Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။

Wednesday, July 11, 2012

i am ROCKING with APPLE (သို့) ပန်းသီးတစ်လုံး ၏ ရာဇ၀င် !!!!!

  • iPhone ကို ကိုင်ချင်လွန်းသောကြောင့် မြန်မာပြည်၏ မတန်တဆ GSM ဖုန်းဈေးကို မမူ့ပဲ နာမည်ပေါက်ကို ဒီ Group ထဲက သူငယ်ချင်းတစ်ဦး၏ အကူအညီဖြင့် ၂၀၀၈ ခုနှစ် ၈ လပိုင်းတွင် လျှောက်ထားခဲ့ပါသည်။
    အဆင့်ဆင့်သော မလွယ်ပေါက်များကို ပိတ်ရသဖြင့် ၂၀၀၈ ခုနှစ် ၁၁ လပိုင်းတွင်မှ ကျွန်တော်၏ ဖုန်းလျှောက်လွှာ ကျလာပါသည်။ (စာရွက်ရဖို့ပဲ ၂.၁ သန်း ကျသင့်ခဲ့ပါသည်)
    "သုည ကိုး ငါး သုည ချစ်ချစ် နင့် ကိုကို" ဟု ခေါ်တွင်သော
    ကျွန်တော်၏ဖုန်းနံပါတ် ရရှိရန် မြန်မာကျပ်ငွေ ၀.၂ သန်းခန့် သုံးခဲ့ရပါသည်။
    ထို့အပြင် ပန်းသီးဖုန်း သရီး ဂျီ ကို မြန်မာနိုင်ငံတွင် ၀ယ်ယူမရနိုင်သေးသဖြင့် ၂၀၀၈ခုနှစ် ဒီဇင်ဘာလတွင်
    စလုံး သို့ အလည်အပတ်ဟူသော ခေါင်းစဉ်ဖြင့် သွားရောက်ကာ ၀ယ်ယူခဲ့ရပါသည်။
    "ပန်းသီး ပန်းသီး ပန်းသီး ပန်းသီး "ဟု တစ်သီးထဲသီးခဲ့ပါသည်။
    (စက်ရုပ် ကို မကြားဖူးပါ။ Sansung Omnia စထွက်စ အချိန်၊ Nokia 5800 ၅ သန်းခန့် ဈေးပေါက်ချိန် ပါ၊ အော့ဖစ်ရှယ် အန်လော့ဂ် ဆိုတာ ဘာမှန်းမသိသေးပါ၊ ကြားပင်မကြားဖူးပါ)
    ပန်းသီးဖုန်း သရီး ဂျီ လော့ဂ်ကို စလုံး ၉၅၀ ခန့် (၁ ယူအက်စ် = ၁၄၅၀ ကျပ်ခန့်) ပေးကာ ခေါင်းမေါ့ ရင်ကော့ပြီး ၀ယ်ယူခဲ့ ပါသည်။
    ယခု အချိန်ထိ သစ္စာရှိရှိ ပင် သူ့လက်စွဲသုံးနေစဲပါ။
    ယခုအချိန်ထိ ရွှေ နိုင်ငံမှ အလွန့်အလွန်တော်ပြီး တတ်သိနားလည်၊ ဈေးနှူံး ချိုသာ၊ ဖော်ရွေပျူငှာသော ဖုန်းပြင်ဆိုင်များသို့ တစ်ကြိမ်ဆို တစ်ကြိမ်မှ မပို့ဖူးပါ။
    ယခု အချိန်ထိ ကိုယ်တိုင် ဂျေးဘရိတ်၊ အန်လော့ဂ် လုပ်ကာ သုံးနေဆဲပါ။
    အိုင်အိုအက်(စ်) ၄.၂.၁ ကို ၂၀၁၀ခုနှစ် မတ်လတွင်  နောက်ဆုံး အပ်ဂရိတ်လုပ်ကာ ယခုထိ "လေးလေးပင်ပင်" ပင်သုံးစွဲနေဆဲပါ။ ဒေါင်းဂရိတ်လုပ်ရန် ကွန်နက်ရှင် မျက်နှသာမပေးသော ကြောင့်ဖြစ်ပါသည်။  (The Best OS for iPhone 3G = 3.1.2 or 3.1.3)
    မည်သည့်အခါမှ နောင်တမရခဲ့ပါ။ ပန်းသီးကို ကြိုက်လွန်းသောကြောင့် ၀ယ်ခဲ့ချင်းဖြစ်သည်။ သုံးနေစဲဖြစ်သည်။ ဆက်လက်သုံးဆွဲနေပါဦးမည်။
    (စာကြွင်း ။    ။ iPod nano second generation ၂ ဂစ် ကို ၂၀၀၅ခုနှစ်တွင် ၀.၂သန်းနီးပါးဖြင့် ၀ယ်ယူသုံးစွဲခဲ့သည် မှ အစပြုကာ ပန်းသီးရာဇ၀င်ဖြစ်ပေါ်လာပါသည်။)လက်ရှိ ပိုင်ဆိုင်မှူ့ - iPhone 3G(8G) ,iPod Nano (2G), MacBook

    ပန်းသီးချစ်သူ(အမျိုးအစားချင်း တူနိုင်ပါသည်၊ အရေအသွေးလည်း သာလွန်ကောင်းသာလွန်နိုင်ပါသည်၊ သို့သော် ရင်ဘက်ထဲကနေရာမှာတော့ ၀င်နိုင်လိမ့်မည် မဟုတ်ပါ။)