Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။

Tuesday, July 10, 2012

Enable On Screen Buttons on Your ICS

Root လိုပါတယ်။
Root Explorer လိုပါတယ်။

- Root Explorer နဲ့ /data/ အောက်ကိုသွားပါ။ local.prop ကိုရှာပါ။ မတွေ့ရင်/မရှိရင် အသစ်လုပ်ပါ။
- အောက်က စာကြောင်းတွေရိုက်ပါ။

qemu.sf.lcd_density=240
qemu.hw.mainkeys=0

အပေါ် စာကြာင်းက screen ရဲ့ density ပါ။ 240 က ဖုန်းပုံစံပါ။ 160 က တက်ဗလက်ပုံစံပါ။
အောက် စာကြောင်းက ဖုန်းတွေမှာ Galaxy Nexus လိုမျိုး On Screen Button တွေ ပေါ်လာမှာ ဖြစ်ပါတယ်။
Tablet တွေမှာဆိုရင်တော့ အောက်က စာကြောင်းမလိုပါ။

ပြီးရင် save လုပ်ပြီး reboot လုပ်လိုက်ပါ။

ပုံ - Galaxy Tab P1000 CM9 ကို ဖုန်းပုံစံပြောင်းထားခြင်း

သင့်ဖုန်းမှာ နဂိုပါလာတဲ့ Capacitive Button တွေ ပိတ်ချင်တယ်ဆိုရင်တော့ဒါတွေကို flash လုပ်ပါ။
- Button တွေကို ပိတ်မယ် - http://db.tt/AyJLDkg1
- Button တွေကို ဖွင့်မယ် - http://db.tt/PhxFyBb3
- Button တွေအပေါ်က လင်းနေတဲ့ မီးကို ပိတ်မယ် - http://db.tt/BRpy78Cz

သတိထားပါ။ Capacitive Button တွေကို ပိတ်မယ်ဆိုရင် On Screen Button တွေ အလုပ်လုပ်တယ်ဆိုတာ သေချာတော့မှ ရယ်၊ သင့်အတွက် Capacitive Button တွေ မလိုအပ်တော့ဘူး ဆိုမှ လုပ်ပါ။

Button Backlight ပြန်ဖွင့်ချင်တယ်ဆိုရင် ROM ပြန်တင်မှ ရပါလိမ့်မယ်။

တစ်ချို့ ROM တွေမှာ Capacitive Button တွေကို ပိတ်ဖို့အတွက် option ပါလာပါတယ်။ (ဥပမာ CM9)

ဒါတွေလိုက်လုပ်လို့ သင့်ဖုန်း၊ တက်ဗလက် ထပေါက်သွားရင် ကျွန်ုပ် တာဝန်မယူ။ :P

Credit - all the information are from xda except the picture.