Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။

Tuesday, July 10, 2012

မြန်မာနာမည်နဲ့ Smart Search လုပ်ဖို့ Myan Dialer



အရေးကြီးတဲ့ အချက်က အခု Beta 2 ကို ထည့်မယ်ဆိုရင် Beta1 ကို Clear Data လုပ် Uninstall လုပ်ပီးမှ ထည့်ဖို့ ဖြစ်ပါတယ်။

ထပ်ပါလာတာတွေက
၁။ မြန်မာစာကို အင်္ဂလိပ်စာကနေ သူ့ဘာသာပြောင်းပေးပါလိမ့်မယ်။
၂။ ပြောင်းပေးတဲ့ မြန်မာစာကို မကြိုက်ရင် ကိုယ့်ဘာသာ ရွေးနိုင်ပါတယ်။ ဥပမာ San ကို စံ လို့ ပြောင်းပေးတာကို စန်း ဆန်း စံ စန် စတဲ့ List ထဲက ရွေးပြောင်းနိုင်တာပါ။
၃။ Call Log ထဲမှာ တစ်ယောက်ကို Call တစ်ခုပဲ ပေါ်ပါတော့တယ်။
၎။ Missed Call တွေကို အနီရောင်စာလုံး သုံးပီး ပြပေးမှာပါ။
၅။ 2.3 အောက်က ဖုန်းတွေမှာ Miss call noti ကို ဖျောက်ပေးပါမယ်။ 2.3 ကစလို့ Android က သူ့ System ကို ပေးမထိတော့တဲ့အတွက် နောက်ပိုင်းတွေမှာ Noti ပျောက်ချင်ရင် Org Dialer ကို သွားကြည့်ရင်ကြည့် ဒါမှမဟုတ် Noti Clear လုပ်မှပဲ ရမှာပါ။
၆။ မြန်မာဖောင့် အဆင်မပြေသူတွေအတွက် ဖောင့်အများကြီး ထည့်ပေးထားပါတယ်။ တစ်မျိုး အဆင်မပြေ တစ်မျိုး အဆင်ပြေပါလိမ့်မယ်။
၇။ Contact အသစ်ထည့်ရင် Sync လုပ်ဖို့ မလိုတော့ပါဘူး။ သူ့ဘာသာ Background Sync လုပ်ပေးပါလိမ့်မယ်။

Screen Shot တွေ ကြည့်ချင်ရင် ပီးတော့ မြန်မာနာမည်တွေ ဘယ်လို အက်ဒစ်လုပ်ရမလဲ သိချင်ရင်
ကိုသွားကြည့်ပါ။

ဒီတစ်ခါလဲ ကျနော်ရေးတာ မဟုတ်ပါဘူး။ ဟိုပြင်ဒီပြင်ပါပဲ :D

https://play.google.com/store/apps/details?id=org.dnaq.dialer2&hl=en မှာရှိတဲ့ Dialer2 ဆိုတာကို https://bitbucket.org/dnaq/dialer2/src ကနေ Source ယူပီး မြန်မာနာမည်တွေ မြန်မာလို ရှာလို့ရအောင် ပြင်ထားတာပါ။


အသုံးပြုပုံက လွယ်လွယ်လေးပါ။ အောက်ဆုံးမှာရှိတဲ့ ဒေါင်းလင့်တွေကနေ ဒေါင်းပီး စက်ထဲထည့်လိုက်ပါ။
App ကို Run လိုက်ရင် အောက်ကလိုပေါ်ပီး စက်ထဲမှာ ရှိတဲ့ Contacts တွေကို Database ထဲ ထည့်ပါလိမ့်မယ်။ ကိုယ့်စက်ထဲမှာ ရှိတဲ့ Contact အနည်းအများပေါ် မူတည်ပီး အချိန်ကြာပါလိမ့်မယ်။ ခနစောင့်ပါလို့ ရေးထားတဲ့အတိုင်းပဲ ခနတော့ သည်းခံပီး စောင့်ပေးပါ။ ဒီတစ်ခါပဲ ကြာမှာပါ။


အဲဒါပီးလို့ Dialer တက်လာရင် နာမည်တွေ မြန်မာလို ရှာလို့ရပါပီ။ အောက်မှာ နမူနာပုံတွေ ပြထားပါတယ်။


ပထမပုံမှာ ဆရာကန့်လန့် ကို ရှာထားတာပါ။ သူ့နာမည်ကို ကျနော့ဖုန်းထဲမှာ သံလွင်လို့ မှတ်ထားတဲ့အတွက် "သ" က ၉၊ "လ" အတွက် ၈ ဆိုရင် တွေ့ပါပီ။ နောက်တစ်ပုံက ကိုမြတ်ထွန်းသစ် ကို ရှာတာပါ။ သူ့ကို ကျနော် ဘခက်လို့ မှတ်ထားတဲ့အတွက် ၇၁ ဆိုရင် ကိုခက်ကို တွေ့မှာဖြစ်ပါတယ်။

ဗမာနာမည်တွေတင်မဟုတ် အင်္ဂလိပ်နာမည်တွေအပြင် ဖုန်းနံပါတ်တွေလဲ ရှာနိုင်ပါတယ်။

အောက်မှာတော့ Preference တွေ အကြောင်း နည်းနည်း ပြောပါမယ်။


အပေါ်ဆုံးက Match start of Names ဆိုတာ နာမည်တွေကို အလယ်က ဖောက်ပီး ရှာမရှာ ဆုံးဖြတ်တာပါ။ ဥပမာပြောရရင် အလယ်က ဖောက်ရှာရင် ကိုဇေယျာဝင်းထွန်း လို့ မှတ်ထားတာကို ၀ထ နဲ့ ရှာလဲ တွေ့ပါတယ်။ ဇယ၀ နှိပ်လဲ တွေ့ပါတယ်။ အလယ်က ဖောက်မရှာဘူးဆိုရင်တော့ ကဇယ ဆိုမှ တွေ့တော့မှာပါ။

နောက်တစ်ခု Match Phone Numbers ကတော့ လူနာမည်တွေအပြင် နံပါတ်တွေထဲမှာပါ ရှာမရှာပါ။

Sort by times contacted ကတော့ အကြိမ်ရေ များများ ဆက်သွယ်ထားတဲ့လူကို အပေါ်ဆုံးမှာ တင်ပေးမှာပါ။ ပုံမှန်တော့ နာမည်တိုတဲ့လူက အပေါ်ရောက်နေမှာပါ။

Show call counter ကှရှင်းပါတယ်။ ဆက်ထားတဲ့ အကြိမ်ရေ ပြမပြပါ။

အောက်ဆုံးက Samsung Dialer Mode ကိုရွေးထားရင် Sammy တွေလို Contact ပေါ်မှာ ညာဘက်ပွတ်လိုက်ရင် ဖုန်းခေါ်ပီးတော့ ဘယ်ဘက်ပွတ်ရင် မက်ဆေ့ ပို့လို့ ရမှာပါ။ Contact ပေါ်မှာ Tap နှိပ်လိုက်ရင်တော့ Contact Details ပြပါမယ်။ Samsung Dialer Mode မရွေးထားဘူးဆိုရင် Tap လုပ်ရင် ဖုန်းခေါ်မှာဖြစ်ပီး Long Press နှိပ်ထားလိုက်ရင် Contact Details ပြမှာဖြစ်ပါတယ်။
အခုဒီနေ့ ဗားရှင်းမှာတော့ ဘယ်ပွတ်ညာပွတ်က လက်အချိန်အဆလေး နည်းနည်း လိုနေပါတယ်။ ပွတ်တိုင်း မရဘူးဖြစ်နေပါတယ်။ အဲဒါကို ဖြေရှင်းဖို့ ကြိုးစားနေပါတယ်။

နောက်တစ်ခုက အခု Beta1 မှာ အင်္ဂလိပ်လို မှတ်ထားတဲ့သူတွေကို ဗမာလို ပြောင်းမပေးနိုင်သေးပါဘူး။ နောက်ဗားရှင်းတွေမှာတော့ ပါလာပါမယ်။

ဒေါင်းလင့်တွေ

မိုင်းနပ်စ်

မီဒီယာဖိုင်းယား

စမ်းသပ်ပြီး လိုနေတာ ထပ်ထည့်ချင်တာ အဆင်မပြေတာ ရှိခဲ့ရင် ကွန်းမန့်ခဲ့ကြပါ။ အားလုံးကျေးဇူးပါ။ Thu Rein (MMUC)