန်ပါဘူး။ Android, iOS, Symbian, Java အစရှိ OS အကုန်လုံးမှာ
opera mini ကို အသုံးပြုနိုင်ပါတယ်။

- နံပါတ် ၂ ကတော့ UC browser ဖြစ်ပါတယ်။ ဒီ browser ကလည်း OS အကုန်လုံးမှာ အသုံးပြုနိုင်ပါတယ်။
ဒီ browser ကလည်း compression 90% လောက်ရတဲ့ browser ဖြစ်ပြီး web page loading တွေ
အရမ်းမြန်ပါတယ်။ ဒါပေမဲ့ Opera mini လောက် အသုံးပြုရတာ မလွယ်ကူပါဘူး။ မြန်မာစာ ပေါ်တာ မှန်ပါတယ်။

- အဲဒီ ၂ ခုလုံးမကြိုက်လို့ တစ်ခြား browser တွေပဲ သုံးခြင်တယ် ဆိုရင် Mobile view တွေကို ကြည့်ပါ။
mobile data က ဈေးကြီး လွန်းတော့ website တော်တော်များများက mobile view နဲ့ desktop viewဆိုပြိး ခွဲထားပါတယ်။ desktop view ကို မှ ၀င်ကြည့် ချငတယ် ဆိုရင်တော့ data ၄ ဆ - ၅ ဆလာက်ပိုကုန်ပါလိမ့်မယ်။ 3) သုံးမယ့်ဒေတာ ကို limit လုပ်ပါ။
- Android မှာ ဆိုရင်တော့ Settings ထဲမှာ data limit လုပ်လို့ရပါတယ်။ data counter widget တွေလည်းရှိပါတယ်။

- <ပန်းသီးမှာ တော့ မသိပါ။ သိသူများ edit ၀င်လုပ်နိုင်ပါသည်>
4) နောက်ဆုံး နည်းကတော့ data ကို ပိတ်ထားပါ။ ပိုက်ဆံကုန် သက်သာတဲ့ အပြင် battery စားလည်း သက်သာပါတယ်။ https://www.facebook.com/groups/MyanmarMobileUsers/doc/506787652678940/
Like · · Report · November 29 at 9:09pm
Sunday, December 2, 2012
Download ဆွဲရာတွင် Resumeလင့်ရအောင်လုပ်နည်းလေးပါ
Download ဆွဲရာတွင် Resumeလင့်ရအောင်လုပ်နည်းလေးပါ ရတဲ့လင့်များကတော့
hotfile.comExtabit.comRapidshare.comnetload.inuploaded.net တို့ပါ
DHG မှ Ko Elvic Jame ပြုစုထားသော Doc လေးကို ရှယ်ပေးလိုက်ခြင်းဖြစ်ပါတယ်
ခုအောက်ကကျွန်တော်ပေးတဲ့ Link လေးမှာ Sign Up လုတ်လိုက်ပါ
http://trunkize.com

ညာဘတ် အပေါ် ဆုံးနားမှာရှိတဲ့ Sign Upကိုနှိတ်လိုက်ရင်နောက် PAge တခူမှာ Connect with Facebook ဆို တဲ့ BOX လေးတွေပါလိတ်မယ်အဲ့ဒိအချိန်မှာကိုရဲ့ Facebook accont လေးကို ဖွင့်ထားရင်ပိုကောင်းပါတယ်
Connect to Facebook ကိုနှိတ်လိုက်ပါ။ပီးရင် facebook ထဲရောက်သွားပီးတော့ Goto App စိုတဲ့ Box လေးကို ထပ် နှိတ်လိုက်ပါFiile Link ထဲ့လို့ရတဲ့ Page တခူ ပေါ်လာပါလိတ်မယ် အဲ့ဒိမှာ Download လုတ်ချင်တဲ့ File Link ကို Copy/Paste လုတ်ပြီးထဲ့ပြီးရင်အောက်မှာ Add File ဆိုတာတွေပါလိမ့်မယ် အဲ့ဒါလေးကိုနှိတ်လိုက်ပါ။Download လုတ်လို့ရမဲ့ Link ကို ပြန်ပေးပါလိမ့်မယ် စဆွဲလို့ရပါပြီ။ Resume ရပါတယ် Free Stroage 2GB ထိ ရပါတယ်
Support ပေးတဲ့လင့်တွေကတော့
hotfile.comExtabit.comRapidshare.comnetload.inuploaded.netတို့ပါ အဲ့ဒိမှာကိုတင်လိုက်တဲ့ Link ကို သူမျာ:ကိုပြန်ပြီး Share လို့ သူများကလာဆွဲရင် တစ်ခါကို 120 MB Quota ထက်ပေးပါတယ် ( Example 2Gb + 120 MB) စမ်းကြည့်ကျပေါ့ဗျာအမှားပါခဲ့ရင်ခွင့်လွှစ်ပါကျွန်တော်လဲလတ်ရှိအဲ့ဒိလိုပဲသုံးနေပါတယ်အစင်ပြေပါတယ် ။
http://www.facebook.com/groups/downloadhelper/ ဆိုက်လေးမှ Ko Elvic Jame ပြုစုထားသော Doc လေးကို ရှယ်ပေးလိုက်ခြင်းဖြစ်ပါတယ် ပညာတွေတိုးပွားအောင် မျှဝေပေးတဲ့အတွက် DHG အဖွဲ့သားအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ် ။
By Djjoe Man i
https://www.facebook.com/groups/MyanmarMobileUsers/doc/502364039787968/
hotfile.comExtabit.comRapidshare.comnetload.inuploaded.net တို့ပါ
DHG မှ Ko Elvic Jame ပြုစုထားသော Doc လေးကို ရှယ်ပေးလိုက်ခြင်းဖြစ်ပါတယ်
ခုအောက်ကကျွန်တော်ပေးတဲ့ Link လေးမှာ Sign Up လုတ်လိုက်ပါ
http://trunkize.com

ညာဘတ် အပေါ် ဆုံးနားမှာရှိတဲ့ Sign Upကိုနှိတ်လိုက်ရင်နောက် PAge တခူမှာ Connect with Facebook ဆို တဲ့ BOX လေးတွေပါလိတ်မယ်အဲ့ဒိအချိန်မှာကိုရဲ့ Facebook accont လေးကို ဖွင့်ထားရင်ပိုကောင်းပါတယ်
Connect to Facebook ကိုနှိတ်လိုက်ပါ။ပီးရင် facebook ထဲရောက်သွားပီးတော့ Goto App စိုတဲ့ Box လေးကို ထပ် နှိတ်လိုက်ပါFiile Link ထဲ့လို့ရတဲ့ Page တခူ ပေါ်လာပါလိတ်မယ် အဲ့ဒိမှာ Download လုတ်ချင်တဲ့ File Link ကို Copy/Paste လုတ်ပြီးထဲ့ပြီးရင်အောက်မှာ Add File ဆိုတာတွေပါလိမ့်မယ် အဲ့ဒါလေးကိုနှိတ်လိုက်ပါ။Download လုတ်လို့ရမဲ့ Link ကို ပြန်ပေးပါလိမ့်မယ် စဆွဲလို့ရပါပြီ။ Resume ရပါတယ် Free Stroage 2GB ထိ ရပါတယ်
Support ပေးတဲ့လင့်တွေကတော့
hotfile.comExtabit.comRapidshare.comnetload.inuploaded.netတို့ပါ အဲ့ဒိမှာကိုတင်လိုက်တဲ့ Link ကို သူမျာ:ကိုပြန်ပြီး Share လို့ သူများကလာဆွဲရင် တစ်ခါကို 120 MB Quota ထက်ပေးပါတယ် ( Example 2Gb + 120 MB) စမ်းကြည့်ကျပေါ့ဗျာအမှားပါခဲ့ရင်ခွင့်လွှစ်ပါကျွန်တော်လဲလတ်ရှိအဲ့ဒိလိုပဲသုံးနေပါတယ်အစင်ပြေပါတယ် ။
http://www.facebook.com/groups/downloadhelper/ ဆိုက်လေးမှ Ko Elvic Jame ပြုစုထားသော Doc လေးကို ရှယ်ပေးလိုက်ခြင်းဖြစ်ပါတယ် ပညာတွေတိုးပွားအောင် မျှဝေပေးတဲ့အတွက် DHG အဖွဲ့သားအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ် ။
By Djjoe Man i
https://www.facebook.com/groups/MyanmarMobileUsers/doc/502364039787968/
Saturday, December 1, 2012
ကျနော် MMUC ထဲကို ဘယ်လိုရောက်လာသလဲ ဆိုတော့…
- ကျနော် MMUC ထဲကို ဘယ်လိုရောက်လာသလဲ ဆိုတော့… by Myat Tun Thit
အဲ့အချိန်က မှတ်မှတ်ရရ ဆိုင်မှာ Mcwill တွေ ချပေးခါစက ဆရာဝန်တစ်ယောက် internet speed စမ်းမယ်ဆိုပီး သူ့ facebook ကိုဖွင့်ပီးစမ်းတော့..။ သူနဲ့လဲ နဲနဲရင်းနှီးတာနဲ့ ကိုမောင်မောင်ဦးတို့ကတော့ ပြထားပြန်ပီဆိုပီး ဆရာ့ရဲ့ photo album တစ်ခုကို ပြတယ်..။ SII နဲ့ 4s ကို ယှဉ်ရိုက်ထားတဲ့ပုံလေး….။အဲ့ album မှာသတိထားမိတာက သူတို့ ပန်းသီး နဲ့စက်ရုပ် ဘယ်သူကောင်းတယ်ဆိုပီး ငြင်းနေကျတယ်။ ကျွန်တော်က အဲ့အချိန်က SII ကိုင်နေချိန်ဆိုတော့ အဲ့ဒီ album လေးကိုမှတ်ထားလိုက်တယ်.။
ညကျတော့ အဲ့ဆရာရဲ့ profile ကို search မှာရှာတယ်..။ ပီးတော့ သူ့ friend ထဲကမှ တဆင့် နံမည်မမှတ်မိတော့လို့ ဆရာ မောင်မောင်ဦး နာမည်ကို ရှာရတယ်..(ဆရာနဲ့ လုံးဝ မရင်းနှီးသေးပါ)။ ပီးတော့မှ ဆရာ့ကို add ပီး ကျနော်သွားချင်တဲ့ ဆရာ့album အောက်ကိုသွား ဖတ်တယ်။ ဖတ်ရင်းနဲ့ သူ့ဖုန်းသာတယ် ကိုယ့်ဖုန်းသာတယ်ပြောကျတာပေါ့ဗျာ။ ပျော်စရာကြီးပါ ။ (ဘာလို့ပျော်သလဲ ဆိုတော့ အဲ့မှာ ပြောဆိုနေတဲ့ တရုတ်ကလေး နှစ်ယောက်က လွန်စွာမှ ချစ်စရာကောင်းတဲ့ ပန်းသီးလေးနှစ်လုံး ဖြစ်နေလို့ပါပဲ..)။ ကျနော်တို့ တတ်နိုင်သမျှ technical ဘောင်အတွင်းကနေပဲ ပြောကျတယ်။ ပျော်ဖို့ကောင်းတယ်..။
အဲ့ဒီမှာ ဆရာက တစခန်းထတာပဲ။ Group တစ်ခု ကောက်ထောင်လိုက်တယ်..။ Myanmar Mobile Users Club ပေါ့။ ဒီဘက်မှာ ခင်ဗျားတို့ ဆက်ပြောကျတဲ့.. ဟိုမှာက ပို့ ၁၅၀ ကျော်နေပီတဲ့။ ကျနော်တို့ ဆက်လက်ဆွေးနွေးကျတယ်…knowledgeတွေ ရှယ်တယ်။ ပြောရင်း ရှယ်ရင်းနဲ့ သူထဲ့ကိုယ်ထဲ့မန်ဘာ ၃၀ လောက်ဖြစ်သွားတယ်..။ အဲ့ဒီထဲ့တဲ့အထဲမှာ ကိုကျော်သန်းအောင်တို့ ကိုနှဲကြီးတို့ ကိုဝူယုကိုင်းတို့ ပါလာတယ်။ အဲ့ဒီမှာပဲ ကိုယ့်ဘက်ကို ပါစေချင်ကျတော့ android အကြောင်းလာမေးရင် ကျနော်နဲ့ ဇယားက ဒိုင်ခံ သိသလောက် မှတ်သလောက် ရွှီးရွန်းပီး ဖြေတယ်...။ ပန်းသီးအကြောင်း လာမေးရင် ဟိုချစ်စရာ တရုတ်ကလေး နှစ်ကောင် က ဒိုင်ခံဖြေတယ်..။ ဖြေလိုက် ငြင်းလိုက်နဲ့ ပန်းသီးတွေနဲ့ ကျနော်တော်တော်လေးကို ရင်းနှီးသွားတယ်။
အဲ့မှာ မှတ်မှတ်ရရ iphone4s ထွက်တယ်..။ 4s ဆိုတော့ မိတ်ဆွေတို့သိတဲ့အတိုင်း ပန်းသီးသမားတွေ သူတို့ ထင်သလောက် ဖြစ်မလာတော့ ခေါင်းတောင် မထောင်နိုင်ဘူး ကျနော်တို့ပြောတာ။
အမှန်က ဒိုင်ခံသာဖြေနေတာ.. အကုန်သိလို့မဟုတ်ဘူး..။ professional တွေရောက်လာမှ ပိုမြိုင်တာ။ ကျနော်တို့ ဖြေရှင်းပေးနေတာတွေ သူတို့တွေ့တယ်..။ အစပိုင်းကတော့ ၇ိသလို ထေ့သလိုနဲ့ အမှန်ပြင်ပေးတာပေါ့။ ဒါပေမယ့် ဒီဂရုရဲ့ ဦးတည်ချက်ကို သူတို့သိသွားတဲ့နောက်ပိုင်း သူတို့ကိုယ်တိုင်က အစ အားကျိုးမာန်တက်နဲ့ ဖြေပေးကျတယ်။
မန်ဘာ၅၀ ကျော်သွားပီးနောက်ပိုင်း ဘယ်လိုက ဘယ်လိုသိကျတယ်မသိဘူး ကိုယ့်ဟာကို အက်ဒ်စရာမလိုတော့ဘူး professional တွေကော end user တွေကော ဘာမှ မသိမတတ်တဲ့သူတွေကော ရောက်လာတယ်..။ ပိုပြီး မြိုင်လာတယ်..။ ပိုပြီးစည်လာတယ်…။ လူများတော့ experience ကလည်း အစုံဆိုတော့ ကူညီပေးကျတာတွေက ပိုပြီးကောင်းလာတယ်…။ ANDROID လာလာ apple လာလာ symbian လာလာ ဘာလာလာဒေါင်းတဲ့ MMUC ဖြစ်လာတယ်.။
အဲ့ဒီမှာ လူများလာတော့ ထုံးစံအတိုင်း ကြေငြာသဘောမျိုးတွေ ပါလာတယ်..။ ဆိုက်ဒ်ကြေငြာတွေ .. ကုန်ပစည်းကြေငြာတွေ။ ကျနော်သဘောမတွေ့ဘူး.. သဘောမတွေ့ဘူးဆိုတာက ဒီလို Group နဲ့ပါတ်သက်ရင် ဘာကူညီမှု့မှ မရှိဘူး ဘာ knowledge မှ မမျှဝေဘူး..။ ဘလိုင်းချည်းသက်သက် လာကြေငြာတယ်…။ ကျနော့်အမြင်မှာ အယူပဲ ရှိတယ် အပေးမရှိဘူးလို့ ထင်လာတယ်။
နောက်ပိုင်း ဘယ်လောက်ဆိုးလာသလဲ ဆို MMUC Group ထဲက professional တွေ သူတို့ဟာသူတို့ စမ်းပီး သိတဲ့ အသိတွေကို ဝေမျှတာကို ယူသုံးတယ်..။ သုံးပီး ဘာလုပ်လဲဆိုတော့ သူတို့ဆိုက်ဒ်တွေမှာတင်တယ်…။ တင်ကားတင်အိ။ ဘယ်ကရတာပါ ဘယ်သူညွန်းတာပါဆိုတာမပါဘူး။ မပါတဲ့အပြင်ကို အဲ့လိုတင်ထားတာကို ဒီဘက်မှာ ပြန်ပို့တင်ပီး သူ့တို့ ဆိုက်ဒ်တွေကို လာဖို့ဆွယ်တယ်..။ အဲ့တာမျိုးတွေ ပထမဆုံး ခံရတာက ခင်ဗျားတို့ ကျနော်တို့ သိတဲ့ စိုင်းညီလေးပို့စ်တွေ..။ သူကလူအေးဆိုတော့ ပြနာ မရှိဘူး ဘာမှ မပြောဘူး။
နောက်ပိုင်း professionalတွေ ထပ်ရောက်လာတယ်…။ ကိုဂျေဘီတို့ ကိုစိုးဝင်းတို့ ကိုမြင့်မြတ်တို့ ကိုသူရိန်တို့ တခြားend user ထဲက တော်တော်သိတဲ့သူတွေစသည်ဖြင့်ပေါ့။ အဲ့လိုမျိုးတွေထပ်ဖြစ်တယ်။ ဒါပေမယ့်ဗျာ လူပဲ ကိုယ့်ကို အသုံးချခံနေရတော့ ဘယ်နေတော့မလဲ အဲ့တော့ ပြောတော့တာပေါ့..။ အဲ့ဒီအချိန်ကနေစပီး အဲ့ ဆိုက်ဒ်ပိုင်ရှင်လေးလဲ မလာတော့ဘူး။ သူ့ဟာသူ တစင်ထောင်တယ်..။ သူ့ ဟာသူ နာမည်ဆင်တူ group တစ်ခုဖွဲ့တယ်..။ ဒါလည်းကောင်းပါတယ်လေ နှစ် group ရှိတော့ အကူအညီတောင်းဖို့ နေရာနှစ်နေရာရှိသွားတာပေါ့။ ကြားထဲ လာလာပီး မွေနောက် ပြသနာရှာကျတဲ့သူတွေ ကလည်းရှိခဲ့ဘူးတယ်။ ဒီလိုပဲ ဖြေရှင်းလိုက် ကျ မန့်လိုက်ကျနဲ့ပေါ့။ နောက်ပိုင်း MMUC ထဲကို ဆိုင်ပိုင်ရှင်တွေ ဖုန်းသွင်းနေတဲ့သူတွေပါ ရောက်လာတယ်..။ ဖုန်းဈေးတွေက အစ ဖုန်းပစည်းတွေ ဘာက ပိုကောင်းတယ်.. ဘယ်ဟာဈေးသင့်တယ်ဆိုတာ ဖြေနိုင်လာတယ်..။
နောက်ပိုင်း နောက်ပိုင်း စရင်း နောက်ရင်း ဖြေရင်း ရှယ်ရင်း ခုလို ခင်ဗျားတို့သိတဲ့ မန်ဘာ ၅၀၀၀ ကျော်နေတဲ့ MMUC ဆိုတာ ဖြစ်လာတာပဲ။ ဘာလို့လူများလဲဆိုတော့ ဒီထဲမှာ အက်တစ်ဖြစ်သူ အများစုက စတတ် နောက်တတ် ပေါက်ကရပြောတတ်တော့ ရင်းနှီးလွယ်တယ်။ ပြီးတော့ ဇီးကွက်တွေများတယ်။ ညဘက်လဲ မအိပ်ကျဘူး။ ညဘက်ကိုတောင် မေးခွန်းတစ်ခုခုမေးလိုက်ရင် မိနစ်ပိုင်းနဲ့ ရကျတာများတယ်။ (အရမ်းခက်တဲ့ ဖြေရမှာ ရှည်မဲ့ဟာမျိုးတော့ ကြာတတ်တာပေါ့)။ ကြားထဲမှာ ၀င်လာလိုက်ကျ မပျော်တော့ရင် ပျင်းသွားရင် ထွက်သွားလိုက်ကျနဲ့ အက်တစ်ဖြစ်ခဲ့တဲ့ မန်ဘာတွေ လဲ အစုံပဲ။ သူတို့တွေကြောင့်လဲ MMUC ဆိုတာ ပိုမြိုင်သွားတာ။ နောက်ပိုင်းလာတဲ့သူတွေကိုလဲ အဲ့လို ပဲ ရှယ်နိုင်ပါစေ မျှနိုင်ပါစေ ရန်ရှာတဲ့သူတွေမပါစေဖို့ မျှော်လင့်ရတာပဲ..။
ကျနော် MMUC ၁နှစ်ပြည့် မန်ဘာ ၅၀၀၀ ပြည့်အမှတ်တရ မှတ်မိသလောက် ရေးထားတာပါ။ ကြားထဲမှာ အတွင်းခံ အပြင်ထုတ်ဝတ်တဲ့ စူပါဟီးရိုးမန်ဘာတွေ ရဲ့ အကြောင်းတွေ ဂျာနယ်လုပ်ဖို့ ကောက်ရိုးမီးလုပ်ခဲ့တဲ့အကြောင်းတွေ မရေးထားပါဘူး။ ချစ်စရာကောင်းတဲ့ တရုတ်ကလေး နှစ်ကောင်ကတော့ အမေးဇင်းနဲ့ ဒေးဒေးပါ။
- ကျနော် MMUC ထဲကို ဘယ်လိုရောက်လာသလဲ ဆိုတော့… by Kyaw Than Aung
ကျနော့်အဖြစ်က ကိုခက်နဲ့ လားလားမှမဆိုင်၊ တစ်မျိုးတစ်ဘာသာကွဲလွဲနေလိမ့်မယ်ထင်တယ်။
ကျနော်ဒီထဲရောက်လာတာက နည်းနည်းထူးဆန်းတယ်။ ဘယ်သူမှခေါ်လို့လည်းမဟုတ်၊ ကိုယ်တိုင်လည်း မိုဘိုင်းအကြောင်းသိချင်လို့လည်းမဟုတ်ဘူးခင်ဗျ၊ တောင်းပန်ချင်တဲ့စိတ်တစ်ခုနဲပဲရောက်လာတာ၊
ဖြစ်ပုံကဒီလို.....ဒီဂရုပ်ထဲမရောက်ခင်က ဆရာဝန်တွေစုပြီးဖွဲ့ထားတဲ့ ဂရုပ်တစ်ခုရှိခဲတယ်(နာမည်မမှတ်မိတော့)၊ အဲ့ဒီမှာကျနော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီးဆရာမောင်မောင်ဦးက Admin တစ်ယောက်အနေနဲ့အသုံးတော်ခံနေချိန်ပေါ့၊ ဆရာ့ကိုလည်းမသိဘူး Admin မှန်းလည်းမသိခဲ့ဘူး ၊ Group ဆိုတဲ့ Feature အသစ်လေး Facebook ကစပေးချိန်ဆိုတော့ ဟိုဟာလည်းဝင် ဒီဟာလည်းဝင် ပါလေရာ ငပိလိုက်ချက်နေချိန်ပေါ့။ ဆေးပညာအကြောင်းဆွေးနွေးရာကနေ ဂျာနယ်တွေက ဆရာဝန်တွေကို အထင်အမြင်သေးအောင် ရေးသားစွတ်ဆွဲနေချိန်မှာ အဲ့ဒီ Group ထဲမှာ ကတောက်ကစတွေဖြစ်ကြတယ်၊ ကျနော်ပေးတဲ့ ဥပမာလေးတစ်ခုက အစပြုပြီး အကြီးအကျယ် စကားများစရာတွေဖြစ်သွားခဲ့တယ်၊ ဆရာမောင်မောင်ဦး Admin အဖြစ်ကရော Member အဖြစ်ကပါ ထွက်ခဲ့တယ်။ ကျနော့်ကြောင့်လို့ ကျနော်ခံစားခဲ့ရလို့ ဆရာ့ကိုတောင်းပန်ရအောင် ဆရာ့ Account ကို Add တယ်၊ ဆရာ Accept မလုပ်ခင် စပ်ကြားကာလမှာ ဆရာ့ Wall ကိုမွေ တော့ Group တစ်ခုတွေ့ရတယ်၊ ဘာရယ်မဟုတ် ပါလေရာထပ်လုပ်ကြည့်မိတယ်ပေါ့။အဲ့ဒီအချိန်ကစလို့ ပန်းသီးစက်ရုပ်စစ်ပွဲကြား ကျနော်က Apple Marine တပ်သားတစ်ယောက်အဖြစ်နဲ့ တိုက်ပွဲဝင်ခဲ့တယ်။ ဘာမှသိတာမဟုတ်ပေမယ့် ပန်းသီးထိရင်မခံ၊ ကတ်ကတ်လန်အောင်စွာခဲ့တယ်။ မသိသေးတာကို ချက်ကျကျပြောချင်လွန်းလို့စာတွေအသေဖတ် သီတင်းတွေဖတ်နဲ့ လေ့လာခဲ့တယ် (တိုက်ပွဲက တော်တော်ကြမ်းနေချိန်ပေါ့)လူ ၃၀ ၊ ၄၀ ကနေတရာကျော် နှစ်ရာလောက်ဖြစ်လာတော့ တိုက်ပွဲတွေနည်းနည်းကျဲသွားတယ်၊ ပျင်းတဲ့အချိန်ဆို တိုက်ပွဲခေါ်သံလေးပေးလို့ ရန်စ စကားတွေပြောပြီးတညလုံးမိုးလင်းတိုက်ကြတယ် (ပါးစပ်စစ်ပွဲ)
နောက်ပိုင်းကျတော့် သိချင်တာမေးကြတယ်၊ သာတဲ့အချက်တွေထုတ်ကြွားပြီး ဂုဏ်ပြိုင်ကြတယ်၊ ဒီလိုနဲ့ တစိမ်းတွေကနေ အရင်းနီးဆုံးဘော်ဒါတွေဖြစ်လာကြတယ်၊ အသက်အရွယ်မတူ အသက်မွေးဝမ်းကြောင်းတွေမတူ နေတဲ့နေရာတွေမတူပေမယ့် ၂ဖက်တိုက်ပွဲမှာ အစွမ်းကုန်ဝင်တိုက်ကြရင်းကနေ ညီအကိုအရင်းတွေလိုချစ်သွားတဲ့ သူငယ်ချင်း မိတ်ဆွေတွေရခဲ့တယ်။
အပြင်မှာတွေ့ရင် နုတ်ဆက်ရဲမှာတောင်မဟုတ်တဲ့ Senior ဆရာဝန်ကြီးတွေ ကို ဒီထဲမှာ ရင်းရင်းနီးနီးတွေ့ရတယ်။နေ့တိုင်းတွေ့နေရတော့ ပိုပြီး ခင်မင်သွားမိသလားတော့မပြောတတ်ဘူးဗျ
ကျနော့်အတွက် Facebook ဆိုတာကြီးက အရင်က Game ဆော့ဖို့သီးသန့်ဖြစ်ခဲ့ပေမယ့် ဒီ Group ထဲရောက်ပြီးနောက်ပိုင်းမှာတော့ Browser Home Page က https://www.facebook.com/groups/MyanmarMobileUsers အဖြစ်ပြောင်းသွားလောက်အောင်ကျနော့်ကိုစွဲဆောင်ထားခဲ့တယ်။
ပန်းသီးသာအကောင်းဆုံးဆိုတဲ့ကျနော့်ရဲ့ ဗီဇကနေ ပန်းသီးလိုကောင်းတာတွေရှိသေးတာပဲဆိုပြီးပြောင်းလဲလာတယ်ပန်းသီးမကောင်းပြောရင် ထထိုးချင်စိတ်ဖြစ်ခဲ့တဲ့ကျနော်ဟာ အခုတော့ပြုံးပြုံးလေးနေတတ်နေပြီဗျ
Member တွေများလာတာနဲ့အတူ ဒီ မိသားစုလေးမှာ တိုက်ပွဲတွေနည်းသွားတယ်၊ ဘာလို့လဲဆိုတော့ လူဟောင်းတွေက စကြနောက်ကြတာဖြစ်ပေမယ့် မသိတဲ့Member အသစ်တွေက တကယ်တွေထင်ပြီး အတင်းဇွတ်(ဖင်ပိတ်)ငြင်းလာတာတွေ့တွေ့နေရတော့ ပြသနာဖြစ်မှာဆိုးတာနဲ့ပဲ စစ်အေးကာလကို ရောက်မှန်းမသိရောက်သွားခဲ့ရတယ်။
Modelစုံ Company အစုံက ထွက်နေတဲ့ စက်ရုပ်တွေကြားမှာ ပန်းသီးနဲ့ ပတ်သတ်တဲ့ပိုစ်တွေတောင် တော်တော်နည်းသွားတဲ့အထိ ပါပဲ (ဟဲဟဲ ရှင်းရှင်းပြောရရင် အနိုင်ဝိုင်းကျင့်ခံရမှာဆိုးလို့ ပိုစ်မတင်ကြတော့တာနေမှာ :P)
တစ်ချို့ Active Member တွေလည်းပျောက်သွားတာတွေရှိခဲ့တယ်။ တစ်ချို့လည်းမအားလို့နေမယ်ထင်ပါတယ်။ဒီထဲမှာ လူတန်းစားစုံ အလွှာစုံတယ်ဆိုပေမယ့် အားလုံးက Mobile ဆိုတဲ့ခေါင်းစဉ်အောက်မှာ ဒီထဲကိုရောက်နေကြတာချင်းတော့တူတယ်။ အခုတော့ လူ၅၀၀၀ ကျော်ပြီပေါ့ တစ်နှစ်အတွင်း မပြောနဲ့ ၅၀၀၀ ထိရှိလာလိမ့်မယ်လို့ အစကမထင်ခဲ့မိတာအမှန်ပဲ။ကြောက်ခမန်းလိလိတိုးတက်လာတဲ့ Member တွေနဲ့အတူ ကျနော်လည်း စိုးရိမ်စိတ်တွေများလာတယ်။ Post တစ်ခုတင်ဖို့ Comment တစ်ခုရေးဖို့တော်တော်လေးစဉ်းစားလာရတယ်။ အရင်ကဆိုဖြစ်သလိုပဲ လွှတ်ခနဲ ရေးနေခဲ့တာဗျ။ (ဘာလို့လဲဆိုတော့ ချစ်တဲ့ခင်တဲ့သူတွေများလာတာနဲ့အတူ ခဏခဏအဆဲခံလာရတာတွေရှိလာတယ်၊ လုံးဝမသိပါပဲ လာလာဆဲတဲ့သူတွေတွေ့လာရတယ်။)
မည်သို့ပင်ဆိုစေကာမူ ကျနော့် MMUC History ကနောက်နှစ်ပေါင်းများစွာ ဆက်ရေးရဦးမယ်ဆိုတာတော့ ယုံကြည်နေပါတယ်ခင်ဗျ။
သူများတွေရေးတော့အားကျလို့ရေးလိုက်အုံးမယ်.. MMUC နဲ့ပတ်သက်တဲ့ခံစားချက်လေးကို by Yang Sumei
ဒီအကြောင်းတွေပြောရမယ်ဆိုရင်တော့.. တစ်မြို့တည်းသူငယ်ချင်း Phyo Paing တို့ ဆရာမောင်မောင်ဦး ရဲ့ ဖုန်းပုံမှာငြင်းကြရင်းနဲ့ အဖွဲ့ထဲကိုရောက်လာပါတယ်.... ဦးခက်ကြီးကိုညတိုင်းသိပ်စိတ်ဆိုးတာ.... MC Will အကြောင်းပြောလွန်းလို့..ဒီဘဲကြီးက MC Will ရောင်းတဲ့လူလားသိဘူးလို့ .. စကားပြောရင်ကန့်လန့်ကန့်လန့်နဲ့.. ဒုတ်ထိုးအိုးပေါက်ပြန်ပြန်ငြင်းတယ်.. ဇယားမတစ်ယောက် ကြီးကျယ်ပုံကလည်း အန့်မခန်းပဲ :P Day Day နဲ့ အမေဇင်းစိုးမင်း ကလည်း.. တော်တော်ကြိးကျယ်တ.ယ်.. စိတ်တွေယားနေတာ.. တစ်ခါတစ်ခါ ငြင်းကျပြီးရင်.. ဒီလိုငြင်းရင်းငြင်းရင်းနဲ့ အရမ်းကိုခင်တဲ့ သူတွေဖြစ်လာတယ်.. နောက်တော့လည်း.. သူတို့အပြင်ပေါတာ နှစ်ယောက်မရှိကြဘူး ဟိဟိ ...အရင်တုန်းကတည်းကအပြင်မှာမမြင်ဘူးကြပေမဲ့လည်း တစ်ယောက်နဲ့တစ်ယောက်တော်တော်ခင်သွားတော့ မောင်နှမညီအကိုလိုတွေပါပဲ.. တစ်ယောက်အခက်အခဲတစ်ယောက်ကူညီပေးကြတယ်.. Personnel ကိစ္စတွေကအစ.. အကုန်လုံးကသံယောဇဉ်ရှိကြတယ်.... တော်တော်တော်တော် ကိုပျော်စရာကောင်းခဲ့တဲ့ MMUC ရဲ့ history ပေါ့... အဲ့တုန်းက မိန်းခလေးဆိုတာ ကျွန်မ တစ်ယောက်တည်းလားမသိဘူး :D MMUC နဲ့ဖြတ်သန်းခဲ့တဲ့အချိန်တွေကတော်တော်တော့ကြာခဲ့ပါပြီ.. အရင်ကတော့ တော်တော် active ဖြစ်ခဲ့ပါတယ်.. အဖွဲ့မှာရန်လာစတဲ့သူတွေကို ဖိုက်တဲ့နေရာမှာ :P MMUC မှာပျော်လွန်းလို့ ညမအိပ်ခဲ့တာတွေကလည်းတော်တော်များခဲ့တယ်... MMUCနဲ့ပတ်သတ်ပြီးသုံးသပ်မိတာတွေလည်းခဏခဏဖြစ်မိပါတယ်... ကျွန်မအတွက် တော့ MMUC က အများကြီးအထောက်အကူဖြစ်ခဲ့ပါတယ်... ၀န်ခံပါတယ်.. Personnel အတွက်ကော Biz အတွက်ပါ တော်တော် supporting ပေးခဲ့တဲ့ group ပါပဲ... အဖွဲ့ရဲ့ဖြတ်သန်းခဲ့တဲ့အချိန်တွေမှာ .. ပျော်ရွင်စရာမျိုးစုံ အခက်အခဲ.. ပြသနာမျိုးစုံနဲ့ကြုံခဲ့ကြတယ်.. ကြုံတဲ့အခါတိုင်းလည်း.. အဓိကဦးဆောင်ခဲ့တဲ့..ဆရာတို့.. အစ်ကိုတွေနဲ့.. တစ်ယောက်နဲ့တစ်ယောက်..ဘယ်လိုလုပ်ကြမယ်ဆိုတာအမြဲတိုင်တိုင်ပင်ပင်နဲ့.. အခြေအနေကိုဆက်လက်ထိန်းသိမ်းနိုင်ခဲ့တယ်... ကျွန်မ အက်မင်တစ်ယောက်ပါပဲ.. သိတဲ့လူလည်းသိမယ်.. မသိတဲ့လူလည်းမသိဘူးပေါ့ မသိတဲ့လူကတော့ အဖွဲ့ထဲမှာ ကျွန်မကို မတွေ့သလောက်ရှိလို့ပါ... လူများလာလို့ ဖြစ်လာမယ့်အနေအထားလေးတွေကြိုသိလာလို့.. အဖွဲ့အတွက် သိပ်မလုပ်ပေးနိုင်ခဲ့လို့..ထွက်မယ်လို့လည်းဆုံးဖြတ်ခဲ့တာခဏခဏပါပဲ.. တစ်ချိန်တည်းမှာ.. မောင်နှမတွေလိုသံယောဇဉ်တွယ်နေတဲ့ MMUC ကညီအကိုမောင်နှမတွေက ထွက်ဖို့မလိုပါဘူးလို့တားခဲ့ဘူးတယ်.. အက်မင်ထက်.. ခင်မင်ရင်းနှီးမှုကို တန်ဖိုးထားတယ်လို့ ဆရာမောင်မောင်းဦးပြောခဲ့ဖူးတယ်.. တော်တော်တော့ တွေဝေဖူးသွားတယ်... ဒီလိုတွေကြောင့်အခုထိကျန်ရှိနေတယ်ပေါ့... :D ကျွန်မကတော့ MMUC ကို ပုံမှန် flow လေးသွားတာကိုပဲမြင်ချင်တယ်လို့ ခဏခဏတော့ပြောဖူးတယ်..အက်မင်တွေကြားမှာ.. တက်တာမြန်ရင်ကျတယ်မြန်တယ်ဆိုတဲ့သဘာဝမို့.... ဂုဏ်ယူမိပါတယ်..အဖွဲ့အစည်းတစ်ခုရဲ့ ရပ်တည်မှုမှာ.. ခေါင်းဆောင်ရယ်.. မန်ဘာတွေရဲ့ညီညွတ်မှုကြောင့်အခုလို မန်ဘာတွေများလာတာကို.. MMUC ကိုချစ်တာ တစ်ခုက အဖွဲ့ ထဲကလူတွေက မန်မတက်ဘူး.. တစ်ယောက်နဲ့တစ်ယောက် ကတော်တော် ကူညီရိုင်းပင်းကြတယ်.. (မမြင်ဖူးပေမဲ့လည်း) ပျော်ပျော်နေတက်ကြတယ်.. အခုနောက်ပိုင်း မရောက်ဖြစ်တာများနေတယ်.. အဲ့တာတော့တောင်းပန်ပါတယ်... တစ်နေ့ MMUC Member တွေအတွက်ကိုတစ်ခုခုလုပ်ပေးမယ်ဆိုတဲ့ စိတ်ကူးလည်းရှီပါတယ်.. လတ်တလော အလုပ်များနေတာရယ်.. personnel ကိစ္စလေးတွေရှီနေ့လို့ ခွင့်လွတ်ပေးကြပါ.. ( တစ်ခုကတော့ တစ်သက်နဲ့တစ်ကိုယ် ဒီလို Note အရှည်ကြီး မရေးဖူးတာမို့ ဖတ်ရတာအဆင်မပြေရင်ခွင့်လွတ်ကြပါ)MMUC နဲ့ပတ်သက်မှ ခံစားချက်တွေရေးချင်တဲ့စိတ်ပေါက်လာလို့ပါ :D
Sunday, November 25, 2012
မေးနေကျ မေးခွန်းများ [~FAQs~]
ဘာမှ မမေးသေးခင် ကိုယ်မေးမဲ့မေးခွန်း ဒီထဲပါလား အရင်ရှာကြည့်ပါ။ အထောက်အကူဖြစ်ပါတယ်။ သူများဖြေတာစောင့်စရာမလိုဘူးပေါ့ဗျာ... General ->>
- ဘာဖုန်းဝယ်ရင် ကောင်းမလဲ - www.gsmarena.com မှာ အရင် လေ့လာကြည့်ပါ။ စုံတဲ့ဆိုင်သွားကြည့် ဈေးမေး အခြေအနေကြည့် စကားချိုချိုသာသာပြော ကလိကြည့် ဖုန်းလေးကိုင်ကြည့်လို့ ရင်ဘတ်နဲ့ ထိတာ ၀ယ်ပါ။
- ဘယ်ဖုန်းလေးက ဘယ်ဈေးရှိလဲ - ဒါကတော့ တကယ်ဝယ်မှာ သေချာရင် ပို့စ်တင်ပီး မေးပါ။ ဖြေပေးပါလိမ့်မယ်။ ဒါပေမယ့် ဒီထဲက ပြောတဲ့ ဈေးတိုင်းလဲ အမှန်မရနိုင်ပါဘူး။မြို့တမြို့နဲ့ တမြို့က မတူလို့ပါ။ reference ပဲ ရနိုင်ပါတယ်။
- root / jailbreak လုပ်ရင် ၀ရမ်တီ ပျက်နိုင်ပါသလား။ - ပျက်နိုင်မပျက်နိုင်သေချာမသိပေမယ့် ခုလောလောဆယ် popular ဖြစ်နေတဲ့ ဖုန်း အများစုက stock firmware ပြန်တင်ရင် root/jailbreak အစအနတောင် မတွေ့အောင်လုပ်လို့ရပါတယ်။ အဲ့တော့ စဉ်းစားကြည့်ပေါ့ဗျာ..။jailbreak လုပ်ထားရင်တော့ Apple Store က Warranty မပေးပါဘူးဒါပေမယ့် မပူပါနဲ့ Restore ပြန်လုပ်ပြီးသွားပါ Warranty ပေးပါတယ်
- ဟိုဆော့ဝဲလ်လေး လိုချင်လို့ ဒီဆော့ဝဲလ်လေး လိုချင်လို့- For Android -www.apkmania.com / www.apktop.com / www.1mobile.com . For iOS - iTunes store /www.pandaapp.com / www.mobilefarm.ygn.me / www.apptrackr.cd / iphonecake.com/appcake/en/ / www.idwaneo.org/appsnew/#.UOsl_Ylete4/ store.heaveniphone.com/home.html ရှာကြည့်ပါ။ မရှိမှ ဒီမှာလာမေးပါ။ သြော်မေ့လို့ တခုကျန်ခဲ့တာ www.google.com မှာလည်း ရှာကြည့်ပါ။ အဲ့ဆိုက်ဒ်လေး မဆိုးဘူးဗျ။ ကောင်းတယ် :P
- မြန်မာဆော့ဝဲလ်တွေ ထဲ့ချင်တာ ပိုက်ဆံလဲ မပေးချင်လို့ အဲ့တာ cracked ထားတဲ့ apk / ipa လေး ရှယ်ယာပါဦး။ - ဒီထဲမှာ မြန်မာဆော့ဝဲလ် developer တွေ ရှိပါတယ် သူတို့ကို ရင်နာအောင် မလုပ်ပါနဲ့။
- ဖုန်းဝယ်လာတာ made in vietnam/ made in china ပဲ ဖြစ်နေလို့။ ကျနော်က made in singapore ပဲလိုချင်တာ။ - စင်္ကာပူမှာ ဘယ်brand ဖုန်းမှ စက်ရုံဆောက်ပီး မထုတ်ပါဘူး။
- ကျနော့် ဖုန်းလေးေ၇ာင်းချင်လို့...။ - ဖုန်းအခြေအနေ၊ သုံးထားတာ ကြာမကြာ၊ ဖုန်းရဲ့ ဒဏ်ရာဒဏ်ချက် ဖြစ်နိုင်လျင် ဓါတ်ပုံရိုက်ပီး .. အေ၇ာင်းနိုင်ဆုံး ဈေးကိုပြောပါ။ မဖြစ်နိုင်တဲ့ဈေးပြောရင် ဘယ်သူမှ စိတ်မ၀င်စားပါဘူး။
- MyRingTune ဆားဗစ် ဖြုတ်ချင်လို့/ ထဲ့ချင်လို့ - GSM 0973174488, CDMA 0973174455 ဒီနံပါတ်တွေကိုဆက်လိုက်ပါ။
- Prepaid စနစ်ပြောင်းချင်လို့ - 18812 ကို YES ဟု Message ပို့ပါ။
- GSM ငွေဖြည့်ကဒ်ကို တခြားနံပါတ်ကို လွဲပေးချင်လို့ - *123*pincode*phone number# Call
- ရွှေဈေး ငွေဈေ ဗေဒင် ဘောလုံးပွဲသတင်း တွေကို Message နဲ့ ပို့ပေးတဲ့ ဝန်ဆောင်မှု့ အကြောင်း အသေးစိတ်သိလိုပါက - 1876 ( Operator ) သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ
- မြန်မာဖောင့်ထဲ့ချင်လို့ - samsung android မှာ version 2.3.6 အထိ zawgyi one.apk ဆိုတာထဲ့၇င် မြင်ရမယ်။ ကျန်တဲ့ android ဘယ်ဖုန်းမဆို root မှ မြင်ရမယ်။ https://www.dropbox.com/s/lfq7ee1z4yapidt/Zawgyi_Onettf.apk ဒါလေးသွင်းပီး setting/display/fontstyle/choose zawgyi ။ rootပီးသား မြန်မာဖောင့်မထဲ့ရသေးပါက>> https://www.facebook.com/groups/MyanmarMobileUsers/doc/396620623695644/
- ကျနော်ပို့တဲ့ မြန်မာ မက်ဆေ့ခ်ျက တခြားမှာ ? တွေပဲပေါ်နေလို့- message/setting/input/automatic or unicode လို့ပြောင်းပါ
- ကျနော့် android ဖုန်းမှာ မက်ဆေ့ မထွက်လို့- အလွယ်ဆုံးနည်းက nokia / sony ဖုန်း အဟောင်းတလုံးမှာ မထွက်တဲ့ sim card ထဲ့ပီး message center no +9595930003 or +9595930014 လို့ပြောင်းလိုက်ပါ
- ဗားရှင်းမြှင့်ချင်လို့ - လုပ်ဖူးတဲ့အတွေ့အကြုံ၊ english စာအခြေခံနဲနဲ ရှိရင် google ပါ။ root မလုပ်ထားရင် OTA (over the air) နဲ့ update လုပ်ပါ။ root လုပ်ထားရင် tips - samsung ဆို ODIN , Huawei ဆို dload , Sony ဆို Flashtools, HTC ဆို RUU ။ ဒေါင်းရမဲ့နေရာကို ဒီမှာစုပေးထားတယ် https://www.facebook.com/groups/MyanmarMobileUsers/doc/501881649836207/
- အင်တာနက် setting ဘယ်လို ထဲ့ရမလဲ - setting/wireless and network/more/APN/ option key > create new apn> name - mpt, APN - mptnet, Authentication type - PAP or CHAP. Save and Reboot ur phone.
- ဆိုင်မှာ မြန်မာဖောင့်ထဲ့ထားတာ ခုကြည့်ကြည့်တော့ မမှန်လို့- version ကြည့်ပါ။ 4.0+ (ICS) ဆိုရင် ကျန်တဲ့နေရာမှန်ပေမယ့် Facebook နဲ့ အင်တာနက်ဖတ်ရင်ော x် တွေ လွဲပါမယ် ပုံမှန်ပါ။ (သတင်းကောင်းပါ facebook v.2 မှာ newsfeed မှာ မြန်မာဖောင့်မှန်ပါပီ) ။4.1 + (jelly bean) ဆိုရင် ဘယ်နေရာမှာပဲ ဖြစ်ဖြစ် မြန်မာဖောင့် (ော x်) လွဲနေပါမယ် ပုံမှန်ပါ။ကိုင်တဲ့ဖုန်းက sony ericsson ဆိုရင် -ျ တွေ အပေါ်တက်နေပါ လိမ့်မယ်။ ဒါဆိုရင် android 2.3.6 ဆိုရင် zawgyi installer သုံးပီး မြန်မာဖောင့်ထဲ့ရင် မှန်ပါမယ်။ android 4.0.4 တွေ ဆိုလျင့် ဒီလင့်ခ်မှာလေ့လာပါhttps://www.facebook.com/groups/MyanmarMobileUsers/doc/504237706267268/
- ဖုန်းကို root လုပ်ချင်လို့ သူများလဲ ပိုက်ဆံမပေးချင်လို့/ကိုယ့်ဖုန်းကို ကိုယ့်ဟာကိုလုပ်ကြည့်ချင်လို့- ကိုယ့်ဟာကို လုပ်ကြည့်ချင်ရင် ကိုယ့်ဟာကို အရင် google ကြည့်ပါ မရလျှင် ဒီမှာလာမေးပါ။ အားတဲ့သူဝင်ဖြေပေးပါလိမ့်မယ်။
- ကျနော့် Huawei မှာ google applications တွေ ပါမလာလို့- root လုပ်ရပါမယ် ။ ပီးတော့ cwm ထဲ့ပီး gapps ကို flash ရပါမယ်။ cwm ထဲ့မရတဲ့ huawei တွေ ဆို တော့မရပါ။ talk အစား ebuddy messenger, IM+pro သုံးပါ။
- စက်ရုပ်ထဲကနေ google play store ၀င်မရလို့..။ - ခရစ်စမတ်လက်ဆောင်နဲ့ တူပါရဲ့ Dec 25, 2012 မှာ ပလေးစတိုးက မြန်မာကို ၀င်ခွင့်ပေးလိုက်ပါပီတဲ့ မြန်မာကပိတ်ထားတဲ့ port ကို Proxydroid OR DroidVPN နဲ့ ကျော်နိုင်ရင် ရပါပီ....ဒီလင့်ခ်ကို သွားပါ>> https://www.facebook.com/groups/MyanmarMobileUsers/doc/503133706377668/
- စက်ရုပ်မှာ root မရလို့/ မroot ပဲ မြန်မာဖောင့် မြင်ချင်လို့- for browser - 1st myanmar browser. message - SMS4MM. for contact and dialer - mmhubdialer, myandialer, mcontact (paid), chat - CHAT4MM
- HD Gameတွေကို စက်ရုပ်ပေါ်ကနေဆော့ချင်တယ်ဗျာ။ဘယ်လိုထည့်ဆော့ရမှန်း မတိလို့ ကူညီဂျပါဗျို့။ - စက်ရုပ်မှာ hd game တွေ ထဲ့တာ ရချင်ရမယ် မရချင် မရဘူး။ ဆိုတော့ ကိုယ့်ဖုန်း gpu ဘာလဲ ဆိုတာ အရင်လေ့လာပါ။ ဒေါင်းလုပ်ဆွဲရမဲ့ ဆိုက်ဒ်တွေမှာ apk+data file တွေနဲ့ တင်ပေးလေ့ရှိပါတယ်။ ဥပမာ note 2 ဆိုရင် Mali GPU ပါ။ for mali ဆိုတဲ့ data ဖိုင်လ်ကို ဆွဲရမှာပါ ရချင်ရမယ် မရချင်မရဘူး။ နောက်တခု ဒီမှာ သွားလေ့လာပါhttps://www.facebook.com/groups/MyanmarMobileUsers/doc/516875015003537/
- ဖုန်း ဘက်ထရီ ကြာကြာမခံလို့..။ - သုံးတာ ကြာမကြာ အရင်ကိုယ့်ဟာကို ဆုံးဖြတ်ပါ။ battery calibration လုပ်သင့်လျှင် လုပ်ပါ။ နောက် လင့်ခ်ကိုသွားပီး နံပါတ်၃ ကိုဖတ်ပါ။https://www.facebook.com/groups/MyanmarMobileUsers/doc/504057192951986/
- ကျနော့်ဖုန်းကို ကွန်ပြူတာက မသိလို့/ ဆော့ဝဲလ်လဲ ဘယ်လိုသွင်းရမှန်းမသိလို့ for android - for android 2.3.6> Setting/application/developemnt/usb debugging on ပါ။။ for android 4.0+> setting/developers option/usb debugging on ပါ။ >setting ထဲမှာ unknown ဆိုတာ ရှာပီး on ပါ။ http://www.wondershare.com/ ကိုသွားပီး PC Suite for android ကို ဒေါင်းရ်ျ ဆော့ဝဲလ်ထဲ့ပါ။
- မြန်မာစာ KeyBoard Linkများ -https://www.dropbox.com/s/ffvp1j9zg0qlhk8/FrozenKeyboard%20Latest.apk - Frozen KeyBoard (Dev -Thiha Aye Kyaw) http://db.tt/fEYgTJBW - Myankey Keyboard = Dev - Thurein) http://db.tt/0BEuLnrQ - iTextmm2 Keyboard = credits to original developer :)
- ios v6.0 + တွေ jailbreak ရပီလား။ - လောလောဆယ် ဒီစာရေးနေချိန် (၈.၁၂.၂၀၁၂) အထိဆိုရင်တော့ iPhone 3GS, iPhone 4 နဲ့ iPod Touch 4 ၃မျိုးအတွက်သာ Tethered Jailbreak ရပါသေးတယ်။ Tethered jailbreak ဆိုတာကတော့ ပါဝါတခါ ပိတ်သွားတိုင်း ကွန်ပျူတာသုံးပြီး redsn0w (သို့) iBooty နဲ့ ပြန်နှိုးပေးရတာမျိုးကို ခေါ်ပါတယ်။
- Apple ID လေး အသစ် ဖွင့်ချင်လို့- ဒီလင့်ခ်မှာလေ့လာပါhttps://www.facebook.com/groups/MyanmarMobileUsers/doc/504369429587429/
- အိုင်ဖုန်း အိုင်ပတ်တွေမှာ jailbreak မလုပ်ပဲ မြန်မာဖောင့် မြင်ချင်လို့...။ - ဖုန်းရဲ့ နေရာတကာမှာ မမြင်နိုင်ပါ။ for browser - Mogok Browser , for chat – myanchat, Message - Be Patient
- အိုင်ဖုန်းတွေ ၁၉၉ ဒေါ်လာနဲ့ ရတာကို ဒီမှာ ရသိန်း ဂသိန်း ရောင်းပီး အမြတ်ကြီးစားနေတယ် ဘာလို့လဲ - ၁၉၉ ဒေါ်လာဆိုတာ သူတို့ Carrier နဲ့ တွဲရောင်းတဲ့ဖုန်းတွေပါ။ Official unlock ဆို မရပါဘူး။
- အိုင်ဖုန်းမှာ Lock နဲ့ Unlock ဆိုတာဘာလည်းဗျ - လွယ်လွယ်ဖြေရရင်တော့ Unlock မှသာ ကြိုက်တဲ့ ဆင်းကဒ်နဲ့ (ဥပမာ MPT Sim Card) တွဲသုံးလို့ရပါတယ်။ Lock ဆိုရင် သူတို့ တွဲရောင်းတဲ့ Carrier (eg : AT&T) နဲ့ပဲ သုံးရမှာပါ။
- ကျနော့် အိုင်ဖုန်း/အိုင်ပတ် လေး ဆိုင်မှာဆော့ဝဲလ် ထဲ့လာတာ ခုဝင်မရတော့ဘူး - ပထမထဲ့ပေးတဲ့ဆိုင်က Official ၀ယ်ထဲ့ထားတဲ့ဆော့ဝဲလ်တွေ ထဲ့ပေးလိုက်ရင် ..ကိုယ့်အကောင့်ဒါမှမဟုတ် နောက်ထပ်ကွန်ပြူတာတလုံးလုံးက တခြားအကောင့်ကို ထဲ့လိုက်ရင် / sync လိုက်ရင် ပထမ အကောင့်မှာထဲ့ထားတဲ့ဆော့ဝဲလ်တွေ ၀င်လိုက်တာနဲ့ပြန်ပြန်ထွက်ကုန်တာပါ။ (cracked တွေ ထဲ့ပေးလိုက်ရင်တော့ ကိစမရှိပါဘူး) ။ ပြန်ဝင်လို့ရချင်ရင်တော့ ပထမဆိုင်ကိုသာ ပြန်သွားပါ။
- iphone မှာ internet setting ထဲ့ချင်ရင် - Setting/General/Cellular/Cellular Data Network မှာ APN နေရာ သုံးခုလုံးမှာ mptnet လို့ရေးရ်ျ restart ချပါ။
- ကျနော့် အိုင်ဖုန်းလေး မက်ဆေ့ခ်ျ အထွက်မရလို့ - **5005*7672*+9595930003# Call and Reboot Your iphone
- iphone မှာ Call Recorder ထဲ့ချင်လို့ - NO!!!
- iphone မှာ bluetooth ပို့ချင်လို့ - မရပါ..။ zapya ဆိုတဲ့ wifi sharing app ဆော့ဝဲလ်လေး store က ဒေါင်းပီးသုံးပါ။ ပိုတောင် မြန်ပါတယ်..။
- ipadက..ဖုန်းပြောလို့..ရလား..ခင်ဗျ - apple က ထုတ်တုန်းကတော့ ဖုန်းပြောလို.မရပါခင်ဗျ
- ကျနော့် i Devices က ဘယ်ကလာလဲ ဘယ်ကထုတ်လဲ official lockလား unlock လား မသိလို့ - ဒီဆိုက်ဒ်မှာ ရှာပါခင်ဗျာ http://iphonefrom.com/
- Symbian တွေမှာ မြန်မာဖောင့်မြင်ချင်လို့- http://blog.myanmarmobileusers.com/2012/07/myanmar-font-for-opera-mobile-in-s60v5_09.html
- Meego မှာ မြန်မာဖောင့်မြင်ချင်လို့ - http://blog.myanmarmobileusers.com/2012/07/zawgyi-keyboard-font-dictionary-for.html
- ဒီအမေးအဖြေတွေကလည်း ဆိုးရွားလိုက်တာ ဒါပေမယ့် ကျနော့်မှာ မေးစရာတစ်ခု ရှိနေသေးတယ် မေးလို့ရမလား - အောက်မှာ ပို့စ်တင်ပီး မေးဖို့ဝန်မလေးပါနဲ့ ;)
Created By MMUC members..
ဒီထဲမှာမပါသေးဘူး.. ထပ်လဲသိချင်သေးတယ်ဆိုရင်
https://www.facebook.com/groups/MyanmarMobileUsers/doc/505143199510052/
ဒီထဲကိုလာမေးပါ။
လူကြီးမင်းမေးခွန်းက မေးတဲ့သူများတယ်ဆိုရင် ထပ်ပေါင်းထည့်ပေးပါမည်။
updated in 2.2.2013
Friday, November 2, 2012
HONDA INSIGHT hybrid ကားများတွင်ပါဝင်သော INTER NAVI Gps မှ Bluetooth Handsfree နှင့် မိမိတို့ ဖုန်းများ ချိတ်ဆက်နည်း
HONDA INSIGHT hybrid ကားများတွင်ပါဝင်သော INTER NAVI Gps မှ Bluetooth Handsfree နှင့် မိမိတို့ ဖုန်းများ ချိတ်ဆက်နည်း
အခုတစ်လော
ရန်ကုန် ပြန်လာတော့ ဟွန်ဒါ ကထုတ်တဲ့ ဟိုက်ဘရစ် ကားလေး(အင်ဆိုဒ်)
အတော်များများ တွေ့ရတယ်ဗျ၊ ကားလေးကလည်း လှ ဟိုက်ဘရစ်ကလည်း ဖြစ်တော့
ဆီစားကလည်း သက်သာ၊ ဈေးကလည်း အခုဆို (၂၀၀) တောင် မပြည့်ဘူးဆိုလားပဲ
အဲ အဲဒီမှာ ဗျာ ဟန်း ဖရီး ဖန်ရှင်ပါတာကို တွေ့ရတော့ စမ်းချိတ်ကြည့်ချင်တာ၊ နီပွန် လိုချည်းဆိုတော့ ချိတ်မရ (အဟီး အမှန်က မတတ်တာဗျ)၊
အဲလိုနဲ့ ကလိရင်း ကြည့်ရင်းရှာ နေတာ၊ နောက်တော့မှ လွယ်တာဗျာ (လွယ်ဖို့တော့ အချိန် ၃ရက်ကြာတယ်)
အရင်ဆုံးကတော့ ကား စတီယာရင်မှာ ပါတဲ့ handsfree က ဖုန်းခေါ်တဲ့ ခလုတ် ကို အရင်နှိပ်လိုက်

အဲ မေ့လို့ ကားကို ရပ်ထား (စက် နိုးထားလည်းရတယ်၊ သော့ဖွင့်ထား(ခလုတ်ဖွင့်ထား) ရမယ်။ မောင်းနေတဲ့အချိန်မှာ လုပ်လို့မရပါ၊
ပီးရင် INTER NAVI ပေါ်က ညာဘက်အောက်ထောင့် နားက စာကို ( touch screen ပေါ်က) နှိပ်ပါ

ပေါ်လာတဲ့ screen ထဲက bluetooth ကိုနှိပ်ပါ
ထပ်ပေါ်လာတဲ့ screen ထဲက ဒုတိယ menu ကို နှိပ်ပါ

သင့်ဖုန်း bluetooth ကို ဖွင့်ပါ၊ search လုပ်ပါ၊ list ထဲမှာ INTER NAVI ကို တွေ့ပါလိမ့်မယ်

pair လုပ်ပါ၊ အဲဒီအခါမှာ blue screen ထဲက ကုဒ် ကို ဖုန်းမှာရိုက် ထဲရိုက်ထည့်လိုက်၊

ချိတ်သွားပါလိမ့်မယ်

အဲဒီနောက်မှာ
တော့ pair ပီးရင် connect with car audio လုပ်ပေးလိုက်ပါ၊ ဖုန်းဝင်တာ နဲ့
INTER NAVI ကနေ Hands free ပြောလို့ရပါပီ၊ အသံအရည်အသွေးကလည်း ကြည်လင် သလို
speed dial လည်းရ ပါတယ်၊ ဖုန်းပြောပီးရင် steering ပေါ်ကနေ hang up
လုပ်လိုက်ရုံပါပဲ
ကျန်ခဲ့တာလေး ကို Htet Nyunt Wai ပြောပြတာနဲ့ ပြန်ဖြည့်ပေးထားပါတယ်
Subscribe to:
Posts (Atom)