Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။

Tuesday, July 10, 2012

First Myanmar iOS Game (CanPuz)


မြန်မာနိုင်ငံထုတ် iOS game Cannon Puzzle (CanPuz) ကို http://www.tarateam.com က ယနေ့တွေင် Apple application store မှဖြန့်ချီလိုက်ပါသည်။

ဂိမ်းမှာ Physics based puzzle shooting Game အမျိုးအစားဖြစ်ပြီး 0.99 US$ ဖြင့်ရောင်းချပါသည်။

ဂိမ်းတွင် မတူညီသော အခန်းပေါင်း ၉၆ ခန်းပါဝင်သည်။ နောက်ထပ်မံထွက်ရှိလာမည့် update များတွင် အခန်းများထပ်မံထည့်သွင်းမည် ဖြစ်ကြောင်းသိရပါသည်။ ယခုဝယ်ယူထားသူများအနေဖြင့် ထို update များကို အခမဲ့ရယူနိုင်သည်။

ဂိမ်းမှာ ဉာဏ်စမ်း ဂိမ်းအမျိုးအစားဖြစ်ပြီး ဂိမ်းကစားသူမှ အမြှောက်ပစ်ခတ်၍ ရည်မှန်းထားသော ရန်သူကို သတ်ရသော ကစားနည်းမျိုးဖြစ်သည်။

ဂိမ်းကို အောက်ပါလင့်တွင်သွားရောက် ကြည့်ရှုနိုင်ပါသည်