Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။
Showing posts with label MPT Solution. Show all posts
Showing posts with label MPT Solution. Show all posts

Friday, September 21, 2012

ငွေနှစ်ရာထဲအတွက် ငွေတစ်သောင်း မ ပလုံတဲ့နည်း


ခုနက ပို့ စ်နှစ်ခု ငွေဖြည့်ကဒ်နဲ့ ပတ်သက်ပီး တွေ့ လိုက်ပါတယ်။ အတွေးထဲ အဲ့ကတည်းကပေါ်လာတာက ငွေဖြည့်ကဒ်နဲ့ ပတ်သက်ပီး ဖြစ်ခဲ့ဖူးတဲ့ ဟာလေးပေါ့ အဲ့တုန်းက customer က ဖုန်းဆက်ပီး ပြောပုံက သူ့ မိန်းမ ခဲခြစ်ကြည့်တာ အထဲက နံပါတ်တွေ ပျက်နေတယ်တဲ့နောက်ပီး သူ သတိထားမိတာ ကဒ်က အရင်ဟာတွေနဲ့ အရောင်မတူဝူးတဲ့ ဖျော့တော့တော့ဖြစ်နေတယ်ဆိုပဲ။
ဒါနဲ့ ပဲ ပြန်မေးကြည့်လိုက်ပါတယ်..အဲ့ဒါဆိုင်က ရောင်းတုန်းက ခဲခြစ်ထားလား သို့ မဟုတ် ပါကင် ဖောက်ထားလားလို့ ...သူက ပါကင်ပါပဲတဲ့ ...အဲ့ဒါနဲ့ ဒီလိုပြောလိုက်တော့တယ်။ ဟုတ်ကဲ့ အကို ပါကင်ပိတ်ဆိုတာမှန်ရင် အကို ကျွန်တော့ဆီက ၀ယ်သွားတုန်းက error မရှိခဲ့ပါဝူး။ အိမ်မှာ ကိုယ့်ဟာကိုယ်ခြစ်ကြည့်ပီး တွေ့ တဲ့ error ဖြစ်တဲ့အတွက် တကယ်သာ factory error ဆိုခဲ့ရင် အဲ့ဒါ သက်ဆိုင်ရာ company နဲ့ ပဲရှင်းပါလို့ ...တကယ်လို့ များ အနော် ဒီငွေကဒ်ကို မဖြောင့်မမှန် ခြေလက်ဆော့ပီးမှ ခဲပြန်ဖုံးပီး ပါကင်ပိတ်ရောင်းပေးလိုက်တာလို့  သံသယရှိခဲ့ရင်လည်း company ကို အသိပေးပီး အနော်က အနော့်ဆီက၀ယ်သွားတာဖစ်ကြောင်း လိုက်လံပြောဆိုပေးမည့် အကြောင်းပြောလိုက်တော့မှပဲ အဲ့လိုမဟုတ်ပါဝူး ညီလေးကလည်း ဘာလည်းနဲ့  အသိပေးတာပါဆိုပီး လျှောသွားလေရော။ကောက်နုတ်ချက်။ ။ မိမိ ဆိုင်က မှန်ကန်သော ကဒ်ကို ၀ယ်ယူသွားပီ ဆိုကတည်းက လဲပေးစရာ အကြောင်း လုံးဝမရှိပါဟု ခံယူမိပါသည်။တကယ်လို့  အဆင်မပြေတာများရှိခဲ့ရင်လည်း တတ်စွမ်းသလောက် ကူညီပေးခြင်းမျိုးတော့ လုပ်သင့်ကြောင်း ထောက်ခံပါသည်။ ရတာမှ နှစ်ရာတည်း ရောင်းနေတာလည်း အမှန်ပဲရောင်းတာ အဲ့ဒါကို အန်တာတော့ အန်တာပေါ့ ဒါပေမယ့် သွေးထွက်အောင် အန်ရရင်တော့ ဘယ်ကိုက်မလဲနော့် အားလုံးပဲ ငွေကဒ်နဲ့ ပတ်သက်တဲ့ ဘေးရန် ရှောင်ရှားနိုင်ကြပါစေ :)



Wednesday, September 19, 2012

ငွေဖြည့်ကဒ် နှင့် လူလိမ်ပြသနာ ( ၂ )


မနေ့ညက MMUC မှာ ကျွန်တော် Post တခုရေးပြီး တင်လိုက်ပါတယ်...ငွေဖြည့်ကဒ် ပြသနာအကြောင်းလေးပါ..
ကျွန်တော့်ဆိုင်က ရောင်းလိုက်တဲ့ ငွေဖြည့်ကဒ်ကို ၀ယ်သူတယောက်က သုံးပြီးသားကဒ် ဖြစ်နေတဲ့အကြောင်းလာပြောလို့ ကျွန်တော်ကိုယ်တိုင် ဖြည့်ကြည့်လိုက်တော့လဲ အမှန်ပါပဲ..အဲ့ဒီ ငွေဖြည့်က တကယ့်ကို သုံးပြီးသားကဒ်ကြီး ဖြစ်နေတော့ပါတယ်...ဒီလိုဆိုတော့လဲ ရောင်းလိုက်တဲ့ ကျွန်တော့်ဆိုင်က ဖြေရှင်းပေးဘို့ တာဝန်ရှိလာပြီပေါ့..သူတို့က ကိုယ့်ဆိုင်က ၀ယ်ထားတာကိုးဗျ..ကျွန်တော် ရှင်းရပါတော့မယ်..အရင်ဆုံး MMUC မှာ Post တခုတင်ပြီး အပေါင်းအသင်း ရောင်းရင်းတွေကို အကောင်းဆုံးအကြံညာဏ်လေးတွေ ပေးဘို့ တောင်းဆိုရပါတော့တယ်. သိတဲ့သူတွေက လဲ ၀ိုင်းပြီး ပြောပေးကြတဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ်ဗျာ....ဒီလိုနဲ့ပဲ မနက်ရုံး ဖွင့်တဲ့ အချိန် မှာ ပဲ ငွေဖြည့်ကဒ်ပေါ်မှာ ရေးထားတဲ့ ဖုန်းနာပါတ်ကို ပထမဆုံး ဆက်ပြီး ဆက်သွယ်လိုက်ရပါတော့တယ်....ရန်ကုန် EMS ရုံးပါပဲ..အောက်မှာ website လိပ်စာလေးတောင်ပါသေးတယ်..01 515151 ဆိုတဲ့ဖုန်းနာပါတ်ပါပဲ...ဖုန်းခေါ်လိုက်တာနဲ့ ချက်ချင်းပဲ ကိုင်လိုက်တဲ့အတွက် တော်တော်ဝမ်းသာသွားပါတယ်ဗျာ..မေးရပြီပေါ့ဗျာ..ဒီလို ဒီလိုဖြစ်လို့ပါလို့ ...ချက်ချင်းပဲ အဖြေပေးလိုက်ပါတယ်..ဒီငွေဖြည့်ကဒ်တွေကို သူတို့ဆီက ထုတ်ထားတာ မဟုတ်ပါဘူးတဲ့ Elite ကထုတ်ထားတာဖြစ်တဲ့အတွက် သူတို့ဆီကို မေးကြည့်ပါဆိုပြီးပြောပါတယ်..ဖုန်းနာပါတ်လဲ ပေးလိုက်ပါတယ် 400952 ကိုဆက်လိုက်ပါတဲ့..ဒါမှ မဟုတ်ရင် ရွှေဂုံတိုင် ရုံးကို ဆက်လိုက်ပါတဲ့ 555476 ကိုဆက်လိုက်ပါတဲ့..အဲ့ဒီမှာ ကျွန်တော့်ပြသနာကို မေ့ပြီး သူတို့ပြသနာကို ခေါင်းထဲ အလိုလို ရောက်သွားတယ်ဗျ... ငွေဖြည့်ကဒ်နဲ့ ပတ်သတ်ပြီး တစုံတရာပြသနာ ပေါ်လာရင် စုံစမ်းမေးမြန်းလို့ရမဲ့ ဖုန်းနာပါတ်ကို မထည့်ပဲ ဘာလို့ ဒီနာပါတ် ချောချောလှလှ လေးတွေကို ဘာလို့ ထည့်ထားရတာလဲဆိုတာ ကို စဉ်းစားကြည့်လိုက်တာ စောစောစီးစီး ခေါင်းတောင်မူးသွားတယ်ဗျာ..အဲ့ဒီမှာ ကျွန်တော်တခု သွားစဉ်းစားမိတာကဒီလိုဗျ..ဘာမှ စုံစမ်းလို့မရတဲ့ ဖုန်းနာပါတ်တွေ ထည့်မယ့်အစား..နာရေးကူညီမှု ဖုန်းနာပါတ်ဖြစ်ဖြစ် အရေးပေါ် ဖုန်းအကူညီတောင်းလို့ရမယ့် ဖုန်းနာပါတ်ဖြစ်ဖြစ် ထည့်လိုက်ရင် ပို အဆင်ပြေသွားမယ်လို့ထင်တာပဲ..ဒါမှ မဟုတ်လဲ ငွေဖြည့်ကဒ်ပေါ်မှာ ကုန်ပစ္စည်းကြော်ငြာတခုခုရိုက်ပြီး အဲ့ဒီကြော်ငြာရဲ့ ဖုန်းနာပါတ်ကို ထည့်ထားလိုက်ရင် သူတို့တောင် ၀င်ငွေပေါ်ကို ၀င်ငွေကို ဆင့်နိုင်မယ်လို့ထင်ပါတယ်..စော်ကားပြောနေတာတော့ မဟုတ်ဘူးနော်..ငွေဖြည့်ကဒ်နဲ့ ပါတ်သတ်ပြီး ဘာမှ အသုံးမ၀င်တဲ့ အတူတူ မထူးဘူးလေဗျာ..ဒီနည်းလမ်းလေးတွေက ပိုတောင် အသုံးဝင်မယ်လို့ထင်တာပဲ..ထားပါတော့ဗျာ..ဘာပဲပြောပြော ကဒ်တစ်ရာ ၀ယ်ရင် ၄ ရာခိုင်နှုန်း လျော့ပေးထားတာ ကို တစ်ကဒ်တစ်သောင်းနဲ့ ရောင်းတော့ 400 ကျပ် အမြတ်ရတာဆိုတော့ ဘာပဲဖြစ်ဖြစ် ဖုန်းဘိုးလေးတော့ အိပ်စိုက်ပြီး ဖြေရှင်းပေးရတော့မှာပေါ့..ဘာပဲဖြစ်ဖြစ် ရတနာပုံ call centre ရှိတာပဲလေ..သေချာတဲ့အဖြေတခုကို တော့ပေးမှာပါ..ဆက်လိုက်ပါတယ်..555476 ရွှေဂုံတိုင် ရုံးပါပဲဗျာ.
ဒါဆိုရင်တော့ 555476 က လုံးဝ သေချာသွားပါပြီ..ဒီဖုန်းနာပါတ်ကိုတော့ သေသေချာချာ မှတ်ထားစေချင်ပါတယ်ဗျာ..တကယ်မေးလို့ရပါတယ်...ဖုန်းခေါ်ရခက်တာလေးတခုပဲ ရှိတာပါ..တခါခေါ်လို့ မရတာနဲ့ စိတ်မပျက်သွားနဲ့နော်..ဆက်တိုက်သာခေါ် နော်..သူတို့ နားမခံနိုင်ရင် ထကိုင်လိမ့်မယ်..ကိုင်ပြီဆိုရင်တော့ ဘာမှ ရှောင်လွဲလို့မရတော့ဘူးပေါ့ဗျာ..ကိုယ်မေးတာ သူတို့ဖြေပေးရတော့မယ်..ဒီနေရာမှာလဲ တကယ့် အသုံးဝင်တဲ့ ဖုန်းနာပါတ်ကို တစ်လုံးပဲ ထားပေးထားတာကလဲ
သိပ်တော့ ကျေနပ်စရာ မရှိဘူးနော်..ဖြစ်နိုင်ရင် များများထားပေးဘို့ ကျွန်တော်တို့တွေ အားလုံး ၀ိုင်းဖွပေးဘို့ လိုမယ်တောင် မထင်ပါဘူးနော်..ကျွန်တော် စမေးလိုက်ပါတယ် ဆိုရင်ပဲ ဖုန်း အော်ပရေတာက ငွေဖြည့်ကဒ်ရဲ့ Serial Number ကိုတောင်းပါတယ်.. ကျွန်တော်ကလဲ ဒါမျိုးမေးဘူးတော့ အရန်သင့်ပြင်ထားတာပေါ့ ဗျာ..
ပေးလိုက်ပါတယ် Serial Number က1104120000669489 ပါ။။ ဘာမှ မကြာပါဘူး ခဏလေးပါပဲ ချက်ချင်းအဖြေပေးပါတယ် ငွေဝင်သွားတဲ့ ဖုန်းနာပါတ်ကိုပြောပြပါတယ်။။အတိုင်းမသိကို ၀မ်းသာကျေနပ်သွားပါတယ် ..ဒီတော့ ကျွန်တော်လဲ သူ့ဖုန်း ရဲ့ Call Log ကိုဝင်ကြည့်လိုက်တာ အော်မရေတာ ပြောတဲ့ ဖုန်းနာပါတ်ကို သွားတွေ့တယ်ဗျာ..ဒီတော့ ဒီလူတော့ ငါ့ကို လာလိမ်နေပြီပေါ့..ဘာမှ မပြောပါဘူး သူ့ဆီကို လိုက်သွားလိုက်တယ်.အေးအေးဆေးဆေးပဲ မေးတော့မှ ဖြစ်ကြောင်းကုန်စင်ကို အခုလိုသိရပါတော့တယ်.. ဒီလိုပါ................မနေ့ညနေက ပုသိမ်ကို ရောက်နေတဲ့ ၀ါးခယ်မက သူ့အသိ ရဲတယောက်က သူ့ဆီကို ဖုန်းဆက်ပြီး .ငွေကဒ်တစ်ကဒ် ကို ခဲခြစ်ပြီး သူ့ဆီ Message ပို့ပေးဘို့ပြောတယ်တဲ့..
ဒါနဲ့သူက ကျွန်တော်တို့ဆီက လာဝယ်ပြီး မက်ဆေ့ပို့လိုက်ပါတယ်..ရောက်ကြောင်းကိုလဲ သူ့ဖုန်းမှာ ပြပါတယ်တဲ့..
ဒါကို ပုသိမ်မှာ ရောက်နေတဲ့ သူ့အသိ မောင်ရဲကိုကို ဆိုတဲ့သူက ငွေက ဖြည့်လို့မရဘူးလို့ပြောပါတယ်..ဘယ်လိုမှ ဖြည့်လို့မရပါဘူးတဲ့ ကဒ်က သုံးပြီးသားကြီးဖြစ်နေတယ်တဲ့..မင်းမယုံရင် မင်းဖုန်းထဲကို ဖြည့်ကြည့်လိုက်လို့ပြောတော့..အကူအညီပေးတဲ့ ရဲသားကြီး ဘော်ဘော်လဲ သူ့ဖုန်းထဲကို ရိုက်ထည့်တာ ငွေက မ၀င်ရှာပါဘူး..ဘယ်ဝင်ပါတော့မလဲ ကဒ်ကို ဟိုရဲသားက ရပြီးသားကြီးကိုးဗျ
အဲ့တော့ ကျွန်တော်တို့ဆီကို ပြန်ရောက်လာကြောင်းပေါ့ဗျာ..ကျွန်တော်လဲ ပွင့်ပွင့်လင်းလင်းပြောလိုက်လိုက်ပါတော့တယ် ခင်ဗျား ငွေဖြည့်ကဒ်က ငွေက၀င်သွားပြီလို့ ခင်ဗျားမယုံရင် အော်ပရေတာကို ဆက်ပြီး မေးကြည့်လို့ ဖုန်းနာပါတ်ကိုပေးလိုက်တယ် 555476 ကိုသူ့ကို ဆက်ခိုင်းလိုက်တယ်..သူလဲ မေးလိုက်တော့လဲ အဲ့ဒီ ဖုန်းနာပါတ်ကို အော်ပရေတာက ပြောပြပါတယ်..ဒီတော့ သူကလဲ ပုသိပ်ကို ရောက်နေတဲ့ သူ့ရဲ့ ဘော်ဒါကြီး ရဲကိုကို ကြီးကို ပြန်ဆက်ပြီးမေးလိုက်တော့.အခုထိမရသေးဘူးပြောတော့..သူ့ခဗျာ ဖင်ကုတ် ခေါင်းကုတ်နဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်သွားတာပေါ့ဗျာ..ရဲက လိမ်နေတယ်ဆိုတာကို သူသိသွားပြီပေါ့ဗျာ..ဒါပေမယ့် သူတို့ နှစ်ယောက်ကြားမှာ ဘယ်လို အကန့်တွေ ရှိသလဲ ဆိုတာတော့ မသိဘူးပေါ့ဗျာ..ဘာမှလဲ မပြောတော့ဘူး..ကျွန်တော်တို့ကို တောင်းပန်ရှာပါတယ်..သူ့ကို အပြစ်မတင်ပါဘူး..ဘာလို့လဲ ဆိုတော့ သူလဲ တကယ်မသိတာကိုးဗျ..တကယ်အပြစ်ရှိတာ က ဟို ငနဲ ရဲ ဆိုတဲ့ ကောင်ပဲဗျ..သူများပိုက်ဆံကို ပြန်မပေးချင်တာနဲ့
လုပ်ချလိုက်တာ ကျွန်တော်တို့မှာ တော်တော်ကို အကြပ်ရိုက်သွားတာနော်..ငွေ 10 သိန်းရင်းပြီး ဖုန်းကဒ်တစ်ကဒ်ကို တစ်သောင်းကျပ်အတိနဲ့ ရောင်းတာ 400 ကျပ်အမြတ်ရတာ ဒီတကဒ်နဲ့ကျမှ အရှုံးပါပေါ်ရတဲ့ဘ၀ကို ရောက်တော့တာပဲ..မတရား အမြတ်စားချင်တဲ့ ကိုယ့်အပြစ်နဲ့ ကိုယ် ဆိုတော့လဲ ဘယ်တတ်နိုင်ပါမလဲပေါ့ ဗျာ..ဒီအကြောင်းကို ရေးနေတဲ့ အချိန်ထိကို ဟိုရဲကိုကို ဆိုတဲ့ ပြည့်သူ့ဝန်ထမ်း တယောက်ကတော့ အခုချိန်အထိကို သူ့ဖုန်းထဲကို ငွေမ၀င်သေးဘူးဆိုတဲ့ အကြောင်းကို ဘူးတစ်လုံးခံပြီး ပြောနေတယ်ဆိုတာကို အသိပေးပြောကြားရင်းနဲ့ ကျွန်တော့်ရဲ့ ငွေဖြည့်ကဒ် ပြသနာအကြောင်းကို ဒီနေရာကနေပဲအဆုံးသတ်လိုက်ပါတော့တယ် ခင်ဗျာ..အားလုံး အားလုံးကို ကျေးဇူး အထူးတင်ပါတယ်..


ငွေဖြည့်ကဒ် နဲ့ လူလိမ် ပြသနာ


ငွေဖြည့်ကဒ်ကို ရောင်းတဲ့သူတွေ ရော အသုံးပြူသူတွေရော သိထားစေချင်လို့
ဒီပြသနာလေးကို ဗဟုသုတ အနေနဲ့
ဖောက်သည်ချလိုက်ပါပြီ..လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်က ဖြစ်ခဲ့တဲ့ ပြသနာ
ပါမွှားလေးပါဗျာ..လုပ်တဲ့သူကလဲ
မကြောက်မရွံပဲဗျ..ပြသနာကဒီလိုဗျ..အဲ့ဒီတုန်းက ရန်ကုန်က
ကျွန်တော့်အစ်မဆိုင်မှာ ညနေပိုင်းလောက်မှာ လူကြီးတစ်ယောက်က 450
တစ်သောင်းတန် ငွေဖြည့်ကဒ် တစ်ကဒ် လာဝယ်တယ်ဗျာ..လူပုံကတော့ တကယ့်
ကိုသားသားနားနားပါးပဲ..အပေါ်ယံကြည့်လိုက်ရင် အရင်ခေတ်တုန်းအပြောမျိုးနဲ့ဆို
ဘာကောင်လိုလို ညာကောင်လိုလိုပေါ့ဗျာ..တကယ်တော့ ဒီငနဲကြီး ကိုကြည့်ရတာလဲ
အဲ့လို ဂိုက်ကို တမင်ဖမ်းထားလိုက်တယ်ထင်တာပဲဗျ..ထားပေါ့တော့ဗျာ
ဒါတွေလျှောက်ပြောနေရင် လိုရင်းကို ရောက်မှာ မဟုတ်တော့ဘူး..ကဒ်ဝယ်ပြီး
သိပ်မကြာခင်မှာပဲ ဒီလူ ပြန်ရောက်လာတယ်..

သူရိုက်တာ မှားလို့လားမသိဘူး
ငွေမ၀င်ဘူးတဲ့..တခါထဲမှားသေးတာတဲ့.နောက်ထပ် မရိုက်ရဲတော့လို့
ဒီကိုပြန်ယူလာတာတဲ့ဗျာ..ဒါနဲ့ ကျွန်တော်ကလဲ မသိဘူးပေါ့ဗျာ..ဟုတ်ပြီ
တခါထဲမှားတာဆိုတော့ ပြသနာမရှိဘူးလို့ပြောပြီး
ကျွန်တော်ကိုယ်တိုင်ရိုက်ထည့်တော့လဲ ငွေက မ၀င်ပြန်ဘူး..အဲ့တော့ နောက်တနည်း
စဉ်းစားကြည့်ရတာပေါ့..ဒီ ငနဲ ကို မယုံကြည်တဲ့စိတ် လုံးဝ ကို
မဖြစ်သေးဘူးနော် အဲ့ဒီအချိန်အထိ..ပုံစံကလဲ ထင်စရာမှ
မရှိတာ..လူလိမ်ဆိုတာကလဲ နဖူးမှာ စာမရေးထားတော့လဲ ခက်သား.ဒါနဲ့ ဘေးနားက
အသိတယောက်က ၀င်ပြောတာပေါ့..ငွေဖြည့်တဲ့ server တွေမှာ တခါတလေ error
ဖြစ်ရင် ငွေဖြည့်လို့မရဘူးတဲ့..စောင့်ကြည့်ပေါ့တဲ့ဗျာ..ကိုလူလိမ်ကလဲ
ကျေကျေနပ်နပ်ပါပဲဗျာ..အဲ့ဒီငွေမ၀င်တော့တဲ့ ကဒ်ကို ပြန်ယူပြီး သူ့အိမ်
သူပြန်သွားရှာပါတယ်..မနက်ကျမှ
ပြန်လုပ်ကြည့်မယ်လို့ပြောသွားတာပေါ့..အဲ..နောက်နေ့ နေ့ခင်းလောက်ကျတော့
ပြန်ရောက်လာပြန်တယ်..မရပါဘူးတဲ့..အဲ့ဒီအချိန်မှာ တခြား 450 ဖုန်းတွေက
သွင်းလို့ရတယ်..သူ့ဖုန်းက သွင်းလို့မရဘူးဖြစ်နေတုန်းပဲ..အဲ့ဒီအချိန်ထိကို
ဒီလူက သဘောကောင်းနေတုန်းပဲ..လူတွေကို ငွေ  ၉၈၀၀ ကျပ်ရင်းပြီး ၂၀၀ ကျပ်
တောင် အမြတ်စားချင်တဲ့လောဘက  အခုတော့ ဒုက္ခ လှလှတော့ပေးပြီပေါ့..စိတ်ထဲကလဲ
ရောင်းချင်အုံးဟဲ့ ငွေဖြည့်ကဒ် ဆိုပြီး အစ်မ ကိုတောင် စိတ်ထဲက
စော်ကားမိသေးတယ်..ဒါနဲ့ ပဲ ဒီငွေဖြည့်ကဒ်တွေကို ဖောက်သည်ပေးတဲ့ ဆိုင်ကို
ပြေးရတာပေါ့ဗျာ...လက္ကားယူထားတဲ့ဆိုင်က လှည်းတန်းနားက Touch Mobile
ဆိုင်တော့ အဲ့ဒီဆိုင်ကို ပြေးရတာပေါ့..ဆိုင်က ၀န်ထမ်းတွေက လဲ သူတို့ဆီက
ဟန်းဆက်ထဲကို ချိန်းပြီးထည့်တော့ လဲ
ငွေကဖြည့်လို့မရပြန်ဘူး..အားပေးရှာပါတယ် ဘာမှ မစိုးရိမ်နဲ့ ဒီကဒ်တွေမှာ
Serial Number တွေပါတယ် ..အကြံအဖန် လုပ်လို့မရဘူးပေါ့ ဒီလောက်ပဲ
ပြောလိုက်တာပါ..ဘယ်မှာ အတိအကျ ဖော်ထုတ်ရမယ်ဆိုတာတော့ မပြောဘူး..အင်းလေ
သူတို့လဲ ကိုယ့်လို
ငတုံးမို့လို့နေမှာပေါ့..ကိုယ်ကရောင်းထားတဲ့သူဆိုတော့လဲ ကိုယ့်မှာ
လောလောဆယ် ၀ယ်သူနဲ့ တိုက်ရိုက် ဖြေရှင်းပေးနေရတယ်..မြန်မာ့ဆက်သွယ်ရေးက
ထုတ်ထားတဲ့ ငွေဖြည့်ကဒ်ဆိုပေမယ့် ၀ယ်သူက ကိုယ့်ဆီက၀ယ်တယ် အဲ့တော့ တစုံတရာ
ပြသနာဖြစ်ရင် ကိုယ့်ကရှင်း .ကိုယ့် ဆီကမှ တဆင့် ကိုယ်ဝယ်ဆိုင်ကို
ပြန်ရှင်း အဆင့်ဆင့်ပြောပေါ့ဗျာ..အဲ့ဒါနဲ့ ကျွန်တော်တို့ဆီက ၀ယ်ထားတဲ့သူလဲ
နောက်တရက်ကို ထပ်စောင့်သေးတယ်ဗျ..တော်တော်သည်းခံတဲ့သူနော်..ဟဲဟဲ

နောက်တရက်လဲ ရောက်ရော ဆရာသမားက ပြသနာစရှာတော့တာပဲ..ငါစောင့်နေတာ
သည်းမခံနိုင်တော့ဘူး.အဲ့ဒီတော့ ငါ့ကို ပိုက်ဆံပြန်ပေးတဲ့..အဲ့ဒီမှာ
ကျွန်တော်က မပေးနိုင်ဘူးလို့ပြောလိုက်တယ်ဗျာ..ဒီကဒ်တွေက ကျွန်တော်တို့
ထုတ်ထားတဲ့ ကဒ်တွေလဲ မဟုတ်ဘူး..ဆက်သွယ်ရေးက ထုတ်ထားတဲ့ကဒ်တွေ
လို့ပြောလိုက်တယ်..အဲ့ဒီမှာ ဆရာသမား က သူ့လက်ထဲက ဟန်းဖုန်းကို
ထုတ်တော့တာပဲ..ဘယ်ကို ဆက်တာလဲတော့မသိ..အိုင်တင်ကတော့  သူ့ရဲ့
အထက်အရာရှိနဲ့ ပြောနေတယ်ဆိုတဲ့ ပုံပေါ့ဗျာ..ဟုတ်ကဲ့ဆရာ
ဟုတ်ကဲ့စရာနဲ့..ဖုန်းပြောပြီးသိပ်မကြာခင်မှာ ပဲ နောက်ထပ် လူကြီး 3
ယောက်ထပ်ရောက်လာတယ်ဗျ..ဖုန်းထဲမှာ ဆရာဆရာလို့ တဖွဖွအပြောခံရတဲ့
လူဖြစ်ဘို့များတဲ့ လူတစ်ယောက်က ကျွန်တော့်ကိုလာပြီး ပြောတဲ့ပုံက ဒီလိုဗျ 
"" မင်းတို့ကဒ်အတုတွေရောင်းနေတာလားတဲ့..ငါတို့ ပိုက်ဆံကို ပြန်ပေးမလား
မပေးဘူးလားတဲ့ဗျာ..ငါတို့ကို ဘာကောင်တွေထင်နေလဲ..ငါတို့က စစ်ဘက်က
ကောင်တွေတဲ့ဗျာ"

အဲ့လိုပြောလိုက်တာနဲ့ ကျွန်တော်လဲ ဘာမှန်းညာမှန်းမသိပဲ နဲ့ကို
ချီးပါချင်သလို သေးပေါက်ချင်သလိုဖြစ်သွားတော့တာပေါ့ဗျာ..ဟဲဟဲ
ကြောက်လို့နော်...ဒီလိုဆိုတော့ ကျွန်တော်ကလဲ
ဂုဏ်တွေပြရတော့တာပေါ့..အန်ကယ်တို့က စစ်ဘက်က ဆိုတော့ ကျွန်တော်အခုထဲက
ကြိုပြီးတောင်းပန်ထားမယ် ပြောမှားဆိုမှား ရှိရင် ခွင့်လွတ်ဘို့၊၊ဘာလို့လဲ
ဆိုတော့ ကျွန်တော်က ဒီနှစ်မှပဲ သူငယ်တန်းကို ( ခ ) အဆင့်နဲ့
အောင်ထားတာဆိုတော့

အဲ့လို ထီးသုံးနန်းသုံးစကားတွေ မပြောတတ်ပဲ အရိုင်းအစိုင်းစကားတွေ
ပါသွားမှာစိုးလို့ပါ လို့ပဲ ယဉ်ယဉ်ကျေးကျေး ပြောလိုက်ပါတယ်..အဲ့ဒီမှာ
ဆရာဆိုတဲ့ ငနဲကြီးလဲ ရှူးရှူး ရှဲရှဲတွေ ထလုပ်တော့တာပဲ..ကြာတယ်ကွာ
ရဲစခန်းကို ဖုန်းဆက် လိုက်တဲ့..ဒီကောင်တွေကို အချုပ်ထဲ
ထည့်လိုက်ဆိုပဲ..ကျွန်တော်လဲ ရင်တွေဘာတွေတုန်သွားတာပေါ့..ကျွန်တော် လဲ
ဒီငနဲကြီးတွေကို ဒီနေ့မှ မဆော်လိုက်ရရင် တသက်လုံးကျေနပ်မှာ
မဟုတ်တော့ဘူး..ဒီလူတွေ လွဲနေပြီဆိုတာ သိလိုက်တာပဲ..လည်လည်ပတ်ပတ်ရှိတဲ့
ကျွန်တော့်အစ်ကို ဆီကို ဖုန်းဆက်ပြီးအမြန်
အကူအညီတောင်းရတော့တာပေါ့..ကျွန်တော့်အစ်ကိုလဲ အားကိုးရှာပါတယ်
ဘာမှထွေထွေထူးထူး မပြောဘူး ဂဏန်းကြီး 8 လုံးပဲ
ပေးလိုက်တယ်...အနားယူသွားတဲ့ ဒုတိယသမ္မတကြီး သီဟသူရ တင်အောင်မြင့်ဦးကို
ပြောတာမဟုတ်ဘူးနော်..သူ့ကို အပြင်ကလူတွေက 8
လုံးကြီးးလို့ခေါ်ကြလို့ပါဗျာ.တကယ်တော့ ဂဏန်းကြီး ရှစ်လုံး
ဆိုတာဖုန်းနာပါတ်ပါ..73111111 ကိုပြောတာပါ.. ကျွန်တော်လဲ ဟိုဘီးကြဲကြီး
ခုနကပြောသလိုပဲပေါ့ ခပ်တည်တည်ပဲ သူ့ရှေ့မှ ဖုန်းခေါ်တော့တာပဲ..ငါလဲ
ဘာကောင်ဆိုတာ သိရမယ်ဆိုတဲ့ အထာနဲ့ပေါ့ဗျာ...နဲနဲတော့
ဂိုက်ပေးကြမ်းရတော့တာပေါ့ဗျာ..ကံကောင်းချင်လို့လားမသိဘူး..အော်ပရေတာကို
လွယ်လွယ်ကူကူနဲ့
ခေါ်လို့ရသွားတယ်..ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တယ်ဗျာ..အဲ့ဒါနဲ့
အော်ပရေတာ မမကလဲ ငွေဖြည့်ကဒ်မှာ ပါတဲ့ Serial Number နဲ့ ငွေဖြည့်လိုက်တဲ့
ဖုန်းနာပါတ်ကိုတောင်းတော့ ကျွန်တော်လဲ ပြောပြလိုက်တယ်..ဘာမှ မကြာဘူး
ခဏလေးပဲ.

အော်ပရေတာက အဲ့ဒီငွေဖြည့်ကဒ်က ငွေဝင်သွားပြီ..ဒါပေမယ့်
ကျွန်တော်ပြောလိုက်တဲ့ ဖုန်းကို မဟုတ်ဘူး..တခြားဖုန်းထဲကို
ငွေဝင်သွားတာတဲ့..အဲ့တော့ ကျွန်တော်က အဲ့ဒီငွေဝင်သွားတဲ့ ဖုန်းနာပါတ်ကို
သိလို့ရမလားမေးတော့ ..သူတို့မှာ
အဲ့လိုပြောပိုင်ခွင့်မရှိဘူးတဲ့...တကယ်လို့ အခု ပြသနာဖြစ်တဲ့သူတွေက
ရဲခေါ်မယ်ဆိုရင်လဲ ခေါ်ပါစေတဲ့..ကိုယ့်ဘက်က အမှန်အနေအထားပဲဆိုတော့..ရဲက
ငွေတကယ်ဝင်သွားတဲ့ ဖုန်းနောက်ကို လိုက်ပြီး သူ့ရဲကိစ္စကို
သူ့တို့နည်းသူတို့ဟန်နဲ့လုပ်မယ်ပေါ့...အဲ့ဒီမှာ ကျွန်တော်
မောင်အောင်မျိုးမြင့် ငတုံးဆိုတဲ့ကောင် ရဲ့ ခေါင်းထဲကို အလင်းက
တန်းခနဲဝင်လာတော့တာပဲ..

ကျွန်တော်လဲ ဖုန်းချလိုက်ပြီး ဘာဆက်လုပ်ရမယ်ဆိုတာ သိသွားပြီလေ...အဲ့ဒါနဲ့ ကျွန်တော့် အစ်မကို မေးလိုက်တယ် ဒီငနဲကြီးတွေကို ဂျေးထဲ ပို့မလားလို့မေးတော့..ကျွန်တော့်အစ်မက မလုပ်ပါနဲ့တဲ့ ဗျာ..ပြသနာကို ကိုယ့်ဘက်က မှန်ကန်ကြောင်း သူတို့လက်ခံရင် တော်ပါပြီတဲ့.အေးလေ..ကျွန်တော့်အစ်မက နဂိုကတည်းက ကြောက်တတ်တာဆိုတော့..ပြီးတော့ ပြသနာစတက်ကတည်းက ဆရာသမားတွေက ဘာလိုလိုညာလိုလိုကောင်လိုမျိုး ဂိုက်တွေဖမ်းပြီးပြောနေတော့ သူလဲ ကြောက်မှာပေါ့..အဲ့ဒါနဲ့ ကျွန်တော်လဲ ဘီးကြဲ ဘဲကြီးတွေကို တခွန်းပဲ ပြောလိုက်တယ်..ဆရာကြီးတို့ ရဲခေါ်လိုက်ပါလို့ပြောလိုက်တယ်..အဲ့ဒီတော့ သူတို့ထဲက တစ်ယောက်က ကျွန်တော် နဲနဲ လည်လာပြီဆိုတာ ရိပ်မိသွားပုံရပြီး ကျွန်တော့်အစ်မကို သွားပြောတယ်.ပိုက်ဆံလေး တစ်သောင်းက တန်ဘိုးမရှိပါဘူးဟာ..လျော်ပေးလိုက်ရင် ပြေလည်သွားမှာကို..ဘာလို့ ပြသနာဖြစ်ချင်ရတာလဲတဲ့..ငါတို့ကလဲ နင်တို့ကို ရဲခေါ်ဖမ်းခိုင်းရမှာမျိုး မလုပ်ချင်ဘူးတဲ့..ဟီးဟီး .တကယ်ပြောတာ ကျွန်တော် အဲ့ဒီနေ့က ရီတာ အူတက်ပြီး မသေတာ ကံကောင်းတယ်..အဲ့ဒီလူ အဲ့လိုပြောတာ မရီဘဲကို မနေနိုင်ဘူး..ထားပါတော့လေ...ကဲကဲ အောင်မျိုးမြင့်တို့ အလှည့်ကိုရောက်ပြီ...မျက်နှာထား တင်းတင်းပဲ တပြားမှ မလျော့ဘူး..ကုန်ကုန်ပြောမယ်ဗျာ..တလောကလုံး ကျွန်တော့်လုပ်စာကို စားထားသလိုမျိုး မျက်နှာကြောကို အပြတ်တင်းပြီး အဲ့ဒီဘီးကြဲတွေကို ခပ်ရင့်ရင့်စပြောလိုက်တယ် ခင်ဗျားတို့တကယ်ရဲစခန်းကို ဖုန်းဆက်မှာလားလို့မေးလိုက်တယ်..ပြီးတော့ ဖုန်းဆက်တာ ကြာတယ်ဗျာ..လာ အခု အတူတူ ပျော်ပျော်ပါးပါးကြီးသွားကြတာပေါ့လို့ ပြောလိုက်တော့..အိုင်တင်ကောင်းတဲ့ ကိုကိုတွေ နဲနဲတော့ ရုပ်စပျက်လာပြီ..ဒါပေမယ့်လဲ OLd Service တွေဆိုတော့လဲ အေးဆေးပေါ့ဗျာ..ကျွန်တော်လဲ မထူးတော့ ဘူး ဖြဲလက်စနဲ့ မိုင်ကုန်ယမ်းကုန် ဖြဲတော့တာပဲ..
ခင်ဗျားတို့သိအောင် ပြောပြမယ်.........ဒီငွေဖြည့်ကဒ်တွေကို ကျုပ်တို့ တွေထုတ်နေတာမဟုတ်ဘူး..မြန်မာ့ ဆက်သွယ်ရေး ကထုတ်တာ..ကုန်ကုန်ပြောရရင် အစိုးရထုတ်တဲ့ ငွေဖြည့်ကဒ်ကို ခင်ဗျားတို့က ကဒ်အတု လို့ပြောတဲ့အတွက် ခင်ဗျားစကားက နိုင်ငံတော် ကို သိက္ခာကျအောင်လုပ်နေတာဖြစ်တဲ့အတွက် ခင်ဗျားကို နိုင်ငံတော် အသရေဖျက်မှုနဲ့ တရားစွဲလို့ရတယ် ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ဗျာ..အဲ့ဒီမှာ ဒီလူကျွန်တော့ဆီက ဘာမှ မျှော်လင့်လို့ မရမှန်းသိသွားပုံရတယ်..ကျွန်တော့်ကို ဘာမှ ဆက်မပြောတော့ဘဲ ကျွန်တော့်အစ်မကို ဘာပြောတယ်မှတ်လဲ..ငွေတစ်သောင်းက ဘာမှ တန်ဖိုး ရှိတာ မဟုတ်ပါဘူးတဲ့ တစ်ယောက်နဲ့ တယောက် ဒီလို ရုံးရောက်ဘာရောက်တာ မကောင်းပါဘူးတဲ့ သူတို့ဘက်ကပဲ လျှော်ပေးလိုက်ပါမယ်လို့ပြောပြီး ခပ်တည်တည်ထွက်သွားတာဗျာ..ထွက်သွားတာမှ ကိုယ်တွေက ဟင် ဆိုရင် တံတွေးတောင် လှည့်မထွေးဘူးဆိုတဲ့ ဂိုက်မျိုးနော်.ဒီလိုတော့ အောင်မျိုးမြင့်တို့က ဘယ်ရမလဲဗျာ..နောက်ကပြေးလိုက်တာပေါ့..ခင်ဗျားတို့ ဒီလိုပြောပြိးထွက်လို့ဘယ်ဖြစ်မလဲ စိတ်ထဲမှာ မတင်မကျကြီးဖြစ်နေတာပေါ့..လာပါဗျာ..ရဲစခန်းပဲ သွားကြရအောင်ဗျာလို့ လိုက်ခေါ်တာ...ဟိုလူတွေ မျက်နှာကို ပြချင်တယ် ဗျာ..တကယ်..အဲ့ဒါကို ကျွန်တော့်အစ်မ ကကြောက်ကြောက်နဲ့ ကျွန်တော့် ကို လိုက်ဆွဲခေါ်လို့ အဲ့ဒီ ဘာလိုလို ညာလိုလို အကောင်ပလောင်တွေ ဘယ်ရောက်လို့ ဘယ်ပေါက် ကုန်မှန်းတောင် မသိတော့ပါဘူးဗျာ..သင်ခန်းစာတခုအနေနဲ့ တင်ပြလိုက်ပါတယ်..ဇာတ်လမ်းက မဆုံးသေးဘူးနော် နောက် ထပ် 6 လ လောက်အကြာမှာ ဒီဘဲကြီးတွေနဲ့ တနေရာမှာ ကြုံရသေးတယ် ကျွန်တော့်ကို မမှတ်မိဘူး..ကျွန်တော့် သူငယ်ချင်း ဖုန်းဆိုင်မှာပါ..အဲ့ဒီတုန်းက ပြသနာက ငွေဖြည့်ကဒ်မဟုတ်တော့ဘူး..တခြားပြသနာတခုပြောင်းသွားတယ်...နောက်မှပဲ ထပ်တင်ပေးတော့မယ်..အခုတော့ လက်ညောင်းနေလို့..ကျေနပ်လောက်မယ်ထင်ပါတယ်ဗျာ..


အခုလိုဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်