Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။

Tuesday, July 10, 2012

MyanKey 1.2 RC4


ကိုစိုးနောင် ဂျီတော့က ဂျီကျလို့ IM Mode ( Gtalk and Messaging ) မှာ Enter Key ထည့်ပေးထားတဲ့ ဗားရှင်းပါ။ ကျန်တာ ဘာမှ မပြောင်းပါဘူး။

ဒီနေ့ ထပ်ပြင်ထားတာတဲ့ 1.2 RC3 ပါ။ ကိုဖြိုးဝင်း ရှာပေးထားတဲ့ ခလုတ်အမှားတွေ ပြင်ပေးထားပါတယ်။ ကျန်တဲ့မှားတာတွေ ရှိရင်လဲ ပြောပြပေးကြပါ။ အဲဒါမှ ပြင်လို့ ရမှာပါ။
စမ်းပေးတဲ့ ကိုဖြိုးဝင်း ကျေးဇူးအထူးပါ။

Beta1 မှာ ပြင်စရာရှိတာလေးတွေ လိုက်ရှာပီး တော်တော်များများပြင်ထားတဲ့အပြင် လက်ကွက် အသစ် Myankey 11 Super ထည့်ပေးထားတဲ့ RC1 ကို ဒီနေ့ ထပ်ထုတ်ပါမယ်။

ပီးခဲ့တဲ့အခေါက်က ဆရာစိုင်းကို Doc လေးလုပ်ပီး တင်လိုက်ပါဆိုတာကို သေချာ မရှင်းထားဘူး။

ပထမဆုံး Screen Shot လေးတွေ ကြည့်ရအောင်

ဒါ အင်္ဂလိပ် လက်ကွက်ပါ။ အပေါ်မှာ ဂဏန်းတွေအတွက် တစ်တန်းတိုးထားပါတယ်။ ကျနော့လို Username နဲ့ Password ကို စာနဲ့ ဂဏန်းတွဲပေးတဲ့လူတွေအတွက် အဆင်ပြေအောင်ပါ။


ဒါက နောက်ဆုံးထည့်ထားတဲ့ စူပါလက်ကွက်ပါ :D Zawgyi Installer နဲ့ ဖောင့်ထည့်ထားမှ အမှန်ပေါ်ပါလိမ့်မယ်။ တစ်ချို့စာလုံးတွေက ပုံမှန်ဇော်ဂျီမှာ မပါပါဘူး။ ကီးဘုတ်အတွက် သပ်သပ်ထပ်ထည့်ထားတာပါ။ Unshift နဲ့ Shift ၂ ခုလုံး ဖြစ်ပါတယ်။


အင်္ဂလိပ်မြန်မာပြောင်းတဲ့ အလံလေးကို ကြာကြာဖိထားလို့ ပေါ်လာတဲ့ Popup ကနေ Setting ကို ရွေးလိုက်မယ်ဆိုရင် ကီးဘုတ်နဲ့ပတ်သက်ပီး တော်တော်များများ ပြောင်းလို့ရအောင် လုပ်ပေးထားပါတယ်။


Type of keyboard ထဲကို ဆက်ဝင်လိုက်ရင် အောက်ကလို လက်ကွက် ၅ ခု ရွေးလို့ရမှာဖြစ်ပါတယ်။


အပေါ်ဆုံးက MyanKey 11Keys S က နောက်ဆုံးထည့်ထားတဲ့ လက်ကွက်ပါ။ အောက်က MyanKey 11 Keys နဲ့ တူတူဖြစ်ပီး ခလုတ်ပေါ်က စာတွေ လှအောင် လုပ်ထားတာပါ။ Zawgyi Installer နဲ့မှ စာတွေ ပေါ်ပါမယ်။

Myankey 11Keys ရိုးရိုးက ပုံမှန် ဇော်ဂျီရှိရင် သုံးနိုင်ပါပီ။ ကွန်ပျူတာ ကီးဘုတ်လက်ကွက်နဲ့ အတတ်နိုင်ဆုံး တူအောင် လုပ်ပေးထားပါတယ်။

Myankey 10Keys ကတော့ ပထမဗားရှင်းက လက်ကွက်ပါ။ ခလုတ် ၁၁ ခု ဖြစ်သွားလို့ ရိုက်ရတာ လက်ကွက်ကျပ်တယ်ထင်သူများအတွက် အရင်အတိုင်းသုံးလို့ရအောင် ပြန်ထည့်ပေးထားတာပါ။


Frozen ကတော့ ကိုသီဟအေးကျော်ရေးတဲ့ Frozen Keyboard သုံးနေကျလူတွေ ပြောင်းသုံးရင် အဆင်ပြေအောင် သူ့လက်ကွက်အတိုင်း ထည့်ပေးထားတာပါ။


Myandroid ကလဲ Myanmartutorial က Myandroid Keyboard က လက်ကွက်ပါ။ ကွန်ပျူတာမှာ မြန်မာစာ ရိုက်နေကျ မဟုတ်တဲ့လူတွေ အတွက် အဆင်ပြေပါလိမ့်မယ်။ ကကြီး ခခွေးကို အစဉ်လိုက်စီထားတာပါ။


ပုံမှန်လက်ကွက်မှာ မပါတဲ့ စာလုံးတွေကို နည်းလမ်း ၃ မျိုးနဲ့ ရိုက်နိုင်ပါတယ်။
၁။ Shift Key ကို နှိပ်ပီး Shift Screen ပြောင်းရိုက်တာကတော့ အရိုးရှင်းဆုံး နည်းလမ်းပါ။
၂။ Shift Key နှိပ်ရတာ ကြာတယ်ဆိုသူတွေအတွက် Shift နှိပ်ပီးရိုက်တဲ့စာလုံးကို ၂ချက်နှိပ် ( Double Tap ) လုပ်လိုက်ရင် ရနိုင်ပါတယ်။ ခလုတ်အားလုံးအတွက် ရိုက်နိုင်ပါတယ်။ ( ဥပမာ "ေ" ကို ၂ချက်နှိပ်ရင် "ဗ" ရပါမယ်။ )
၃။ Shift Screen မှာ မပါတဲ့ စာလုံးတွေလိုချင်ရင်တော့ သက်ဆိုင်ရာ အနီးစပ်ဆုံး ခလုတ်ပေါ်မှာ ကြာကြာလေး ဖိထားလိုက်ပါ။ Popup လေးထွက်လာပီး တစ်ခြားစာလုံးတွေ ပြပါလိမ့်မယ်။ လိုချင်တာကို ရွေးနိုင်ပါတယ်။ အောက်မှာ ကြည့်ပါ။


နောက်ဆုံးတစ်ခုက စာလုံးမှန်းတာပါ။ အင်္ဂလိပ်စာမှာလဲပါသလို မြန်မာစာအတွက်လဲ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းကို ထည့်ပေးထားပါတယ်။ ရိုက်ချက်နည်းတဲ့ စာလုံးတွေတော့ မပါပါဘူး။ ရိုက်လိုက်တဲ့စာလုံးကို စာလုံးမှန်းစာရင်းထဲက ရွေးသွားမယ်ဆိုရင် နောက်စာလုံးတွေလဲ ဆက်တိုက်ဆက်မှန်းပေးနေပါလိမ့်မယ်။ မအဲမွန်ရေးတဲ့ iTextMM က စာစုမှန်းစနစ်လောက်တော့ မကောင်းတာ အမှန်ပါ။ အောက်မှာ Screen Shot လေးတွေ ကြည့်နိုင်ပါတယ်။


ဒေါင်းလုပ်ရယူဖို့အတွက် အောက်မှာ Link တွေ ပေးထားပါတယ်။

မိုင်းနပ်စ်က လင့်ခ်ပါ

မီဒီယာဖိုင်းယား လင့်ခ်ပါ

အဆင်မပြေတာ ပြင်ချင်တာ ထပ်ထည့်ချင်တာရှိရင် အကြံပေးဆွေးနွေးလို့ရပါတယ်။

ခရက်ဒစ်ပေးရမယ့်လူတွေကတော့
၁။ မူလ Bulgarian Keyboard ရေးသားသူ
၂။ ကီးဘုတ်လက်ကွက် ယူသုံးထားတဲ့ ကိုသီဟအေးကျော်နဲ့ Myandroid ရေးသူ
၃။ iTextMM ရေးတဲ့ မအဲမွန်၊ သူ့ထဲက တစ်ချို့စာစုတွေ စာမှန်းစနစ်မှာ ယူသုံးထားပါတယ်
၎။ ကျနော်ဂျီတိုက်သမျှ ဟိုဟာလုပ်ပေးရ ဒီဟာလုပ်ပေးရ မညည်းမညူ ကူညီပေးခဲ့တဲ့ ဒီအဖွဲ့ထဲက လူဇိုးကြီး ကိုစိုင်းခမ်းခေါင် ( စိတ်ထဲကတော့ ဘယ်လောက်တောင် ဆဲချင်နေပီလဲ မသိဘူး ဟီးဟီး )
၅။ အရင်ကီးဘုတ်ကို သုံးစွဲပီး အားနည်းချက်များထောက်ပြခဲ့တဲ့ သူငယ်ချင်းမိတ်ဆွေ ညီအကိုများ

နောက်ဆုံးတစ်ခုပြောချင်ပါသေးတယ်။ အရင်ကီးဘုတ်ထွက်ပီးတော့ ကျနော့ကို လာပြောတဲ့ အထဲမှာ "ကီးဘုတ်ရေးတယ်လို့ နာမည်မခံချင်ပါနဲ့တဲ့ လျောက်ပြင်ထားတယ်" လို့ ရေးပါဆိုသော သူတစ်ယောက်အတွက်ပါ။
ဟုတ်ပါတယ် ကျနော် ဒီကီးဘုတ်ကို ရေးတာမဟုတ်ပါဘူး။ အရင်တစ်ခါထုတ်တုန်းကလဲ ပြောထားပါတယ်။
http://code.google.com/p/bulkey/ မှာရှိတဲ့ Bulgarian Keyboard ကို လျောက်ပြင်ထားတာပါ။ ကျနော်လျောက်ပြင်လို့ သုံးတဲ့လူတွေ အဆင်ပြေဖို့ လိုတယ်ထင်တာပါပဲ။ ပြောတဲ့ဆရာသမားကိုလဲ တစ်ခါတည်း ပြောချင်ပါတယ်။ လျောက်ပြင်ဖို့ အချိန်ပေးနိုင်ရင် ( ပြင်တတ်ရင်လို့ ပြောဘူးနော် :D ) ပြင်ပါ။ သုံးလို့ ကောင်းရင် ကျနော်လဲ သုံးပါမယ်။ ကျနော်တောင် စိတ်ကြိုက် ကီးဘုတ် မရှိလို့ ပြင်ရင်းနဲ့ ဒါကြီး ဖြစ်လာတာပါ။

အားလုံး ကျေးဇူးပါ။ Thu Rein (MMUC)