Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။

Tuesday, July 10, 2012

Google က Android ကို ဘာကြောင့် develop လုပ်ရသလဲ


Google က Android ကို ဘာလို့ထုတ်လဲဆိုတာ သူများတွေပြောထားတာလေးတွေ ပြန်ပြီး ကူးချပြီး ရှယ်ပါဦးမည်။ Google က Apple touch screen ထုတ်တာကို မခံချင်လို့ android ကို ထုတ်တာမဟုတ်ပါ။ သူတို့ အိုင်ဖုန်းမပေါ်ခင်ကတည်းက Android ကိုဝယ်ထားပါသည်။ သူတို့ရဲ့ အဓိကလုပ်ငန်းက search လုပ်ငန်းဖြစ်ပြီး ကြော်ငြာ များမှ အဓိက ၀င်ငွေရရှိပါသည်။ သူ့ ဆားဗစ်တွေကို လူများများသုံးလေ.. စီပွားရေးလုပ်ငန်းတွေက ကြော်ငြာ များများ အပ်လေ သူပိုက်ဆံရလေဖြစ်ပါသည်။ ထို့ကြောင့် သူတို့အတွက် လူတွေနှင့် အမြဲတမ်းထိတွေ့နေဖို့ရာ အသက် တမျှ အရေးကြီးလှပါတော့သည်။ search လုပ်ငန်းမှာ Google က ပြိုင်ဖက် yahooo နှင့် bing တို့ကို အပြတ်အသတ်အသာရထားပါသည်။ ရအောင်လဲ သူတို့ strategy တွေ development တွေက သူများထက်သာလှသည်။ အိုင်ဒီယာတွေကောင်းသည်။ ရည်ရှည်ကို ကြည့်သည်။ ထို့ကြောင့် သူအတွက်အသုံးအလွန်ဝင်မည်ထင်သော လုပ်ငန်းအားလုံးကို ၀ယ်သည်။ e.g youtube, Android. facebook ကိုတောင် ၀ယ်ဖို့ကြိုးစားခဲ့ပါသည်။ သူတို့နဲနဲနောက်ကျသွားသည်။ မဇကာပေါက်က လုံးဝမရောင်းဟုငြင်းခဲ့သည်။ ဘယ်ရောင်းမတုန်း။ ရွှေတောင်ကြီးတမျှ တန်ဖိုးရှိလှသည်ကိုး။ ဒါကြောင့်လဲ Google+ ကိုစခဲ့ခြင်းဖြစ်သည်။ အခုတော့ ဖေ့ဘုတ်ကို မလှန်နိုင်သေး။ ကိစ္စမရှိ သူတို့က ထုံးစံအတိုင်း longterm ဟုပြောနေသေးသည်။

ဆိုတော့ကာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ စမတ်ဖုန်းတွေကို လူတွေအသုံးများလာသည်။ အင်တာနက်တွေဘာတွေ ကြည့်လို့ရလာသည်။ အဲ့ဒီမှာ သူတို့စဉ်းစားတော့သည်။ နောင်တစ်ချိန်မှာ စမတ်ဖုန်းတွေဟာ လူတွေရဲ့နေ့စဉ်ဘ၀တွေနေရာယူလာမည်
ဆိုတာ သူတို့သိသွားသည်။ မည်သို့သိသည်မသိ။ :)
သို့သော် သူတို့ ဖုန်းမလုပ်တတ်ပေ။ စက်ရုံလည်းမရှိ။ ဒါပေမဲ့ ဒါတွေသူတို့မလို။ စမတ်ဖုန်းသည်ကား ကွန်ပျူတာကဲ့သို့အလုပ်လုပ်သည်။ မိုက်ခရိုဆော့ ရဲ့ ၀င်းဒိုးလို ကွန်ပျူတာတွေအားလုံး မငြင်းပယ်နိုင်သော ( မက်ဘုတ်များမပါ) အိုအက်စ် တစ်ခုသာရှိရင် သူတို့အတွက် အလုပ်ဖြစ်မည်ကိုသိပြန်သည်။ (တော်တော် သိလည်းသိနိုင်တဲ့သူတွေ)။ ဒါနဲ့ Android ကိုဝယ်ဖြစ်သွားသည်။ ၀ယ်ပြီးပေမဲ့ လည်း ချက်ချင်းမလုပ်နိုင်သေး။ နည်းပညာ အတားအဆီးတွေ ရှိသည်။ အချိန်မတန်သေးပေ။ အစောပိုင်း Android ဖုန်းဒီဇိုင်းသည် ဘလက်ဘယ်ရီနှင့်ဆင်တူသည်။ full layout keyboard နှင့်ဖြစ်သည်။ သည်လိုနဲ့ ၂၀၀၇ မှာ အိုင်ဖုန်း ကို အဲပဲမှ စထုတ်သည်။ (ဟုတ်ရဲ့ လား ၂၀၀၇ မှားရင်ပြင်ပေးဦးနော်).. အဲ့ဒီမှာ Android ဖုန်းဒီဇိုင်းသည် ထူးဆန်းစွာ ဘလက်ဘယ်ရီ ဒီဇိုင်းမှ TOUCH SCREEN ဒီဇိုင်းသို့ ပြောင်းလဲသွားခဲ့သည်။ မည်ကဲ့သို့လုပ်လိုက်သည်မသိ။ ပြောင်းကားပြောင်းလဲသွားသည်ကို HTC G1 တွင် တွေ့မြင်ရပေမည်။ :)

အိုင်ဖုန်းသည်ကား ကမ္ဘာတွင် မကြုံဖူးလောက်အောင် ရောင်းကောင်းလေသည်။ လူတိုင်းလိုချင်ကြသည်။ သန်းပေါင်းများစွာသော လူတွေလက်သို့ အိုင်ဖုန်းတွေရောက်ကုန်သည်။ အဲ့ဒီမှာ သူတို့ စိတ်ပူသည့်အတိုင်းဖြစ်လာလေသည်။ အကယ် ၍ အဲပဲသာ သူတို့စီးပွားရေးနှင့် ဆင်တူသော လုပ်ငန်းမျိုးလုပ်လျှင်သူတို့ ကိုကျိုးနည်းရပေမည်။ သူ့ပရိသတ်က မနည်းလှ။ အဲပဲ ရောဂါကား ကမ္ဘာတွင်ပျံ့နေပြီ။ သူတို့ဆားဗစ်တွေကို သုံးချင်သည့်တိုင် ထိုလူတွေမှာ အဲပဲရဲ့ အိုင်ဖုန်းကတဆင့် သုံးရမည်။ အဲပဲမှာသာ search, mail, map service တွေရှိခဲ့ရင် သူဟာတွေကို လူတွေသုံးတော့ မည်မဟုတ်။ မည်ကဲ့သို့လုပ်မည်နည်း

သို့သော် သူတို့ထူးဆန်းစွာ ကြိုသိ၍ ၀ယ်ထားသော Android ရှိနေသည်လေ။ သူတိုအိ အဓိက ရည်ရွယ်ချက်သည်ကား လူတိုင်းအိ လက်ထဲသို့ သူတို့ အိုအက်စ် ပါသော စမတ်ဖုန်းရောက်ရေးပင်တည်း။ ထို့ကြောင့် Android အား ထုတ်လုပ်လိုသူများသို့ အလားကားပေးသည်။ ပိုက်ဆံမယူ။ လိုင်စင်ကားလုပ်ရသည်။ သို့သော် အပန်းမကြီး ဒီလို အိုအကစ်မျိုး ဖရီးရတာ အတော်အဆင်ပြေသည်။ DEVELOPMENT ကို သူတို့ဘာသာလုပ်သည်။ ပြီးလျှင် ဖရီးပေးသည်။ (တတ်လဲတတ်နိုင်ပါပေတယ်)။ ဤတွင် ရှိရှိသမျှ mobile manufacture တွေအားလုံး သူတို့ product line up ထဲတွင် Android ဖုန်းတွေကို ထဲ့ကြလေတော့သည်။ ကမ္ဘာတွင် Android ရောဂါ ထပြန်သည်။ ပို၍မြန်မြန်ကူးသည်။ ထုတ်လုပ်သူတွေက ဖုန်းပေါင်း သောင့်ခြောက်ထောင်ကို ဈေးနှုန်း ပေါင်းများစွာနှင့် ဆိုဒ်မျိုးစုံ ဒီဇိုင်းမျိုးစုံ ဖန်ရှင် မျိုးစုံနှင့် သူ့ထက်ငါ အလုအယက် ထုတ်ကြသည်။ ၂၀၁၀ ပြည့်နှစ်တွင် htc မှာ google nexus 1 ထုတ်သည်။ အိုင်ဖုန်း 3GS နှင့် ယှဉ်နိုင်သည်။ နောက်ပိုင်း Desire, Desire HD တို့ထပ်ထွက်သည်။ Galaxy S နှင့် desire မှာ ထိပ်တန်းစာရင်းဝင်ဖြစ်သည်။ နောက်ပိုင်း နှစ်တွေတော့ အားလုံးသိကြသည့်အတိုင်း ပို၍ပို၍သာ ကြမ်းလာကြတော့သည်။ ဆမ်ဆောင်းသည်ကား ထူးဆန်းစွာပင် အဲပဲ ၃ ဂျီအက်စ် ဒီဇိုင်းကို ကူးချသည်။ တရားစွဲခံရသည်။ မမှတ်ပေ။ နောက်တစ်မျိုးထပ်ကူးသည်။ ထပ်တရားစွဲခံရသည်။ အဘယ်ကြောင့် မရှက်မကြောက် ကူးချသနည်း။ သူတို့သာသိပေမည်။ ထို နှစ်တွေအတွင်း apple နှင့် အခြားကုန်မဏများဖြစ်သော Samsung, HTC, motorola, microsoft, google, LG, sony errison, Nokia တို့ အပြန်အလှန် တရားပေါင်းမြောက်မြားစွာ စွဲကြသည်။ မူပိုင်ခွင့်များ ကူးချသည်ဆိုပြီး။ တရားသူကြီးများ ဦးနှောက်ခြောက်ရသည်။ ရှေ့နေတွေအတွက်တော့ ပွဲကြီးပွဲကောင်းဖြစ်သည်။ ပွဲခရသည်ကိုး။ အဲပဲကလည့် မခေ။ နောက်အိုအက်စ်တွင် ဂူဂယ် မက်မသုံးတော့ဟုဆိုသည်။ သူတို့လည်း မက်ပ် လုပ်နိုင်သော ကုန်မဏီ ၂ ခု၃ ခုဝယ်ပြီးသားရှိသည်။

Android သည်ကား လက်စောင်းထက်လှပေသည်။ လက်ရှိ အမေရိကန်တွင် Android ယူဇာများက စမတ်ဖုန်းယူဇာများအိ ၅၀ % ကျော်ရှိသည်။ ဖုန်း ဘုရင် နိုကီယာ ကား ဈာန်လျှောလေသည်။ ဘလက်ဘယ်ရီတို့ ဘ၀ပျက်သည်။ နလန်မထူနိုင်သေး။ HP အိ palm အိုအက်စ်ကား စုံးစုံးမြုပ်လေသည်။ HP ကဖုန်တွေ တက်ဘလက်တွေ မထုတ်တော့ဟုဆိုလေသည်။ အိုင်ဖုန်းကတော့ သူဟာနဲ့သူ ပန်းပန်လျက်ရှိနေသေးသည်။ ဆမ်ဆောင်းတို့ ထူးဆန်းစွား နံပတ် ၁ ဖုန်းထုတ်လုပ်သူဖြစ်သွားသည်။

ဂူဂဲ ကသူအိ ရည်မှန်းချက်အောင်မြင်သည့်အတွက် ပျော်မဆုံးတစ်ပြုံးပြုံးဖြစ်နေသည်။ ရှော့ပင်ထွက်သည့် အနေနှင့် မိုတိုရိုလာကို ၀ယ်သည်။ မနေ့ကပဲ နောက်ဆုံးကျန်ရှိနေသော CHINA REGULATOR က လက်ခံလိုက်သည်။ အရောင်းအ၀ယ် လက်စသိမ်းရန်သာလိုတော့သည်။ မိုတိုရိုလာတွင် ၃ဂျီ နျင့်ပတ်သက်သည့် မူပိုင်ခွင့်တွေအပြင် မူပိုင်ခွင့်များ ၁၇၀၀၀ ကျော်ရှိသည်။ Android ကို ကာကွယ်ရန်အတွက်ဖြစ်သည်။ ဟိုတလောကတောင် မိုက်ခရိုဆော့ကို နောက်ပြောင်သည့် သဘော တရားစွဲလိုက်ရာ xbox တွေ ဂျာမနီမှာ အပိတ်ခံလိုက်ရသေးသည်။ မနေ့ကတော့ မိုက်ခရိုဆော့က ပြန်တရားစွဲလေသည်။ ဒါတွေက ကိစ္စမရှိ။

အချုပ်ဆိုရသော် ဂူဂယ် က Android ကို develop လုပ်ရခြင်းအိ အဓိက ရည်ရွယ်ချက်မှာသူအိ အဓိက ၀င်ငွေရသော ကြော်ငြာလုပ်ငန်းကို ကာကွယ်ရန်ပင် ဖြစ်ပေတော့သတည်း။

Thway Thout Gyi (MMUC)