Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။

Tuesday, July 10, 2012

Google Play Store ကို Proxy Droid နှင့် ဖြတ်သန်းဝင်ရောက်ခြင်း

July 20,2012 တွင် Proxy Droid Update အတွက် လင့်ကို အသစ်ပြင် ထည့် ထားလိုက်ပါပြီ။
Google Play Store ကိုဝင်ရောက်ရန် အတွက် Sim ကဒ်ထည့်ထားတဲ့ ဖုန်းတွေ နဲ့ Wifi only Device တွေ ခွဲခြားရေးပေးပါ့မယ်။

Sim ကဒ် ထည့်ထားတဲ့ ဖုန်းတွေကတော့ Market Unlocker လိုအပ်ပါတယ်။ အကြောင်းက ကိုယ့် MPT Sim ကဒ်ကို Google Play Store က သိသွားရင် ပေးမဝင်ပါဘူး ဒီအတွက် Market Unlocker Pro ကို ထည့်သွင်း ဖြေရှင်းနိုင်ပါတယ်။

Market Unlocker Pro ကိုဒီမှာ download ပါ။

http://goo.gl/YPxXV

Market Unlocker Pro ကို သွင်းပြီးရင် ဖွင့်လိုက်ပါ။ Root Access တောင်းရင် Accept ပေးလိုက်ပါ။
















ပြီးရင် Enable Unlocker နဲ့ Auto Unlocker ကိုအထက် မှာ ပြထားတဲ့ အတိုင်း On ပါ။

Wifi သမားတွေကတော့ အထက်က အဆင့် မလိုပါဘူး။

ပြီးသွားရင် Proxy Droid ကို သွင်းပါ။ သူ့ အတွက် လဲ Root Access တောင်းရင် Accept လုပ်လိုက်ပါ။

Proxy Droid ဒေါင်းရန်
http://www.mediafire.com/?s1tni0pijpf7dxr (နောက်ဆုံးထုတ် ဘာရှင်း ဖြစ်သည်)
















ပီးရင် Host နေရာမှာ မိမိ Proxy IP လိပ်စာ ရိုက်ထည့်ပါ။
ကိုသူရိန် မျှဝေထားတဲ့ 65.49.80.35
ပြီးရင် Port မှာ မိမိ Port ကို ရိုက်ထည့်ပါ။ Port ဟာ 443 မဟုတ်ပဲ အခြားPort များလဲ ဖြစ်တတ်ပါတယ်။
ကိုသူရိန် မျှဝေထားသော Proxy ကိုသုံးပါက 443 ကိုထည့်ပါ။
Proxy Type မှာ မိမိ Proxy အမျိုးအစားကို ထည့်ရပါမယ်။ များသောအားဖြင့် HTTP လို့ ထည့်ရင်ရပါတယ်။
Proxy က User name Password ခံ ထားရင် Enable Authentication ကို On ပါ။

ကိုသူရိန် မျှဝေထားသော Proxy ကိုသုံးလိုပါက
Username: mmucplaystore
Password: mmuclovers















မိမိ Proxy Username Password ရိုက်ထည့်ပါ။
(များသော အားဖြင့် မလိုအပ်ပါဘူး။)
Individual Proxy ကိုဝင်ပါ။ ပြီးရင် Google Play Store ကိုရှာပါ။ Google Play Store ကိုတွေ့ ရင် ဘေးက Box ထဲမှာ အမှန်ခြစ် ပါ။


ပြီးရင် Back နဲ့ ပြန်ထွက်ပါ။

Bypass mode ကို On ပါ။


System Setting => Applications => Google Play Store => “Clear data” လုပ်ပါ။

SIM ကဒ်မထည့် ထားသူများ အတွက် ကတော့ GPS ကို ပါပိတ်ပါ။
 ပြီးရင်တော့ Proxy Switch ကို ဖွင့်ပါ။ Connected ဖြစ်သွားရင် Google Play Store ကို သုံးလို့ ရပါပြီ။

 Proxy သုံးစွဲသူများအနေနဲ့ Browser ကိုဖွင့်ပါ ပြီးရင် Webpage တစ်ခု ခေါ်ကြည့်ပါ။www.google.com မှာ what my ip ကိုရှာပါ IP လိပ်စာက ကိုယ့် Proxy လိပ်စာနဲ့ တူသလား ပြန်စစ်ပါ။
မတူဘူး ဒါမှ မဟုတ် Web Page ဖွင့်မရဘူးဆိုရင် အဲ့းဒီထည့်သွင်းလိုက်တဲ့ Free Proxy က အလုပ်မလုပ်တော့လို့ ဖြစ်ပါတယ်။ နောက် Proxy တစ်ခုနဲ့ ထပ်မံ စမ်းသပ်နိုင်ပါတယ်။