Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။
Showing posts with label How to. Show all posts
Showing posts with label How to. Show all posts

Sunday, March 10, 2013

APK Edit Tool with GUI Interface


Apk တွေကို Edit လုပ်တဲ့ Tool တွေမှာ အကုန်လုံးက Apk Multitool (or) APK manager ကိုသုံးလေ့ရှိကြပါတယ် ... ။

အလွယ်ဆုံး အသုံးပြုတဲ့ Tool လေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ် ... ။ အဲ့ဒါကတော့ GUI (Graphical User Interface) နဲ့ Tool လေးပါ ... ။
ထုံးစံအတိုင်း JAVA, .net framework စတာတွေတော့လိုအပ်ပါတယ် ... ။
မိမိဘာသာ ရှာဖွေဒေါင်းနိုင်ပါတယ် ... ။
ဒီကောင်လေးမှာ တစ်ခုသာတာက သာမာန် User တွေအတွက်အဆင်ပြေ လွယ်လည်းလွယ်ကူလှပါတယ် ... Mouse လေးနဲ့ ကလစ်လေးတွေလုပ်ပေးရုံပါပဲ ... ။

ဒီမှာဒေါင်းပါ

http://www.mediafire.com/?fd2s8p7lfogq9hl

စိုင်းအာကာ (MMUC)

https://www.facebook.com/groups/MyanmarMobileUsers/doc/557002270990811/

Insecure Boot Image ပြုလုပ်နည်း (for NewBie)


Insecure Boot Image ပြုလုပ်ပြီး Root လုပ်လို့ရပါတယ် ... ။

Insecure ဆိုတာ mount/remount လုပ်ခွင့်ပိတ်ထားတာကို Admin User အနေနဲ့ရအောင် Hack ယူလိုက်တာပါ။

ဒေါင်းထားတဲ့ဖိုင် လေးကို desktop ပေါ်မှာဖြည်လိုက်ပါ။ bootimg.exe လေးရှိတဲ့ ဖိုလ်ဒါထဲကို ကိုယ်ဖြည်ချင်တဲ့ Boot.img လေးထည့်လိုက်ပါ။ ပြီးရင် boot.bat လေးကို ဖွင့်လိုက်ပါ။
၁. boot.img ကိုဖြည်ဖို့ ၁ ကိုရွှေးပေးပါ။ cmd box ထဲကအောက်ကစာသားမျိုးကို ကူးယူထားပါ။ repack boot.img လုပ်ရင်လိုပါလိမ့်မည်။


arguments: [bootimg file]
bootimg file: boot.img
output: kernel[.gz] ramdisk[.gz] second[.gz]
base=0x200000
page_size=2048
name=""
cmdline="androidboot.hardware=huawei loglevel=1"
padding_size=2048


ကူးယူပြီးရင် ကီးတစ်ခုခုကိုနှိပ်ပါ။
၂. default.prop ကို edit လုပ်ဖို့ ၂ ကိုရွှေးပေးပါ။ Edit box ထဲက ro.secure=1 ကို ro.secure=0 ပြောင်းပါ။ file ကိုနှိပ်လိုက်ရင် popup menu လေး
    ထဲက save ကိုရွှေးပြီး save လိုက်ပါ။ နောက်တကြိမ် file ကိုနှိပ်ပြီး exit ကိုနှိပ်ပြီး Editor မှထွက်လိုက်ပါ။
၃. Boot.img ပြန်ပြီးလုပ်ရအောင်--- မူရင်း boot.img ကိုအမည်ပြောင်းထားပါ။
    Enter Copied Words: ဆိုတဲ့နေရာမှာ Enter Copied Words:base cmdline page_size padding_size 
    ဒီလိုလေးထည့်ပါ  ဥပမာ  Enter Copied Words:  0x200000 "androidboot.hardware=huawei loglevel=1" 2048 2048
    ပြီးရင် ကီးတစ်ခုခုကိုနှိပ်လိုက်ပါ။                

အားလုံးပြီးပါပြီ ... ။ အဆင်ပြေကြပါစေ ... ။
ဒီမှာဒေါင်းပါ --------------------> http://www.mediafire.com/?ppx5nns47dw8izv

စိုင်းအာကာ (MMUC)

Credit To >> Baganthar @ MPX Team

Sunday, December 2, 2012

Download ဆွဲရာတွင် Resumeလင့်ရအောင်လုပ်နည်းလေးပါ

Download ဆွဲရာတွင် Resumeလင့်ရအောင်လုပ်နည်းလေးပါ ရတဲ့လင့်များကတော့
hotfile.comExtabit.comRapidshare.comnetload.inuploaded.net တို့ပါ
DHG မှ Ko Elvic Jame ပြုစုထားသော Doc လေးကို ရှယ်ပေးလိုက်ခြင်းဖြစ်ပါတယ် 
ခုအောက်ကကျွန်တော်ပေးတဲ့ Link  လေးမှာ Sign Up လုတ်လိုက်ပါ
http://trunkize.com


ညာဘတ် အပေါ် ဆုံးနားမှာရှိတဲ့ Sign Upကိုနှိတ်လိုက်ရင်နောက် PAge တခူမှာ  Connect with Facebook ဆို တဲ့ BOX လေးတွေပါလိတ်မယ်အဲ့ဒိအချိန်မှာကိုရဲ့ Facebook accont လေးကို ဖွင့်ထားရင်ပိုကောင်းပါတယ်
Connect to Facebook ကိုနှိတ်လိုက်ပါ။ပီးရင် facebook ထဲရောက်သွားပီးတော့ Goto App   စိုတဲ့  Box လေးကို  ထပ် နှိတ်လိုက်ပါFiile Link ထဲ့လို့ရတဲ့ Page တခူ  ပေါ်လာပါလိတ်မယ် အဲ့ဒိမှာ Download လုတ်ချင်တဲ့ File Link ကို  Copy/Paste လုတ်ပြီးထဲ့ပြီးရင်အောက်မှာ Add File  ဆိုတာတွေပါလိမ့်မယ် အဲ့ဒါလေးကိုနှိတ်လိုက်ပါ။Download လုတ်လို့ရမဲ့ Link  ကို ပြန်ပေးပါလိမ့်မယ် စဆွဲလို့ရပါပြီ။ Resume ရပါတယ် Free Stroage 2GB ထိ ရပါတယ်
Support ပေးတဲ့လင့်တွေကတော့
hotfile.comExtabit.comRapidshare.comnetload.inuploaded.netတို့ပါ အဲ့ဒိမှာကိုတင်လိုက်တဲ့ Link ကို သူမျာ:ကိုပြန်ပြီး  Share  လို့ သူများကလာဆွဲရင်  တစ်ခါကို 120 MB Quota  ထက်ပေးပါတယ် ( Example 2Gb + 120 MB) စမ်းကြည့်ကျပေါ့ဗျာအမှားပါခဲ့ရင်ခွင့်လွှစ်ပါကျွန်တော်လဲလတ်ရှိအဲ့ဒိလိုပဲသုံးနေပါတယ်အစင်ပြေပါတယ် ။
http://www.facebook.com/groups/downloadhelper/ ဆိုက်လေးမှ Ko Elvic Jame ပြုစုထားသော Doc လေးကို ရှယ်ပေးလိုက်ခြင်းဖြစ်ပါတယ် ပညာတွေတိုးပွားအောင် မျှဝေပေးတဲ့အတွက် DHG အဖွဲ့သားအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ် ။
By Djjoe Man i


https://www.facebook.com/groups/MyanmarMobileUsers/doc/502364039787968/

Saturday, December 1, 2012

ကျနော် MMUC ထဲကို ဘယ်လိုရောက်လာသလဲ ဆိုတော့…


  • ကျနော် MMUC ထဲကို ဘယ်လိုရောက်လာသလဲ ဆိုတော့… by Myat Tun Thit
အဲ့အချိန်က မှတ်မှတ်ရရ ဆိုင်မှာ Mcwill တွေ ချပေးခါစက ဆရာဝန်တစ်ယောက် internet speed စမ်းမယ်ဆိုပီး သူ့ facebook ကိုဖွင့်ပီးစမ်းတော့..။ သူနဲ့လဲ နဲနဲရင်းနှီးတာနဲ့ ကိုမောင်မောင်ဦးတို့ကတော့ ပြထားပြန်ပီဆိုပီး ဆရာ့ရဲ့ photo album တစ်ခုကို ပြတယ်..။ SII နဲ့ 4s ကို ယှဉ်ရိုက်ထားတဲ့ပုံလေး….။အဲ့ album မှာသတိထားမိတာက သူတို့ ပန်းသီး နဲ့စက်ရုပ် ဘယ်သူကောင်းတယ်ဆိုပီး ငြင်းနေကျတယ်။ ကျွန်တော်က အဲ့အချိန်က SII ကိုင်နေချိန်ဆိုတော့ အဲ့ဒီ album လေးကိုမှတ်ထားလိုက်တယ်.။

ညကျတော့ အဲ့ဆရာရဲ့ profile ကို search မှာရှာတယ်..။ ပီးတော့ သူ့ friend ထဲကမှ တဆင့် နံမည်မမှတ်မိတော့လို့ ဆရာ မောင်မောင်ဦး နာမည်ကို ရှာရတယ်..(ဆရာနဲ့ လုံးဝ မရင်းနှီးသေးပါ)။ ပီးတော့မှ ဆရာ့ကို add ပီး ကျနော်သွားချင်တဲ့ ဆရာ့album အောက်ကိုသွား ဖတ်တယ်။ ဖတ်ရင်းနဲ့ သူ့ဖုန်းသာတယ် ကိုယ့်ဖုန်းသာတယ်ပြောကျတာပေါ့ဗျာ။ ပျော်စရာကြီးပါ ။ (ဘာလို့ပျော်သလဲ ဆိုတော့ အဲ့မှာ ပြောဆိုနေတဲ့ တရုတ်ကလေး နှစ်ယောက်က လွန်စွာမှ ချစ်စရာကောင်းတဲ့ ပန်းသီးလေးနှစ်လုံး ဖြစ်နေလို့ပါပဲ..)။ ကျနော်တို့ တတ်နိုင်သမျှ technical ဘောင်အတွင်းကနေပဲ ပြောကျတယ်။ ပျော်ဖို့ကောင်းတယ်..။

အဲ့ဒီမှာ ဆရာက တစခန်းထတာပဲ။ Group တစ်ခု ကောက်ထောင်လိုက်တယ်..။ Myanmar Mobile Users Club ပေါ့။ ဒီဘက်မှာ ခင်ဗျားတို့ ဆက်ပြောကျတဲ့.. ဟိုမှာက ပို့ ၁၅၀ ကျော်နေပီတဲ့။ ကျနော်တို့ ဆက်လက်ဆွေးနွေးကျတယ်…knowledgeတွေ ရှယ်တယ်။ ပြောရင်း ရှယ်ရင်းနဲ့ သူထဲ့ကိုယ်ထဲ့မန်ဘာ ၃၀ လောက်ဖြစ်သွားတယ်..။ အဲ့ဒီထဲ့တဲ့အထဲမှာ ကိုကျော်သန်းအောင်တို့ ကိုနှဲကြီးတို့ ကိုဝူယုကိုင်းတို့ ပါလာတယ်။ အဲ့ဒီမှာပဲ ကိုယ့်ဘက်ကို ပါစေချင်ကျတော့ android အကြောင်းလာမေးရင် ကျနော်နဲ့ ဇယားက ဒိုင်ခံ သိသလောက် မှတ်သလောက် ရွှီးရွန်းပီး ဖြေတယ်...။ ပန်းသီးအကြောင်း လာမေးရင် ဟိုချစ်စရာ တရုတ်ကလေး နှစ်ကောင် က ဒိုင်ခံဖြေတယ်..။ ဖြေလိုက် ငြင်းလိုက်နဲ့ ပန်းသီးတွေနဲ့ ကျနော်တော်တော်လေးကို ရင်းနှီးသွားတယ်။
အဲ့မှာ မှတ်မှတ်ရရ iphone4s ထွက်တယ်..။ 4s ဆိုတော့ မိတ်ဆွေတို့သိတဲ့အတိုင်း ပန်းသီးသမားတွေ သူတို့ ထင်သလောက် ဖြစ်မလာတော့ ခေါင်းတောင် မထောင်နိုင်ဘူး ကျနော်တို့ပြောတာ။

အမှန်က ဒိုင်ခံသာဖြေနေတာ.. အကုန်သိလို့မဟုတ်ဘူး..။ professional တွေရောက်လာမှ ပိုမြိုင်တာ။ ကျနော်တို့ ဖြေရှင်းပေးနေတာတွေ သူတို့တွေ့တယ်..။ အစပိုင်းကတော့ ၇ိသလို ထေ့သလိုနဲ့ အမှန်ပြင်ပေးတာပေါ့။ ဒါပေမယ့် ဒီဂရုရဲ့ ဦးတည်ချက်ကို သူတို့သိသွားတဲ့နောက်ပိုင်း သူတို့ကိုယ်တိုင်က အစ အားကျိုးမာန်တက်နဲ့ ဖြေပေးကျတယ်။
မန်ဘာ၅၀ ကျော်သွားပီးနောက်ပိုင်း ဘယ်လိုက ဘယ်လိုသိကျတယ်မသိဘူး ကိုယ့်ဟာကို အက်ဒ်စရာမလိုတော့ဘူး professional တွေကော end user တွေကော ဘာမှ မသိမတတ်တဲ့သူတွေကော ရောက်လာတယ်..။ ပိုပြီး မြိုင်လာတယ်..။ ပိုပြီးစည်လာတယ်…။ လူများတော့ experience ကလည်း အစုံဆိုတော့ ကူညီပေးကျတာတွေက ပိုပြီးကောင်းလာတယ်…။ ANDROID လာလာ apple လာလာ symbian လာလာ ဘာလာလာဒေါင်းတဲ့ MMUC ဖြစ်လာတယ်.။

အဲ့ဒီမှာ လူများလာတော့ ထုံးစံအတိုင်း ကြေငြာသဘောမျိုးတွေ ပါလာတယ်..။ ဆိုက်ဒ်ကြေငြာတွေ .. ကုန်ပစည်းကြေငြာတွေ။ ကျနော်သဘောမတွေ့ဘူး.. သဘောမတွေ့ဘူးဆိုတာက ဒီလို Group နဲ့ပါတ်သက်ရင် ဘာကူညီမှု့မှ မရှိဘူး ဘာ knowledge မှ မမျှဝေဘူး..။ ဘလိုင်းချည်းသက်သက် လာကြေငြာတယ်…။ ကျနော့်အမြင်မှာ အယူပဲ ရှိတယ် အပေးမရှိဘူးလို့ ထင်လာတယ်။

နောက်ပိုင်း ဘယ်လောက်ဆိုးလာသလဲ ဆို MMUC Group ထဲက professional တွေ သူတို့ဟာသူတို့ စမ်းပီး သိတဲ့ အသိတွေကို ဝေမျှတာကို ယူသုံးတယ်..။ သုံးပီး ဘာလုပ်လဲဆိုတော့ သူတို့ဆိုက်ဒ်တွေမှာတင်တယ်…။ တင်ကားတင်အိ။ ဘယ်ကရတာပါ ဘယ်သူညွန်းတာပါဆိုတာမပါဘူး။ မပါတဲ့အပြင်ကို အဲ့လိုတင်ထားတာကို ဒီဘက်မှာ ပြန်ပို့တင်ပီး သူ့တို့ ဆိုက်ဒ်တွေကို လာဖို့ဆွယ်တယ်..။ အဲ့တာမျိုးတွေ ပထမဆုံး ခံရတာက ခင်ဗျားတို့ ကျနော်တို့ သိတဲ့ စိုင်းညီလေးပို့စ်တွေ..။ သူကလူအေးဆိုတော့ ပြနာ မရှိဘူး ဘာမှ မပြောဘူး။

နောက်ပိုင်း professionalတွေ ထပ်ရောက်လာတယ်…။ ကိုဂျေဘီတို့ ကိုစိုးဝင်းတို့ ကိုမြင့်မြတ်တို့ ကိုသူရိန်တို့ တခြားend user ထဲက တော်တော်သိတဲ့သူတွေစသည်ဖြင့်ပေါ့။ အဲ့လိုမျိုးတွေထပ်ဖြစ်တယ်။ ဒါပေမယ့်ဗျာ လူပဲ ကိုယ့်ကို အသုံးချခံနေရတော့ ဘယ်နေတော့မလဲ အဲ့တော့ ပြောတော့တာပေါ့..။ အဲ့ဒီအချိန်ကနေစပီး အဲ့ ဆိုက်ဒ်ပိုင်ရှင်လေးလဲ မလာတော့ဘူး။ သူ့ဟာသူ တစင်ထောင်တယ်..။ သူ့ ဟာသူ နာမည်ဆင်တူ group တစ်ခုဖွဲ့တယ်..။ ဒါလည်းကောင်းပါတယ်လေ နှစ် group ရှိတော့ အကူအညီတောင်းဖို့ နေရာနှစ်နေရာရှိသွားတာပေါ့။ ကြားထဲ လာလာပီး မွေနောက် ပြသနာရှာကျတဲ့သူတွေ ကလည်းရှိခဲ့ဘူးတယ်။ ဒီလိုပဲ ဖြေရှင်းလိုက် ကျ မန့်လိုက်ကျနဲ့ပေါ့။ နောက်ပိုင်း MMUC ထဲကို ဆိုင်ပိုင်ရှင်တွေ ဖုန်းသွင်းနေတဲ့သူတွေပါ ရောက်လာတယ်..။ ဖုန်းဈေးတွေက အစ ဖုန်းပစည်းတွေ ဘာက ပိုကောင်းတယ်.. ဘယ်ဟာဈေးသင့်တယ်ဆိုတာ ဖြေနိုင်လာတယ်..။

နောက်ပိုင်း နောက်ပိုင်း စရင်း နောက်ရင်း ဖြေရင်း ရှယ်ရင်း ခုလို ခင်ဗျားတို့သိတဲ့ မန်ဘာ ၅၀၀၀ ကျော်နေတဲ့ MMUC ဆိုတာ ဖြစ်လာတာပဲ။ ဘာလို့လူများလဲဆိုတော့ ဒီထဲမှာ အက်တစ်ဖြစ်သူ အများစုက စတတ် နောက်တတ် ပေါက်ကရပြောတတ်တော့ ရင်းနှီးလွယ်တယ်။ ပြီးတော့ ဇီးကွက်တွေများတယ်။ ညဘက်လဲ မအိပ်ကျဘူး။ ညဘက်ကိုတောင် မေးခွန်းတစ်ခုခုမေးလိုက်ရင် မိနစ်ပိုင်းနဲ့ ရကျတာများတယ်။ (အရမ်းခက်တဲ့ ဖြေရမှာ ရှည်မဲ့ဟာမျိုးတော့ ကြာတတ်တာပေါ့)။ ကြားထဲမှာ ၀င်လာလိုက်ကျ မပျော်တော့ရင် ပျင်းသွားရင် ထွက်သွားလိုက်ကျနဲ့ အက်တစ်ဖြစ်ခဲ့တဲ့ မန်ဘာတွေ လဲ အစုံပဲ။ သူတို့တွေကြောင့်လဲ MMUC ဆိုတာ ပိုမြိုင်သွားတာ။ နောက်ပိုင်းလာတဲ့သူတွေကိုလဲ အဲ့လို ပဲ ရှယ်နိုင်ပါစေ မျှနိုင်ပါစေ ရန်ရှာတဲ့သူတွေမပါစေဖို့ မျှော်လင့်ရတာပဲ..။
ကျနော် MMUC ၁နှစ်ပြည့် မန်ဘာ ၅၀၀၀ ပြည့်အမှတ်တရ မှတ်မိသလောက် ရေးထားတာပါ။ ကြားထဲမှာ အတွင်းခံ အပြင်ထုတ်ဝတ်တဲ့ စူပါဟီးရိုးမန်ဘာတွေ ရဲ့ အကြောင်းတွေ ဂျာနယ်လုပ်ဖို့ ကောက်ရိုးမီးလုပ်ခဲ့တဲ့အကြောင်းတွေ မရေးထားပါဘူး။ ချစ်စရာကောင်းတဲ့ တရုတ်ကလေး နှစ်ကောင်ကတော့ အမေးဇင်းနဲ့ ဒေးဒေးပါ။




  • ကျနော် MMUC ထဲကို ဘယ်လိုရောက်လာသလဲ ဆိုတော့… by Kyaw Than Aung

ကျနော့်အဖြစ်က ကိုခက်နဲ့ လားလားမှမဆိုင်၊ တစ်မျိုးတစ်ဘာသာကွဲလွဲနေလိမ့်မယ်ထင်တယ်။
ကျနော်ဒီထဲရောက်လာတာက နည်းနည်းထူးဆန်းတယ်။ ဘယ်သူမှခေါ်လို့လည်းမဟုတ်၊ ကိုယ်တိုင်လည်း မိုဘိုင်းအကြောင်းသိချင်လို့လည်းမဟုတ်ဘူးခင်ဗျ၊ တောင်းပန်ချင်တဲ့စိတ်တစ်ခုနဲပဲရောက်လာတာ၊

ဖြစ်ပုံကဒီလို.....ဒီဂရုပ်ထဲမရောက်ခင်က ဆရာဝန်တွေစုပြီးဖွဲ့ထားတဲ့ ဂရုပ်တစ်ခုရှိခဲတယ်(နာမည်မမှတ်မိတော့)၊ အဲ့ဒီမှာကျနော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီးဆရာမောင်မောင်ဦးက Admin တစ်ယောက်အနေနဲ့အသုံးတော်ခံနေချိန်ပေါ့၊ ဆရာ့ကိုလည်းမသိဘူး Admin မှန်းလည်းမသိခဲ့ဘူး ၊ Group ဆိုတဲ့ Feature အသစ်လေး Facebook ကစပေးချိန်ဆိုတော့ ဟိုဟာလည်းဝင် ဒီဟာလည်းဝင် ပါလေရာ ငပိလိုက်ချက်နေချိန်ပေါ့။ ဆေးပညာအကြောင်းဆွေးနွေးရာကနေ ဂျာနယ်တွေက ဆရာဝန်တွေကို အထင်အမြင်သေးအောင် ရေးသားစွတ်ဆွဲနေချိန်မှာ အဲ့ဒီ Group ထဲမှာ ကတောက်ကစတွေဖြစ်ကြတယ်၊ ကျနော်ပေးတဲ့ ဥပမာလေးတစ်ခုက အစပြုပြီး အကြီးအကျယ် စကားများစရာတွေဖြစ်သွားခဲ့တယ်၊ ဆရာမောင်မောင်ဦး Admin အဖြစ်ကရော Member အဖြစ်ကပါ ထွက်ခဲ့တယ်။ ကျနော့်ကြောင့်လို့ ကျနော်ခံစားခဲ့ရလို့ ဆရာ့ကိုတောင်းပန်ရအောင် ဆရာ့ Account ကို Add တယ်၊ ဆရာ Accept မလုပ်ခင် စပ်ကြားကာလမှာ ဆရာ့ Wall ကိုမွေ တော့ Group တစ်ခုတွေ့ရတယ်၊ ဘာရယ်မဟုတ် ပါလေရာထပ်လုပ်ကြည့်မိတယ်ပေါ့။အဲ့ဒီအချိန်ကစလို့ ပန်းသီးစက်ရုပ်စစ်ပွဲကြား ကျနော်က Apple Marine  တပ်သားတစ်ယောက်အဖြစ်နဲ့ တိုက်ပွဲဝင်ခဲ့တယ်။ ဘာမှသိတာမဟုတ်ပေမယ့် ပန်းသီးထိရင်မခံ၊ ကတ်ကတ်လန်အောင်စွာခဲ့တယ်။ မသိသေးတာကို ချက်ကျကျပြောချင်လွန်းလို့စာတွေအသေဖတ် သီတင်းတွေဖတ်နဲ့ လေ့လာခဲ့တယ် (တိုက်ပွဲက တော်တော်ကြမ်းနေချိန်ပေါ့)လူ ၃၀ ၊ ၄၀ ကနေတရာကျော် နှစ်ရာလောက်ဖြစ်လာတော့ တိုက်ပွဲတွေနည်းနည်းကျဲသွားတယ်၊ ပျင်းတဲ့အချိန်ဆို တိုက်ပွဲခေါ်သံလေးပေးလို့ ရန်စ စကားတွေပြောပြီးတညလုံးမိုးလင်းတိုက်ကြတယ် (ပါးစပ်စစ်ပွဲ)

နောက်ပိုင်းကျတော့် သိချင်တာမေးကြတယ်၊ သာတဲ့အချက်တွေထုတ်ကြွားပြီး ဂုဏ်ပြိုင်ကြတယ်၊ ဒီလိုနဲ့ တစိမ်းတွေကနေ အရင်းနီးဆုံးဘော်ဒါတွေဖြစ်လာကြတယ်၊ အသက်အရွယ်မတူ အသက်မွေးဝမ်းကြောင်းတွေမတူ နေတဲ့နေရာတွေမတူပေမယ့် ၂ဖက်တိုက်ပွဲမှာ အစွမ်းကုန်ဝင်တိုက်ကြရင်းကနေ ညီအကိုအရင်းတွေလိုချစ်သွားတဲ့ သူငယ်ချင်း မိတ်ဆွေတွေရခဲ့တယ်။

အပြင်မှာတွေ့ရင် နုတ်ဆက်ရဲမှာတောင်မဟုတ်တဲ့ Senior ဆရာဝန်ကြီးတွေ ကို ဒီထဲမှာ ရင်းရင်းနီးနီးတွေ့ရတယ်။နေ့တိုင်းတွေ့နေရတော့ ပိုပြီး ခင်မင်သွားမိသလားတော့မပြောတတ်ဘူးဗျ

ကျနော့်အတွက် Facebook ဆိုတာကြီးက အရင်က Game ဆော့ဖို့သီးသန့်ဖြစ်ခဲ့ပေမယ့် ဒီ Group ထဲရောက်ပြီးနောက်ပိုင်းမှာတော့ Browser Home Page က  https://www.facebook.com/groups/MyanmarMobileUsers အဖြစ်ပြောင်းသွားလောက်အောင်ကျနော့်ကိုစွဲဆောင်ထားခဲ့တယ်။

ပန်းသီးသာအကောင်းဆုံးဆိုတဲ့ကျနော့်ရဲ့ ဗီဇကနေ ပန်းသီးလိုကောင်းတာတွေရှိသေးတာပဲဆိုပြီးပြောင်းလဲလာတယ်ပန်းသီးမကောင်းပြောရင် ထထိုးချင်စိတ်ဖြစ်ခဲ့တဲ့ကျနော်ဟာ အခုတော့ပြုံးပြုံးလေးနေတတ်နေပြီဗျ 

Member တွေများလာတာနဲ့အတူ ဒီ မိသားစုလေးမှာ တိုက်ပွဲတွေနည်းသွားတယ်၊ ဘာလို့လဲဆိုတော့ လူဟောင်းတွေက စကြနောက်ကြတာဖြစ်ပေမယ့် မသိတဲ့Member အသစ်တွေက တကယ်တွေထင်ပြီး အတင်းဇွတ်(ဖင်ပိတ်)ငြင်းလာတာတွေ့တွေ့နေရတော့ ပြသနာဖြစ်မှာဆိုးတာနဲ့ပဲ စစ်အေးကာလကို ရောက်မှန်းမသိရောက်သွားခဲ့ရတယ်။

Modelစုံ Company အစုံက ထွက်နေတဲ့ စက်ရုပ်တွေကြားမှာ ပန်းသီးနဲ့ ပတ်သတ်တဲ့ပိုစ်တွေတောင် တော်တော်နည်းသွားတဲ့အထိ ပါပဲ (ဟဲဟဲ ရှင်းရှင်းပြောရရင် အနိုင်ဝိုင်းကျင့်ခံရမှာဆိုးလို့ ပိုစ်မတင်ကြတော့တာနေမှာ :P)

 တစ်ချို့ Active Member တွေလည်းပျောက်သွားတာတွေရှိခဲ့တယ်။ တစ်ချို့လည်းမအားလို့နေမယ်ထင်ပါတယ်။ဒီထဲမှာ လူတန်းစားစုံ အလွှာစုံတယ်ဆိုပေမယ့် အားလုံးက Mobile ဆိုတဲ့ခေါင်းစဉ်အောက်မှာ ဒီထဲကိုရောက်နေကြတာချင်းတော့တူတယ်။ အခုတော့ လူ၅၀၀၀ ကျော်ပြီပေါ့ တစ်နှစ်အတွင်း မပြောနဲ့ ၅၀၀၀ ထိရှိလာလိမ့်မယ်လို့ အစကမထင်ခဲ့မိတာအမှန်ပဲ။ကြောက်ခမန်းလိလိတိုးတက်လာတဲ့ Member တွေနဲ့အတူ ကျနော်လည်း စိုးရိမ်စိတ်တွေများလာတယ်။ Post တစ်ခုတင်ဖို့ Comment တစ်ခုရေးဖို့တော်တော်လေးစဉ်းစားလာရတယ်။ အရင်ကဆိုဖြစ်သလိုပဲ လွှတ်ခနဲ ရေးနေခဲ့တာဗျ။ (ဘာလို့လဲဆိုတော့ ချစ်တဲ့ခင်တဲ့သူတွေများလာတာနဲ့အတူ ခဏခဏအဆဲခံလာရတာတွေရှိလာတယ်၊ လုံးဝမသိပါပဲ လာလာဆဲတဲ့သူတွေတွေ့လာရတယ်။)

မည်သို့ပင်ဆိုစေကာမူ ကျနော့် MMUC History ကနောက်နှစ်ပေါင်းများစွာ ဆက်ရေးရဦးမယ်ဆိုတာတော့ ယုံကြည်နေပါတယ်ခင်ဗျ။

သူများတွေရေးတော့အားကျလို့ရေးလိုက်အုံးမယ်.. MMUC နဲ့ပတ်သက်တဲ့ခံစားချက်လေးကို by Yang Sumei

ဒီအကြောင်းတွေပြောရမယ်ဆိုရင်တော့.. တစ်မြို့တည်းသူငယ်ချင်း Phyo Paing တို့ ဆရာမောင်မောင်ဦး ရဲ့ ဖုန်းပုံမှာငြင်းကြရင်းနဲ့ အဖွဲ့ထဲကိုရောက်လာပါတယ်.... ဦးခက်ကြီးကိုညတိုင်းသိပ်စိတ်ဆိုးတာ.... MC Will အကြောင်းပြောလွန်းလို့..ဒီဘဲကြီးက MC Will ရောင်းတဲ့လူလားသိဘူးလို့ .. စကားပြောရင်ကန့်လန့်ကန့်လန့်နဲ့.. ဒုတ်ထိုးအိုးပေါက်ပြန်ပြန်ငြင်းတယ်.. ဇယားမတစ်ယောက် ကြီးကျယ်ပုံကလည်း အန့်မခန်းပဲ :P Day Day နဲ့ အမေဇင်းစိုးမင်း ကလည်း..  တော်တော်ကြိးကျယ်တ.ယ်.. စိတ်တွေယားနေတာ.. တစ်ခါတစ်ခါ ငြင်းကျပြီးရင်.. ဒီလိုငြင်းရင်းငြင်းရင်းနဲ့ အရမ်းကိုခင်တဲ့ သူတွေဖြစ်လာတယ်.. နောက်တော့လည်း.. သူတို့အပြင်ပေါတာ နှစ်ယောက်မရှိကြဘူး ဟိဟိ ...အရင်တုန်းကတည်းကအပြင်မှာမမြင်ဘူးကြပေမဲ့လည်း တစ်ယောက်နဲ့တစ်ယောက်တော်တော်ခင်သွားတော့ မောင်နှမညီအကိုလိုတွေပါပဲ.. တစ်ယောက်အခက်အခဲတစ်ယောက်ကူညီပေးကြတယ်.. Personnel ကိစ္စတွေကအစ.. အကုန်လုံးကသံယောဇဉ်ရှိကြတယ်.... တော်တော်တော်တော် ကိုပျော်စရာကောင်းခဲ့တဲ့ MMUC ရဲ့ history ပေါ့... အဲ့တုန်းက မိန်းခလေးဆိုတာ ကျွန်မ တစ်ယောက်တည်းလားမသိဘူး :D MMUC နဲ့ဖြတ်သန်းခဲ့တဲ့အချိန်တွေကတော်တော်တော့ကြာခဲ့ပါပြီ.. အရင်ကတော့ တော်တော် active ဖြစ်ခဲ့ပါတယ်.. အဖွဲ့မှာရန်လာစတဲ့သူတွေကို ဖိုက်တဲ့နေရာမှာ :P MMUC မှာပျော်လွန်းလို့ ညမအိပ်ခဲ့တာတွေကလည်းတော်တော်များခဲ့တယ်... MMUCနဲ့ပတ်သတ်ပြီးသုံးသပ်မိတာတွေလည်းခဏခဏဖြစ်မိပါတယ်... ကျွန်မအတွက် တော့ MMUC က အများကြီးအထောက်အကူဖြစ်ခဲ့ပါတယ်... ၀န်ခံပါတယ်.. Personnel အတွက်ကော Biz အတွက်ပါ တော်တော် supporting ပေးခဲ့တဲ့ group ပါပဲ... အဖွဲ့ရဲ့ဖြတ်သန်းခဲ့တဲ့အချိန်တွေမှာ .. ပျော်ရွင်စရာမျိုးစုံ အခက်အခဲ.. ပြသနာမျိုးစုံနဲ့ကြုံခဲ့ကြတယ်.. ကြုံတဲ့အခါတိုင်းလည်း.. အဓိကဦးဆောင်ခဲ့တဲ့..ဆရာတို့.. အစ်ကိုတွေနဲ့.. တစ်ယောက်နဲ့တစ်ယောက်..ဘယ်လိုလုပ်ကြမယ်ဆိုတာအမြဲတိုင်တိုင်ပင်ပင်နဲ့.. အခြေအနေကိုဆက်လက်ထိန်းသိမ်းနိုင်ခဲ့တယ်... ကျွန်မ အက်မင်တစ်ယောက်ပါပဲ.. သိတဲ့လူလည်းသိမယ်.. မသိတဲ့လူလည်းမသိဘူးပေါ့ မသိတဲ့လူကတော့ အဖွဲ့ထဲမှာ ကျွန်မကို မတွေ့သလောက်ရှိလို့ပါ... လူများလာလို့ ဖြစ်လာမယ့်အနေအထားလေးတွေကြိုသိလာလို့.. အဖွဲ့အတွက် သိပ်မလုပ်ပေးနိုင်ခဲ့လို့..ထွက်မယ်လို့လည်းဆုံးဖြတ်ခဲ့တာခဏခဏပါပဲ.. တစ်ချိန်တည်းမှာ.. မောင်နှမတွေလိုသံယောဇဉ်တွယ်နေတဲ့ MMUC ကညီအကိုမောင်နှမတွေက ထွက်ဖို့မလိုပါဘူးလို့တားခဲ့ဘူးတယ်.. အက်မင်ထက်.. ခင်မင်ရင်းနှီးမှုကို တန်ဖိုးထားတယ်လို့ ဆရာမောင်မောင်းဦးပြောခဲ့ဖူးတယ်.. တော်တော်တော့ တွေဝေဖူးသွားတယ်... ဒီလိုတွေကြောင့်အခုထိကျန်ရှိနေတယ်ပေါ့... :D ကျွန်မကတော့ MMUC ကို ပုံမှန် flow လေးသွားတာကိုပဲမြင်ချင်တယ်လို့ ခဏခဏတော့ပြောဖူးတယ်..အက်မင်တွေကြားမှာ.. တက်တာမြန်ရင်ကျတယ်မြန်တယ်ဆိုတဲ့သဘာဝမို့.... ဂုဏ်ယူမိပါတယ်..အဖွဲ့အစည်းတစ်ခုရဲ့ ရပ်တည်မှုမှာ.. ခေါင်းဆောင်ရယ်.. မန်ဘာတွေရဲ့ညီညွတ်မှုကြောင့်အခုလို မန်ဘာတွေများလာတာကို.. MMUC ကိုချစ်တာ တစ်ခုက အဖွဲ့ ထဲကလူတွေက မန်မတက်ဘူး.. တစ်ယောက်နဲ့တစ်ယောက် ကတော်တော် ကူညီရိုင်းပင်းကြတယ်.. (မမြင်ဖူးပေမဲ့လည်း) ပျော်ပျော်နေတက်ကြတယ်.. အခုနောက်ပိုင်း မရောက်ဖြစ်တာများနေတယ်.. အဲ့တာတော့တောင်းပန်ပါတယ်... တစ်နေ့ MMUC Member တွေအတွက်ကိုတစ်ခုခုလုပ်ပေးမယ်ဆိုတဲ့ စိတ်ကူးလည်းရှီပါတယ်.. လတ်တလော အလုပ်များနေတာရယ်.. personnel ကိစ္စလေးတွေရှီနေ့လို့ ခွင့်လွတ်ပေးကြပါ.. ( တစ်ခုကတော့ တစ်သက်နဲ့တစ်ကိုယ် ဒီလို Note အရှည်ကြီး မရေးဖူးတာမို့ ဖတ်ရတာအဆင်မပြေရင်ခွင့်လွတ်ကြပါ)MMUC နဲ့ပတ်သက်မှ ခံစားချက်တွေရေးချင်တဲ့စိတ်ပေါက်လာလို့ပါ :D


Friday, November 2, 2012

HONDA INSIGHT hybrid ကားများတွင်ပါဝင်သော INTER NAVI Gps မှ Bluetooth Handsfree နှင့် မိမိတို့ ဖုန်းများ ချိတ်ဆက်နည်း


HONDA INSIGHT hybrid ကားများတွင်ပါဝင်သော INTER NAVI Gps မှ Bluetooth Handsfree နှင့် မိမိတို့ ဖုန်းများ ချိတ်ဆက်နည်း

By စိုင်း ခမ်းခေါင် in Myanmar Mobile Users Club

အခုတစ်လော ရန်ကုန် ပြန်လာတော့ ဟွန်ဒါ ကထုတ်တဲ့ ဟိုက်ဘရစ် ကားလေး(အင်ဆိုဒ်) အတော်များများ တွေ့ရတယ်ဗျ၊ ကားလေးကလည်း လှ ဟိုက်ဘရစ်ကလည်း ဖြစ်တော့ ဆီစားကလည်း သက်သာ၊ ဈေးကလည်း အခုဆို (၂၀၀) တောင် မပြည့်ဘူးဆိုလားပဲ
အဲ အဲဒီမှာ ဗျာ ဟန်း ဖရီး ဖန်ရှင်ပါတာကို တွေ့ရတော့ စမ်းချိတ်ကြည့်ချင်တာ၊ နီပွန် လိုချည်းဆိုတော့  ချိတ်မရ (အဟီး အမှန်က မတတ်တာဗျ)၊
အဲလိုနဲ့ ကလိရင်း ကြည့်ရင်းရှာ နေတာ၊ နောက်တော့မှ လွယ်တာဗျာ (လွယ်ဖို့တော့ အချိန် ၃ရက်ကြာတယ်)
အရင်ဆုံးကတော့ ကား စတီယာရင်မှာ ပါတဲ့ handsfree က ဖုန်းခေါ်တဲ့ ခလုတ် ကို အရင်နှိပ်လိုက်


အဲ မေ့လို့ ကားကို ရပ်ထား (စက် နိုးထားလည်းရတယ်၊ သော့ဖွင့်ထား(ခလုတ်ဖွင့်ထား) ရမယ်။ မောင်းနေတဲ့အချိန်မှာ လုပ်လို့မရပါ၊
ပီးရင် INTER NAVI ပေါ်က ညာဘက်အောက်ထောင့် နားက စာကို ( touch screen ပေါ်က) နှိပ်ပါ


ပေါ်လာတဲ့ screen ထဲက bluetooth ကိုနှိပ်ပါ

ထပ်ပေါ်လာတဲ့ screen ထဲက ဒုတိယ menu ကို နှိပ်ပါ


သင့်ဖုန်း bluetooth ကို ဖွင့်ပါ၊ search လုပ်ပါ၊ list ထဲမှာ INTER NAVI  ကို တွေ့ပါလိမ့်မယ်

pair လုပ်ပါ၊ အဲဒီအခါမှာ blue screen ထဲက ကုဒ် ကို ဖုန်းမှာရိုက် ထဲရိုက်ထည့်လိုက်၊

ချိတ်သွားပါလိမ့်မယ်


အဲဒီနောက်မှာ တော့ pair ပီးရင် connect with car audio လုပ်ပေးလိုက်ပါ၊ ဖုန်းဝင်တာ နဲ့ INTER NAVI ကနေ Hands free ပြောလို့ရပါပီ၊ အသံအရည်အသွေးကလည်း ကြည်လင် သလို speed dial လည်းရ ပါတယ်၊ ဖုန်းပြောပီးရင် steering ပေါ်ကနေ hang up လုပ်လိုက်ရုံပါပဲ

ကျန်ခဲ့တာလေး ကို Htet Nyunt Wai ပြောပြတာနဲ့ ပြန်ဖြည့်ပေးထားပါတယ်

Friday, October 19, 2012

youtube က video တွေကို download လုပ်ကြမယ် credit to Sai Nyi Phyo


 ဥပမာ အနေနဲ့http://www.youtube.com/watch?v=d1Z7ysG8GrAကို ဒေါင်းမယ်ပေါ့.. 

အဲ့ဒါဆိုရင်.. www. (နောက်ဆုံးက . ဆိုတဲ့နေရာထိ) select ပေးပီး.. ss လို့ အစားရေးလိုက်ပါ ။ 

http://ssyoutube.com/watch?v=d1Z7ysG8GrAဆိုပီး ဖြစ်သွားမယ်။ အဲ့ဒါလင့်ခ်ထဲ ဝင်သွားရင်.. 

ကိုယ်ဒေါင်းမယ့် video ရဲ့ information တွေအပြင် ညာဘက် ဘေးမှာDownload link တွေ ပေါ်လာပါလိမ့်မယ် ။ အဲ့ဒီမှာမှ ကိုယ်ကြိုက်တဲ့ format နဲ့ resolution ကို ရွေးပီး ဒေါင်းပေါ့.. ။

အကယ်၍ ss လို့ အစားမထိုးချင်ဘူးဆိုရင်လဲ.. http://en.savefrom.net/ကိုသွားပြီး ကိုယ်ဒေါင်းချင်တဲ့ video ရဲ့ လင့်ခ်ကို ဖောင်လေးထဲ paste ပီး download ဆိုတာနှိပ်ရင်လဲ ရပါတယ်.. အတူတူပါပဲ ။






ဒါ MMUC က admin တစ်ယောက်ဖြစ်တဲ. ကို စိုင်းညီဖြိုးရဲ. comment ကို ပျောက်သွားမှာဆိုးလို. doc လုပ်ထားတာပါဗျာ


အဆင်ပြေပါစေဗျာ
Soe Min Htut (MMUC)

Thursday, October 18, 2012

Note II သမားတွေအတွက် S Pen Lesson ပါ

Samsung Galaxy Note II: S Pen Lesson 

Note II ကိုင်တဲ့ဘော်ဒါတွေအားရင်ကြည့်လိုက်ဦးဗျို့။

Wednesday, October 17, 2012

### Screen lock bypass####(No USB debugging but CWM installed)


###Any Screen lock bypass####(No USB debugging but CWM installed)
pattern lock ,gmail access request, etc..
Xda ကိုမှီငြမ်း ပြီး ရင်တွင်းဖြစ် ပုံဖေါ်ထားပါတယ်
Screen lock ကျနေတဲ. phone တွေအတွက် အထူးပြုလုပ်ချက်တွေပါ
၁.နည်းနဲ. မရရင် ၂.နည်းကိုသုံးပါ
၁. Screen lock bypass.apk ကို Clockworkmod ကနေသွင်းမှာပါ
Screen_Lock_Bypass_Installer.zip ကို CWM ကနေသွင်းလိုက်ပါ
ရောဂါနုရင် ဒီနည်းနဲ. ရပါတယ်
    data တွေ သိမ်းပီး factory reset လုပ်ရင်လုပ်။
 မလုပ်ချင်ရင် gmail သွင်းပေါ.ဗျာ ။ screen lock bypass.apk က /system/app/ အောက်ကို
 သွားမှာဆိုတော. Uninstaller.zip လေးပါထည်.ပေးလိုက်ပါတယ်
အဲ ... gamil တောင်းနေပြီ၊ password တောင်းနေပြီ ဆိုရင်တော.
၂. ကိုဒေါင်းလုဒ်ဆွဲပါ Screen_Lock_Bypass_by_Phyo_Nyinyi.zip ကို
     Any custom recovery ကနေ သွင်းလိုက်ပါ ဖုန်းပြန်တက်လာရင်
  တစ်ခြားဖုန်းကနေ ဖုန်းခေါ် ၊ ဖုန်းဝင်လာရင် Home key ကို နိုပ်ပေးလိုက် lock
့ပြုတ်သွားပါလိမ်.မယ်
.ဒေါင်းလုဒ်>>>https://docs.google.com/open?id=0BycMA_54W-qTXzdTc3pMLXJHVDQ
.အတွက်ဒေါင်းလုဒ်>>>https://docs.google.com/open?id=0BycMA_54W-qTdnRpUUx1NXptRUk


Phyo Nyinyi (MMUC)

https://www.facebook.com/groups/MyanmarMobileUsers/doc/489019217789117/

Tuesday, October 16, 2012

itunes giftcard ထဲက ပိုက်ဆံလေးတွေချွေတာကြရအောင်


apple user တွေဟာ အများစုကတော့ jailbreak လုပ်ကြပါတယ် ဒါဆိုရင်တော့ crack application တွေထည့်လို.ရတာပေါ့ဗျာ
ဒါပေမယ့် တစ်ခါတစ်ရံမှာ ကိုယ်တင်ထားတဲ့ firmware version ဟာ jailbreak မရသေးဘူးဆိုရင်တော့ copyright applications တွေပဲသွင်းရတော့မှာပေါ့ဗျာ
တစ်ချို. user တွေကတော့ jailbreak လုပ်မထားကြဘူးဗျ
ကဲ အဲလို user တွေနဲ . jailbreak လုပ်မထားတဲ. သူတွေအတွက်ကတော့ အခုနည်းလမ်းလေးတွေက ပိုက်ဆံချွေတာပြီးသားဖြစ်မှာပါ

itunes store ကနေ ဒီ applications လေးတွေ မိမိ idevice ထဲကို itunes store ကနေ download ဆွဲပြီး intall လုပ်လိုက်ပါ

appzapp pro

free app finder

appfinder CA

appsfire

ilikefreeapps

အဲဒီ applications လေးတွေက itunes store က paid application ကနေ ဈေးကျသွား free ရသွားတဲ.ios apps တွေကို ဖော်ပြပေးမှာပါ


ကျနော်ကတော့ အဲလို free ဖြစ်သွားတဲ. applications တွေကို down ပါတယ်ဗျာ


ပိုက်ဆံချွေတာနိုင်ပါစေဗျာ

လိုအပ်တာလေးတွေရှိရင်ထပ်ဖြည်.ပေးကြပါအုံး

Soe Min Htut (MMUC)

https://www.facebook.com/groups/MyanmarMobileUsers/doc/488930574464648/

Sunday, October 14, 2012

OHCM 8 for android

ကဲ ဒီ တစ်ခါကတော့ Oxford Handbook of Clinical Medicine 8 ပါ

အားလုံးသဘောကျကြမှာပါ

download link ကတော့


အဆင်ပြေပါစေဗျာ

Soe Min Htut
(thank to Sayar Myo Myint Oo)

Wednesday, September 26, 2012

all of Tweaks ! For ROBOT :D

ကဲ ကျွန်တော်တို့ စက်ရုပ် Users တွေအတွက် Performance တွေပိုကောင်းအောင်၊ ပိုမြန်အောင်၊ Scrolling Speed တွေမြန်ဆန်အောင်၊ ဘက်ထရီ Usage တွေသက်သာအောင်၊ RAM Space များများရှိအောင် စသဖြင့် အလုပ်လုပ်ပေးနိုင်စွမ်းရှိတဲ့ Script Tweaks တွေ အများကြီးရှိပါတယ် ... ။
ကျွန်တော်ဆိုရင် ဟိုကရှာလိုက် ဖုံးလေးထဲ ထည့်ကြည့်လိုက် ဒီကရှာလိုက်နဲ့ တော်တော်ကိုရှုပ်ပါတယ် ... ။
ရှာရင်းဖွေရင်းနဲ့ တခုတွေ့မိတာက အကုန်လုံးစုထားတဲ့ဟာလေးပါ ... ။

ဒီဟာလေးကို Install လုပ်ဖို့ မိတ်ဆွေတို့ဖုံးက ROOT လုပ်ပြီးသား CWM သွင်းပြီးသား ဖြစ်ရပါမယ် ... ။
CWM သွင်းပြီးသားဖြစ်ပြီဆိုရင်တော့ system/etc/int.d support ဖြစ်ရပါမယ် ... ။
ဖြစ်/မဖြစ်ကို Root Explorer ထဲဝင်ပြီးကြည့်နိုင်ပါတယ်... ။ Stock ROM တွေမှာဆိုရင် int.d ဆိုတာမရှိပါဘူး ... ။
အဲ့ဒီအတွက် int.d support လုပ်ဖို့အတွက်ကို ဒီထဲမှာပဲ ကျွန်တော် Doc တစ်ခု ရေးတင်ဘူးးပါတယ် .. ။ Freak Up your ROBOT ဆိုတဲ့ခေါင်းစဉ်နဲ့ပါ ။ အဲ့ဒီမှာကြည့်နိုင်ပါတယ် ... ။

ကဲလေတော်တော်ရှည်သွားပြီ :P :P :P

script အားလုံးပါတဲ့ zip file ကို ဒီမှာဒေါင်းပါ => http://www.mediafire.com/?1plohzak16ak102

ပြီးရင် CWM ကနေ Install လုပ်လိုက်ပါ ... ။

Done !!! ~~
ဒီကောင်လေးက ဘာတွေပါလဲဆိုတော့ .....

Build.prop script
loopy smoothness tweak
CFSK script,sqlite_optimize script,touchscreen tweak
Screenstate_Scaling tweak
Cleaning script That clears dalvik-cache and cache useless files
Kernel tweaking script
Governor tweaks and some more minor tweaks
defragging script, zippaligning
UI tweaks,sd card tweaks and performance tweaks
Disabled Verify-bytecode For Better resposing and More free RAM
Live wallpapers hack in order to make them smoother
System_server from Fugu tweaks
Sqlite optimizer from Lightning zap tweaks
Speedy tweaks
Logger disabling script

အစရှိသဖြင့် System နဲ့ပတ်သက်တာ တော်တော်များများပါပါတယ် ... ။
ဒီ Script တွေအကုန်လုံးက XDA မှာရှိသမျှ script တွေအကုန်လုံးလိုလိုပါပဲ...။
ဘယ် ROM မှာမဆို အလုပ်လုပ်ပါတယ် ... ။ :D :D :D
ကဲ စမ်းသပ်ကြည့်ကြပေါ့ဗျာ ..

စိုင်းအာကာ (MMUC)

*** မျှဝေခြင်းသပ်သပ်သာ ... ဆရာလုပ်ခြင်းမပါ ... ဘာမှမတတ်ပါ ... *** :D :D :D
Credit to => xda developers, st@matis, google, ...

Monday, September 24, 2012

Huawei C8860E Official 4.0.3 ICS Upgrade & Root


အရင်ဆုံး android 4.0.3 update firmware ဖိုင်ဒေါင်းလိုက်ပါ

http://www.huaweidevice.com/tcpsdownload/downLoadCenter?category=cn&flay=software&downloadID=NDE4MjU=
Download ဆွဲပြီးရင် ဖိုင်ဖြေပြီး dload folder ကို 2gb memory card ထဲထည့်ပါ
ပါဝါပိတ် ဘက္ထရီ ၁၀ စက္ကန့်လောက်ဖြုတ်ပြီး ပြန်တပ်ပါ
Vol Up+Vol Down+Power တွဲနှိပ်ပါ
Firmware update လုပ်သွားပါမယ် ၅ မိနစ်ခန့်ကြာပြီး auto reboot လုပ်ပြီးလျှင် ics version ဖြစ်သွားပါပြီ
တကယ်လို့ update complete ဖြစ်ပြီး စက်မတက်လာလျှင် battery ခဏဖြုတ်ပြီး ဖုန်းပြန်ဖွင့်လိုက်ပါ

Root လုပ်ရန်
အောက်ကဖိုင်ကို ဒေါင်းပါ

http://www.mediafire.com/?3yz1ycljr2aa1y2
Root လုပ်ဖို့ setting>developer option> usb debugging အမှန်ခြစ် ထားရပါမယ်
ဖုန်းဖွင့်ထား usb cable ကြိုးသွယ်ပြီး root-me.cmd ကို run ပေးလိုက်ပါ
ပြီးရင် ကီးဘုတ်ကနေ ခလုတ်တခု နှိပ်ပေးလိုက်ပါ
သုံးစက္ကန့်အတွင်း app list ထဲမှာ super user ပေါ်နေတာကို တွေရပါမယ်
Root လုပ်ခြင်း ပြီးဆုံးပါပြီ

Myanmar font နဲ့ keyboard ကတော့ ကိုယ်နှစ်သက်တာကို ထည့်လိုက်ပါ
အားလုံးကို ကျေးဇူးတင်ပါတယ်
Bo Sunny Lwin



By Bo Sunny Lwin in Myanmar Mobile Users Club 


Freak up your ROBOT :D


Freak up ဆိုတာကို Dictionary မှာရှာလိုက်တော့ ထူးထူးခြားခြား (သို့) တမူထူးခြားသောလို့အဓိပ္ပါယ်ရပါတယ် .. ။ အမှန်တော့ Android Device တွေကို Tweak လုပ်တာပါပဲ ... ။ :D
ဒီလိုလုပ်ဖို့အတွက် လိုအပ်ချက် (requirement) တွေကတော့

android version 2.2 + အထက်
sd card မှာ 1.5Mb free space ရှိရပါမယ်...။
အမြစ်တူးပြီးသားဖုံးဖြစ်ရပါမယ် ... ။
CWM recovery တင်ပြီးသားဖြစ်ရပါမယ် ... ။
Kernel မှာ int.d support ဖြစ်ရပါမယ် ... ။ ဖြစ်မဖြစ်ကို Root Explorer ထဲဝင်ပြီး etc ဆိုတဲ့ Folder ထဲကိုဝင်ကြည့်ပါ .. ။ int.d ဆိုတဲ့ Folder လေးရှိတယ်ဆိုရင် ရပါတယ် .. ။ တကယ်လို့များ ဖုံးက Stock ROM, Stock Kernel ဆိုရင်တော့ int.d ဆိုတာမရှိတတ်ပါဘူး .. ။ တကယ်လို့ မရှိဘူးဆိုရင် int.d for stock ROM ကို ဒီမှာ ကြည့်နိုင်ပါတယ် ... => http://forum.xda-developers.com/showthread.php?t=1417375ဒါတွေပြီးရင်တော့ Freak up လုပ်လို့ရပါပြီ ... ။

freeky engine ရဲ့ Feature တွေကတော့ (Freeky Engine ဆိုတာ System Tweak ပါပဲ ) :D

v6 super charger scriptVM TweaksSD card tweakBetter Battery Life through Battery TweaksReduced /dbdata, /data, /sdcard usage of *.db files and faster database access. | World first smart sqlite optimizingIncrease touchscreen sensitivitymuch of prop tweaksCWM FlashableLess lags through LMK Tweak and Various VM TweaksAlmost every tweaks for Android
Freeky Engine ကို ဒီမှာဒေါင်းလုပ်လုပ်ပါ ... => http://forum.xda-developers.com/showthread.php?t=1854064
Download လုပ်ပြီးရလာတဲ့ zip file ကို SD card ထဲ ထည့်ထားပါ .. ။
အရင်ဦးဆုံး int.d ထဲက script တွေကို အကုန်ဖျက်ပစ်ပါ ... ။
ပြီးရင်ဖုံးကို CWM Recovery ထဲဝင်ပါ ... ။
partition menu မှာ mount /system, mount /data လုပ်ပါ ... ။
ပြီးရင် install zip from sd ကိုရွေးပါ ... ။ choose zip from sd လုပ်ပြီး freeky engine ကို flash ပါ ... ။
ပြီးသွားရင်တော့ ဖုံးကို reboot လုပ်လိုက်ပါ ... ။
ဖုံးပြန်တက်လာရင် freeky engine run နေပါပြီ... ။ အရင်နဲ့မတူ တမူထူးခြားတဲ့ အရာလေးတွေကို ခံစားကြည့်နိုင်ပါတယ် .... ။

အော်မေ့လို့ အရင်ဆုံး မိမိတို့ရဲ့ system, rom, ဘာညာကို nandroid လုပ်ပြီး Backup လုပ်ထားဦးနော် ... ။ တခုခုဖြစ်သွားရင် တာဝန်မယူပါ ... :D :D :D

ကျွန်တော့်ရဲ့ Huawei U8500 မှာ စမ်းသပ်ပြီးအောင်မြင်လို့တင်လိုက်တာပါ ... ဘယ်လောက်မြန်မမြန်ဆိုတာ ဆော့ဖ်ဝဲတစ်ခုခုသုံးပြီး စမ်းသပ်ကြည့်နိုင်ပါတယ် .... ။
ကျေးဇူးတင်ပါတယ် ... ။

စိုင်းအာကာ (MMUC)

Credit to => xda developers, forever king, google, .... :D :D :D


By စိုင်း အာ ကာ in Myanmar Mobile Users Club

Huawei C8860E ICS Root


Huawei U8860 နဲ့ C8860E က တူတူပါဘဲ
ICS တင်ထားရင် ဒီကောင်လေးနဲ့ အမြစ်နုတ်လို့ရပါတယ်

Root လုပ်ဖို့ usb debugging on ထားရပါမယ်
ဖုန်းဖွင့်ထား usb cable ကြိုးသွယ်ပြီး root-me.cmd ကို run ပေးလိုက်ပါ
ပြီးရင် ကီးဘုတ်ကနေ ခလုတ်တခု နှိပ်ပေးလိုက်ပါ
သုံးစက္ကန့်အတွင်း app list ထဲမှာ super user ပေါ်နေတာကို တွေရပါမယ်

Download >http://www.mediafire.com/?3yz1ycljr2aa1y2
မေ့လို့ဗျို့ huawei honor root tool လေးကို xda ကနေ မလာတာပါ
သူပြောတာက u8860 အတွက်ပါ c8860e ics မှာလည်း သုံးလို့ရပါတယ်
ကျေးဇူးတင်ပါတယ်
Bo Sunny Lwin


By Bo Sunny Lwin in Myanmar Mobile Users Club

U8812D MYANMAR FONT INSTALLATION FOR ROOTED AND UNROOTED PHONES


--- CREDITS TO OUR SITE : MM-MPXTEAM.NET ---

U8812D မှာ မြန်မာစာသွင်းမယ် ROOT & NOROOT
===============================

U8812D မှာ မြန်မာစာသွင်းဖို့အတွက်ပါ။ Root လည်းလုပ်လို့ရပါတယ်။ Root မလုပ်ပဲ မြန်မာစာသွင်းနိုင်ပါသည်။
------------------------------

ပထမဦးဆုံး လိုအပ်တာတွေကို အရင်ဒေါင်းပါ။ လိုအပ်တာကတော့ MT65xx VCOM Driver, SP Flash Tool, image file တွေလိုအပ်ပါတယ်။
လိုအပ်တဲ့ဖိုင်တွေကို ယခုပိုစ့်မှာတင်ထားပါတယ်။
------------------------------


Driver သွင်းနည်း
-------------------
Driver သွင်းဖို့အတွက် ယခုပိုစ့်မှာတင်ထားတဲ့ MTK Driver ကိုဖြည်ချထားပါမယ်။ ပြီး ဖုန်းကို ပါဝါပိတ်ပြီး ဓာတ်ခဲဖြုတ်ထားပါ။ နောက် ဖုန်းနဲ့ကွန်ပျူတာကို USB ကြိုးနဲ့ချိတ်ပါ။
ပြီးမှ ဓာတ်ခဲကို ထည့်ပါ။ ဒါဆိုရင် Computer မှာ MT65xx လိုမျိုး Driver လာတောင်းပါမယ်။ အဲ့ဒီအတွက် ခုဏက ဖြည်ချထားတဲ့ MTK Driver ဖိုဒါကိုညွန်းပေးပြီးတော့ Driver ကိုသွင်းပါ။


Flash လုပ်နည်း
------------------
Driver လည်း အောင်မြင်စွာ သွင်းပြီးသွားပြီဆိုရင်တော့ ဖုန်းကို ကွန်ပျူတာကနေဖြုတ်ပြီး ဓာတ်ခဲလည်းဖြုတ်ထားပါ။
U8812D_FlashTool_MMMPxTeam.rar ဖိုင်ကို ဖြည်ချပါ။ ပြီးရင် အထဲထဲက Flash_tool.exe ကို run ပါ။
အောက်ကပုံအတိုင်း ပေါ်လာပါမယ်။




ပုံထဲကမှာ ပြထားတဲ့အတိုင်း နံပါတ် (၁) နေရာကိုနှိပ်ပြီးတော့ ခုဏကဖြည်ချထားတဲ့ Flash Tool ဖိုဒါထဲက MT6575_Android_scatter_emmc.txt ဖိုင်ကို ရွေးပေးပါ။
ပြီးရင် နံပါတ် (၂) မှာပြထားတဲ့အတိုင်း BOOTIMG နေရာကို အမှန်ခြစ်ပါ။ ပြီးရင် နှစ်ချက်နှိပ်ပြီးတော့ U8812D_Font_NoRoot_MMMPxTeam.img ဖိုင်ကိုရွေးပါ။
ပြီးပြီဆိုရင် နံပါတ် (၃) နေရာက Download ကိုနှိပ်လိုက်ပါ။ ပြီးရင် ဖုန်းနဲ့ ကွန်ပျူတာကို USB ထိုးပါ။ ပြီးမှ Battery ကိုထည့်ပါ။
ဒါဆိုရင် Flash tool နဲ့ ဖုန်းနဲ့သိသွားပြီး အနီရောင်ဘားလေး အရင်ပြေးပါမယ်။ ပြီးရင် ဒုတိယတစ်ခါ အ၀ါရောင်ပြေးပါမယ်။
အားလုံးပြီးသွားပြီဆိုရင်တော့ အောက်ကပုံအတိုင်းပေါ်လာရင်တော့ အောင်မြင်သွားပါပြီ။




အစိမ်းရောင်အကွက်လေးနဲ့ OK ပြပြီးသွားပြီဆိုရင်တော့ ဖုန်းနဲ့ ကွန်ပျူတာနဲ့ဖြုတ်ပြီးတော့ ဖုန်းကို ပါဝါပြန်ဖွင့်ကြည့်ပါ။ မြန်မာစာ auto ၀င်သွားပါပြီ။
မြန်မာ Keyboard လေးသာထည့်ပြီး မြန်မာစာပေါ်မပေါ်စမ်းကြည့်ပါ။
အခုနည်းက Root မလုပ်ဘဲ မြန်မာစာထည့်နည်းပါ။

Root လုပ်ချင်သူတွေအတွက်က U8812D_Root.img ဖိုင်ကို ခုဏက BOOTIMG မှာရွေးပြီး အပေါ်ကအဆင့်အတိုင်းလုပ်ပြီး Root လုပ်နိုင်ပါတယ်။


---------------------------

အောက်ကပုံလေးတွေကတော့ ကိုယ်တိုင်စမ်းသပ်အောင်မြင်ပြီးသား ဖုန်းပုံလေးပါ။




Q&A
-----------------
Q :  ယခုလုပ်နည်းနဲ့ဆို U8812D မှာ Root ရမှာသေချာပါသလား။
A :  Root လုပ်တာအောင်မြင်ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်စမ်းသပ်ပြီးသားပါ။ သို့ပေမယ့် အင်္ဂလိပ်ဆိုဒ်တွေမှာ ရေးထားတဲ့အတိုင်း "Do at your own Risk" လိုမျိုးပဲ မိမိဖုန်းအတွက်     ပြုလုပ်သူပေါ်မှာပဲမူတည်ပါတယ်။
       အကယ်၍ အခက်ခဲတစ်စုံတစ်ရာ ရှိလာပါက ယခုပိုစ့်မှာ ဖြေကြားပေးပါ။ ကျွန်တော်တို့ တက်နိုင်သလောက် အမြန်ဆုံးပြန်လည်ဖြေကြားပေးပါမည်။

Q :  ယခုပိုစ့်မှာ ရေးထားသလို Root မလုပ်ဘဲ တကယ်မြန်မာစာသွင်းလို့ရပါသလား။
A :  တကယ်ရပါတယ်။ သို့ပေမယ့် U8812D အတွက်သာလုပ်ထားတဲ့အတွက် U8812D မှာဘဲရမှာပါ။ လုံးဝ Root မလုပ်ထားဘဲ မြန်မာစာဖတ်လို့ရအောင်လုပ်ထားပါတယ်။


Q :  ကျွန်တော်က ဘာဖြစ်လို့ လင့်တွေကို မမြင်ရ၊ ဒေါင်းလို့မရတာလဲ။
A :  ဒါကတော့ ကျွန်တော်တို့လဲ မကူညီနိုင်ပါ။ မိမိကိုယ်တိုင်ဘဲ ကြိုးစားရမှာပါ။ ကျေးဇူးတင်ပါတယ်ဗျာ။


--- FREE DOWNLOAD LINKS PROVIDED BY SOE WIN ---

- DOWNLOADS -


WE ARE HUMANS , SO DO YOUR MANNER AS HUMANS :)




- My Signature -
SHARING IS CARING :D
SOE WIN ( MMUC )