Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။

Tuesday, July 10, 2012

txtMyanmar ဘယ်လဲ ဘာလဲ

ဒီရက်ပိုင်း txtMyanmar ဆိုတာကြီး နာမည်တွေ ကြီးလာလို့ လမ်းထိပ်က ဆိုင်က တစ်ဘူးလောက်ပေးပါဆို ၀ယ်သောက် အဲ ပလေးစတိုးက ဆွဲပီး စမ်းသုံးကြည့်လိုက်တယ်။ မဆိုးဘူး။ M188 က လုပ်တဲ့ ဆားဗစ်ထဲမှာ ဒါလေး မဆိုးဘူး ပြောရမယ်။ လက်ရှိအခြေအနေကို ပြောတာနော်။ မကောင်းတဲ့ဘက်က လှည့်တွေးမယ်ဆိုရင် ဒီလိုဆားဗစ်ကို ဒီလို ပေါက်ရောက်နေတဲ့လူတွေ လုပ်တာဆိုတော့ International SMS က ဘယ်တော့မှ မပွင့်တော့ဘူးလို့ ပြောလိုက်သလို ဖြစ်နေတယ်။ အဲဒါဆိုရင်တော့ ကြိုဆိုရမယ့် ကိစ္စ မဟုတ်တော့ဘူး။ ကဲ ထားပါ။ ဘာပဲဖြစ်ဖြစ် လောလောဆယ် ဖလာကျိတ် ကုန်းဆင်းလို့ ရနေတုန်း အားရပါးရ ပို့ကြတာပေါ့။ Trial ကုန်သွားတော့လဲ ထုံးစံအတိုင်း ဖလာကျိတ်ဖို့ နည်းရှာ၊ မတွေ့ရင် Uninstall ပေါ့ ဘာခက်တာမှတ်လို့ :D

ပထမဆုံး txtMyanmar ဆိုတာဘာလဲ ဘယ်လို အလုပ်လုပ်သလဲ ကြည့်ရအောင်။ M188 ဆိုတာက ဗမာဖုန်းတွေကို မတ်စိ ကြိုက်သလောက် ပို့လို့ရနေတဲ့ ကုန်ပါပီဆိုတော့ မြန်မာဘက်ခြမ်းကို ဖုန်း မက်ဆေ့ခ်ျ (SMS) အနေနဲ့ ပို့ပါတယ်။ နိုင်ငံခြားက Mobile Operator တွေနဲ့ ဘာမှ ညှိနှိုင်းထားတာ မရှိတော့ နိုင်ငံခြား ဘက်ကလူတွေက txtMyanmar Apps ကို ထည့်ထားမှ ရပါမယ်။ ဒီဘက်က ပြန်ပို့တဲ့ မတ်စိက App ထဲကို လာပါတယ်။ မတ်စိဝင်ရင် နိုတီမတက် အသံမထွက်ပါဘူး။ App ထဲ ပြန်ဝင်ကြည့်တာတောင် တစ်ခါတစ်လေ မပေါ်လို့ ၀င်လိုက်ထွက်လိုက် ၃ ၄ ခါ လုပ်ပေးမှ မတ်စိက ပေါ်လာတယ်။ မတ်စိပို့ပီးရင် ပို့ပီးကြောင်း ဖုန်းဆက်ရမယ့်ကိန်းပဲ :P

အပေါ်မှာ လေရှည်နေတာနဲ့ တစ်ကယ် အလုပ်လုပ်ပုံက မရောက်လိုက်ဘူး။ အောက်မှာ နည်းနည်း ကြည့်တာပေါ့ဗျာ

နိုင်ငံခြားဖုန်း (+651234567) --> txtMyanmar App --> 9595123456 --> Internet --> M188 Server --> MPT SMS --> ပြည်တွင်းဖုန်း (9595123456) ထဲကို (1800651234567) နဲ့ ပုံမှန် SMS ၀င်လာမယ်
ဒီလိုပို့တယ်။ အခုအလကားရနေပေမယ့် နောက်ဆိုရင် တစ်ပါတ်ကို 2.99 ဒေါ်လှ ပေးရမယ်

ပြည်တွင်းက ပြန်ပို့ချင်ရင်
ပြည်တွင်းဖုန်း (9595123456) --> SMS --> (1800651234567) --> MPT SMS --> M188 Server --> Internet --> txtMyanmar App --> နိုင်ငံခြားဖုန်း (+651234567) ထဲပြန်ရောက်မယ်။
ပြည်တွင်းဖုန်းက ပို့တဲ့လူက ၂၅ ကျပ် ကုန်မယ်။ နိုင်ငံခြားကလူက တစ်ပါတ် 2.99 ဒေါ်လှကုန်မယ်။

ဘာတွေ အကျိုးရှိမလဲ
ပြည်တွင်း - ဒီဘက်ကလူက Smart Phone မသုံး အင်တာနက် မရှိ ခပ်ရိုးရိုး လွယ်လွယ် သုံးချင်သူတွေအတွက် ဘာမှ သိဖို့ မလို ရိုးရိုး မတ်စိပို့ရုံနဲ့ နိုင်ငံခြားကလူဆီရောက်မယ်။
ပြည်ပ - အရင်တုန်းက ဘယ်လိုမှ မတ်စိပို့မရဖြစ်နေရာက အခု တစ်ပါတ် ၂၅၀၀ လောက် သုံးလိုက်တာနဲ့ ဗမာပြည်ဖုန်းတွေကို အန်လစ်မစ်တက် မတ်စိ ပို့လို့ရသွားမယ်။

ဘာတွေ ဆိုးသလဲ
ပြည်တွင်း - 18800 ကို မတ်စိပို့တာကို ၂၅ ကျပ်ကောက်နေတာ ဆိုးတယ်။ 177 တို့လို မတ်စိကြေး မကောက်နိုင်အောင် ညှိနှိုင်းထားဖို့ ကောင်းတယ်။ သမီးရည်းစား အပြန်အလှန်ပို့နေရင် ဗမာပြည်ကလူက နာတယ် :D
ပြည်ပ - txtMyanmar App ကို ဒီထက် ပိုပီးကောင်းလာအောင် ပြန်ရေးသင့်သေးတယ်။ ဒီလောက်က ကလေး လက်ဆော့ထားသလို ဖြစ်နေတယ်။ နိုတီတက်အောင်ကတော့ မဖြစ်မနေ လုပ်ပေးသင့်တယ်။ ဘယ်လိုတွေ ရေးထားလဲတော့မသိဘူး ကျနော့်ဖုန်းပေါ်မှာ အတော်ကို လေးတယ်။ ခနခန wait မလား close လုပ်မလား လာလာမေးတော့ စိတ်က သိပ်ရှည်တာ ဟုတ်ဘူးရယ်

ဘယ်သူတွေသုံးသင့်လဲ
ပြည်တွင်း - အဘိုးကြီး အဘွားကြီးများ ( သားမြေးများနဲ့ အဆက်အသွယ် မပြတ်အောင် သုံးမယ်ဆို သင့်မယ် )၊ လူရွယ်များ အင်တာနက် မရှိတဲ့ဖုန်းကိုင်ထားရင် သုံးသင့်တယ်။
ပြည်ပ - ပြည်တွင်းကလူက နည်းပညာနဲ့ အကျွမ်းတ၀င် မရှိရင် ကိုယ့်ဘက်က ဒုက္ခခံပီး ဒါလေးသုံးပီး မတ်စိပို့ရမှာပဲ။

အမေးများသော မေးခွန်းများ
Q - txtMyanmar နဲ့ ပြည်တွင်းကနေ နိုင်ငံခြားဖုန်းကို Message အလကား ပို့လို့ရလား
A - မရပါ။

Q - ပြည်ပကနေ မြန်မာကိုပို့ရင် တစ်စောင် ဘယ်လောက်လဲ
A - လောလောဆယ် အလကား။ Trial ကုန်သွားရင် တစ်ပါတ်ကို 2.99 ဒေါ်လှ

Q - ပြည်တွင်းကနေ ပြည်ပကပို့တဲ့ မတ်စိကို စာပြန်ရင် တစ်စောင် ဘယ်လောက်လဲ။ ဘယ်လိုပို့ရမလဲ။
A - ၀င်လာတဲ့ 18800****** နံပါတ်ကို Reply လုပ်ရင် ရမယ်။ တစ်စောင်ကို ၂၅ ကျပ်။

Q - ပြည်ပကလူကို 18800***** နဲ့ မတ်စိပို့ချင်တယ်။ ဘယ်လိုလုပ်ရမလဲ။
A - ပြည်ပကလူက txtMyanmar သုံးထားတာ သေချာရင် သူ့နံပါတ်ရှေ့မှာ 18800 ခံပီးပို့ပါ။

Q - ရီဂျစ်စတာလုပ်လိုက်တဲ့ နံပါတ် မှားသွားတယ် အသစ်ပြန်လုပ်လို့ရလား
A - ရတယ်။ အကောင့်အသစ်ကို ကြိုက်တဲ့နံပါတ်နဲ့ လုပ်လို့ရတယ်။ (အဲဒါလဲ အားနည်းချက် တစ်ခုပဲ Register လုပ်တာမှာ Verify မလုပ်တော့ သူများနံပါတ်တွေယူပီး ကလိလို့ ရနေတယ်၊ မနေ့က တစ်ယောက်တော့ ခံလိုက်ရပီ ဟီးဟီး)

Q - Android အတွက် apk ဖိုင်လိုချင်တယ် ဘယ်မှာဒေါင်းရမလဲ။
A - http://www.mediafire.com/download.php?0az68i189t8er9d မှာဒေါင်းပါ။

Q - iOS အတွက် လိုချင်တယ်။ ဘယ်မှာဒေါင်းရမလဲ
A - ကျနော် စိတ်မ၀င်စားပါ :D (အဲလို ဘုပြောလို့ iDevice သမားတွေ အကုန်လုံး ကုလားလေးကို ဗုတ်တာ ဟီဟိ)

အဆုံးသတ်ရင်း အားလုံးကို ခြုံကြည့်ရရင်တော့ မုံရွာစောင်က အနွေးဆုံးပဲ :D
အင်တာနက်ပေါ်မှာ သွားလာကျင်လည် ကျက်စားနေတဲ့သူများအတွက်တော့ မလိုပါဘူး။ ဘာလုပ်မလဲ။ သူ့ထက်သာတဲ့ Messaging Apps တွေ အများကြီးပဲ။ ဖရီးလဲရတယ်။ တစ်ချို့ဆို Voice Call & Video Call ပါရသေး ဟေးဟေး။

This post was written by Thu Rein.