- ကျနော် MMUC ထဲကို ဘယ်လိုရောက်လာသလဲ ဆိုတော့… by Myat Tun Thit
အဲ့အချိန်က မှတ်မှတ်ရရ ဆိုင်မှာ Mcwill တွေ ချပေးခါစက ဆရာဝန်တစ်ယောက် internet speed စမ်းမယ်ဆိုပီး သူ့ facebook ကိုဖွင့်ပီးစမ်းတော့..။ သူနဲ့လဲ နဲနဲရင်းနှီးတာနဲ့ ကိုမောင်မောင်ဦးတို့ကတော့ ပြထားပြန်ပီဆိုပီး ဆရာ့ရဲ့ photo album တစ်ခုကို ပြတယ်..။ SII နဲ့ 4s ကို ယှဉ်ရိုက်ထားတဲ့ပုံလေး….။အဲ့ album မှာသတိထားမိတာက သူတို့ ပန်းသီး နဲ့စက်ရုပ် ဘယ်သူကောင်းတယ်ဆိုပီး ငြင်းနေကျတယ်။ ကျွန်တော်က အဲ့အချိန်က SII ကိုင်နေချိန်ဆိုတော့ အဲ့ဒီ album လေးကိုမှတ်ထားလိုက်တယ်.။
ညကျတော့ အဲ့ဆရာရဲ့ profile ကို search မှာရှာတယ်..။ ပီးတော့ သူ့ friend ထဲကမှ တဆင့် နံမည်မမှတ်မိတော့လို့ ဆရာ မောင်မောင်ဦး နာမည်ကို ရှာရတယ်..(ဆရာနဲ့ လုံးဝ မရင်းနှီးသေးပါ)။ ပီးတော့မှ ဆရာ့ကို add ပီး ကျနော်သွားချင်တဲ့ ဆရာ့album အောက်ကိုသွား ဖတ်တယ်။ ဖတ်ရင်းနဲ့ သူ့ဖုန်းသာတယ် ကိုယ့်ဖုန်းသာတယ်ပြောကျတာပေါ့ဗျာ။ ပျော်စရာကြီးပါ ။ (ဘာလို့ပျော်သလဲ ဆိုတော့ အဲ့မှာ ပြောဆိုနေတဲ့ တရုတ်ကလေး နှစ်ယောက်က လွန်စွာမှ ချစ်စရာကောင်းတဲ့ ပန်းသီးလေးနှစ်လုံး ဖြစ်နေလို့ပါပဲ..)။ ကျနော်တို့ တတ်နိုင်သမျှ technical ဘောင်အတွင်းကနေပဲ ပြောကျတယ်။ ပျော်ဖို့ကောင်းတယ်..။
အဲ့ဒီမှာ ဆရာက တစခန်းထတာပဲ။ Group တစ်ခု ကောက်ထောင်လိုက်တယ်..။ Myanmar Mobile Users Club ပေါ့။ ဒီဘက်မှာ ခင်ဗျားတို့ ဆက်ပြောကျတဲ့.. ဟိုမှာက ပို့ ၁၅၀ ကျော်နေပီတဲ့။ ကျနော်တို့ ဆက်လက်ဆွေးနွေးကျတယ်…knowledgeတွေ ရှယ်တယ်။ ပြောရင်း ရှယ်ရင်းနဲ့ သူထဲ့ကိုယ်ထဲ့မန်ဘာ ၃၀ လောက်ဖြစ်သွားတယ်..။ အဲ့ဒီထဲ့တဲ့အထဲမှာ ကိုကျော်သန်းအောင်တို့ ကိုနှဲကြီးတို့ ကိုဝူယုကိုင်းတို့ ပါလာတယ်။ အဲ့ဒီမှာပဲ ကိုယ့်ဘက်ကို ပါစေချင်ကျတော့ android အကြောင်းလာမေးရင် ကျနော်နဲ့ ဇယားက ဒိုင်ခံ သိသလောက် မှတ်သလောက် ရွှီးရွန်းပီး ဖြေတယ်...။ ပန်းသီးအကြောင်း လာမေးရင် ဟိုချစ်စရာ တရုတ်ကလေး နှစ်ကောင် က ဒိုင်ခံဖြေတယ်..။ ဖြေလိုက် ငြင်းလိုက်နဲ့ ပန်းသီးတွေနဲ့ ကျနော်တော်တော်လေးကို ရင်းနှီးသွားတယ်။
အဲ့မှာ မှတ်မှတ်ရရ iphone4s ထွက်တယ်..။ 4s ဆိုတော့ မိတ်ဆွေတို့သိတဲ့အတိုင်း ပန်းသီးသမားတွေ သူတို့ ထင်သလောက် ဖြစ်မလာတော့ ခေါင်းတောင် မထောင်နိုင်ဘူး ကျနော်တို့ပြောတာ။
အမှန်က ဒိုင်ခံသာဖြေနေတာ.. အကုန်သိလို့မဟုတ်ဘူး..။ professional တွေရောက်လာမှ ပိုမြိုင်တာ။ ကျနော်တို့ ဖြေရှင်းပေးနေတာတွေ သူတို့တွေ့တယ်..။ အစပိုင်းကတော့ ၇ိသလို ထေ့သလိုနဲ့ အမှန်ပြင်ပေးတာပေါ့။ ဒါပေမယ့် ဒီဂရုရဲ့ ဦးတည်ချက်ကို သူတို့သိသွားတဲ့နောက်ပိုင်း သူတို့ကိုယ်တိုင်က အစ အားကျိုးမာန်တက်နဲ့ ဖြေပေးကျတယ်။
မန်ဘာ၅၀ ကျော်သွားပီးနောက်ပိုင်း ဘယ်လိုက ဘယ်လိုသိကျတယ်မသိဘူး ကိုယ့်ဟာကို အက်ဒ်စရာမလိုတော့ဘူး professional တွေကော end user တွေကော ဘာမှ မသိမတတ်တဲ့သူတွေကော ရောက်လာတယ်..။ ပိုပြီး မြိုင်လာတယ်..။ ပိုပြီးစည်လာတယ်…။ လူများတော့ experience ကလည်း အစုံဆိုတော့ ကူညီပေးကျတာတွေက ပိုပြီးကောင်းလာတယ်…။ ANDROID လာလာ apple လာလာ symbian လာလာ ဘာလာလာဒေါင်းတဲ့ MMUC ဖြစ်လာတယ်.။
အဲ့ဒီမှာ လူများလာတော့ ထုံးစံအတိုင်း ကြေငြာသဘောမျိုးတွေ ပါလာတယ်..။ ဆိုက်ဒ်ကြေငြာတွေ .. ကုန်ပစည်းကြေငြာတွေ။ ကျနော်သဘောမတွေ့ဘူး.. သဘောမတွေ့ဘူးဆိုတာက ဒီလို Group နဲ့ပါတ်သက်ရင် ဘာကူညီမှု့မှ မရှိဘူး ဘာ knowledge မှ မမျှဝေဘူး..။ ဘလိုင်းချည်းသက်သက် လာကြေငြာတယ်…။ ကျနော့်အမြင်မှာ အယူပဲ ရှိတယ် အပေးမရှိဘူးလို့ ထင်လာတယ်။
နောက်ပိုင်း ဘယ်လောက်ဆိုးလာသလဲ ဆို MMUC Group ထဲက professional တွေ သူတို့ဟာသူတို့ စမ်းပီး သိတဲ့ အသိတွေကို ဝေမျှတာကို ယူသုံးတယ်..။ သုံးပီး ဘာလုပ်လဲဆိုတော့ သူတို့ဆိုက်ဒ်တွေမှာတင်တယ်…။ တင်ကားတင်အိ။ ဘယ်ကရတာပါ ဘယ်သူညွန်းတာပါဆိုတာမပါဘူး။ မပါတဲ့အပြင်ကို အဲ့လိုတင်ထားတာကို ဒီဘက်မှာ ပြန်ပို့တင်ပီး သူ့တို့ ဆိုက်ဒ်တွေကို လာဖို့ဆွယ်တယ်..။ အဲ့တာမျိုးတွေ ပထမဆုံး ခံရတာက ခင်ဗျားတို့ ကျနော်တို့ သိတဲ့ စိုင်းညီလေးပို့စ်တွေ..။ သူကလူအေးဆိုတော့ ပြနာ မရှိဘူး ဘာမှ မပြောဘူး။
နောက်ပိုင်း professionalတွေ ထပ်ရောက်လာတယ်…။ ကိုဂျေဘီတို့ ကိုစိုးဝင်းတို့ ကိုမြင့်မြတ်တို့ ကိုသူရိန်တို့ တခြားend user ထဲက တော်တော်သိတဲ့သူတွေစသည်ဖြင့်ပေါ့။ အဲ့လိုမျိုးတွေထပ်ဖြစ်တယ်။ ဒါပေမယ့်ဗျာ လူပဲ ကိုယ့်ကို အသုံးချခံနေရတော့ ဘယ်နေတော့မလဲ အဲ့တော့ ပြောတော့တာပေါ့..။ အဲ့ဒီအချိန်ကနေစပီး အဲ့ ဆိုက်ဒ်ပိုင်ရှင်လေးလဲ မလာတော့ဘူး။ သူ့ဟာသူ တစင်ထောင်တယ်..။ သူ့ ဟာသူ နာမည်ဆင်တူ group တစ်ခုဖွဲ့တယ်..။ ဒါလည်းကောင်းပါတယ်လေ နှစ် group ရှိတော့ အကူအညီတောင်းဖို့ နေရာနှစ်နေရာရှိသွားတာပေါ့။ ကြားထဲ လာလာပီး မွေနောက် ပြသနာရှာကျတဲ့သူတွေ ကလည်းရှိခဲ့ဘူးတယ်။ ဒီလိုပဲ ဖြေရှင်းလိုက် ကျ မန့်လိုက်ကျနဲ့ပေါ့။ နောက်ပိုင်း MMUC ထဲကို ဆိုင်ပိုင်ရှင်တွေ ဖုန်းသွင်းနေတဲ့သူတွေပါ ရောက်လာတယ်..။ ဖုန်းဈေးတွေက အစ ဖုန်းပစည်းတွေ ဘာက ပိုကောင်းတယ်.. ဘယ်ဟာဈေးသင့်တယ်ဆိုတာ ဖြေနိုင်လာတယ်..။
နောက်ပိုင်း နောက်ပိုင်း စရင်း နောက်ရင်း ဖြေရင်း ရှယ်ရင်း ခုလို ခင်ဗျားတို့သိတဲ့ မန်ဘာ ၅၀၀၀ ကျော်နေတဲ့ MMUC ဆိုတာ ဖြစ်လာတာပဲ။ ဘာလို့လူများလဲဆိုတော့ ဒီထဲမှာ အက်တစ်ဖြစ်သူ အများစုက စတတ် နောက်တတ် ပေါက်ကရပြောတတ်တော့ ရင်းနှီးလွယ်တယ်။ ပြီးတော့ ဇီးကွက်တွေများတယ်။ ညဘက်လဲ မအိပ်ကျဘူး။ ညဘက်ကိုတောင် မေးခွန်းတစ်ခုခုမေးလိုက်ရင် မိနစ်ပိုင်းနဲ့ ရကျတာများတယ်။ (အရမ်းခက်တဲ့ ဖြေရမှာ ရှည်မဲ့ဟာမျိုးတော့ ကြာတတ်တာပေါ့)။ ကြားထဲမှာ ၀င်လာလိုက်ကျ မပျော်တော့ရင် ပျင်းသွားရင် ထွက်သွားလိုက်ကျနဲ့ အက်တစ်ဖြစ်ခဲ့တဲ့ မန်ဘာတွေ လဲ အစုံပဲ။ သူတို့တွေကြောင့်လဲ MMUC ဆိုတာ ပိုမြိုင်သွားတာ။ နောက်ပိုင်းလာတဲ့သူတွေကိုလဲ အဲ့လို ပဲ ရှယ်နိုင်ပါစေ မျှနိုင်ပါစေ ရန်ရှာတဲ့သူတွေမပါစေဖို့ မျှော်လင့်ရတာပဲ..။
ကျနော် MMUC ၁နှစ်ပြည့် မန်ဘာ ၅၀၀၀ ပြည့်အမှတ်တရ မှတ်မိသလောက် ရေးထားတာပါ။ ကြားထဲမှာ အတွင်းခံ အပြင်ထုတ်ဝတ်တဲ့ စူပါဟီးရိုးမန်ဘာတွေ ရဲ့ အကြောင်းတွေ ဂျာနယ်လုပ်ဖို့ ကောက်ရိုးမီးလုပ်ခဲ့တဲ့အကြောင်းတွေ မရေးထားပါဘူး။ ချစ်စရာကောင်းတဲ့ တရုတ်ကလေး နှစ်ကောင်ကတော့ အမေးဇင်းနဲ့ ဒေးဒေးပါ။
- ကျနော် MMUC ထဲကို ဘယ်လိုရောက်လာသလဲ ဆိုတော့… by Kyaw Than Aung
ကျနော့်အဖြစ်က ကိုခက်နဲ့ လားလားမှမဆိုင်၊ တစ်မျိုးတစ်ဘာသာကွဲလွဲနေလိမ့်မယ်ထင်တယ်။
ကျနော်ဒီထဲရောက်လာတာက နည်းနည်းထူးဆန်းတယ်။ ဘယ်သူမှခေါ်လို့လည်းမဟုတ်၊ ကိုယ်တိုင်လည်း မိုဘိုင်းအကြောင်းသိချင်လို့လည်းမဟုတ်ဘူးခင်ဗျ၊ တောင်းပန်ချင်တဲ့စိတ်တစ်ခုနဲပဲရောက်လာတာ၊
ဖြစ်ပုံကဒီလို.....ဒီဂရုပ်ထဲမရောက်ခင်က ဆရာဝန်တွေစုပြီးဖွဲ့ထားတဲ့ ဂရုပ်တစ်ခုရှိခဲတယ်(နာမည်မမှတ်မိတော့)၊ အဲ့ဒီမှာကျနော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီးဆရာမောင်မောင်ဦးက Admin တစ်ယောက်အနေနဲ့အသုံးတော်ခံနေချိန်ပေါ့၊ ဆရာ့ကိုလည်းမသိဘူး Admin မှန်းလည်းမသိခဲ့ဘူး ၊ Group ဆိုတဲ့ Feature အသစ်လေး Facebook ကစပေးချိန်ဆိုတော့ ဟိုဟာလည်းဝင် ဒီဟာလည်းဝင် ပါလေရာ ငပိလိုက်ချက်နေချိန်ပေါ့။ ဆေးပညာအကြောင်းဆွေးနွေးရာကနေ ဂျာနယ်တွေက ဆရာဝန်တွေကို အထင်အမြင်သေးအောင် ရေးသားစွတ်ဆွဲနေချိန်မှာ အဲ့ဒီ Group ထဲမှာ ကတောက်ကစတွေဖြစ်ကြတယ်၊ ကျနော်ပေးတဲ့ ဥပမာလေးတစ်ခုက အစပြုပြီး အကြီးအကျယ် စကားများစရာတွေဖြစ်သွားခဲ့တယ်၊ ဆရာမောင်မောင်ဦး Admin အဖြစ်ကရော Member အဖြစ်ကပါ ထွက်ခဲ့တယ်။ ကျနော့်ကြောင့်လို့ ကျနော်ခံစားခဲ့ရလို့ ဆရာ့ကိုတောင်းပန်ရအောင် ဆရာ့ Account ကို Add တယ်၊ ဆရာ Accept မလုပ်ခင် စပ်ကြားကာလမှာ ဆရာ့ Wall ကိုမွေ တော့ Group တစ်ခုတွေ့ရတယ်၊ ဘာရယ်မဟုတ် ပါလေရာထပ်လုပ်ကြည့်မိတယ်ပေါ့။အဲ့ဒီအချိန်ကစလို့ ပန်းသီးစက်ရုပ်စစ်ပွဲကြား ကျနော်က Apple Marine တပ်သားတစ်ယောက်အဖြစ်နဲ့ တိုက်ပွဲဝင်ခဲ့တယ်။ ဘာမှသိတာမဟုတ်ပေမယ့် ပန်းသီးထိရင်မခံ၊ ကတ်ကတ်လန်အောင်စွာခဲ့တယ်။ မသိသေးတာကို ချက်ကျကျပြောချင်လွန်းလို့စာတွေအသေဖတ် သီတင်းတွေဖတ်နဲ့ လေ့လာခဲ့တယ် (တိုက်ပွဲက တော်တော်ကြမ်းနေချိန်ပေါ့)လူ ၃၀ ၊ ၄၀ ကနေတရာကျော် နှစ်ရာလောက်ဖြစ်လာတော့ တိုက်ပွဲတွေနည်းနည်းကျဲသွားတယ်၊ ပျင်းတဲ့အချိန်ဆို တိုက်ပွဲခေါ်သံလေးပေးလို့ ရန်စ စကားတွေပြောပြီးတညလုံးမိုးလင်းတိုက်ကြတယ် (ပါးစပ်စစ်ပွဲ)
နောက်ပိုင်းကျတော့် သိချင်တာမေးကြတယ်၊ သာတဲ့အချက်တွေထုတ်ကြွားပြီး ဂုဏ်ပြိုင်ကြတယ်၊ ဒီလိုနဲ့ တစိမ်းတွေကနေ အရင်းနီးဆုံးဘော်ဒါတွေဖြစ်လာကြတယ်၊ အသက်အရွယ်မတူ အသက်မွေးဝမ်းကြောင်းတွေမတူ နေတဲ့နေရာတွေမတူပေမယ့် ၂ဖက်တိုက်ပွဲမှာ အစွမ်းကုန်ဝင်တိုက်ကြရင်းကနေ ညီအကိုအရင်းတွေလိုချစ်သွားတဲ့ သူငယ်ချင်း မိတ်ဆွေတွေရခဲ့တယ်။
အပြင်မှာတွေ့ရင် နုတ်ဆက်ရဲမှာတောင်မဟုတ်တဲ့ Senior ဆရာဝန်ကြီးတွေ ကို ဒီထဲမှာ ရင်းရင်းနီးနီးတွေ့ရတယ်။နေ့တိုင်းတွေ့နေရတော့ ပိုပြီး ခင်မင်သွားမိသလားတော့မပြောတတ်ဘူးဗျ
ကျနော့်အတွက် Facebook ဆိုတာကြီးက အရင်က Game ဆော့ဖို့သီးသန့်ဖြစ်ခဲ့ပေမယ့် ဒီ Group ထဲရောက်ပြီးနောက်ပိုင်းမှာတော့ Browser Home Page က https://www.facebook.com/groups/MyanmarMobileUsers အဖြစ်ပြောင်းသွားလောက်အောင်ကျနော့်ကိုစွဲဆောင်ထားခဲ့တယ်။
ပန်းသီးသာအကောင်းဆုံးဆိုတဲ့ကျနော့်ရဲ့ ဗီဇကနေ ပန်းသီးလိုကောင်းတာတွေရှိသေးတာပဲဆိုပြီးပြောင်းလဲလာတယ်ပန်းသီးမကောင်းပြောရင် ထထိုးချင်စိတ်ဖြစ်ခဲ့တဲ့ကျနော်ဟာ အခုတော့ပြုံးပြုံးလေးနေတတ်နေပြီဗျ
Member တွေများလာတာနဲ့အတူ ဒီ မိသားစုလေးမှာ တိုက်ပွဲတွေနည်းသွားတယ်၊ ဘာလို့လဲဆိုတော့ လူဟောင်းတွေက စကြနောက်ကြတာဖြစ်ပေမယ့် မသိတဲ့Member အသစ်တွေက တကယ်တွေထင်ပြီး အတင်းဇွတ်(ဖင်ပိတ်)ငြင်းလာတာတွေ့တွေ့နေရတော့ ပြသနာဖြစ်မှာဆိုးတာနဲ့ပဲ စစ်အေးကာလကို ရောက်မှန်းမသိရောက်သွားခဲ့ရတယ်။
Modelစုံ Company အစုံက ထွက်နေတဲ့ စက်ရုပ်တွေကြားမှာ ပန်းသီးနဲ့ ပတ်သတ်တဲ့ပိုစ်တွေတောင် တော်တော်နည်းသွားတဲ့အထိ ပါပဲ (ဟဲဟဲ ရှင်းရှင်းပြောရရင် အနိုင်ဝိုင်းကျင့်ခံရမှာဆိုးလို့ ပိုစ်မတင်ကြတော့တာနေမှာ :P)
တစ်ချို့ Active Member တွေလည်းပျောက်သွားတာတွေရှိခဲ့တယ်။ တစ်ချို့လည်းမအားလို့နေမယ်ထင်ပါတယ်။ဒီထဲမှာ လူတန်းစားစုံ အလွှာစုံတယ်ဆိုပေမယ့် အားလုံးက Mobile ဆိုတဲ့ခေါင်းစဉ်အောက်မှာ ဒီထဲကိုရောက်နေကြတာချင်းတော့တူတယ်။ အခုတော့ လူ၅၀၀၀ ကျော်ပြီပေါ့ တစ်နှစ်အတွင်း မပြောနဲ့ ၅၀၀၀ ထိရှိလာလိမ့်မယ်လို့ အစကမထင်ခဲ့မိတာအမှန်ပဲ။ကြောက်ခမန်းလိလိတိုးတက်လာတဲ့ Member တွေနဲ့အတူ ကျနော်လည်း စိုးရိမ်စိတ်တွေများလာတယ်။ Post တစ်ခုတင်ဖို့ Comment တစ်ခုရေးဖို့တော်တော်လေးစဉ်းစားလာရတယ်။ အရင်ကဆိုဖြစ်သလိုပဲ လွှတ်ခနဲ ရေးနေခဲ့တာဗျ။ (ဘာလို့လဲဆိုတော့ ချစ်တဲ့ခင်တဲ့သူတွေများလာတာနဲ့အတူ ခဏခဏအဆဲခံလာရတာတွေရှိလာတယ်၊ လုံးဝမသိပါပဲ လာလာဆဲတဲ့သူတွေတွေ့လာရတယ်။)
မည်သို့ပင်ဆိုစေကာမူ ကျနော့် MMUC History ကနောက်နှစ်ပေါင်းများစွာ ဆက်ရေးရဦးမယ်ဆိုတာတော့ ယုံကြည်နေပါတယ်ခင်ဗျ။
သူများတွေရေးတော့အားကျလို့ရေးလိုက်အုံးမယ်.. MMUC နဲ့ပတ်သက်တဲ့ခံစားချက်လေးကို by Yang Sumei
ဒီအကြောင်းတွေပြောရမယ်ဆိုရင်တော့.. တစ်မြို့တည်းသူငယ်ချင်း Phyo Paing တို့ ဆရာမောင်မောင်ဦး ရဲ့ ဖုန်းပုံမှာငြင်းကြရင်းနဲ့ အဖွဲ့ထဲကိုရောက်လာပါတယ်.... ဦးခက်ကြီးကိုညတိုင်းသိပ်စိတ်ဆိုးတာ.... MC Will အကြောင်းပြောလွန်းလို့..ဒီဘဲကြီးက MC Will ရောင်းတဲ့လူလားသိဘူးလို့ .. စကားပြောရင်ကန့်လန့်ကန့်လန့်နဲ့.. ဒုတ်ထိုးအိုးပေါက်ပြန်ပြန်ငြင်းတယ်.. ဇယားမတစ်ယောက် ကြီးကျယ်ပုံကလည်း အန့်မခန်းပဲ :P Day Day နဲ့ အမေဇင်းစိုးမင်း ကလည်း.. တော်တော်ကြိးကျယ်တ.ယ်.. စိတ်တွေယားနေတာ.. တစ်ခါတစ်ခါ ငြင်းကျပြီးရင်.. ဒီလိုငြင်းရင်းငြင်းရင်းနဲ့ အရမ်းကိုခင်တဲ့ သူတွေဖြစ်လာတယ်.. နောက်တော့လည်း.. သူတို့အပြင်ပေါတာ နှစ်ယောက်မရှိကြဘူး ဟိဟိ ...အရင်တုန်းကတည်းကအပြင်မှာမမြင်ဘူးကြပေမဲ့လည်း တစ်ယောက်နဲ့တစ်ယောက်တော်တော်ခင်သွားတော့ မောင်နှမညီအကိုလိုတွေပါပဲ.. တစ်ယောက်အခက်အခဲတစ်ယောက်ကူညီပေးကြတယ်.. Personnel ကိစ္စတွေကအစ.. အကုန်လုံးကသံယောဇဉ်ရှိကြတယ်.... တော်တော်တော်တော် ကိုပျော်စရာကောင်းခဲ့တဲ့ MMUC ရဲ့ history ပေါ့... အဲ့တုန်းက မိန်းခလေးဆိုတာ ကျွန်မ တစ်ယောက်တည်းလားမသိဘူး :D MMUC နဲ့ဖြတ်သန်းခဲ့တဲ့အချိန်တွေကတော်တော်တော့ကြာခဲ့ပါပြီ.. အရင်ကတော့ တော်တော် active ဖြစ်ခဲ့ပါတယ်.. အဖွဲ့မှာရန်လာစတဲ့သူတွေကို ဖိုက်တဲ့နေရာမှာ :P MMUC မှာပျော်လွန်းလို့ ညမအိပ်ခဲ့တာတွေကလည်းတော်တော်များခဲ့တယ်... MMUCနဲ့ပတ်သတ်ပြီးသုံးသပ်မိတာတွေလည်းခဏခဏဖြစ်မိပါတယ်... ကျွန်မအတွက် တော့ MMUC က အများကြီးအထောက်အကူဖြစ်ခဲ့ပါတယ်... ၀န်ခံပါတယ်.. Personnel အတွက်ကော Biz အတွက်ပါ တော်တော် supporting ပေးခဲ့တဲ့ group ပါပဲ... အဖွဲ့ရဲ့ဖြတ်သန်းခဲ့တဲ့အချိန်တွေမှာ .. ပျော်ရွင်စရာမျိုးစုံ အခက်အခဲ.. ပြသနာမျိုးစုံနဲ့ကြုံခဲ့ကြတယ်.. ကြုံတဲ့အခါတိုင်းလည်း.. အဓိကဦးဆောင်ခဲ့တဲ့..ဆရာတို့.. အစ်ကိုတွေနဲ့.. တစ်ယောက်နဲ့တစ်ယောက်..ဘယ်လိုလုပ်ကြမယ်ဆိုတာအမြဲတိုင်တိုင်ပင်ပင်နဲ့.. အခြေအနေကိုဆက်လက်ထိန်းသိမ်းနိုင်ခဲ့တယ်... ကျွန်မ အက်မင်တစ်ယောက်ပါပဲ.. သိတဲ့လူလည်းသိမယ်.. မသိတဲ့လူလည်းမသိဘူးပေါ့ မသိတဲ့လူကတော့ အဖွဲ့ထဲမှာ ကျွန်မကို မတွေ့သလောက်ရှိလို့ပါ... လူများလာလို့ ဖြစ်လာမယ့်အနေအထားလေးတွေကြိုသိလာလို့.. အဖွဲ့အတွက် သိပ်မလုပ်ပေးနိုင်ခဲ့လို့..ထွက်မယ်လို့လည်းဆုံးဖြတ်ခဲ့တာခဏခဏပါပဲ.. တစ်ချိန်တည်းမှာ.. မောင်နှမတွေလိုသံယောဇဉ်တွယ်နေတဲ့ MMUC ကညီအကိုမောင်နှမတွေက ထွက်ဖို့မလိုပါဘူးလို့တားခဲ့ဘူးတယ်.. အက်မင်ထက်.. ခင်မင်ရင်းနှီးမှုကို တန်ဖိုးထားတယ်လို့ ဆရာမောင်မောင်းဦးပြောခဲ့ဖူးတယ်.. တော်တော်တော့ တွေဝေဖူးသွားတယ်... ဒီလိုတွေကြောင့်အခုထိကျန်ရှိနေတယ်ပေါ့... :D ကျွန်မကတော့ MMUC ကို ပုံမှန် flow လေးသွားတာကိုပဲမြင်ချင်တယ်လို့ ခဏခဏတော့ပြောဖူးတယ်..အက်မင်တွေကြားမှာ.. တက်တာမြန်ရင်ကျတယ်မြန်တယ်ဆိုတဲ့သဘာဝမို့.... ဂုဏ်ယူမိပါတယ်..အဖွဲ့အစည်းတစ်ခုရဲ့ ရပ်တည်မှုမှာ.. ခေါင်းဆောင်ရယ်.. မန်ဘာတွေရဲ့ညီညွတ်မှုကြောင့်အခုလို မန်ဘာတွေများလာတာကို.. MMUC ကိုချစ်တာ တစ်ခုက အဖွဲ့ ထဲကလူတွေက မန်မတက်ဘူး.. တစ်ယောက်နဲ့တစ်ယောက် ကတော်တော် ကူညီရိုင်းပင်းကြတယ်.. (မမြင်ဖူးပေမဲ့လည်း) ပျော်ပျော်နေတက်ကြတယ်.. အခုနောက်ပိုင်း မရောက်ဖြစ်တာများနေတယ်.. အဲ့တာတော့တောင်းပန်ပါတယ်... တစ်နေ့ MMUC Member တွေအတွက်ကိုတစ်ခုခုလုပ်ပေးမယ်ဆိုတဲ့ စိတ်ကူးလည်းရှီပါတယ်.. လတ်တလော အလုပ်များနေတာရယ်.. personnel ကိစ္စလေးတွေရှီနေ့လို့ ခွင့်လွတ်ပေးကြပါ.. ( တစ်ခုကတော့ တစ်သက်နဲ့တစ်ကိုယ် ဒီလို Note အရှည်ကြီး မရေးဖူးတာမို့ ဖတ်ရတာအဆင်မပြေရင်ခွင့်လွတ်ကြပါ)MMUC နဲ့ပတ်သက်မှ ခံစားချက်တွေရေးချင်တဲ့စိတ်ပေါက်လာလို့ပါ :D