Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။

Tuesday, July 10, 2012

The War of Apple on Android


This Doc is based on several tech website and article but mainly on the one from businessweek.com. The link will be provided at the end of the doc. စာလုံးပေါင်းမှားရင်ခွင့်လွှတ်ပါ။

ထုံးစံ အတိုင်း Apple နဲ့ Samsung တို့ရဲ့ ရှေ့နေတွေ တရားရုံးမှာတွေ့ကြပါတယ်။ တရားသူကြီးက ဒီ company နှစ်ခုကြားမှာရှိတဲ့ ကုန်သွယ်မှူပမာဏကို မေးတဲ့အခါ Apple ရှေ့နေက ၇ ဘီလီယံကျော်ရှိတယ်လို့ ဖြေလိုက်ပါတယ်။ ဒီအဖြေက တရားသူကြီး ကိုယ်တိုင်ကို အံ့အားသင့်စေခဲ့ပါတယ်။ ဟုတ်ပါတယ်။ ဒီငွေကြေးပမာဏဟာ Apple က Electronic Component တွေအတွက် Samsung ကို နှစ်စဉ်ပေးရတဲ့ ငွေကြေး မမာဏပါ။ Apple ဟာ Samsung ရဲ့ တစ်ဦးတည်း အကြီးမားဆုံး Customer ဖြစ်သလို  Samsung ရဲ့ 2011 Revenue (109 ဘီလီယံ ဒေါ်လာ) ရဲ့   7.6%  က Apple ကရတာဖြစ်ပါတယ်။ ဒီအတိုင်းပါပဲ Apple ရဲ့ အဓိက ငွေဝင်လမ်းဖြစ်တဲ့ iPhone နဲ့ iPad တို့ကလဲ Samsung မရှိပဲ ထုတ်ဖို့ မလွယ်ကူပါဘူး။ ရှင်းရှင်းတွေးရင် တစ်ယောက်နဲ့ တစ်ယောက် မှီခိုနေရတဲ့သဘောပါ။ အခုတော့ ဒီနှစ်ယောက်က တရားရုံးမှာ တစ်ယောက်နဲ့တစ်ယောက် တရားရင်ဆိုင်နေကြပါတယ်။ (ဒန့်ဒန်)..တရားသူကြီးမ ကိုတိုင်ကသူတို့ကို တခြားနည်းလမ်းနဲ့ ဆွေးနွေးကြဖို့တိုက်တွန်းတဲ့အပြင် သူကိုတိုင်အဲ့ဒီ ဆွေးနွေးပွဲအတွက် ချောကလက်တွေ မုန့်တွေ ပို့ပေးမယ်လို့ ပြောခဲ့ပါသေးတယ်။..

နောက် ၉ လအကြာမှာ ဒီ company ၂ ခုထပ်ပြီး တရားရင်ဆိုင်ရပြန်ပါတယ်။ Apple က ထုံးစံအတိုင်း Samsung ဟာသူ့ iPhone ကို ကူးချပြီး ဈေးကွက်ကို copycat products တွေနဲ့ဝင်ရောက်နေတယ်လို့ စွပ်စွဲပါတယ်။ ဒီ တရား စွဲဆိုမှူတွေဟာ Samsung ကို သတိပေး တဲ့သဘောလဲဆောင်ပါတယ်။ ပြီးတော့ သူတို့ ၂ ယောက်ရဲ့ ဘီလီယံ နဲ့ချီတဲ့ ကုန်သွယ်မှူကိုလဲ ထိခိုက်နိုင်ပါတယ်။ နောက်ပြီးတော့ Apple ဟာ Samsung နဲ့တင်မဟုတ်ပဲ တစ်ခြား မိုဘိုင်း ဖုန်းထုတ်လုပ်သူတွေနဲ့ပါ တရားရင်ဆိုင်နေရတာ နိုင်ငံပေါင်း ၁၀ ကျော်မှာ အမှူပေါင်း ၄၀ လောက်ရှိပါတယ်။ အမှူတော်တော်များများက ယနေ့အထိ မပြီးနိုင်မစီးနိုင် ရှိနေတုန်းပါပဲ။ Samsung ကလွဲပြီး Apple နဲ့ ကြီးကြီးမားမား ပြသနာဖြစ်တဲ့ Company တွေကတော့ Motorola နဲ့ HTC တို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် Apple ရဲ့ နောက် အနီးကပ်ဆုံး ရန်သူကတော့ google က ထုတ်လုပ်သူတွေကို လာပါ ယူပါ ပေးနေတဲ့ Android Operating System ပဲဖြစ်ပါတယ်။ Steve Jobs ကတော့ Android ဟာ သူ့ Company အတွက် ချိန်းခြောက်မှူ တစ်ခုလို့ မြင်ပါတယ်။

Steve Jobs ဟာ သူ့ရဲ့ နောက်ဆုံး ၁၈ လ အချိန်အတွင်းမှာ Android ကို သုတ်သင် ဖို့ကြိုးစားခဲ့ပါတယ်။ သူရဲ့ အဓိက Supplier Samsung နဲ့ Google ဟာ ပူးပေါင်းပြီး iPhone ရဲ့ Market Share ကို လုယူဖို့ ကြိုးစားတယ်လို့ သူကပြောပါတယ်။ “ Google, You fucking ripped off the iPhone, wholesale ripped us off. Grand theft” . Samsung က google ကို ဒီလိုသဘောသက်ရောက်တဲ့ message မျိုးပို့ခဲ့တယ်လို့သူက ဆိုပါတယ်။ ဒါ့အပြင် သူက သူအသက်ရှင်နေသရွေ့ Apple ရဲ့ ရှိသမျှပိုက်ဆံတွေကို သုံးပြီး Android ကို ဖျက်ဆီးသွားမယ်လို့ ကျွေးကျော်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ Android က Stolen product ဖြစ်နေလို့ပဲလို့ Jobs ကပြောခဲ့ပါတယ်။ ထပ်ပြီးလဲ ဒါမျိုး ကြိမ်းဝါးခဲ့ပါသေးတယ်။ “ I’m willing to go to the thermonuclear war on this”. J

ဒါပေမဲ့လဲ Apple ရဲ့ တရားစွဲဆို မှူတိုင်းမှာ သူဟာ ပြိုင်ဘက်တွေရဲ့ တန်ပြန် တရားစွဲဆိုချင်းကို အမြဲခံရပါတယ်။ သူတို့တွေပြောတာက Apple ဟာ Jobs လေလုံးထွားသလောက် innovative မဖြစ်ဘူးတဲ့။ ဒါ့အပြင် iPad နဲ့ iPhone တို့ရဲ့ ရိုးရှင်းတဲ့ လေးထောင့်ဒီဇိုင်းပုံစံဟာလဲ ဘယ်တော့ မှ တရားစွဲဖို့ရာ လုံလောက်တဲ့ အကြောင်းပြချက်မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ Apple ဟာ အောင်မြင်မှူတစ်ချို့ရခဲ့တယ် လို့တော့ ပြောနိုင်ပါတယ်။ Android ဖုန်းတစ်ချို့ရဲ့ feature တစ်ချို့ကို  ပိတ်နိုင်တဲ့အပြင် တစ်ချို့ဖုန်းတွေကိုလဲ ရောင်းလို့မရအောင်လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့မှာ ယှဉ်ပြိုင်စရာ တရားစွဲစရာ company တွေ ဖုန်းတွေ တက်ဘလက်တွေက မနည်းလှပါဘူး။ Samsung website တစ်ခုထဲမှာပဲ list လုပ်ထားတဲ့ဖုန်းတွေက ၁၀၀ ကျော်ရှိပါတယ်။ Apple မှာတော့ iPhone ရယ် iPad ရယ် ၂ ခုပဲရှိပါတယ်။ မတော်လို့ သူ့ပြိုင်ဘက်တွေရဲ့ များပြားလှစွာသော မူပိုင်ခွင့်တွေထဲက တစ်ခုခုကို iPhone iPad တို့မှာတွေ့ခဲ့ရင် သူ့အတွက် အထိနာ နိုင်ပါတယ်။

iPhone က 2007 ထဲက million နဲ့ချီပြီး ရောင်းရပါတယ်။ 2010 မှာ iPad ကို ထပ်ထုတ်ခဲ့ပါတယ်။ ထုံးစံအတိုင်း စံချိန်တင်ရောင်းရပါတယ်။ Apple က ဒီ devices တွေမှာသုံးတဲ့ iOS ကို close လုပ်ထားပါတယ်။ သူကလွဲလို့ ဘယ်သူမှ သုံးခွင့်မရှိပါဘူး။ Google ရဲ့ Android ကတော့ Open source ဖြစ်ပြီးတော့ Company တိုင်း သုံးနိုင်အောင်လုပ်ထားပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့  လူများများ Android သုံးရေးပါပဲ။ သူ့ Android OS ကနေမှ online advertising business နဲ့ သူက ၀င်ငွေရမှာဖြစ်ပါတယ်။ Steve Jobက သူ့ရဲ့ ၀န်ထမ်းတွေကို ပြောခဲ့ပါတယ်။ “ We did not enter the search business but they entered the phone business. Make no mistake. They want to kill iPhone”. အဓိကသူ့ကို စိတ်အနှောက်အယှက် ဖြစ်စေတာက Android က သူ iPhone မှာ သုံးထားတဲ့ Apple ရဲ့ feature တော်တော်များများကို ယူသုံးထားတာပဲဖြစ်ပါတယ်။ Like multitouch finger swiping.  ၂၀၀၈ ခုနှစ်မှာ Jobs က Google Offices ကိုသွားပြီးတော့ Google founder တွေဖြစ်တဲ့ Larry Page နဲ့ Sergey Brin ကိုပြောခဲ့ပါတယ်။ အကယ်၍ google သာ Android ကို နောက်ဆုတ်ခဲ့မယ်ဆိုရင် အိုင်ဖုန်း home screen မှာရှိတဲ့ icon ၂ ခုကို google အတွက် သုံးခွင့် ပေးမယ်။ အေး အဲ့ဒီလိုမှ မဟုတ်ရင်တော့ တရားရုံးတက်ဖို့သာ ပြင်ထားကြပေတော့.. J. Apple ဟာ တန်ဖိုးအကြီးဆုံး company ဖြစ်ပြီး iPad က ပြိုင်ဖက်မရှိ အသာရနေပေမဲ့လည်း smart phone business မှာတော့ Google Android က US ရဲ့ 51.6% ကိုရထားပါတယ်။ iPhone ကတော့ 23.4% ပါ။ ဒါတွေက ၂၀၁၁ ရဲ့ နောက်ဆုံး ၃လပတ် အခြေအနေပါ.

Apple မှာ Google ကိုတရားစွဲဖို့က အတားအဆီးတွေရှိပါတယ်။ တရားသူကြီးက Google ကို copy cats products တွေမရောင်းနဲ့လို့တားလို့မရပါဘူး။ ဘာလို့လဲဆိုတော့ Google က ဖုန်းတွေ ရောင်းမှ မရောင်းတာ။ Google ကလဲ ဒီလိုပါပဲ တစ်ခြား ဖုန်း company တွေကို devices နဲ့ပတ်သက်ပြီး တရားစွဲလို့မရပါဘူး။ ဒါကြောင့် ၂၀၁၀ မတ်လမှာ Apple က Android manufacture တွေကို တိုက်ပွဲစခဲ့ပါတယ်။ HTC ကသူရဲ့ patents 10 ခုကို Nexus One, Touch pro နဲ့ Droid Eris ဖုန်းတွေမှာ သုံးထားတယ်လို့ စွပ်စွဲလိုက်ပါတယ်။ Jobs က ငါတို့ နည်းပညာတွေကို သူများတွေ ခိုးတာ ထိုင်ကြည့်နေမလား။ ဒါမှမဟုတ် တစ်ခုခု တုန့်ပြန်မလား ဆိုပြီး Apple ကိုပြောခဲ့ပါတယ်။ HTC က 1997 မှာ စတင်တည်ထောင်ခဲ့ပါတယ်။ Google နဲ့ ၂၀၀၇ ကတဲက တွဲလာခဲ့တာပါ။ Apple အနေနဲ့ အားနည်းတဲ့ သားကောင်ကို ရွေးချယ်လိုက်တယ်လို့ ပြောကြပါတယ်။ HTC အထိနာသွားခြင်းအားဖြင့် တစ်ခြား Phone manufacture တွေကိုလဲ သတိပေးရာရောက်ပါတယ်။

ဒါပေမဲ့ HTC က Jobs ထင်ထားသလောက် မလွယ်ကူပါ။ သူတို့က San Francisco အခြေစိုက် ရှေ့နေအဖွဲ့ကြီးကို ငှားပြီးတရားရင်ဆိုင်ပါတယ်။ Quinn Emanuel  ရှေ့နေအဖွဲ့ဟာ Google ရဲ့ ရှေ့နေအဖွဲ့လည်းဖြစ်ပါတယ်။ ဒီပွဲမှာ Apple တို့အထိနာတယ်လို့ပြောလို့ရပါတယ်။ မူပိုင်ခွင့် ၁၀ခုမှာ HTC က ၂ ခုကိုပဲ သုံးထားတယ်လို့ တရားရုံးကဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒီ မူပိုင်ခွင့်တွေကလည်း အသေးအဖွဲ feature လေးတွေဖြစ်တဲ့အတွက် HTC ကို အနိုင်ပေးခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ HTC share တွေ တဟုန်ထိုး တက်သွားခဲ့ပါတယ်။ Apple အတွက်ရလဒ်ကတော့ တစ်ခြား ဖုန်းထုတ်လုပ်သူတွေက သူ့ကို ၀ိုင်းတရားစွဲကြတာပဲဖြစ်ပါတယ်။ Motorola က 2010 မှာ Apple ကို မူပိုင်ခွင့်ချိုးဖောက်မှူနဲ့ တရားစွဲပါတယ်။ Apple ကလဲ Motorola ရဲ့ Droid, Droid2, DroidX တို့ကို iPhone ကိုခိုးချပါတယ် ဆိုပြီး တရားပြန်စွဲပါတယ်။ ဒီအမှူက ၂၀၁၂ မတ်လမှာ ပြီးပါတယ်။ ထုံးစံအတိုင်း Motorola အနိုင်ရသွားပါတယ်။ အဲ့ဒီ ကစပြီး တရားစွဲတာတွေ အသနားခံတာတွေ ကြားနာစစ်ဆေးမှူတွေဟာ သူတို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေ ဖြစ်သွားကြပါတယ်။ အမေရိကန်ကနေစပြီး ယူကေ. ပြင်သစ်. ဂျာမနီ. ဟော်လန်. အီတလီ နဲ့ အော်စလေးလျ အထိ ရောက်သွားခဲ့ပါတယ်။ ဒီတရက် Motorola က push notification for email နဲ့ Apple ကိုနိုင်ရင် နောက်နေ့ Apple က Slide to unlock နဲ့ Motorla ကို ပြန်ချပါတယ်။ Samsung ကျတော့ အဲ့ဒီ slide to unlock နဲ့ပဲ Apple ရဲ့ ရန်က လွတ်သွားပါတယ်။ ရှူပ်နေတာပဲ။ တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင်တရားတွေစွဲ အပြိုင်အဆိုင် အသနားခံ တာတွေ နဲ့ ဗျောင်းဆန်နေပါတော့တယ်။
Motorola က မိုဘိုင်းဖုန်း လောကမှာ အစောကြီးကတဲက ကျင်လည်ခဲ့တဲ့အတွက် သူ့မှာ မိုဘိုင်းဖုန်း တစ်လုံးအတွက် တင်မက digital device တစ်ခုအတွက်ပါ မဖြစ်မနေ သုံးရမဲ့ နည်းပညာတွေရဲ့ မူပိုင်ခွင့်တွေရှိပါတယ်။ ဒီတန်ဖိုးကိုသိတဲ့ Google က ၂၀၁၁ မှာ Motorola ကို ၁၂.၅ ဘီလီယံ ဒေါ်လာနဲ့ ၀ယ်ခဲ့ပါတယ်။ mobile phone operation တင်မက မူပိုင်ခွင့်ပေါင်း ၁၇၀၀၀ ကျော်ကိုပိုင်ဆိုင်ခဲ့ပါတယ်။ Google CEO Larry Page ကတော့ Android နဲ့ သူရဲ့ partner တွေကို Microsoft နဲ့ Apple တို့လို ယှဉ်ပြိုင်မှူထက် တရားစွဲမှူကို ဦးစားပေးတဲ့ ပြိုင်ဖက်တွေကနေ ကာကွယ် ဖို့အတွက်လို့ ပြောခဲ့ပါတယ်။ ရှင်းရှင်းပြောရရင် မင်းတို့တရားစွဲရင် ငါတို့လဲ ပြန်စွဲမယ်။ ဒါဗြဲ။..

၂၀၁၁ မတ်လမှာ Apple က iPad2 ကို မိတ်ဆက်ပါတယ်။ မိတ်ဆက်ပွဲမှာ Samsung ရဲ့ Galaxy Tab ကိုရည်ရွယ်ပြီး Samsung ကို CopyCat လို့ပြောခဲ့ပါတယ်။ it is not the year of copycats. လို့လှောင်ပြောင်ခဲ့ပါတယ်။ နောက် ၁ လအကြာမှာတော့ Apple က Samsung ကိုတရားစွဲပါတော့တယ်။ ၂၁ရာစု မတိုင်ခင်အချိန်ကာလာတွေမှာ ဆမ်ဆောင်း ဟာတစ်ခြား လုပ်ငန်းလေးတွေနဲ့အတူ လျှပ်စစ်ပစ္စည်းတွေ မီးဖိုချောင် အသုံးအဆောင်တွေ. ကားအပိုပစ္စည့်တွေ ထုတ်တဲ့ သာမန် company တစ်ခုအဖြစ် လူအများက အသိအမှတ်ပြုတာခံခဲ့ရပါတယ်။ ဒါပေမဲ့လည်း သူဟာ တစ်ရှိန်ထိုး တိုးတက်ကြီးထွားလာပြီးတော့ ကမ္ဘာ့အကြီးဆုံး Tech Company တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် Samsung ဟာ memory chips တွေ microprocessor တွေနဲ့ mobile phone displays တွေရဲ့ အကြီးဆုံး supplier တစ်ခုဖြစ်ပါတယ်။ ယနေ့မှာ ကိုရီးယား နိုင်ငံရဲ့ ပို့ကုန် ၅ ပုံ ၁ ပုံဟာ Samsung ကထွက်တာဖြစ်ပါတယ်။ Samsung CEO Lee Kun-hee ဟာကိုရီးယား အချမ်းသာဆုံး လူဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ အခွန်တိမ်းရှောင်မှူနဲ့ တရားစွဲခံရပါတယ်။ ဒါပေမဲ့လည်း အထူးအခွင့်အရေးနဲ့ အာမခံရပြီး ထောင်ကျမဲ့ဘေးက လွတ်ခဲ့ပါတယ်။

HTC နဲ့မတူတာက Samsung ဟာ Android ကိုစစချင်းမှာ မသုံးသေးပဲ ၂ နှစ်လောက် စောင့်ကြည့်ခဲ့ပါတယ်။ ပြီးမှ သူ့ရဲ့ Galaxy Line Android phone တွေကို ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Apple ရဲ့စွပ်စွဲချက်အရ Samsung ဟာ ခက်ခဲတဲ့အပိုင်းတွေဖြစ်တဲ့  original research တွေကို ကိုယ်တိုင်မလုပ်တော့ပဲ Apple ရဲ့ innovative technology တွေ user interface တွေ design တွေ packing တွေကို တိုက်ရိုက်ကူးချပါတယ်တဲ့။ ၂၀၁၀ မှာ Samsugn Galaxy s I9000 ဖုန်းကို Samsung ကမိတ်ဆက်တဲ့အခါ apple က သူတို့ဟာ apple 3G ရဲ့ ဒီဇိုင်းတွေ အားလုံးနီးပါးကို ကူးချပါတယ်လို့ စွပ်စွဲလိုက်ပါတယ်။ Samsung အနေဲ့ ဒါကို အတိုင်းအတာတစ်ခုအထိ လက်ခံခဲ့ပါတယ်။ သူတို့က ဒီလို အပြိုင်အဆိုင်ထုတ်တဲ့အခါ မှာ မိုက်ခရိုဝေ့ မီးဖိုပဲဖြစ်ဖြစ် နောက်ဆုံးပေါ် စမတ်ဖုန်းပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် ဒီလိုပဲ ဆင်တူတဲ့အခါ ရှိတာပဲလို့ ပြန်ပြောခဲ့ပါတယ်။ နောက်ပြီး Apple ကိုလဲ ဒီ rounded corner on a rectangular communicating device တစ်ခုက ဘယ်လိုများ amazingly innovative ဖြစ်ပါသလဲလို့ မေးခွန်းထုတ်ခဲ့ပါတယ်။ J ဒါ့အပြင် apple ဟာ Samrt phone နဲ့ computer market ကို မတရားသဖြင့် လက်ဝါးကြီးအုပ်ချင်နေပါတယ် ဆိုပြီးစွပ်စွဲခဲ့ပါသေးတယ်။ ဒီလိုလဲ ပြောသွားပါတယ်။ “Samsung will defend our intellectual property to serve our customers and ensure our continued innovation and leadership in mobile communications.”

Asia manufacture တွေတော်တော်များများက အိုင်ဖုန်းမပေါ်ခင်ကတဲ့က လေးထောင့် စမတ်ဖုန်းတွေ ထုတ်ခဲ့ပါတယ်။ Samsung ကထောက်ပြတာကတော့ LG ရဲ့ chocolate ဖုန်းဟာ အိုင်ဖုန်းမပေါ်ခင်ကတဲက ထွက်ခဲ့တာဖြစ်ပြီး Apple က သူ့ကို စွပ်စွဲထားတဲ့အချက်တွေ အကုန် အဲ့ဒီဖုန်းမှာ ပါတယ်လို့ပြောပါတယ်။ နောက်ပြီး သူတို့ကိုယ်တိုင်လဲ ၂၀၀၆ ဒီဇင်ဘာမှာ F700 လို့ခေါ်တဲ့ လေးထောင့် touch ဖုန်းတစ်ခုကို ထုတ်ခဲ့ပါသေးတယ်။ ဖုန်းတွေဟာ အချိန်နဲ့အမျှ ဒီဇိုင်းတွေဆန်းသစ်ပြီး ပေါ်နေပါတယ်။ Apple က သူ့လေးထောင့်ဖုန်းကို မူပိုင်ခွင့်လုပ်တဲ့အချိန်မှာ တစ်ခြားလေးထောင့်ဖုန်းတွေ ပေါ်ပြီးသားဖြစ်တဲ့အတွက် ဒီမူပိုင်ခွင့်ဟာ မခိုင်လုံဘူးလို့ဆမ်ဆောင်းကပြောပါတယ်။ Basic patent law အရလဲ if an idea is “obvious” to and “ordinary observer” at the time of its invention, it doesn’t deserve patent protection လို့ ပြောထားပါ
Apple နဲ့ Samsung အတွက်ကတော့ တရားရင်ဆိုင်မှူတွေရှိလင့်ကစား၊ တစ်ယောက်နဲ့တစ်ယောက် ညှိမရပေမဲ့လည်း သူတို့ရဲ့ ကုန်သွယ်မှူကိုတော့ ဆက်လုပ်သွားဖို့အလားအလာရှိပါတယ်။ ၂၀၁၁ မှာ နှစ်ဖက် တိုက်ပွဲတွေ ကြမ်းနေတဲ့ကြားထဲက Samsung က Apple အတွက် iPhone နဲ့ iPad တွေမှာ သုံးဖို့ A5 processor တွေကို သူရဲ့ Texas factory ကနေထုတ်ပေးခဲ့ပါတယ်။ ဒီ A5 ဟာ Samsung က ထုတ်ပေးခဲ့တဲ့ A4 ထက် ၂ ဆ မြန်ပါတယ်။ ဒါ့မပြင် Samsung က third generation iPad ရဲ့ အဓိက စွဲဆောင်မှူဖြစ်တဲ့ retina display ကိုလဲ ထုတ်ခွင့်ရခဲ့ပါတယ်။ ဒီတခါမှာ Sharp နဲ့ LG ကိုချန်ပြီး Apple က ရွေးခဲ့တာဖြစ်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် Apple ဟာ Samsung နဲ့ ပြသနာရှိပေမဲ့ လည်း လိုအပ်ချက်အရ Samsung ကိုမှီခိုနေရဆဲ ဖြစ်ပါတယ်။

အစပိုင်းမှာ ပြောခဲ့သလို တရားသူကြီးကိုတိုင်က ဟာသလုပ်ပြီး ညှိခိုင်းခဲ့တဲ့နောက် ၃ လအကြာမှာ သူ့ဆီကို ဒီနှစ်ယောက် ပြန်ရောက်လာခဲ့ပါတယ်။ ဒီတစ်ခါ Apple က Samsung ရဲ့ Galaxy S4G, Infuse 4G, Droid Charge နဲ့ galaxy tab 10.1 တို့ကို USA ကနေ ban ဖို့တောင်းဆိုပါတယ်။ Apple ရဲ့ ရှေ့နေအဖွဲ့ ခေါင်းဆာင်က ဒီလိုပြောပါတယ်။ အခု Android နဲ့ IoS ကြားမှာ တိုက်ပွဲတွေ အများကြီးရှိပါတယ်။ အမေရိကန် တော်တော်များများဟာ စမတ်ဖုန်းတွေ သုံးလာကြပါပြီ။ နောက်တစ်ခါ အရေးကြီးတာက လူတစ်ယောက်ဟာ ဒီ OS ကိုသုံးပြီးရင် အဲ့ဒီ OS အပေါ်မှာ ခင်တွယ်သွားပြီး နောက်ပိုင်း ဖုန်းဝယ်ရင် အဲ့ဒါမျိုးကိုပဲ ထပ်ဝယ်တော့တယ်လို့ သူကဆိုပါတယ်။ apple က 2011 fourth quarter မှာ ၃၇ million smartphone တင်ပို့ပါတယ်။ ပြီးခဲ့တဲ့နှစ်ထက် ၁၂၈ % ပိုလာပါတယ်။ Samsung က ၃၆ million တင်ပို့ပါတယ်။ သူတို့က 275% ပိုများလာပါတယ်။
တစ်ခါက ဆိုက်တစ်ခုမှာဖတ်ဖူးပါတယ်။ အမေရိကန်မှာ လူတွေ ဖုန်းသွားဝယ်လို့ iPhone ကို့ဆီမှာမရှိရင် ၀န်ထမ်းတွေက galaxy S ကိုပြပါတယ်။ အိုင်ဖုန်းနဲ့ ဆင်တယ်။ သုံးရတာလွယ်တယ်။ user interface ကလဲ သိပ်မကွာဘူးဆိုပြီး customer ကိုရောင်းပါတယ်။ network provider အတွက်က အိုင်ဖုန်းပဲဖြစ်ဖြစ် ဘယ်ဖုန်းပဲဖြစ်ဖြစ် သူ့ဆီက၀ယ်သွားဖို့အရေးကြီးပါတယ်။ ဒါကြောင့် ၀န်ထမ်းတွေက အိုင်ဖုန်း ပြတ်နေရင် Galaxy S ကို အတင်းရောင်းကြတာဖြစ်ပါတယ်။ ဒီလိုနဲ့ ၀ယ်သွားပြီး android fan ဖြစ်သွားတဲ့လူတွေမနဲတော့ပါဘူး။ J

Apple ဟာ ဒီတရားခွင်မှာ အဓိက patent 4 ခုကို မူတည်ထားပါတယ်။ သူ့ရှေ့နေက သူတို့ရဲ့ဖုန်းတွေဟာ earthshakingly new and completely new ဖြစ်တဲ့အပြင် Ipad ဟာဆိုရင်လဲ entirely new product category ကို ဖန်တီးခဲ့တယ်လို့ဆိုပါတယ်။ patent ၄ ခုထဲက ၂ ခုဟာ အပြင် ဒီဇိုင်းကို အခြေခံထားပြီး ပုံပေါင်း ၄၈ ပုံနဲ့သရုပ်ပြထားပါတယ်။ တတိယ patent ကတော့ တက်ဘလက်အတွက် ဒီဇိုင်းပုံဖြစ်ပါတယ်။ သူလဲ သရုပ်ဖော်ပုံတွေနဲ့ ဝေေ၀ဆာဆာပါပဲ။ နောက်ဆုံး PATENT ကတော့ ပုံမပါပါဘူး။ သူကတော့ Feature ဖြစ်ပါတယ်။ list ကို scrolling လုပ်တဲ့အခါ bounce back လုပ်တဲ့feature ပါ။ တိုက်ဆိုင်စွာပဲ Galaxy phones တွေကော Tab မှာပါ အဲ့ဒီ bounce back feature ပါပါတယ်။ (အခု galaxy phone တွေရှိရင် ကြည့်ကြည့်ပါ။ အဲ့ဒီ feature နေရာမှာ glowing clolor ကိုပြောင်းထားတာတွေ့ရပါမယ်။)

Samsung ရှေ့နေကတော့ Apple ဟာ ဖုန်းတွေနဲက တက်ဘလက်တွေရဲ့ အခြေခံ ပုံစံဖြစ်တဲ့ အနားဝိုင်းတွေရှိတဲ့ လေးထောင့် ပြားပြား ပုံဏ္ဍန်ကို မတရား သိမ်းပိုက်ထားတယ်လို့ ဆိုပါတယ်။ အဲ့ဒီအချိန်မှာ တရားသူကြီးက စိတ်ကူးပေါက်ပြီး Samsung ရှေ့နေကို ခပ်လှမ်းလှမ်းကနေ ပြီး tab နဲ့ iPad ကိုခွဲခိုင်းပါတယ်။ Samsung ရှေ့နေက ခြေလှမ်း ၁၀လှမ်းလောက်က နေ သူမခွဲခြားနိုင်ကြောင်း ပြောပါတယ်။ ဒါနဲ့ရှေ့ကိုနဲနဲတိုး စေတဲ့အခါမှာတော့ သူက အမှန်အတိုင်း ခွဲပြနိုင်ခဲ့ပါတယ်။ ဒီအခါမှာတရားသူကြီးက ဒီလိုခွဲခြားဖို့ အချိန်ယူရပါတယ်။ လူတွေဟာ တက်ဘလက် ၀ယ်လို့ရှိရင် မှားပြီးဝယ်ရင် ဘယ်လိုလုပ်မလဲလို့ မေးခွန်းထုတ်ပါတယ်။ ဒီတစ်ခါမှာ ကိုယ်တော်က တရားသူကြီးမင်းခင်ဗျား. ကျွန်တော်က ခမ်လှမ်းလှမ်းကနေကြည့်ရတာပါ။ ပြီတော့ တရားသူကြီးမင်းက တံဆိပ်ကိုလဲဖုန်းထားပါတယ်။ ဒီ tablet ရဲ့ ဒီဇိုင်း မူပိုင်ခွင့်ဟာ iPad တစ်ခုလုံးကို သတ်မှတ်ထားတာဖြစ်ပြီး တရားသူကြီးမင်းကကျွန်တော့ကို ဒီ တက်ဘလက် ၂ ခုရဲ့ နောက်ကျောကို မပြခဲ့ပါဘူး။ လူတွေ ဆိုင်မှာဝယ်တဲ့အခါကျရင် တစ်ခုလုံးကို မြင်ရမှာဖြစ်သလို တံဆိပ်ကအစ သေချာ နီးနီးကပ်ကပ် မြင်ရမှာဖြစ်တဲ့အတွက် မှားဝယ်စရာ အကြောင်းမရှိပါဘူး လို့ ပြောခဲ့ပါတယ်။ တရားသူကြီးက ဒါကို လက်ခံခဲ့ပါတယ်။ (ဒါကြောင့် အမေရိကန် Galaxy Tab တွေမှာ ဆမ်ဆောင်းလိုဂို ရှေ့မှာပါပြီး ယူကေမှာတော့ ဘာလိုဂိုမှ မပါတာဖြစ်ပါတယ်) J တရားသူကြီး ကိုတိုင် ခေါင်းချောက်စရာဖြစ်ခဲ့ပါတယ်။ သူမ အနေဲ့ စဉ်းစားတာက Samsung ဟာ apple ရဲ့ ipad ကိုခိုးချကောင်းခိုးချခဲ့မယ်။ ဒါပေမဲ့လဲ apple ဟာ သူ့အရင် ၁၉၉၄ ခုနှစ်က Knight-Ridder သတင်းစာ ကထုတ်ခဲ့တဲ့ Devices တစ်ခုကို ခိုးချတာလဲ ဖြစ်နိုင်တာပဲလို့ သူကသုံးသပ်ပါတယ်။
ဒီနေရာတွင် ခဏနားသည်.. လက်ထဲက အိုင်ပက်ကို ခဏကြည့်သည်။ ဘေးကိုချလိုက်သည်။ မျက်စိညောင်း၍ဖြစ်သည်။..

တရားသူကြီး ရဲ့သုံးသပ်ချက်တွေ တွေ့ရှိချက်တွေဟာလဲ တိတိကျကျ မဖြစ်သေးပါဘူး။ သူအခုဆုံးဖြတ်ရမှာက Samsung device တွေကို US ကနေ ban ဖို့ apple က တိုင်တဲ့အမှူပါပဲ။ ထုံးစံအတိုင်း ဒီအမှူဟာ ဆုံးခန်းမတိုင်သေးပဲ ဇူလိုင်လ မှာထပ်ကြားနာမှာဖြစ်ပါတယ်။ လောလောဆယ် ပထမအဆင့်အနေနဲ့ တရားသူကြီးက Apple ဟာ သူ့ဖုန်းရဲ့ ဒီဇိုင်းကို မူပိုင်ခွင့်ရှိပေမဲ့လဲီ လူတွေလက်ထဲမှာ အဆင်ပြေပြေကိုင်လို့ရမဲ့ လေးထောင့်ပုံစံ စမတ်ဖုန်း ပုံစံကိုတော့ မူပိုင်လုပ်ခွင့်မရှိဘူးလို့ပြောပါတယ်။ အကယ်၍ ရခဲ့ရင် တစ်ခြားဘယ်သူမှ ဖုန်းထုတ်လို့၇တော့မှာ မဟုတ်ပါဘူး။  နောက်တစ်ခါ Samsung က ပြောခဲ့တဲ့ အနားဝိုင်းတွေပါတဲ့ လေးထောင့်ပုံစံ တစ်ခုဟာ ဘယ်လိုများ amazingly innovative ဖြစ်ပါသလဲဆိုတာကို ဆုံဖြတ်ဖို့အတွက် သူမဟာ ၂၀၀၅ ခုနှစ် ဇွန်လက Sharp ကရခဲ့တဲ့ patent တစ်ခုကို ထောက်ပြပါတယ်။ အဲ့ဒီ sharp ရဲ့ patent ဟာ Apple ရဲ့ ပထမနဲ့ ဒုတိယ patent လိုပဲ အနားဝိုင်းတွေရယ်။ စခရင် ဘေးသားတွေရယ်၊ ပုံစံတူ စပီကာရယ်၊ အချိုးအစားတူ စခရင်နဲ့ ဖုန်း ပုံစံတွေပါပါတယ်။ သာမန်လူတစ်ယောက်ဟာ ဒီ Sharp patent နဲ့ Apple ရဲ့ patent ကိုအတူတူပဲလို့ထင်နိုင်စရာရှိပါတယ်။ ဒါပေမဲ့လဲ ဒီအမှူဟာ အဆုံးသပ်ကို မရောက်သေးပါဘူး။ ဆမ်ဆောင်းက ဒီ iPad ရဲ့ patent ကို valid ဖြစ်နိုင် မဖြစ်နိုင်မေးထားပါတယ်။ လာမဲ့ july မှာ ဆက်ပြီး တရားရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒီ တစ်ခေါက်အဖြစ်အပျက်တွေကိုကြည့်ရင် Apple အတွက် ကောင်းတဲ့ရလဒ်မဟုတ်ပါဘူး။ အနာဂတ်မှာ Company ရဲ့ products တွေအတွက် အန္တရယ်ရှိသလို တခြား company တွေနဲ့ ညှိနှိုင်းတဲ့အခါ တရားရင်ဆိုင်တဲ့အခါ သူများက ကို့အားနည်းချက်တွေကို သိထားတဲ့အတွက် အခက်အခဲရှိနိုင်ပါတယ်။

Samsung ရဲ့ Galaxy S4G နဲ့ infuse4 တို့ကလည်း apple ရဲ့ patent ကို ချိုးဖောက်ကြောင်း ထင်ရှားနေပါတယ်။ ဒါပေမဲ့လဲ တရားသူကြီးက ဒီဖုန်းတွေကို လောလောဆယ် မပိတ်သေးပဲ နောက်ဆုံး စီရင်ချက်ချတဲ့အထိ ရောင်းခွင့်ပြုထားပါတယ်။ Apple အနေနဲ့ ပိုပြီး စိတ်ပျက်စရာ ရလဒ်ကို ရနိုင်ပါတယ်။ သူတို့ရဲ့ iPad အတွက် ဆုံးဖြတ်ရာမှာ တရားသူကြီးက ၁၉၉၄ ခုနှစ်ထုတ် Fidler/Knight Ridder tablet, ဟာ အိုင်ပက်ရဲ့ အခြေခံဒီဇိုင်းနဲ့ တူနေလို့ပဲဖြစ်ပါတယ်။ ဆမ်ဆောင်းကလဲ ဒါကိုထောက်ပျပြီး အိုင်ပက်ရဲ့ ဒီဇိုင်းမူပိုင်ခွင့်ကို ဖျက်ပေးဖို့တောင်းဆိုထားပါတယ်။

Apple အနေနဲ့ နောက်ထပ် ရှေ့နေအဖွဲ့ကြီးတစ်ဖွဲ့ကို ငှားရမ်းပြီး အားဖြည့်ထားပါတယ်။ ဒါ့အပြင် ၂ဘက်လုံးက ထိပ်တန်း အရာရှိတွေနဲ့ CEO တွေဟာ မတ်လ ၂၁-၂၂ မှာတွေ့ပြီးဖြစ်ပါတယ်။ ဘာတွေ ဆွေးနွေးခဲ့လဲဆိုတောတော့ မထုတ်ပြန်သေးပါဘူး။ ဒါ့အပြင် Tim Cook ကလဲ Steve Job လိုမဟုတ်ပဲ တရားစွဲတယ်ဆိုတာ လိုအပ်ပေမဲ့ လက်စားချေဖို့အတွက် မဟုတ်ဘူးလို့ ပြောပါတယ်။ Samsung အပြင် Apple မှာ Google နဲ့လဲ အဖြေရှာမရတဲ့ ပုစ္ဆာတွေရှိပါသေးတယ်။ သူတို့ ၂ယောက်စလုံးဟာ Microsoft ရဲ့ ရန်ကလဲ ရှိသလို မိုဘိုင်းဖုန်း မားကက်မှာလဲ ပိုနေရာရအောင် ပြိုင်ဆိုင်နေဆဲပါ။ ဒါ့အပြင် ၂ ဖက်စလုံးက တီဗီ လုပ်ငန်းမှာလဲ အပြိုင်ဖြစ်နေပါတယ်။ Google TV and Apple TV.

ဒီလုပ်ငန်းကြီးတွေဟာ တရားစွဲဆိုမှူတွေနဲ့ပတ်သက်ပြီး ငွေကြေးမြောက်မြားစွာ အကုန်ခံထားကြပါတယ်။ ဒီစားရိတ်ကို လျော့ဖို့ တစ်ခုထဲသောနည်းလမ်းကတော့ ဆွေးနွေးပွဲတွေလုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် လိုင်စင်တွေ deal တွေလုပ်ဖို့ပဲဖြစ်ပါတယ်။ မဟုတ်ရင်တော့ ငွေကုန် အချိန်ကုန်ပြီး အကျိုးမရှိဖြစ်ပါလိမ့်မယ်။ ယခုထက်ထိ ဒီ company ကြီးတွေဟာ ရှေ့နေတွေအတွက် 400 million dollar သုံးစွဲထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့လဲ ထုံးစံအတိုင်း အမှူတွေက တိုးလို့တန်းလန်းပါပဲ။ ဘာဆက်ဖြစ်မလဲဆိုတာတော့ ဆက်ပြီးတော့သာရှူစားကြရမှာ ဖြစ်ပါတယ်။..