Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။

Sunday, July 15, 2012

File Transfer from Android phone to jailbroken iPhone


သိထားပြီးသား၊ ရှိထားပြီးသား ဆိုရင်လည်း sorry ပါခင်ဗျာ.. မနေ့ကမှ ကျွန်တော့်သူငယ်ချင်းနဲ့ File transfer လုပ်ဖို့ကြိုးစားရင်း (if you know what I mean =P) အဆင်ပြေသွားတဲ့နည်းပါဗျ.. နည်းလမ်းကတော့ Android ဘက်ကနေ portable Hotspot (built-in) ထောင်ပြီး iPhone ဘက်ကနေ connect လုပ်၊ ပြီးတော့ iPhone ဘက်ကနေ iFile မှာပါတဲ့ Web Server ထောင်ပြီး Android ဘက်ကနေ Browser နဲ့ ဝင်ပြီး File Upload လုပ်ပေးတဲ့နည်းပါ.. Android ဘက်မှာတော့ 2.3.# ကမှစပြီး built-in hotspot စပါလာတယ်လိုပဲဗျ.. အဲ့ဒီထက် version နိမ့်တဲ့ဖုန်းတွေအတွက် တခြား third party apps (for e.g. Easy Tether Pro, etc) တို့လိုမျိုးသုံးနိုင်ပြီး iOS ဘက်မှာတော့ iPod touch, iPhone, iPad တွေနဲ့လည်း အဆင်ပြေမယ်လို့တော့ ယူဆပါတယ်.. (iOS က jailbreak လုပ်ထားရပါမယ်) iFile မရှိသေးတဲ့သူများအတွက် Cydia မှာ http://repo.insanelyi.com အောက်ကနေ iFile ဒေါင်းနိုင်ပါတယ်..
ဒီပို့စ်အတွက်တော့ ကျွန်တော် C8812 & iPod touch 4G ကိုသုံးပြီးရေးခဲ့ပါတယ်.. အဆင်မပြေသေးတဲ့သူများအတွက် steps by steps လေး ဒီမှာပါဗျ..

ပထမဆုံး Android phone ဘက်မှာ Setting > Wireless & Networks > More > Tethering & portable hotspot > Portable WLAN hotspot ထောင်ရမယ်ဗျ.. အဲ့ဒီတော့ Configure WLAN hotspot ထဲကိုဝင်ပြီး Network SSID တစ်ခုခုထားပြီး Security ကိုလည်း တစ်ခုခုပေးလိုက်ပါ.. ကျွန်တော်တော့ ဒီလိုပဲပေးလိုက်ပါတယ်..


[အင်းဗျာ.. ကျွန်တော်လည်း အားလုံးရေးပြီးမှ ကိုယ့်ဘာသာကိုယ်ပြန်ဖတ်ရင်း မြင်မိတာလေး ကြိုရှင်းထားပါရစေ.. MMAP ဆိုတာက ကျွန်တော့်နာမည် Mein Main မို့လို့ MM ကိုအတိုကောက်ယူပြီး AP ကတော့ Access Point ကိုယူထားတာပါ.. သူ့ default SSID က AndroidAP မို့လို့ ကျွန်တော် အရှေ့လေးပဲပြင်ပြီး MMAP လုပ်လိုက်တာပါ.. တခြားအပြင်မှာဖြစ်နေတဲ့ အရှုပ်အရှင်းကိစ္စကိုစဉ်းစားမိမှ အဲ့ဒါတွေနဲ့သွားငြိနေမှာစိုးလို့ ကြိုရှင်းထားတာပါ.. ဒီပို့စ်ကို ဒီမှာအခုမှ တန်းရေးနေတာပါ.. =) ]

ပြီးရင် Save လုပ်ပြီး Portable WLAN hotspot ကို အမှန်ခြစ်လိုက်ပါ.. ပြီးရင် iPhone ဘက်မှာ WiFi နဲ့ ခုနကထားခဲ့တဲ့ SSID ကို ရှာပြီး connect လုပ်လိုက်ပါ.. ဖုန်း၂လုံး connected ဖြစ်သွားပြီဆိုရင် iFile ဖွင့်ပြီး အောက်ခြေက WiFi Signal icon လေး (ဘယ်ဘက်ကစလျှင် ဒုတိယတစ်ခု) ကိုနှိပ်လိုက်ပါ...


ပြီးတော့ Web Server ready ဖြစ်သွားပြီဆိုရင် အောက်ဆုံးစာကြောင်းက IP:Port ကိုမှတ်ပြီး Android ဘက်က Web browser ကိုသုံးပြီး ဝင်ရမယ်ဗျ..


Android ဘက်မှာ Browser ဖွင့်ပြီး ခုနက iFile Web Server ထဲမှာပြတဲ့ IP:Port အတိုင်းသွားရပါမယ်.. အရှေ့မှာ http:// ဆိုတာကိုလည်း ရိုက်ထည့်ရပါမယ်.. ကျွန်တော့်ဆီမှာဆိုရင် အပြည့်အစုံက http://192.168.43.138:10000 ပါ..


ပြီးရင် ကိုယ်အဆင်ပြေမဲ့ path အတိုင်းသွားပြီး File Upload လုပ်ရုံပါပဲ..



ကျွန်တော်တော့ ထုံးစံအတိုင်း User/Media/Downloads အောက်သွားပြီး Choose File > ES File Explorer နဲ့ ကိုယ်ပို့ချင်တဲ့ file ကိုရွေးပြီး Upload လုပ်လိုက်ပါတယ်..

ပြီးရင် iPhone ဘက်မှာ File ကို PC နဲ့ပြန်ဆွဲထုတ်ဖို့တော့ အပေါ်မှာ ကျွန်တော်ပြောထားတဲ့ insanelyi repo အောက်ကပဲ afc2add ဆိုတာလေး သွင်းဖို့လိုပါတယ်.. ပြီးရင်တော့ iExplorer, iTools or whatever သုံးပြီးတော့ ကိုယ်သွားပြီး upload လုပ်ထားတဲ့ path အတိုင်း File ကိုပြန်ဆွဲထုတ်နိုင်ပါတယ်.. အဲ.. ကျွန်တော်သုံးထားတဲ့လမ်းကြောင်းအတိုင်း သွား upload လုပ်ထားရင်တော့ /var/mobile/Media/Downloads/ အောက်မှာ ပြန်သွားယူရင် ရပါပြီ..

Advanced အနေနဲ့တော့ iFile Preferences > Web Server ထဲမှာ Port တွေ၊ Authentication တွေ ထားနိုင်ပါတယ်.. အဲ့ဒါဆိုရင် Android ဘက်ကနေ IP နဲ့ချိတ်တဲ့အခါမှာ username & pwd လာတောင်းတာပေါ့ဗျာ.. iFile ကလိဖူးတဲ့သူတွေ အစောကြီးကတည်းကသိမှာပါဗျာ.. =)

သိတဲ့သူတွေကတော့ အစောကြီးကတည်းက သိကောင်းသိနေပါလိမ့်မယ်ဗျာ.. ကျွန်တော်လည်း ဟိုးအရင်ကတည်းက iFile Web Server ကိုဝင်စမ်းကြည့်ဖူးပေမဲ့ Android ဘက်က Portable Hotspot နဲ့ချိတ်ပြီး file sharing လုပ်လို့ရမယ်ဆိုတဲ့ concept ကိုတော့ မနေ့ကမှ သူငယ်ချင်းနဲ့ file share ဖို့ဖြစ်လာတော့မှ စဉ်းစားမိတာပါ.. ကျွန်တော်နဲ့ file sharing လုပ်ခဲ့တဲ့ သူငယ်ချင်းကိုလည်း credit ပေးပါတယ်.. =) တခြား Air Blue Sharing တို့ဘာတို့ သုံးပြီးအဆင်ပြေနေတဲ့သူတွေတော့ ဒါတွေမလိုဘူးပေါ့ဗျာ.. တခြားသူတွေတော့ သေချာမသိပေမဲ့ ကျွန်တော်တော့ iPod မှာ Air Blue အလုပ်မလုပ်ဘူးဗျ.. =\
အားလုံးအဆင်ပြေကြပါစေဗျာ.. =)Mein Main  Mein Main (MMUC)