Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။

Tuesday, July 10, 2012

ICS နဲ့ မြန်မာစာ ပြသနာ

ICS တင်ပီးရင် မြန်မာစာ အဆင်ပြေပါ့မလား။ ICS တင်လိုက်ရင် မြန်မာစာက မှားကုန်တယ်ဆို။ ကျနော့ ဖောင့် အင်စတော်လာ သုံးတာတောင် မမှန်ဘူးလား။ အဲဒီလို မေးခွန်းတွေ များလာတဲ့အတွက် ဒါလေး ရေးဖို့ စိတ်ကူးရပါတယ်။

Android စက်တွေမှာ မြန်မာစာတင်တဲ့အခါမှာ သူ့ထဲမှာ Original ပါလာတာ မဟုတ်တဲ့အတွက် ပြသနာတွေ အနည်းနဲ့ အများ ရှိပါတယ်။ အဲဒီအထဲမှာ အကြီးဆုံး ပြသနာ ၂ ခုရှိပါတယ်။

၁။ ဆိုနီတွေမှာ မြန်မာစာ မမှန်တာပါ။
၂။ ICS မှာ မြန်မာစာ မမှန်တာပါ။

အဲဒီ ၂ ခုက မတူပါဘူး။ အောက်က ပုံကို ကြည့်ပါ။



-ျ တွေ -ူ တွေ အပေါ်တက်နေတာ၊ -ှ တွေ အောက်ကျနေတာ၊ စာတွေ မညီတာ စတဲ့ ပြသနာတွေက ဆိုနီတွေမှာ ရိုးရိုး ဇော်ဂျီဖောင့်ကို ထည့်လိုက်လို့ ဖြစ်တာပါ။ မှန်းဖတ်လို့ ရပါသေးတယ်။ အဲဒါကို ကျနော်ရေးထားတဲ့ Zawgyi Font Installer APK သုံးပီး ရှင်းလို့ရပါတယ်။

ဒီအောက်က ပုံကို ကြည့်ပါဦး



နံပါတ် ၁ နေရာမှာ ရေးထားတဲ့စာက "ဆောင်ရွက်" ပါ။ ပေါ်နေတာက "ဆောရင်ွက်" ဖြစ်ပါတယ်
အဲဒီလိုပဲ
နံပါတ် ၂ နေရာမှာ ရေးထားတာက "မိဘဆွေမျိုးများ" ပေါ်နေတာက "မိဘေဆွမျိုးများ"
နံပါတ် ၃ "အခြေအနေ" ရေးထားတာကို "အေခြအေန" စသည်ဖြင့် လွဲပါတယ်။

အဲဒါက ဖောင့်ပြသနာ မဟုတ်ပါ။ ICS မှာ ပါလာတဲ့ ( တစ်ကယ်က Honeycomb မှာကတည်းက ) Complex Script Rendering လို့ ခေါ်တဲ့ အင်္ဂလိပ်စာ မဟုတ်တဲ့ စာတွေကို ဘယ်လို ပြမယ်ဆိုတဲ့ Module ရဲ့ ပြသနာပါ။ သူက ၀င်လာတဲ့ စာတွေကို သူစီချင်သလို စီပစ်လိုက်လို့ အဲဒီလို ဖြစ်နေတာပါ။
ဒီနောက် ဗားရှင်းတွေမှာလဲ ပြင်တယ်ဆိုဦးတော့ ဇော်ဂျီအတွက် ပြင်မယ် မထင်ပါဘူး။ ယူနီကုဒ်အတွက်သာ မှန်အောင် လုပ်ကြပါလိမ့်မယ်။ အဲဒီတော့ ဇော်ဂျီမှ ဇော်ဂျီ ဖြစ်နေရင်တော့ 2.3.* မှာပဲ နေခဲ့ကြပါ။ နောက်ကိုလိုက်တင်မယ်ဆိုရင်တော့ ဒီပြသနာ ဖြစ်နေဦးမှာပါပဲ။ ကျနော်တို့ သန်း ၆၀ လောက် ရှိတဲ့စာ ဖြစ်တာ မပြောနဲ့။ သန်း ၃ ၄ ရာ ရှိတဲ့ တမီလ်စာတွေတောင် မှားနေလို့ XDA မှာ အော်ဟစ်နေတာ အများကြီးပါ။

သူက ဆက်မှားမှာ သေချာနေပီဆိုတော့ ကျနော်တို့က မှန်အောင် ဘယ်လိုလုပ်မလဲဆိုပီး နည်းရှာရပါတယ်။ အဲဒီမှာ Webpage တွေအတွက် Firefox ကို သုံးရင် မှန်တယ်ဆိုတာ တွေ့ပါတယ်။
ဖြစ်ချင်တော့ Firefox မှာ မြန်မာစာ မှန်ပေမယ့် အင်္ဂလိပ်စာက မှားနေပြန်ရော။ အင်္ဂလိပ်စာမှန်ဖို့ ထပ်ပြင်ရပါတယ်။ အသေးစိတ် ဒီထဲမှာ ကျနော်ရေးဖူးပါတယ်။ ရှာဖတ်လိုက်ပါ။

နောက် Facebook အတွက်ကျတော့ Friendcaster Pro တို့လို Fast Facebook တို့လို Third Party Apps တွေ သုံးရင် မှန်ပါတယ်။ Mail အတွက်တော့ ကျနော်လဲ သိပ်မသုံးဖြစ်လို့ မရှာဖြစ်ပါ။

အဲဒီနည်းနဲ့သာ မြန်မာစာကို ICS ပေါ်မှာ မှန်အောင် လုပ်လို့ ရပါတယ်။ ကျန်တဲ့ အခြားနည်း မရှိပါခင်ဗျာ။ အခုလဲ မရှိပါ။ နောက်လဲ ဘယ်တော့မှ ရှိလာမှာ မဟုတ်ပါ။