Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။

Tuesday, July 17, 2012

Android ဖုန်းတလုံးဝယ်ယူရာတွင် သတိမထားသောနေရာ


ကျွန်တော်တို့ Android ဖုန်းတစ်လုံးဝယ်မယ်ဆိုရင် ဒီနေရာလေးကို အမြဲထဲ့စဉ်းစားဖို့မေ့နေတတ်ကျတယ်။
အထူးသဖြင့် ဈေးနည်းနည်းနဲ့ စက်ရုပ်ဝယ်ဆော့မယ်သူတွေဆိုအထူး သိတိထားဖို့လိုမယ်ထင်တယ်ဗျ။
အဲ့လိုသာပြောတာပါ ကျွန်တော်တို့လည်တခါတခါ ဒီအပိုင်လေးကို ထည့်ပြောဖို့မေ့နေတတ်ကျတယ်။
ဘယ်နေရာလဲဆိုတော့ Android ဖုန်းတလုံးရဲ့ Internal Phone Storage ပါ။ တန်ဖိုးနည်းတဲ့ Android ဖုန်းတွေတော်တော်များများဟာ internal phone storage အရမ်းနည်းတယ်ဗျ။ နည်းတော့ဘာဖြစ်တုန်းဆိုတော့ app တွေအများကြီးထည့်ပြီးကလိလို့မကောင်းဘူး၊ပြီးတော့ တော်တော်များများကြုံဖူးမှာပါ ACE,Gio,Mini,Y ကိုင်နေတဲ့သူတွေဆိုရင် Memory Full ဖြစ်တယ်ဆိုပြီး notification မှာပေါ်လာတာလေ။
အဲ့ဒီမှာတချို့က Memory Card လဲကျတယ်။ တကယ်တော့ phone internal storage ကနည်းနေလို့ဖြစ်တာပါ။
အဲ့ဒီတော့ ကျွန်တော်တို့ကဘာလုပ်ပေးရလဲဆိုတော့ app တွေကို remove လုပ်ရပါတယ်။ အထူးသဖြင့်တော့ဗျာ app တွေများများထည့်ကလိမယ့်သူ၊ message များများလက်ခံတဲ့သူတွေအဖို့ ဖုန်းရဲ့ Internal Storage ဟာ အရမ်းအရေးကြီးပါတယ်။ Android ဖုန်းတွေဟာ အနည်းဆုံး internal storage ရဲ့ FreeSpace ဟာ 100MB လောက်တော့ရှိသင့်တယ်။ ကျွန်တော်တို့အခုတလော U8818 ကိုဘာလို့ သုံးခိုင်ကျလဲဆိုရင်။ သူ့မှာပါတဲ့အခြားပစ္စည်းတွေကိုအသာထား Internal Storage ကကို 700MB လောက်ပါတယ်။ တစ်သိန်းခွဲဝန်းကျင် Samsung,Sony တွေမှာကို အဲ့ဒီလောက် internal storage များတဲ့ဖုန်းမရှိဘူး။
ကလိချင်တဲ့သူတွေက ဖုန်းဝယ်မယ်ဆိုရင် internal storage လေးကိုဂရုစိုက်စေချင်တယ်ဗျ။
ဒါမှများမျာကလိလို့ရမှာလေ။ ဖုန်း internal storage တွေက
Galaxy Young,Galaxy Ace,Galaxy GIO, Galaxy Fit,Galaxy Mini (180MB) ၀န်းကျင်
Sony Xperia X8,W8,X10 mini,X10 mini pro (200 MB) ၀န်းကျင်
Sony Xperia Ray,Neo,Neov,Arc,Arc-S (375MB) ၀န်းကျင်
HTC Wildfire,Wildfire S,Explorer (190MB) ၀န်းကျင်
Samsung Galaxy ACE-Plus, Galaxy W (1GB) ၀န်းကျင် *နှစ်သိန်းအောက်*
နှစ်သိန်းကျော်တဲ့ စက်ရုပ်ဖုန်းတွေအားလုံးနီပါးကတော့ Internal Phone Storage တော်တော်များများပါတယ်ဗျ။
သုံးလို့ကလိလို့အဆင်ပြေပါတယ်။
*Internal Storage* နည်းနည်းဝယ်ထားတဲ့သူတွေလည်းစိတ်မညစ်ပါနဲ့ နဂိုတိုင်းထက်စာပြီးကလိလို့ရအောင်လုပ်လို့ရတဲ့နည်းလေးရှိပါတယ်။ Link To Sd , App to Sd တို့ကိုသုံးပြီးနေရာရွေ့လိုရပါသည်။ အသေးစိတ်ကိုတော့ နောက်မှသေးချာရေးပေးမယ်။
အားလုံးများများကလိနိုင်ပါစေ။ နက္ခတ် သစ် (MMUC)