Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။

Monday, July 23, 2012

iControl အသုံးပြု၍ iPhone ၏ Data Connection များကို ထိန်းချုပ်ခြင်း


Cydia ထဲက Tweak တစ်ခုပါ။ App ရဲ့ ရည်ရွယ်ချက်ကတော့ ဖုန်းရဲ့ Battery Life ကို ထိန်းချုပ်ဖို့ပါ။ ဒီ Tweak နဲ့ ကျွန်တှောတို့ ဆီမှာ Data Connection သုံးရင် EDGE ဆိုရင် Speed အရမ်းနှေးတာ လို့ 3G Only ဖြစ်အောင် လုပ်ဖို့ နဲ့ Data Connection မပိတ်မိလို့ ပိုက်ဆံ အလဟသ ကုန်သွားတာမျိုးတွေကို ထိန်းချုပ်လို့ရပါတယ်။

Cydia ထဲကနေ iControl ကို Install လုပ်ပါ။


iControl ကို ဖွင့်လိုက်ရင် အောက်ကအတိုင်းတွေ့ပါလိမ့်မယ်။ Settings လုပ်ဖို့ Radios ထဲကို ဝင်ပါ။
အောက်ကအတိုင်းတွေ့ပါမယ်။
တကယ်လို့ Computer နဲ့ Tethering သုံးမယ်ဆိုရင် Locked ရော Unlocked ရောမှာ 3G ထားလိုက်ပါ။
တကယ်လို့ Data ပိတ်ဖို့ မေ့တဲ့အခါ Auto ပိတ်သွားချင်တယ်ဆိုရင် Lock မှာ Radio Off ကို ရွေးထားလိုက်ပါ။ တကယ်လို့ Locked မှာ Radio Off ထားရက်နဲ့ Tethering သုံးနေမယ်ဆိုရင်တော့ ဖုန်း Lock ဖြစ်သွားတာနဲ့ Data Connection ပိတ်သွားမယ်။
Delay မှာ None ကို ထားလိုက်ပါ။
သုံးတော့မယ်ဆိုရင် iControl Enabled ကို On လိုက်ပါ။
တကယ်လို့ SB Setting ထည့်ထားမယ်ဆိုရင် iControl SBsettings Toggle ပါ Install လုပ်ထားလိုက်ရင် SB Settings မှာ iControl ကို အလွယ်တကူ on/off လုပ်နိုင်ပါမယ်။

သတိထားရန်
Data မသုံးတော့ဘူးဆိုရင် iControl ရဲ့ Enabled Switch ကို Off ထားရပါမယ်။ iControl Enabled လုပ်ထားတဲ့အချိန်မှာ Data On/off လုပ်လို့မရပါဘူး။ Data အမြဲတမ်း On နေပါမယ်။

Personal Hotspot သုံးမယ်ဆိုရင် သုံးမယ့် Device Connect လုပ်ပြီးမှ iControl ကို Enabled လုပ်ပါ။ iControl Enabled လုပ်ပြီးမှ personal hotspot Connect လုပ်ရင် တစ်ခါတစ်လေ ချိတ်မလို့မရပဲ ဖြစ်တတ်ပါတယ်။

Locked ရော Unlocked ရော 3G ထားတဲ့သူတွေ အနေ နဲ့Data သုံးတဲ့အချိန်မှ Enabled လုပ်ပြီး Data မသုံးတော့တာနဲ့ ပိတ်ရပါမယ်။

Locked မှာ Radio Off ထားတဲ့သူတွေကတော့ အမြဲ On ထားမှ Data Switch မပိတ်မိတဲ့အခါမှာ Auto Data ပိတ်ပါမယ်။

အခြားသော Setting များကိုလည်း မိမိ လိုအပ်သလို ချိန်ဆ အသုံးပြုပါလေ။ အသုံးပြုသူများအားလုံး အဆင်ပြေ စိတ်ချမ်းသာပါစေ........ :) Thura Tun (MMUC)