Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။

Saturday, July 21, 2012

King Root PC ( GB & ICS Universal Root )


Universal Root တဲ့ ဗျာ . Unlock Root လိုမျိုး ပုံစံတူနောက်တစ်မျိုးလာပါပြီ . တရုတ်ထုတ်ဆော့ဝဲပါ .
စက်ရုပ်ထုံးစံအတိုင်း မိမိဖုန်းနဲ့ သက်ဆိုင်တဲ့ Driver ဆော့ဝဲအသီးသီးကို မိမိရဲ့ ကွန်ပျုတာမှာ အရင်ဆုံးထည့်သွင်းထားရပါမယ် .
နောက်တစ်ချက်က USB Debugging ကို On ( or ) အမှန်ခြစ်ထားရပါမယ်

ကဲ စပါပြီ . အောက်ဆုံးမှာပေးထားတဲ့ ဒေါင်းလုပ်လင့်ကို နှိပ်ပြီးဒေါင်းလုပ်ဆွဲပါ . ဖိုင်ကို Password နဲ့ လော့ချထားပါတယ် .

Password : mmuc

ဒေါင်းလို့ ရလာတဲ့ ဖိုင်ကို ဖြည်ထုတ်ပါ .
ပြီးရင် King Root.exe ကို run ပါ .
အောက်ပါ ပုံအတိုင်း မြင်ရပါမယ် :)


ပြီးလျှင် Root ဆိုတဲ့ ခလုတ်ကို နှိပ်ပါ . Driver ထည့်သွင်းပြီးထားတယ်ဆိုရင်အလုပ်ဆက်လုပ်သွားပါလိမ့်မယ် . Error ပြတယ်ဆိုရင်တော့ အထက်မှာ ပြောထားတဲ့ သတိထားရမယ့် အချက်တွေကို ပြန်စစ်ဆေးကြည့်ပါ . အိုကေပြီဆို . အလုပ်ဘယ်လို လုပ်သွားလဲ ဆိုတာ အောက်မှာ ပြထားတဲ့ ပုံမှာ ကြည့်မယ် .


အထက်မှာ ဖော်ပြထားတဲ့ ပုံကတော့ သူအလုပ်လုပ်သွားတဲ့ ပုံပါပဲ . ပုံထဲက အတိုင်းနောက်ဆုံးအဆင့်မှာ စက်က reboot သူ့ အလို လို ကျသွားလိမ့်မယ် . အဲလို reboot ကျပြီး ပြန်တက်လာရင် root လုပ်တာအောင်မြင်တယ်ဆိုရင် အောက်ပါပုံအတိုင်း ပြပါလိမ့်မယ် . ဆက်ကြည့်ကြပါမယ် . :)


အထက်မှာ ဖော်ပြသွားတဲ့ ပုံကတော့ root လုပ်ခြင်းဆိုင်ရာ လုပ်ဆောင်မှုအောင်မြင်သွားတဲ ပုံပါပဲ . မအောင်မြင်ရော ဘယ်လိုလဲ ?
အဲဒါကတော့ မအောင်မြင်ရင် နောက်ခံအရောင်က . အနီရင့်ရင့်အရောင် ဖြစ်သွားမှာပါ . ဟုတ်ပြီ .
ဘယ်မော်ဒယ်နဲ့ ဘယ်ဗာရှင်းတွေမှာ ဒီဆော့ဝဲ က အလုပ်လုပ်ပေးနိုင်လဲ ဆိုတာကို အောက်မှာပေးထားတဲ့ လင့်မှာသွားကြည့်လို့ ရပါတယ် . :)


ဘယ်လို ဒေါင်းရမလဲ ဆိုတော့ အောက်မှာပေးထားတဲ လင့်ကနေ ဒေါင်းလိုက်ပါ :)

အားလုံးအဆင်ပြေစွာနဲ့ ဘ၀အမောပြေပါစေ
Soe Win (MMUC)