Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။

Tuesday, July 10, 2012

လာမည့်နှစ်မှာဖြစ်အောင်လုပ်ရမယ်

ကျွန်တော်တို့ဒီနေ့ ရန်ကုန်၊မန္တလေးမှာပါ MMUC ၏နှစ်ပတ်လည်ပွဲလေးကို အားလုံးအကောင်းဆုံးဝိုင်ဝန်းဆင်နွှဲနိုင်ခဲ့ပါပြီး။ “ကျွန်တော်မပါပါ”
ဒါပေမယ့် Admin များ Member များအနေနဲ့ဒီGroupလေးကို ဒီထက်မကပိုမို တိုးတက်အောင်မြင်အောင်
ဆောင်ရွက်စေချင်ပါတယ်။
ကျွန်တော်တို့ Group လေးဟာအရမ်းချစ်စရာကောင်းပါတယ် ရည်ရွယ်ချက်လည်းကောင်းတဲ့ Group လေးပါ။
ကဲတစ်နှစ်ပြီးပြီးဆိုတော့နောင်တစ်နှစ်ဒီထက်ပိုကောင်းအောင် ကြိုးစားရကြမယ်ဗျို့။ ကဲအဲ့ဒါတော့ ကျွန်တော်တို့
အားလုံးမှာတာဝန်ရှိပါတယ်ဗျို့။ ကျွန်တော်တို့အားလုံး လုပ်ရမယ့်ကိစ္စလေးတွေရှိသေးတယ်နော်

၁။ ကျွန်တော်တို့ Forum လုပ်မယ့်ကိစ္စကိုအောင်မြင်အောင်ဝိုင်ဝန်းကြဖို့
၂။ အဲ့ဒီလိုဆောင်ရွက်ရာမှာ member များအနေနဲ့တတ်စွမ်းသမျှ ၀ိုင်ဝန်ကူညီ လှူဒါန်ကြဖို့
၃။ နောက်နှစ်ပတ်လည်ပွဲတွေမှာ ဒီထက်မကစည်းကားတဲ့ပွဲလေးဖြစ်အောင် စီစဉ်ကြရအောင်ဗျို့။

Forum ကိစ္စကိုအောင်မြင်စေချင်တယ်ဗျို့။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့နိုင်ငံအနေနဲ့လည်း
အဲ့လိုစက်ရုပ်၊ပန်းသီးတွေနဲ့ ပတ်သတ်ပြီးပြည့်စုံတဲ့ Forum လေးဖြစ်စေချင်တယ်ဗျာ။
နည်းပညာအရ လူတိုင်းမြန်မာလိုဖတ်နိုင်ရင်အရမ်းကောင်းပဲဗျို့။ တနည်းအားဖြင့် စကားလုံးအကြီးကြီးတွေပြော
ရရင် နိုင်ငံအတွက် ကျွန်တော်တို့ Group က လုပ်ပေးနိုင်တာတစ်ခုပဲလေ။ MMUC ၀ိုင်းတော်သားတွေအားလုံးကြိုးစားရင်ဖြစ်နိုင်ပါတယ်ဗျာ။ လူ ထောင်ချီတဲ့အားရှိနေပြီးလေ။
အားလုံးတတ်နိုင်သမျှ လူအား၊ငွေအားနဲ့ဝိုင်ဝန်းကြိုးစားကြရအောင်ဗျာ။