Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။

Tuesday, July 10, 2012

Everything I Got About Lenovo ideaPad A1

A1 အတွက် ICS ကလဲ official ထွက်ခဲ့ပါပြီ....တင်ဖို့ဒေါင်းဖို့လင့်လေးတွေကိုရေးပေးထားပါတယ်....:)
ပထမဆုံး A1 အတွက်ဖိုင်တွေကိုတင်ထားတဲ့ ဆိုဒ်လေးတွေကိုအရင် list ရေးလိုက်ပါတယ်....

A. ClockworkMod recovery and Stock Recovery for lenovo ideaPad A1
http://www.doc.ic.ac.uk/~grm08/ideapad/

B. A1 -rooting softwares and other essentials
http://a1.cu2.at/

C. Lenovo A1 official Stock ROMs ( 2.3.4 )
http://download.lenovo.com/slates/a1/OTA/

I. A1 ကို ClockwordMod Recovery တင်ခြင်း
ပထမဆုံး တော့ A1 အတွက် Clockworkmod recovery ကိုတင်ဖို့လိုပါတယ်...CWM တင်ဖို့ နံပတ် A မှာပေးထားတဲ့ link ထဲက cwm-5.0.2.7-rev3-ideapad-a1.zip လေးကိုဒေါင်းပါ... ပြီးရင် အဲ့ဖိုင်လေးကို Update.zip လို့ rename လိုက်ပီး SD card ထဲထည့်ပါ...A1 ကိုပါဝါပိတ်လိုက်ပါ... ပါဝါပြန်ဖွင့်ရင် Power + Vol Down ကိုတွဲနှိပ်လိုက်ရင် ခုနက ထည့်လိုက်တဲ့ CWM ကိုတင်သွားပီး ပါဝါပိတ်သွားပါမယ်..နောက်တစ်ကြိမ် key တွေနှိပ်ပီးပြန်ဝင် ရင် CWM ပေါ်ကိုရောက်မှာပါ...

II. ClockworkMod Recovery မှတဆင့် A1 ကို root ခြင်း
Root လုပ်ဖို့အတွက် No.B link မှာပေးးထားတဲ့ link ထဲက A1-rooter.zip လေးကိုဒေါင်းပါ...tablet ထဲထည့်ပါ..ပြီးရင် Clockworkmod recovery ထဲကိုဝင်ပီး install zip from SD/internal SD card နဲ့တင်လိုက်ပါ...ဒါဆိုရင်တော့ lenovo A1 ကို root ပီးသွားပါပြီ... မြန်မာဖောင့်ထည့်လို့ရပါပြီ.....

III. Myanmar Font ထည့်ခြင်း
  Myanmar Font တင်ဖို့တော့ MMUC မှာဦးသူရိန်ရေးပေးထားတဲ့ App လေးက အလွယ်ကူဆုံးပါဘဲ...
ဒီ doc မှာအပြည့်အစုံရေးပေးထားပါတယ်..
http://goo.gl/JLnoP s
ဒီ App ကိုသုံးဖို့အတွက်အပေါ်ကအဆင့်တွေနဲ့ root access ရခဲ့ဖို့လိုပါတယ်..

IV. Android 4.0.4 Official Update ( 23.6.2012 )

http://download.lenovo.com/slates/a1/ICS_OTA

A107I0_A404_001_012_0091_US.zip ကိုဒေါင်းပါ....Clockworkmod recovery နဲ့ မတင်ပါနဲ့...Update.zip လို့နာမည်ပြောင်းပီး Stock Recovery ကနေတင်ပါ...CWM တင်ထားလို့.stock recovery ကိုပြန်သွားဖို့ဆိုရင် A လင့်က stock recovery ဖိုင်ကို CWM ကနေ Flash လိုက်ပါ... နောက်တစ်ကြိမ် Power + Vol Down နဲ့ပြန်ဝင်ရင် အစက ထည့်ထားတဲ့ ICS ဖိုင် Update.zip ကို stock ကနေတင်သွားပါလိမ့်မယ်...:)
******* CWM ကနေ stock recovery ပြန်မတင်ခင်လေးမှာ Wipe/Format , Wipe Cache, Wipe Delvik Cache တွေကို လုပ်ဖို့မမေ့ခဲ့ပါနဲ့...မဟုတ်ရင် Boot Loop ဖြစ်ပါလိမ့်မယ်....:) တကယ်လို့ Boot Loop ဖြစ်ခဲ့ရင်လဲ မပူပါနဲ့... နည်းလမ်းရှိပါရဲ့...:D :D

V. ICS မှာပျင်းလို့ Gingerbread ပြန်ဆင်းချင်သူများအတွက်

နံပတ် C ကလင့်မှာ A107W0_A234_001_015_2643_ROW.zip ကိုဒေါင်းလုပ် ပါ...
SD card ထဲထည့်ပါ..........CWM ပေါ်သွားပါ........
Wipe Data/Factory Reset လုပ်ပါ....
Advanced>> Wipe Delvik Cache ပါ........
ပြီးရင်ခုနက ထည့်ခဲ့တဲ့ zip ဖိုင်လေးကို install လုပ်ပါ...
ဒါဆိုရင် gingerbread ပေါ်ကိုပြန်ရောက်သွုားမှာဖြစ်ပါတယ်...root ဖို့နဲ့မြန်မာစာထည့်ဖို့အတွက်ကတော့ နံပတ် I နဲ့ II အတိုင်းပေါ့ဗျာ.....အဆင်ပြေကြမယ်ထင်ပါတယ်..လိုတာတွေလဲရှိပါသေးတယ်.... အဆင်မပြေရင်မန့်ကြပါကုန်.................:P



By Tint Ag Khaing in Myanmar Mobile Users Club