Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။

Tuesday, July 10, 2012

Overclocking an Android Phone!! (Warning: not recommened :P)

Overclocking နဲ့ပတ်သက်ပြီး သိချင်နေတဲ့ သူတွေအတွက် ကျွန်တော် လေ့လာ သိရှိ သလောက် Share ပါရစေ။
ကျွန်တော် Root လုပ်ရတဲ့ အဓိကအကြောင်း ၂ ခုရှိပါတယ်။ မြန်မာ Font သုံးချင်တာရယ် Overclock လုပ်ချင်တာရယ် အတွက်ပါ။ ကွန်ပျူတာတွေ မှာ Overclock လုပ်တာနဲ့ပတ်သက်ပြီး တော်တေ် များများ သိပြီးသား ဖြစ်မှာပါ။ အဓိက အားဖြင့် Gamer စက်တွေမှာ လုပ်ကြပါတယ်။ ဖုန်းမှာလဲ ဒီသဘောပါပဲ။

Android Open source project ရဲ့ အားသာချက်က တော့ ကို့ Device ကို ကိုယ် ကြိုက်သလို heavily modified လုပ်လို့ရတာပဲ။ အဲ့ဒီထဲက ပေါ်ပြူလာ အဖြစ်ဆုံး Hot (it can really give you heat :P) အဖြစ်ဆုံး development ကတော့ CPU ကို Overclock လုပ်တာပါပဲ။ အခုတော့ ဖုန်းအမျိုးအစားပေါ်မှာ မူတည်ပြီးတော့ GPU ကိုပါ Overclock လုပ်လို့ရနေပါပြီ။ ကျွန်တော့် အနေနဲ့ ကျွန်တော် သုံးခဲ့ဖူးတဲ့ စက်တွေ ပေါ်မှာ မူတည်ပြီးတော့ ရယ် အွန်လိုင်းက သိရှိသမျှတွေ အခြေခံပြီး အတွေ့အကြုံလေးတွေပြောပါမယ်။ ဒါတွေမပြောခင် မှာ အရင်ဆုံး အားနည်း ချက်နဲ့ အားသာ ချက်တွေကို အရင် ပြောပါရစေ။ ဒါမှသာ စာဖတ်သူ အနေနဲ့ စဉ်းစား ချင့်ချိန်ပြီး မိမိ စက်ကို လုပ်သင့် မလုပ်သင့် (Overclock) ဆုံးဖြတ် နိုင်မှာ ဖြစ်ပါတယ်။း)


အားနည်းချက် ( Risk ဆိုရင် ပိုမှန်ပါလိမ့်မယ်)


၁။ Overclock လုပ်မယ်ဆိုအရင် အရင်ဆုံး အချက်ကတော့ root access လိုအပ်ချင်းပါပဲ။ Root လုပ်ရာ မှာလည်း သူ့ဟာသူ အကျိုး အပြစ်တွေ ရှိပါတယ်။ အရင်ဆုံးတော့ ဗျာ Root အတွက် ခေါင်းစားရမယ်ပေါ့။ အခုအချိန်ကစ ပြီး စကားပြောသလိုပဲ ပြောတော့မယ်ဗျာ။ အပေါ်ကလို မရေးချင်တော့ဘူ။ ဖြစ်တယ်နော်။ ကျွန်တော်တို့ မြန်မာတွေက တော့ မြန်မာစာ မြင်ရရေးအတွက် Root က မဖြစ်မနေလုပ်ရမှာဆိုတော့ ( ဆမ်ဆောင်း ဂလက်ဆီ များ မပါ) မထူးပါဘူးလို့ပြော လို့ရပါတယ်။

၂။ တစ်ချို့ဖုန်းတွေမှာ နောက်ဆုံး ပေါ် rom တွေ အတွက် Overclock kernel တွေ မရှိတဲ့အတွက် downgrade လုပ်ရချင်းများ။ rom ချိန်းရချင်းများ လိုအပ်ပါတယ်။ ဒီလို ပြောင်းရ ရွှေ့ရလုပ်တဲ့ နေရာမှာ ကို့ဖုန်း အကြောင်းကို သေချာမသိပဲ မလုပ်သင့် တာကို လုပ်လိုက်မိရင် soft brick, hard brick ဖြစ်ဖို့ အလားအလာ ပိုရှိတယ်ပေါ့။

၃။ software ပြီးတော့ hardware ပေါ့ဗျာ။ သူက CPU ကို သတ်မှတ်ထားတဲ့ clock speed ထက်ပို ရမ်းခွင့် ပြုလိုက်တဲ့အတွက် စီပီယူ သက်တမ်း တိုတာတို့ cpu ကြောင်တောင်တောင်ဖြစ်ချင်းတို့ ။ အဓိက မလွဲမသွေ ကြုံရမှာကတော့ over heat ပါပဲ။ ဘယ်လောက်ပဲ အဆင်ပြေပြေ stable ဖြစ်ဖြစ် over heat ကတော့ အနဲ နဲ့ အကား ဖြစ် ..အဲလေ အနဲ နဲ့ အများ ဖြစ်တတ်ပါတယ်။ ကွန်ပျူတာ မှာ overclock လုပ်ရင် cooling system ကို စိတ်ကြိုက် တပ်ဆင်လို့၇ပေမဲ့။ ဖုန်းမှာတော့ မရပါ။ ကွန်ပျူတာ စီပီယူ ပျက်ရင် အလုံးချိန်းလို့ အဆင်ပြေပေမဲ့ ဖုန်းမှာတော့ မလွယ်ကူပါ။ Root လုပ်ထားရတဲ့အတွက်လည်း Warranty ပျက်ချင်ပျက်သွား နိုင်ပါတယ်။

၎။ ကဲ အဲ့ဒါတွေ အားလုံးကိုကျော်လွှားပြီး လုပ်လိုက်ပြီဆိုပါဆို့။ နောက်တစ်ခါ သေချာပေါက် ထိမှာကတော့ battery life ပါပဲ။ အားလုံးသိတဲ့အတိုင်း android ဖုန်းတွေရဲ့ battery life ကနဂိုကမှ နေ့လား ညလား ဖြစ်နေတာ။ overclock လုပ်ထားရင်စီပီယူက ပိုသုံးတဲ့အတွက် battery life ကပိုတိုသွားပါတယ်။ Developer တွေကတော့ overclock လုပ်ထားရင် cpu ကို voltage လျှော့ ပေးခြင်းဖြင့် battery life ကိုဆွဲဆန့် ကြပါတယ်။ ဒါပေမဲ့ ဒါဟာ ဘာနဲ့တူသလဲဆိုတော့ မော်တော်ကား ဆီချုပ်သလိုပါပဲ။ စိတ်သွားတိုင်း ကိုမပါနိုင်ပါ။ နောက်တခါ voltage ပေးတဲ့နေရာမှာ ဖုန်းတစ်မျိုးခြင်း ကိုမဆိုထားနဲ့ အမျိုးတူ မော်ဒယ် တူတောင် စီပီယူ ကွဲတာရှိပါတယ်။ စီပီယူ တူတာတောင် stable ဖြစ်တာခြင်းမတူနိုင်ပါဘူး။ မိန်းကလေး တစ်ယောက်ရဲ့ စိတ်ကို သိရဖို့ခက်သလို စီပီယူ ရဲ့ perfect voltage setting ကိုသိဖို့ဆိုတာ မလွယ်ကူပါ။ setting တွေ အမျိုးမျိုးစမ်းသုံးကြည့် မှ သိရမှာပါ။ ဒါကြောင့် အကျိုးဆက်အနေနဲ့ စိတ်ကောက်ခြင်း ၊ ညစာငတ်ခြင်း.အဲ ရည်းစားနဲ့ ရောသွားပြီ.. reboot မကြာ ခဏ ဖြစ်ချင်း သုံးနေရင်း ရပ်သွားချင်း .. စကရင်မှာ အခါအားလျှော်စွာ အဆင်းကြောင်းများ ပေါ်လာတတ်ခြင်း .. အင်း ဖုန်းကြောင်တောင် တောင်ဖြစ်ချင်းတွေ ဖြစ်တတ်ပါတယ်။

အားသာချက်



အပေါ်ကဟာတွေ ဖတ်ပြီး မကောင်းဘူးလို့တော့ မထင်လိုက်ပါနဲ့။ ပထမဆုံး အကျိုးဆက်ကတော့ ဖုန်းရဲ့ performance ကောင်းလာခြင်းပါပဲ။ Android OS က ဖုန်းပေါ်မှာမူတည် ပြီး lagging ရှိနိုင်တဲ့အတွက် clock speed အနဲ ငယ်ထပ်တင်ခြင်းအားဖြင့် smooth ဖြစ်အောင်လုပ်နိုင်ပါတယ်။ သုံးရတာ စိတ်ချမ်းသာတယ်ပေါ့ဗျာ။ စကရင်တစ်ခုကနေ တစ်ခုကို swype လုပ်တာတို့ web page တွေ scroll လုပ်တာတို့ မှာ သိသိသာသာ smooth ဖြစ်တာကို တွေ့ရမှာပါ။

နောက်တစ်ခုက benchmarking လုပ်တဲ့နေရာမှာ high score ရနိုင်တာပါပဲ။ တကယ်တော့ ဒါဟာ ၀ါသနာတူသူ သူငယ်ချင်း( ဒီနေရာမှာ ဖုန်း development ၀ါသနာကို ဆိုလိုသည်) အချင်းချင်း ကို့ဖုန်းရဲ့ performance ကို ယှဉ်တဲ့အခါ၊ ကိုဖုန်းက clock speed ဘယ်လောက်မှာ run နေတယ်ဆို တာ မျိုး ကြွားတဲ့အခါ မျိုးမှာ အသုံးတဲ့ပါတယ်။ ဒီအရသာ ကို လုပ်ဖူးတဲ့ သူတွေသာသိမှာပါ။ benchmark score စကရင် shot လေးတွေ တင်ပြီး သူများတွေရဲ့ အားကျသံ လေးတွေနားထောင်ရတာ သိပ်အရသာ ရှိပါတယ်။

နောက်တခါ အရေးအပါဆုံးကတော့ ဂိမ်းကစားတဲ့သူတွေအတွက်ပါ။ ကျွန်တော့် ဖုန်းရော တက်ဘလက်ကော overclock လုပ်ပြီး ဂိမ်းကစားရင် တော်တော် ကစားလို့ကောင်းပါတယ်။ ဒီအတိုင်း ဆော့လိုကမရတဲ့ ဂိမ်းတွေ (eg. the adventure of tin tin ဂိမ်းကို Galaxy S i9000 ) မှာ overclock လုပ်ပြီး ဆော့လို့ရပါတယ်။ loading speed မြန်တာတို့ Frame per second တက်လာတာတို့ အဲ့ဒိ အကျိုးကျေးဇူးတွေရနိုင်ပါတယ်။ အင်တာနက် သုံးတဲ့အခါမှာလဲ သိသိသာ သာ ချောမွေ့တာကို တွေ့နိုင်ပါတယ်။


ကဲ ကောင်းတာ ဆိုးတာလေးတွေ ကို ဖတ်ပြီးတဲ့နောက် သင့်အနေနဲ့ လုပ်ချင်လား မလုပိချင်ဘူးလားဆိုတာ ကို ဆုံးဖြတ်ဖို့ လုံလောက်ပြီထင်ပါတယ်။ ကျွန်တော် အကြံပေးချင်တာကတော့ ကို့ရဲ့ ဖုန်း သုံးစွဲ တဲ့ ပုံစံပေါ်မူတည်ပြီ။ အဆင်ပြေ တာရှိသလို မပြေတာလဲရှိနိုင်ပါတယ်။ ကျွန်တော့် အတွေ့အကြုံအရဆိုရင် ကျွန်တော့် ဖုန်းကို လိုအပ်တဲ့ အချိန်မှသာ overclock လုပ်ထားပြီး သာမန်အချိန်မှာတော့ normal clock speed မှာပဲ ထားပါတယ်။ Battery အကြီးသုံးတာတို့ အပို တစ်လုံး ဆောင်ထားတာတို့ဆိုရင်လဲ အဆင်ပြေနိုင်ပါတယ်။ အဓိကကတော့ မလုပ်ခင် ကိုယ့် ဖုန်းနဲ့ ပတ်သက်တဲ့ Android development section ကို XDA လိုနေရာမျိုး မှာ သေသေချာချာ လေ့လာထားရင်တော့ ပိုကောင်းပါတယ်။ မတော်တဆ လွဲချော်သွားရင် ဘယ်လို ပြန် recover လုပ်ရမလဲဆိုတာကို သိထား ရင် တော့ လုပ်၇တာ စိတ်အေးတာပေါ့ဗျာ။

ကဲ လုပ်ချင်တဲ့သူတွေ ကို့ဟာကို ဆုံးဖြတ်ပါ။ ထုံးစံ အတိုင်းပြောရရင်တော့ do at your own risk ပေါ့။

ကဲအခု overclock ဘယ်လိုလုပ်လဲဆိုတာကို ပြောပြပါမယ်။ ကျွန်တော် သုံးဖူးတဲ့ စက်တွေ ကိုအခြေခံပြီး ပြောမှာဆိုတော့ သဘောတရားလောက်ပဲ သိဖို့ရည်ရွယ်ပါတယ်။ ကို့ဖုန်း အတွက် သက်ဆိုင်ရာ XDA ဖိုရမ်ကနေ ကြည့်ပြိးလုပ်ကြဖို့ တိုက်တွန်း လိုက်ပါတယ်။

1. ပထမဆုံး အနေနဲ့ Android ဖုန်းတစ်လုံး သို့ တက်ဘလက် တစ်လုံးလိုပါတယ်။ ဆိုင်ကနေ သွားဝယ်လိုက်ပါ။ :P

2. ပြီး ရင် root လုပ်ရပါမယ်။ CWM recovery သွင်းရပါမယ်။ ဘာ လို့လဲဆိုတော့ အားလုံးနီးပါး က CWM ကနေ zip file ကို flash ရတာ ဖြစ်လို့ပါ။ samsung galaxy ဖုန်းတွေကတော့ Odin ဆိုတဲ့ software နဲ့ flash လို့လဲ ရတပါတယ်။ တစ်ခြားဖုန်းတွေတော့ အဲ့လို မျိုး ရှိချင်လဲရှိမှာပါ။

3. အခု အဆင့်မှာ ကို့ ဖုန်း OS ရယ် CPU ရယ် နဲ့ အသင့်တော်ဆုံး overclock kernel (OC kernel) ကို ရှာဒေါင်းပါ။ တစ်ချို့ဖုန်းတွေက model တူပေမဲ့ GSM, CDMA , ကွဲတဲ့အတွက် သတိထားရပါမယ်။ တစ်ချို့က CPU မတူပါ။ ဒီနေရာမှာ Discription တွေကို သေချာဖတ်ဖို့လိုပါမယ်။ user တွေရဲ့ comment တွေကိုလဲ ဖတ်ကြည့်ဖို့လိုပါတယ်။ နောက်ဆုံး ၄ ။ ၅ မျက်နှာလောက်ဖတ်ရင် လုံလောက်ပါတယ်။

4. ကဲ လိုအပ်တဲ့ .zip file ကို ရပြီဆိုရင်တော့ ကို့ဖုန်းရဲ့ internal SD card ထဲကို ကူးထဲ့လိုက်ပါ။ အော် nandroid ကို ဘက်ကတ် လုပ်ဖို့မမေ့နဲကနော်။ အရေးကြီးလို့ပါ။ သတိ ဆိုတာ ပိုတယ်လို့မရှိပါဘူး။ အားလုံးပြီးပြီဆိုရင်တော့ Recovery ကို ၀င်ပြီးတော့ သာ Flash လိုက်ပါခင်ဗျ။

၅. အခုဆိုရင်တော့ သင့် ဖုန်း ဒါမှမဟုတ် တက်ဘလက်က OC kernel နဲ့ run နေပါပြီ။ ဒါပေမဲ့ များသောအားဖြင့် default clock speed ပဲထားပေးထားပါတယ်။ overclock လုပ်ပေးတဲ့ app တစ်ခုနဲ့ clock speed ၇ယ် voltage တန်ဖိုးရယ် ချိန်ရပါမယ်။ လူသုံးများတဲ့ app တွေကတော့ Set CPU, Voltage Control, Pimp my CPU, Rom toolbox အစရှိတဲ့ appတွေပါပဲ။ Developer တွေကအများအားဖြင့်တော့ သူတို့ OC kernel နဲ့ အဆင်ပြေမဲ့ app တွေကို recommend လုပ်ပေးထားပါတယ်။
`



၆။ app ရပြီဆိုရင်တော့ ဖွင့်လိုက်ပါ။( ဒါတော့ သူပြောမှလားလို့)။ super user request တောင့်တဲ့အခါ allow လုပ်ဖို့ မမေ့နဲနော်။ ပြီးရင်တော့ ပုံမှာ မြင်ရသလို cpu slider လေးကို မြင်ရမှာဖြစ်ပါတယ်။ အဲ့ဒီမှာ ကိုယ်ထားချင် တဲ့ Max and Min clock speed ကိုထားပေးလိုက်ပါ။ min clock speed ကိုတော့ များသောအားဖြင့် အနိမ့်ဆုံးထားတတ်ကြပါတယ်။ max ကိုတော့ နိုင်သလောက်ထားပါ။ SGS i9000 မှာ 1.75 Ghz အထိ လုပ်လို့ရတဲ့ kernel တွေသုံးဖူးပါတယ်။ ဒါပေမဲ့ ဘယ်တော့မှ အဲ့လောက် တင်လို့မရပါ။ အလွန်ဆုံး 1.5, 1.6 အထိပဲ တင်ဖူးပါတယ်။ ဒါတောင် reboot မကြာမကြာဖြစ်ပါတယ်။ အခုလက်ရှိ SGS ကို 1.4 Ghz ထားထားပါတယ်။ stable ဖြစ်တယ်လို့ပြောလို့ရပါတယ်။ Galaxy nexus နဲ့ Asus transformer ကတော့ 1.65 Ghz အထိ ထားဖူးပါတယ်။ ဘာပြသနာမှ မရှိပါဘူး။ Dual core CPU တွေက overclock လုပ်ရတာ ပိုကောင်းပါတယ်။

၇။ clock speed တင်ပြီးရင် CPU governor ကို ရွေးပေးရပါတယ်။ သူက clock speed change တဲ့ ပုံစံပါ။ 2.2 မှာတုံးကတော့ conservative ကိုအသုံးများပါတယ်။ သူက ဥပမာ clock speed 800 Mhz လိုတယ် ဆိုပါဆို့ ။800 ကို ချက်ချင်း မပေးပါဘူ။ 200 ကနေ 400 ပြီးမှ 800 တဖြေးဖြးတိုးပေးတာပါ။ Gingerbread 2.3 မှာတော့ ondemand ကိုသုံးရပါတယ်။ သူကတော့ လိုရင် လိုသလောက် တန်းပေးတာပါ။ မဟုတ်ရင် စက် ဟန်းသွားလို့ပါ။ speed ပိုလိုတယ်ပေါ့ဗျာ။ နောက်ဆုံး ICS နဲ့ honeycomb မှာတော့ interactive governor ကိုသုံးကြပါတယ်။ ဒါတော့ ဘယ်လိုပေးလဲ ကျွန်တော်လဲ သေချာမသိပါ။

8 ။ အခု နောက်ဆုံးအနေနဲ့ voltage setting ကို ချိန်ရပါမယ်။ ဒါက မလုပ်လဲရပါတယ်။ battery ပိုခံချင်ရင်ဖြစ်ဖြစ် ၊ ဒါမှမဟုတ် clock speed အများကြီးတင်ချင်ရင် ဖြစ်ဖြစ် voltage ကို လျှော့ တာ တိုးတာ လုပ်ပေးရပါတယ်။ ဒါကလဲ ဖုန်းရယ် OS ရယ် CPU ၇ယ် ပေါ်မှာ မူတည်တာဖြစ်တဲ့အတွက် ကို သုံးတဲ့ kernel developer ပြောထားတဲ့ setting အပြင် comment တွေဖတ်ရင်း တစ်ခြားသူတွေ ဘယ်လောက် ထားကြလဲ ဆိုတာ တွေ ကိုကြည့်ပြီး သင့်တော်မယ် ထင်သလို ချိန်ရတာပါ။ ကိုစိတ်တိုင်းကျတဲ့အထိ stable ဖြစ်တဲ့အထိ ထပ်ခါ ထပ်ခါ လုပ်ကြည့်ရင် အမှန်ဆုံး voltage ကိုရမှာပါ

** ဒီမှာအ ရေးကြီးတာက ဘယ် setting, clock speed ပဲထားထား Set on boot ဆိုတာလေးကို tick မလုပ်ဖို့ပါပဲ။ မလုပ်ထားရင် ဖုန်း reboot လုပ်လိုက်တာနဲ့ နဂို အတိုင်း ဖြစ်သွားမှာပါ။ **

ကျွန်တော်တစ်ခါ set on boot လုပ်လိုက်ပြီးတော့ လက်ရှိ setting က stable လဲမဖြစ် restart ကလဲ အော်တို ကျကျ သွား။ ပြန်ပြန် တက်လာတိုင်း သူက ဒီ stable မဖြစ်တဲ့ setting ကြီးပဲဆိုတော့ ဘာမှကိုလုပ်လို့မရပါ။ reboot ဖြစ်လိုက် တက်လာလိုက် ပိတ်သွားလိုက်။ နောက်ဆုံး factory reset ချလိုက်ရပါတယ်။


ကဲ အခုတော့ ဒီလောက်ပါပဲ။ ကျွန်တော်လဲ ဒီလောက်ပဲသိပါတယ်။ all credits go to developers and members of XDA and MMUC. လိုအပ်တာများရှိရင်လဲ ပြင်ဆင်ဖြည့်စွက်ပေးကြပါလို့ ။

BY သွေးသောက်ကြီး