Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။

Tuesday, July 10, 2012

How to Add Myanmar Keyboard to a rooted Amazon Kindle Fire


အရင်တုန်းက comment တွေမှ ဘရိုတွေရေးဖူးပေမဲ့ Doc section မှာမရှိဘူးထင်လို့ ပြန်ရေးပြီးထည့်လိုက်ပါတယ်.. ရှိပြီးသား ထပ်နေရင်လည်း ပြန်ဖျက်နိုင်ပါတယ်ဗျာ..

KF မှာ မြန်မာ keyboard ထည့်ဖို့ကိုအရင်ဆုံး Rooted ပြီးသားဖြစ်ရပါမယ်ဗျာ.. တကယ်လို့ မ root ရသေးရင်တော့ root နည်းကို အောက်မှာဖတ်နိုင်ပါတယ်..

ပြီးရင် ပထမဆုံး Unknown Sources ကနေသွင်းတာကို လက်ခံအောင် သွားပြောင်းပေးရမယ်ဗျ..
အပေါ် taskbar မှာ Setting icon လေးကို tap လုပ်ပြီး More ထဲကိုဝင်ပါ.. ပြီးရင် Device ထဲမှာ Allow installation of applications from unknown sources ဆိုတာလေးကို On (On button ပေါ်မှာ လိမ္မော်ရောင်ရောက်အောင်) ပေးရမယ်ဗျ..

ပြီးရင် ကျွန်တော်ကတော့ Frozen Keyboard သုံးနေလို့ အဲ့ဒါလေးနဲ့ ဆက်ပြောပြမယ်ဗျ..
FrozenKeyboard_v1.1.3 (Credit to Original Owner)
အဲ့ဒီမှာ download လုပ်ပြီး KF ထဲကိုထည့်ပြီး install လုပ်လိုက်ပါ..

ပြီးရင် Root Explorer ထဲဝင်ပြီး /data/app/ အောက်မှာ ရှိတဲ့ com.thihaayekyaw.frozenkeyboard-1.apk ဆိုတာကို long tap လုပ်ပြီး Copy လုပ်လိုက်ပါ.. ပြီးရင် /system/app/ အောက်မှာသွားပြီး Paste လုပ်ရမယ်ဗျ.. Paste မလုပ်ခင် Mount R/W လေးကို တစ်ချက် နှိပ်ပြီးမှ paste လို့ရပါမယ်.. ပြီးရင်တော့ KF ကို Shut down ချပြီး ပြန်ဖွင့်လိုက်ပါ..

ပြန်တက်လာရင် စာရိုက်တဲ့တစ်နေရာရာ (for E.g. Note) ထဲဖြစ်ဖြစ်ဝင်ပြီးတော့ ရိုက်မဲ့ text box area မှာ long tap လုပ်ပြီး Input Method မှာ Frozen Keyboard ကိုရွေးလိုက်ရင် မြန်မာလိုရော၊ English လိုပါ ရိုက်လို့ရပါပြီ..
အဆင်ပြေကြပါစေဗျာ..
KKMM Mein Main (MMUC)