Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။

Wednesday, September 26, 2012

all of Tweaks ! For ROBOT :D

ကဲ ကျွန်တော်တို့ စက်ရုပ် Users တွေအတွက် Performance တွေပိုကောင်းအောင်၊ ပိုမြန်အောင်၊ Scrolling Speed တွေမြန်ဆန်အောင်၊ ဘက်ထရီ Usage တွေသက်သာအောင်၊ RAM Space များများရှိအောင် စသဖြင့် အလုပ်လုပ်ပေးနိုင်စွမ်းရှိတဲ့ Script Tweaks တွေ အများကြီးရှိပါတယ် ... ။
ကျွန်တော်ဆိုရင် ဟိုကရှာလိုက် ဖုံးလေးထဲ ထည့်ကြည့်လိုက် ဒီကရှာလိုက်နဲ့ တော်တော်ကိုရှုပ်ပါတယ် ... ။
ရှာရင်းဖွေရင်းနဲ့ တခုတွေ့မိတာက အကုန်လုံးစုထားတဲ့ဟာလေးပါ ... ။

ဒီဟာလေးကို Install လုပ်ဖို့ မိတ်ဆွေတို့ဖုံးက ROOT လုပ်ပြီးသား CWM သွင်းပြီးသား ဖြစ်ရပါမယ် ... ။
CWM သွင်းပြီးသားဖြစ်ပြီဆိုရင်တော့ system/etc/int.d support ဖြစ်ရပါမယ် ... ။
ဖြစ်/မဖြစ်ကို Root Explorer ထဲဝင်ပြီးကြည့်နိုင်ပါတယ်... ။ Stock ROM တွေမှာဆိုရင် int.d ဆိုတာမရှိပါဘူး ... ။
အဲ့ဒီအတွက် int.d support လုပ်ဖို့အတွက်ကို ဒီထဲမှာပဲ ကျွန်တော် Doc တစ်ခု ရေးတင်ဘူးးပါတယ် .. ။ Freak Up your ROBOT ဆိုတဲ့ခေါင်းစဉ်နဲ့ပါ ။ အဲ့ဒီမှာကြည့်နိုင်ပါတယ် ... ။

ကဲလေတော်တော်ရှည်သွားပြီ :P :P :P

script အားလုံးပါတဲ့ zip file ကို ဒီမှာဒေါင်းပါ => http://www.mediafire.com/?1plohzak16ak102

ပြီးရင် CWM ကနေ Install လုပ်လိုက်ပါ ... ။

Done !!! ~~
ဒီကောင်လေးက ဘာတွေပါလဲဆိုတော့ .....

Build.prop script
loopy smoothness tweak
CFSK script,sqlite_optimize script,touchscreen tweak
Screenstate_Scaling tweak
Cleaning script That clears dalvik-cache and cache useless files
Kernel tweaking script
Governor tweaks and some more minor tweaks
defragging script, zippaligning
UI tweaks,sd card tweaks and performance tweaks
Disabled Verify-bytecode For Better resposing and More free RAM
Live wallpapers hack in order to make them smoother
System_server from Fugu tweaks
Sqlite optimizer from Lightning zap tweaks
Speedy tweaks
Logger disabling script

အစရှိသဖြင့် System နဲ့ပတ်သက်တာ တော်တော်များများပါပါတယ် ... ။
ဒီ Script တွေအကုန်လုံးက XDA မှာရှိသမျှ script တွေအကုန်လုံးလိုလိုပါပဲ...။
ဘယ် ROM မှာမဆို အလုပ်လုပ်ပါတယ် ... ။ :D :D :D
ကဲ စမ်းသပ်ကြည့်ကြပေါ့ဗျာ ..

စိုင်းအာကာ (MMUC)

*** မျှဝေခြင်းသပ်သပ်သာ ... ဆရာလုပ်ခြင်းမပါ ... ဘာမှမတတ်ပါ ... *** :D :D :D
Credit to => xda developers, st@matis, google, ...