By Kyaw Nyein Thwin in Myanmar Mobile Users Club
မြန်မာနိုင်ငံရှိ mobile internet များကို data plan ဖြင့် ကောက်ခံတော့မည် ဖြစ်သောကြောင့် mobile ဖြင့် internet အသုံးပြုသူများအနေဖြင့် မိမိတို့ အသုံးပြုသော data amount ကို အလွယ်တကူ သိနိုင်မည် မဟုတ်ပါ။ ထိုအခက်အခဲကို Myanmar Hub ၏ Internet Usage Monitor(IUM) ကို အသုံးပြုခြင်းဖြင့် လွယ်ကူစွာ ဖြေရှင်းနိုင်မည် ဖြစ်သည်။ IUM ကို အသုံးပြုခြင်းဖြင့် အ
င်တာနက် အသုံးပြုခကျသင့်ငွေ Data အသွားအပြန်ပြုလုပ်သည့် ပမာဏ တို့ကို အလွယ်တကူ ကြည့်ရှု့နိုင်မည် ဖြစ်သည်။ ထို့အပြင် အင်တာနက် အသုံးပြုခနှုန်းထားများကိုပါ လိုအပ်သလို ပြင်ဆင်နိုင်သဖြင့် data plan အပြောင်းအလဲရှိပါက အဆင်ပြေစွာ အသုံးပြုနိုင်မည် ဖြစ်ပါသည်။
IUM ကို အသုံးပြုရန်အတွက် အနည်းဆုံး android version 2.2 ရှိရမည်ဖြစ်၍ version 4.x.x ထိ အသုံးပြုနိုင်ပါသည်။IUM အသုံးပြုပုံအဆင့်အဆင့်
- apk file ကို အခမဲ့ download ပြုလုပ်ပါ။
- ထိုနောက် နှစ်သက်ရာ file manager (သို့) apk installer ကို အသုံးပြု၍ install ပြုလုပ်ပါ။
- Install ပြုလုပ်ပြီးပါက home screen ၏ လွတ်နေသော နေရာတစ်နေရာကို လက်ဖြင့် ခေတ္တာ နှိပ်ထားပါ။
- Homescreen ကို Personalise ပြုလုပ်ရန် windows တစ်ခု (သို့) dialog တစ်ခု ပေါ်လာပါမည်။
- ထို window(သို့) dialog မှ Widget ကို ရွေးချယ်ပါ။
- ထိုနောက် Internet Usage Monitor ကို ရွေးချယ်ပါ။
- Homescreen တွင် IUM Widget ပေါ်လာပါလိမ့်မည်။
- Homescreen ရှိ IUM Widget ၏ အပေါ်ညာလက်ထိပ်ရှိ စက်သွားပုံ ခလုတ်ကလေးကို နှိပ်ပါ။
- Dialog တစ်ခုပေါ်လာပါမည်။
- Unit နေရာတွင် 10 ကို ထည့်ပါ။
- ထိုနောက် MB ကို ရွေးချယ်ပါ။
- Price နေရာတွင် 2 ကို ထည့်ပါ။
- ထိုနောက် Save ကို နှိပ်ပါ။
- Homescreen ရှိ IUM Widget ၏ အပေါ်ညာလက်ထိပ်ရှိ စက်သွားပုံ ခလုတ်ကလေးကို နှိပ်ပါ။
- Dialog တစ်ခုပေါ်လာပါမည်။
- “Reset All Data Usage” ကို နှိပ်ပါ။
- Dialog ထပ်ပေါ်လာပါက “Reset” ကို နှိပ်ပါ။
credit to MMHub
Like · · Report · November 30 at 11:03am