Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။

Tuesday, July 10, 2012

Huawei c8500, c8600 CDMA ဖုန်းပေါ်တွင် မြန်မာဖောင့်နှင့် ကီးဘုတ်ထည့်သွင်းခြင်း (For Andriod OS 2.1)


Software တွေကို Download ရယူပြီး SD Card ဒါမှမဟုတ် ကွန်ပျုတာကနေ တဆင့် ထည့်သွင်းရမှာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့အောက်ကလိုအပ်တဲ့ apps package တွေကိုဒေါင်းလိုက်ပါ။

z4root 1.3(http://goo.gl/jZYwu)

ပြီးရင် စက်ကို Root လုပ်ပေးရပါမယ်။
Root လုပ်ဖို့အတွက် ဒေါင်းထားတဲ့ package ထဲက Z4root ကို install လုပ်ပါ။
install ပြီးရင်တော့ Software ကိုဖွင့်ပါ။ 
Permanent Root ဆိုတာကို ရွေးပါ။
(အဲဒီအဆင့်မှာ USB debugging ဆိုတာကို ON ထားဖို့အတွက် Application setting ကိုရောက်သွားပါလိမ့်မယ်၊ Application setting မှတဆင့် Development ထဲမှာ USB debugging ကို On ပေးလိုက်ပါ )
ဒါပြီးရင်တော့ Z4root ကိုပြန်ဖွင့်ပြီး Permanent Root ကို ပြန်ရွေးပါ။
ဒါဆိုရင်တော့ သူ့ ဘာသာ အလုပ်လုပ်ပြီး reboot လုပ်သွားပါလိမ့်မယ် ။
ပြန်တက်လာရင်တော့ ဒေါင်းထားတဲ့ package ထဲက FontChangerLite_v1.8.5 ကို သွင်းပါ ။
fontChanger ကိုသွင်းပြီးရင်တော့ SDCard ထဲမှာ ” .fontchanger ” ဟူသော folder တခုတွေ့ ပါလိမ့်မယ်။
ဒေါင်းထားတဲ့ package ထဲက Zawgyi.ttf ကို ” .fontchanger ” ထဲကိုသွားထည့်ပေးရပါမယ်။( .fontchanger folder ကိုမြင်ရဖို့အတွက်AndExplorer(https://market.android.com/details?id=lysesoft.andexplorer) လိုမျိုး file manager တခုတခုနဲ့ ဖွင့်ရပါမယ် )
ထည့်ပြီးရင်တော့ FontChanger ကိုဖွင့်ပါ။
Zawgyi ဆိုတာတွေ့ ပါလိမ့်မယ် ၊
Zawgyi ကို ဖိထားလိုက်ပါ Set Zawgyi ဆိုပီး prompt တခုပေါ်လာပါမယ်
အဲမှာ Apply ကိုရွေးပေးရပါမယ်။
Reboot now ထပ်ရွေးလိုက်ပါ။
ဒါဆိုရင်တော့ အားလုံးနီးပါး ပြီးပါပြီ။
စက်ပြန်တက်လာရင်တော့ ဒေါင်းထားတဲ့ package ထဲက MyanDroid-Soft-Keyboard-Zawgyi-Beta ကို install လုပ်ပါ။
သွင်းပြီးရင် Setting ထဲက Language & keyborad ထဲမှာ MyDroid Soft Keyboard ကို select ပေးလိုက်ပါ။
အခုဆိုရင် သုံးလို့ရနေပါပြီ၊ သုံးဖို့အတွက် Notepad ထဲဝင်ပြီး စမ်းသပ်နိုင်ပါတယ်။
notepad ကိုဖွင့်ပါ (menu => Add note ) နဲ့ note တခုခေါ်ပီး စာရိုက်တဲ့နေရာကို ဖိထားလိုက်ပါ။
Input Method ဆိုပီးပေါ်လာပါလိမ့်မယ်။ အဲဒီမှာ MyanDroid Soft Keyborad ကို ရွေးလိုက်ပါ။ အခုဆိုရင်တော့ မြန်မာလိုမြင်ရပြီဖြစ်ပါတယ်။ ThantPhone MyatThu and Aung Myint Hein (MMUC)