Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။

Tuesday, July 10, 2012

Lucky Patcher v125


ဒီဆော့ဝဲလ်လေးနဲ့ ခင်ဗျားတို့ကိုမိတ်ဆက်ပေးမယ်...
Lucky Patcher လို့ခေါ်တယ်..။
ဒါလေးက ဘာအသုံးဝင်သလဲ...
ဥပမာဗျာ... ခင်ဗျားက android မှာပေးတဲ့ဆော့ဝဲလ်တွေထဲက တချို့ ဖရီးရတယ်.. တချို့ လိုင်စင်နဲ့ ၀ယ်ခိုင်းတယ်ဆိုပါတော့...
ဖရီးရတဲ့ ဆော့ဝဲလ်တွေက ကောင်းတော့ကောင်းပါရဲ့.. သဲတရှပ်ရှပ်ဆိုသလို ၀ိုင်ဖိုင်လေးများ ချိတ်ထားလိုက်ရင် လာလိုက်တဲ့ google ads တွေ...
အဲ့မျက်စိနောက်စရာတွေကို ဒီကောင်နဲ့ တီးလို့ရသဗျ...
တချို့ဝယ်ခိုင်းတဲ့ လိုင်စင်check လုပ်တဲ့ကောင်တွေကျတော့ ၃ရက်လောက်သုံး နောက်ဝယ်ခိုင်းအဲ့လိုလုပ်ကျတယ်... ဆော့ဝဲလ်လေးကလည်းကောင်းလွန်းတော့
ဆက်သုံးချင်... ပေးဝယ်ချင်ရင်တောင် နိုင်ငံခြားက ဘော်ဒါမရှိ ဘယ်လိုဝယ်ရမှန်းမသိဘူးမလား... ဒီကောင်က license verification ကို remove လုပ်ပေးနိုင်ရောဗျ..
သုံးရတာတော့ လွယ်ပါတယ်.. install လုပ်မယ်.. open မယ်.. စတက်တက်ချင်း မိတ်တွေ စက်ရုပ်ထဲ ရှိသမျှဆော့ဝဲလ်တွေ list ကို built လုပ်ပေးမယ်..
စသုံးပေတော့... license remove လုပ်စရာလိုရင် သူပြလိမ့်မယ်... google ads တွေ remove လုပ်စရာလိုရင်လဲ သူပြပေးလိမ့်မယ်..။
ကွန့်ချင်တဲ့ ဆော့ဝဲလ်ကို long press နှိပ် ဒါမျိုးတွေထွက်လာလိမ့်မယ်..
1. remove license verification
2. remove google ads
3. patch on boot
4. launch app
5. backup
6. restore

တခုပြောစရာရှိတာက ရှိရှိသမျှ play store က ဆော့ဝဲလ်အကုန်လုံးနဲ့ အလုပ်မဖြစ်နိုင်ဘူးဆိုတာပါ။ နာမည်ကိုကြည့်လေ lucky patcher ပါဆို...
နောက်ထပ်ဝမ်းနည်းစရာက ဒီကောင်က root လိုတယ်..။
ကဲ ဥာဏ်ရှိသလို စမ်းပေတော့...