Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။

Sunday, December 2, 2012

Sony Ericsson Xperia X8 သမားများအတွက် Root & Custom Roms


နိဒါန်း
ကျွန်တော် FB ပေါ်မှာ Doc ကိုအခုမှစရေးဖူးတဲ့အတွက်အမှားပါရင်ခွင့်လွှတ်ပါ။ အခုကျွန်တော် Sony Ericsson Xperia X8 အကြောင်း ကျွန်တော်သိသလောက်လေး ဝေမျှချင်လို့ပါ။ Sony X8 ဟာဆိုရင် သူ့နဂို Version 2.1.1 ပဲပါတယ်။ Official လဲ 2.1.1 ထိပဲရတယ်။ နောက်ပြီးတော့ မြန်မာစာလဲအဆင်မပြေဘူး -ျ တို့ တချို့ စာလုံးတွေရိုက်ရင် အပေါ်တက်ကပ်သွားတဲ့ error ရှိတယ်ဒါကြောင့် X8 သမားတွေအတွက် Custom Rom တင်နည်းလေး ကျွန်တော်တတ်သလောက်လေးတင်ပြတာပါ။ Custom Rom တွေကိုလဲ ကျွန်တော်သုံးဖူးတာပဲ တင်ပြပါ့မယ်။

Root
အရင်ဦးဆုံး X8 ကို root လုပ်ဖို့ superoneclick version 2.1.1 ကိုသုံးပြီး root လုပ်ပါ။ root လုပ်ပြီးသွားပြီဆိုရင် Root Explorer ကိုသွင်းထားပါ။

xRecovery-mini သွင်းနည်း
အထက်ကအဆင့်ပြီးရင် xRecovery-mini-0.1-beta ကိုဒေါင်းလုပ်ဆွဲပြီး စက်ထဲမှာ ဖြည်လိုက်ပါ အထဲမှာဖိုင်၃ဖိုင်ပါပါ့မယ်။
Busybox
Chargemon
xrecovery.tar
အဲ့၃ဖိုင်ပါပါ့မယ် အဲ့၃ခုကို SD ကဒ်ထဲသို့ ဖိုလ်ဒါလ်ဖွဲ့ပြီးထည့်ချင်ထည့် ဒီတိုင်းထည့်လဲရပါတယ်။
SD ထဲထည့်ပြီးသွားရင် Root Explorer ဖွင့်ပြီး အပေါ်က ဖြည်ချထားတဲ့ ဖိုင်၃ခုကို copy လုပ်ပြီး /system/bin folder အောက်ထဲမှာ paste လုပ်ပေးလိုက်ပါ။ ဒါဆို သင့် X8 ဖုန်း xrecovery mode ထဲဝင်လို့ရသွားပါပြီ။
xrecovery ထဲကို ဝင်ဖို့အတွက် ဖုန်းစတတ်တတ်ချင်း back ကီးကို နှိပ်ပေးရမှာပါ (ဖိထားရမှာမဟုတ်ပါ)
xRecovery ကိုအထက်ပါအတိုင်းသွင်းရမှာရှုပ်တယ်ဆိုတဲ့သူတွေအတွက်တော့ https://www.facebook.com/groups/MyanmarMobileUsers/doc/484511551573217/ အဲ့မှာ တင်ထားပေးတဲ့ software တခုတော့တွေ့တယ် ကျွန်တော်ကိုယ်တိုင်မစမ်းရသေးပေမယ့် X8 အတွက်ပါပါတယ်။ CWM Recovery 3.2.0.0 သွင်းမလား xRecovery 0.1 သွင်းမလား ကြိုက်တာရွေးချယ်လို့ရပါတယ်။

Custom Rom for 2.3.7 (GingerDX 28b)
ဒီကောင်ကတော့ ကျွန်တော့်အတွက်အဆင်အပြေဆုံးနဲ့ သွင်းရတာအလွယ်ကူဆုံးပါပဲ။
update-GingerDX-v028b.zip လေးကိုဒေါင်းပြီးတော့ SD ကဒ်ထဲထည့် File နာမည်ကို Update.zip လို့ပြောင်း ဖုန်းကို restart လုပ် xrecovery mode နဲ့တတ်

Factory reset (full wipe)
Wipe cache partition

အဲ့၂ခုလုပ်ပြီး Install update.zip from SD Card ကိုရွေးပြီး reboot လုပ်ပေးရုံပါပဲ။ ခဏလောက်စောင့်လိုက်ရင် Gingerbread 2.3.7 ကိုသုံးနိုင်ပါပြီ။


ICS နဲ့ JB အတွက်က နည်းနည်းရှုပ်တော့ ကျွန်တော်မရေးတော့ဘူးဗျာ Link ပဲပေးလိုက်မယ် သေချာဖတ်ပြီးတော့လုပ်ပေါ့နော် သူက Bootloader Unlock လုပ်ရမယ် Kernel တွေ Change ရမယ်။ အဲ့တော့ ကျွန်တော်ရေးရမှာ မရဲဘူး သူ့တို့ရှင်းပြထားတာသွားဖတ်ရင်ပိုကောင်းမယ်ဗျ။
For Bootloader & Kernel Guild
Custom Rom for ICS 4.0.4 (MiniCM9)
Custom Rom for JB 4.1.1 (MiniCM10)

တစ်ခုတော့ ရှိတယ် X8 ဟာ CPU ရော Ram ရောနည်းတဲ့အတွက် ICS နဲ့ JB ကသိပ်အဆင်မပြေလှဘူး လေးတယ် တဖက်ကဖုန်းခေါ်ရင်ချက်ခြင်းမပေါ်ပဲလေးနေပြီးနောက်မှပေါ်လာတာတွေဖြစ်တတ်တယ်။ လှတာမက်ရင် ညစာခက်တယ်ဆိုတဲ့ စကားအတိုင်းပေါ့ဗျာ :D ကျွန်တော်က စက်ရုပ်နဲ့ပတ်သက်ပြီး ဆရာတပါးမဟုတ်တဲ့အတွက် ကျွန်တော် ပြောတာတွေမှာအမှားပါကောင်းပါနိုင်ပါတယ် အမှားပါခဲ့လို့ရှိရင်လဲ ဝင်ရောက် ပြင်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။

ညမီးအိမ်