Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။

Tuesday, July 10, 2012

Myanmar Android OS for Huawei C8650



ကျွန်တော်ကတော့ တရုတ်ဖုန်းပဲကိုင်ထားတာဆိုတော့ တစ်ခုခုကလိစရာရှိ ဒါလေးနဲ့ပဲကလိရတာပါ။ ဒါကြောင့် ခုကျွန်တော့တရုတ်ဖုန်းလေးကို နမူနာပြပြီးတော့ ဘာသာပြန်နည်းကို ပြပါ့မယ်။
ခု ကျွန်တော်နမူနာ တင်ပေးထားတာကတော့ Huawei C8650 အတွက် ကျွန်တော် တတ်သလောက်မှတ်သလောက် ဘာသာပြန်ပေးထားသော Cyanogen based Android OS 2.3.7 ကိုမြန်မာမှုပြုထားတာပဲဖြစ်ပါတယ်။
တစ်ခုရှိတာက ခုကျွန်တော် တင်ပေးထားတဲ့ဟာမှာ system settings နဲ့ System UI ဆိုတဲ့အဓိကနှစ်ခုကိုပဲ ဘာသာပြန်ပေးထားတာဖြစ်ပါတယ်။ ကျွန်တော့်စာမေးပွဲက နောက်လ ၁၀ ရက်နေ့မို့လို့ ကျွန်တော် အမိုက်ခံပြီး မကလိရဲသေးတာကို နားလည်ပေးပါ။ အခုဒီနည်းကတော့ Huawei ဖုန်းတင်မကပါဘူး တစ်ခြား မည်သည့် Android OS မဆို (ICS 4 တော့မရသေးဘူးလို့ပြောတာပဲ၊ ကျွန်တော်တော့ စမ်းသပ်စရာမရှိလို့မသိပါ) ၊ မည်သည့်ဖုန်းတွင်မဆို ကိုယ့်ဘာသာကိုယ် ဘာသာပြန်နိုင်မှာဖြစ်ပါတယ်။ ပြီးတော့ ကိုယ်ဘာသာပြန်ထားတဲ့ဖိုင်တွေကိုလည်း အများအကျိုးငှာ ဒီဆိုဒ်မှာ ပြန်လည်မျှဝေပေးစေလိုပါတယ်။ အခုဘာသာပြန်တဲ့အခါမှာသုံးမှာကတော့ ဇော်ဂျီပဲသုံးမှာပါ။ ယူနီကုဒ်ကို သုံးကြည့်တာ သိပ်အဆင်မပြေလို့ပါ။ ကွန်ပြူတာမှာရိုက်တဲ့အတိုင်းမပေါ်ဘူးဗျ။ ဒါကတော့ ယူနီကုဒ်ဖောင့်ရဲ့အားနည်းချက်လားမသိပါဘူး။ ကျွန်တော်လည်း အမှန်အတိုင်းပြောရရင် ဖောင့်တွေအကြောင်းကောာင်းကောင်းမသိတော့လွယ်လွယ်ကူကူ ဇော်ဂျီကိုပဲသုံးပြီးဘာသာပြန်ပေးထားပါတယ်။ ဇော်ဂျီဖောင့်ကိုလည်း system/fonts/DroidSans.ttf, DroidSansHebrew.ttf တို့ကိုအစားထိုးရမှာဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခုရှိတာက Zawgyi Bold font မရှိတာပါပဲ။ Font developer များ စေတနာရှိစွားဖြင့် တစ်ခုလောက်ရေးပေးရင်တော့ သိပ်ကောင်းမှာပဲလို့…။ ရှိရင်တော့ DroidSansBold.ttf ကိုပါအစားထိုးရမှာပါ။ ရိုးရိုးဖောင့်ကိုတော့ အင်ထုပြီးသွားအစားမထိုးပါနဲ့။ ကျွန်တော်ခံရပြီးပြီ။ ဖုန်းက ပြန်တက်မလာတော့ဘူးနော်၊ကြိုပြောထားမယ်။ ကဲလေရှည်တာများသွားဘီ။

ဒါကတော့ ကျွန်တော်ကလိထားသော မြန်မာမှုပြုထားတဲ့ Android OS 2.3.7 ဖြစ်ပါတယ်။
http://www.mediafire.com/?9vvnehb68q80bjk

ဖုန်းတင်နည်းကတော့ အရင်လည်း ကျွန်တော်ပြောဖူးပါတယ်။ ခုလုပ်ထားတာက လွယ်လွယ်လေးပါ။
Auto install အနေနဲ့ရေးပေးထားပါတယ်။ တစ်ခုရှိတာက ကွန်ပြူတာမှာ ADB dirver ရော Android fastboot dirver ရောနှစ်ခုလုံးရှိရမှာဖြစ်ပါတယ်
ADB driver and fastboot driver
http://www.mediafire.com/?qi7w304gka295w2

မရှိရင် ကျွန်တော့တင်ပေးထားတဲ့ဆော့ဝဲထဲမှာ တစ်ခါတည်းထည့်ပေးထားပါတယ်။
ခု OS ကတော့ တော်တော်လေးသုံးလို့အဆင်ပြေပါတယ်။ Stable လည်းတော်တော်ဖြစ်ပါတယ်။
Tweaked list
  1. Myanmar localization added
  2. Original google services added
  3. GPS faster fix
  4. Lock screen type 7 types
  5. An option to install direct to SD card
  6. Battery saving is much more and you can set CUP speed to save battery
  7. Zeam launcher build in and localized to Myanmar language
  8. Built-in blacklist software
  9. Built-in Internet Download manager (very good), multi part download like Computer’s IDM.
10. And feel free to the power of cyanogens OS.
Default language is mm(မြန်မာ) ဖြစ်ပါတယ်။ ပြောင်းချင်ရင် ထိန်းချုပ်ခန်း> ဖုန်း > ဘာသာစကားနှင့် လက်ကွက် > ဘာသာစကားရွေးပါ > English or မြန်မာ ဒါမှမဟုတ် တရုပ် ကြိုက်ရာရွေးသုံးနိုင်ပါတယ်။ ဖုန်းတွင် မူရင်းပါသော အင်္ဂလိပ်နှင့် တရုပ်ဘာသာများအား ပြင်ဆင်ထားခြင်းမရှိပါ။ ကျွန်တော်တို့မြန်မာဘာသာစကားကိုသာလျှင် ထပ်ထည့်ထားခြင်းဖြစ်ပါသည်။
ဆော့ဝဲတိုင်းတွင် သက်ဆိုင်ရာ ဘာသာစကားတိုင်းအတွက် Localization ကိုထည့်ပေးထားလေ့ရှိပါသည်။ ကျွန်တော်သုံးတဲ့တရုပ်ဖုန်းမှာတော့ အင်္ဂလိပ်နှင့် တရုပ်အတွက်သာထည့်ပေးထားပြီး ကျန်တောတွေကိုထည့်ပေးမထားပါ။ မိမိဘာသာထပ်ထည့်လို့ရပါသည်။
ကျွန်တော်အခုတင်ပေးထားတဲ့ OS တွင် Settings.apk and SystemUI.apk နှစ်ဖိုင်တည်းကိုသာ ဘာသာပြန်ပေးနိုင်ပါသည်။ အမှန်တော့ ဘာသာပြန်ပေးရမဲ့ဖိုင်တွေက system/app အောက်ထဲက apk တွေအကုန်ကို ဘာသာလိုက်ပြန်ပေးရမှာပါ။ ကျွန်တော်တော့ မအားလို့အကုန်မပြန်ပေးနိုင်ပါ။ ဝိုင်းပြီး ပြန်ပေးကြဖို့ မျှော်လင့်ပါတယ်။

ဘာသာပြန်ဖို့အတွက် ပထမဆုံး APK Translation Wizard လိုတယ်။ အရင်တစ်ခါလည်း တင်ပေးဖူးပါတယ်။

နောက် xml files တွေကို Edit လုပ်ဖို့ Notepad ++ ဆော့ဝဲကို ဂူဂယ်မှာရှာဒေါင်းပါ။ ကိုယ်ကြိုက်တဲ့ဆော့ဝဲသုံးနိုင်ပါတယ်။ ကျွန်တော့ကတော့ Notepad plus ကိုအကြိုက်ဆုံးမို့ပါ။
http://www.filehippo.com/download_notepad/

အပေါ်က ဆွဲရမယ့် သုံးခုလုံးဆွဲပြီးသည့် သကာလမှာ APK translation tool ကိုတစ်နေရာမှာ Extract လုပ်ထားပါ။ ကြိုက်တဲ့နေရာထားလို့ရပါတယ်။ အဲပြောဖို့တစ်ခုမေ့သွားတာက Android OS ကိုကလိတော့မယ်ဆိုရင် မဖြစ်မနေရှိရမှာက JDK နောက်ဆုံးဗားရှင်းပါ။

ကိုင်း ပထမဦးဆုံး Settings.apk ကိုစပြီး ဘာသာပြန်ကြည့်ရအောင်။
  1. Win + R > Run > cmd   အဲဒီမှာ command prompt ပေါ်လာလို့ရှိရင် cd  c:\android ဆိုပြီးရိုက်လိုက်ပါ။ စောစောကလုပ်ထားတဲ့ Android Debug Bridge ရှိတဲ့နေရာကိုညွှန်းဆိုခြင်းဖြစ်ပါတယ်။
  2. Adb remount
  3. Adb pull system/app/Settings.apk Settings.apk
  4. C:\android folder ထဲမှာ Settings.apk ဆိုတဲ့ဖိုင်လေးတစ်ခုရောက်နေတာကို တွေ့ရမှာပါ။
  5. အဲဒီ Settings.apk ဖိုင်ကို Android Translation Tool ဖိုဒါထဲက place-apk-here-for-modding ဆိုတဲ့ ဖိုဒါထဲကိုသွားထည့်လိုက်ပါ။ အိုကေတယ်နော်။
  6. ကိုင်း ApkTranslationWizard.exe ကိုဖွင့် Decode ဆိုတဲ့ အောက်မှာ Settings.apk ကိုတွေ့လိမ့်မယ်။ အဲဒီကောင်ကို select လုပ်ပြီး Decode ဆိုတာကိုနှိပ်လိုက်။
  7. ပြီးရင်… projects/Settings.apk/res ဆိုတဲ့ folder လေးပေါ်နေတာတွေ့ရလိမ့်မယ်။ ဒီအထိရပြီဆိုရင်တော့ ဘာသာပြန်ခြင်းက အိုကေလောက်ပါပြီ။
  8. Settings.apk/res/values က Default localization (အများအားဖြင့် English နဲ့ပဲဖြစ်ပါတယ်။ တရုပ်ဆော့ဝဲတွေကတော့ အဲဒီထဲမှာ တရုပ်လိုပဲပါတယ်) ။
  9. နောက်တွေ့မှာက values-zh-rCN ဆိုတဲ့ဖိုဒါ။ အဲဒါက တရုပ် ဘာသာစကားအတွက်ဖြစ်ပါတယ်။
  10. မြန်မာလို ထည့်ချင်ရင်တော့ values-mm-rMM ဆိုတဲ့ ဖိုဒါအသစ်ဆောက်ပြီး values ဆိုတဲ့ဖိုဒါအောက်က Strings.xml and array.xml ဖိုင်နှစ်ဖိုင်ကို ကူးထည့်ရမှာပါ။
  11. Strings.xml ဖိုင်ကို Notepad plus (or any text editor of your favorite) နဲ့ဖွင့်ပြီး အင်္ဂလိပ်စာတွေနေရာမှာ မြန်မာလို ဘာသာပြန်ကြဖို့ပဲဖြစ်ပါတယ်။
  12. ခု ကျွန်တော်တင်ပေးထားတဲ့ OS ဆိုရင်တော့ ကျွန်တော် ဘာသာပြန်ပေးထားတာတွေကို တွေ့ရမှာဖြစ်ပါတယ်။ မိမိစိတ်ကြိုက်ပြန်လည်ပြင်ဆင်ပြီး သုံးနိုင်ပါတယ်။ တစ်ခြား system applicatons တွေကိုလည်း ဒီအတိုင်းပဲ လိုက်ပြီးတော့ ဘာသာပြန်ရမှာဖြစ်ပါတယ်။
  13. ကိုင်း ဘာသာပြန်ပြီးပြီလို့ သဘောထားလိုက်…. ဇတ်ပေါင်းကြမယ်။ APK translation tool မှာ Encode ဆိုတာတွေ့လား အဲဒီကိုသွား။ Replace Resource.arsc and Sign the apk ဆိုတာကို အမှန်ခြစ်ပေးပါ။ ကျွန်တောတို့ အခုပြင်နေတာတွေက System app တြွေ့ဖစ်နေတဲ့အတွက် app တွေကို signed လုပ်ဖို့လိုပါမယ်။ အဲဒီလို signed လုပ်မထားရင် အဲဒီကောင်က အလုပ်မလုပ်ပါဘူးခင်ဗျာ။ တစ်ခြား third party applications တွေတော့ လုပ်စရာမလိုပါဘူး။ ကိုင်း Encode လုပ်လို့ပြီးသွားပြီဆိုရင်တော့ (သုံးမိနစ်လောက်တော့ ကြာတယ်ဗျ) complied ဆိုတဲ့ ဖိုဒါထဲမှာ Settings.apk ကို တွေ့ရလိမ့်မယ်။ အဲဒီဖိုင်ကို ကူးလိုက်ပါ။
  14. 14. စောစောက c:\Android ထဲကိုသွားပါ။ translated ဆိုတဲ့ ဖိုဒါအသစ်တခုဖွင့်ထားရင်ပိုကောင်းမယ်ဗျ။ အဲဒီ ဖိုဒါထဲမှာ Settings.apk ကို paste လုပ်လိုက်ပါ။ ရှင်းလားမသိဘူး။
  15. Command prompt ကနေ adb push translated/Settings.apk system/app/Settings.apk ဆိုပြီးရိုက်လိုက်ပါ။
  16. ကိုင်း သင့်ဖုန်းထဲမှာ Settings ထဲကိုဝင်ပြီးစမ်းကြည့်လို့ရပါပြီ။
  17. ဒါမှမဟုတ်ပဲ Custom ROM update file ထဲမှာထည့်ချင်တယ်ဆိုလည်းဒီအတိုင်းထည့်ပေးလိုက်ပါ။
  18. ပြီးတော့ system/built.prop ထဲမှာသွားပြီးတော့ 
  • ro.product.locale.language=mm
  • ro.product.locale.region=MM လို့သွားပြင်ပေးလိုက်ပါ။ သင် Custom ROM ဟာ စတင်ကတည်းက မြန်မာဘာသာနဲ့စတက်မှာဖြစ်ပါတယ်။

ကိုင်း သုံးရတာရှုပ်တယ်လို သတင်းဆိုးနဲ့နည်မည်ထွက်နေတဲ့စက်ရုပ်ကို ကျွန်တော်တို့မြန်မာပြည်သူတွေ လွယ်လွယ်ကူကူသုံးလို့အဆင်ပြေအောင် ဝိုင်းပြီး ဘာသာပြန်လိုက်ကြစို့ဗျာ။ ကျွန်တော်ကတော့ တတ်နိုင်သမျှ တစ်တပ်တစ်အား အားဖြည့်ပေးထားခြင်းမျှသာဖြစ်ပါသည်။
ကျွန်တော်ကတော့ ရွာမှာနွားကျောင်းနေတဲ့ ကျွန်တော့ဘကြီးပါ ဒီစက်ရုပ်ဖုန်းတွေကိုသုံးတတ်အောင် တတ်နိုင်သမျှ ကြိုးစားပြီး ဘာသာပြန်နေတာပါ။