Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။

Saturday, July 14, 2012

Xperia Arc S ( LT18i ) Build Number .42 , .58 , .62 များကို Root လုပ်နည်း + Firmware တင်နည်း+Unlockလုပ်နည်း



<><><> BUILD NUMBER .42 , .58 များသည် DooMLoRD’s Easy Rooting Toolkit နဲ့ ROOT တန်းလုပ်လို့ ရပါသည်။ No Need BL UNLOCK <><><>

ဒီတစ်ခေါက်ပြောမှာက xperia arc s အတွက်ပါ။

ကျွန်တော် sony xperia arc s android version 2.3.4 ကို root လုပ်ပြီးမြန်မာဖောင့်ထည့်ဖို့ ကြိုးစားပါတယ်.

android ဖုန်းတွေအတွက် root နည်းတွေက တစ်ပုံတစ်ပင်ရှိပါတယ်. ဖုန်းမော်ဒယ်တူတာတောင်မှ root နည်းမတူတာတွေရှိပါတယ်။

များသောအားဖြင့်မော်ဒယ်တစ်ခုစီအတွက် တစ်ခါ google ကြရတာများပါတယ်။

ဖုန်းတွေကို root မလုပ်ခင်မှာ... တစ်ခုတော့ရှိပါတယ်.. လုပ်နည်းမှားရင် ဖုန်းboot မတက်တော့တာ.တွေ.. ရှိတဲ့အတွက်... စိတ်ရှည်ရှည်ခေါင်းအေးအေးနဲ့ ကော်နက်ရှင်ကောင်းကောင်းလိုပါတယ်။



  • ကျွန်တော်စမ်းပြီး ROOT မယ့်  xperia arc s က 
  • Model number LT18i
  • Android version 2.3.4
  • Build number 4.0.2.A.0.62


ဒီ DOC မှာ ကို စိုးဝင်း ရေးပေးထားတာ .62 version တွေကို ..Firmware ပြောင်းတင်စရာမလိုပဲနဲ့..တင်တဲ့နည်းပေးထားပါပြီ.
ဒီ Doc က အဲဒီနည်းမသိခင်က ရေးထားတာဖြစ်ပါတယ်..ဒီတော့.

ဒီ Tutorial ကို
ကျွန်တော် အပိုင်း ပြန်ခွဲပါမယ်.

အပိုင်း(၁)

Xperia ဖုန်းများကို Flash Tool အသုံးပြုပြီး Firmware ပြောင်းတင်နည်း.

အပိုင်း(၂)

Boot Loader ကို Unlock လုပ်နည်း.

အပိုင်း(၃)

DooMLoRD’s Easy Rooting Toolkit ကို အသုံးပြုနည်းတို့ဖြစ်ပါတယ်.


 လူကြီးမင်းတို့..ြ့ပုလုပ်ချင်တဲ့အရာကိုသာရွေးချယ်ဖတ်ရှူ့ပါ.
Firmware တင်ချင်ရင်
အပိုင်း(၁)ကိုပဲဖတ်ပါ

Root လုပ်ချင်ရင် အပိုင်း(၃)နဲ့အောက်ပိုင်းကိုဖတ်ပါ. A. B.C ရှိပါတယ်

.62version ဖုန်းတွေအတွက် Bootloader unlock လုပ်ဖို့လိုလာရင်တော့..
အပိုင်း(၂)ကိုပါဖတ်ပါ။


အပိုင်း(၁)

Xperia ဖုန်းများကို Flash Tool အသုံးပြုပြီး Firmware ပြောင်းတင်နည်း

original firmware Xperia Arc (LT18i)_4.0.2.A.0.42_CE_2 ကို Flash လုပ်ပါမယ်.
ဒီ Firmware က Android Gingerbread version ဖြစ်ပါတယ်.


ဒီနည်းက Xperia Arc .S တွေ အတွက် Gingerbread ကနေ ICS ပြောင်းချင်တာပဲဖြစ်ဖြစ်.
ICS ကနေ Gingerbread ပြောင်းချင်တာပဲဖြစ်ဖြစ်အသုံးပြုလို့ရပါတယ်.

လိုအပ်တဲ့ Firmware ကို မှန်မှန် ကန်ကန် ရရှိထားဖို့သာလိုအပ်ပါတယ်။

A.How To install Gingerbread (2.3.4)on Xperia arc/arc s


လိုအပ်တဲ့ software တွေ                              Download Link

၁.FlashTool                                                 http://www.mediafire.com/?im2n6vv1qefwx7d   
၂.Xperia Arc (LT18i)_4.0.2.A.0.42_CE                      http://www.mediafire.com/?j5on1nw8obzejlw   


မလုပ်ခင် ဖုန်းမှာ debuggingmode (setting/application/development/debugging) ကို onထားဖို့လိုသလို. 
ကွန်ပျူတာက antivirus တွေကို ခဏပိတ်ထားရပါမယ်.
၁ မှာပေးထားတဲ့ Flashtool ကို download ပြီးရင် run လိုက်ပါ.


ပြီးသွားရင် my computer ကွန်ပျူတာ C ထဲက  Flashtool folder (C:\Flashtool by default)  ထဲက drivers ထဲက flashdriver ကို ကလစ်နှိပ်ပြီး install လုပ်ပါ
options ပေါ်လာရင်. ဒီနှစ်ခုကို tick လုပ်ပါ
Arc-Play-Neo-Acro ADB Drivers
Flashmode Drivers


next လုပ်ပြီး..တစ်ခုပြီးတစ်ခု install လုပ်နေပါလိမ်.မယ်.
အနီရောင် warnign box တွေကျလာရင်လည်းInstall this driver anyway ကို ပဲရွေးပေးပါ

ပြီးသွားရင် next ထပ်လုပ်ပါ။

၂ မှာပေးထားတဲ့ firmware  Filename: Xperia Arc (LT18i)_4.0.2.A.0.42_CE ကို ဒေါင်းပြီးရင် extract ဖိုင်ကို ဖြည်ပါ.
Xperia Arc (LT18i)_4.0.2.A.0.42_CE.ftf  ရလာရင်..
copy လုပ်ပြီး C/Flashtool\firmwares ထဲကို ထည့်ပါ.

flashtool folder ထဲကflashtool.exe ကို run လိုက်ပါ.
Once the Flashtool program opens — ထိပ်မှာရှိတဲ့ “Flash” button ကို ကလစ်ပါ.

ပြီးတော့ပေါ်လာတဲ့နှစ်ခုထဲက flashmode ကိုရွေးပါ.
ပုံမှာပြထားတဲ့အတိုင်း.တွေ့ပါလိမ်.မယ်.
စောစောကထည့်ထားတဲ့
LT18i firmware ကိုရွေးပြီး OK ပါ။



ခဏကြာ run နေပြီး ရင် PC နဲ့ ဖုန်းကိုချိတ်ဖို့ပြောပါလိမ်.မယ်.
ဖုန်းကိုပိတ်..
BACK key ကိုနှိပ်ထားပြီး.. USB ကို ကွှန်ပျူတာမှာတပ်ပါ။
ဖုန်းမှာမီးအစိမ်းလေးလင်းပြီး
ကွန်ပျူတာမှာdevice connected လို့ပေါ်လာပါလိမ်.မယ်.
ပြီးရင် Flash tool က firmware ကို auto flash လုပ်နေပါလိမ်.မယ်.
ပြီးသွားရင်.ပုံက အတိုင်း error တစ်ခုကျလာပါလိမ်.မယ်

.
ဘာမှမဖြစ်ပါဘူ.း
ဖုန်းကို firmware (LT18i)_4.0.2.A.0.42 တင်ပြီးသွားပါလိမ်.မယ်


ဒီနေရာမှ ICS တင်ချင်တယ်ဆိုရင် .တင်ချင်တဲ့ Xperia arc အတွက် ICS .ftf ကိုစောစောကလိုပဲ ထည့်လုပ်ရပါမယ်.



(B.How To install Icream sandwich (4.0 .) on Xperia arc/arc s
ဒီနေရာမှာ IceCream Sandwich တင်ချင်သူတွေအဆင်ပြေဖို့အတွက်..ICS Firmware Link ကို ပါပေးထားပါမယ်.


Download Link
http://jumbofiles.com/0n63z0luvp9o
Filename: LT18i_4.1.A.0.562_Generic.ftf  
ကျန်တာတွေက လုပ်နည်းတွေက အောက်ကဟာတွေအားလုံးနဲ့အဆင့်တူတူပါပဲ.။
Sony Ericsson Xperia Arc and Arc S, model number LT15i/LT18i. တွေမှာသုံးလို့ရပါတယ်)



အပိုင်း(၂)


Boot Loader ကို Unlock လုပ်နည်း.


Unlock Xperia  Bootloaders.zip  

Unlock Xperia  Bootloaders.zip ကို unzip လုပ်ပြီးဖြည်လိုက်ရင် အောက် ကဖိုင် သုံးခုရပါတယ်။။

-drivers.zip
-fastboot_with_Android_USB_file.zip
-unlockbootloader.sonyericsson.com

အဲဒီထဲက unlockbootloader.sonyericsson.com ကို ကလစ်နှိပ်ပြီး.. unlock လုပ်တဲ့ site ကို သွားပါ.
continue/ yes i am sure/ I accept စသဖြင့်အားလုံးကို ရွေးချယ်သွားပါ.
အမှန်ခြစ်သင့်တဲ့နေရာတွေအမှန်ခြစ်ခဲ့ပါ။
root ကိုကိုယ်တိုင်လုပ်မယ်ဆိုမှတော့.. ဒီ step တွေ ထွေထွေထူးထူးပြောနေစရာမလိုဘူးထင်ပါတယ်။

နောက်ဆုံး name. IMEI နဲ့ email address တောင်းတဲ့နေရာရောက်တဲ့အထိ သွားပါ။
Nameကို ဒီ phone ပိုင်ရှင်နာမည်ဖြစ်ဖြစ်တစ်ခုခုပေးပါ.
IMEI သိဖို့အတွက် Xperia . ဖုန်းရဲ့ dial pad မှာ *#06# လို့ရိုက်ပေးပါ။
IMEI နံပါတ် ကျလာပါလိမ့်မယ်။
အဲဒီနံပါတ်ကိုမှတ်ထားပါ။
ပြီးတော့ စောစော က webpage မှာ တောင်းတဲ့ IMEI နေရာမှာထည့်ပါ.
အကုန်မထည့်ရပါဘူး.
နောက်ဆုံးတစ်လုံးချန်ထားခဲ့ပါ.
ဥပမာ 352264051400386 ဆိုရင်
35226405140038 ကို ပဲရိုက်ထည့်ပါ


ပြီးတော့ ကိုယ့်ရဲ့ email ထည့်ပါ။
ပြီးရင် OK နှိပ်ပါ။
step မှန်တယ်ဆိုရင် unlock code တစ်ခုပေးပါလိမ့်မယ်.
အဲဒီ Code ကို မှတ်ထားပါ။ ပြန်သုံးဖို့လိုပါလိမ့်မယ်

ကဲ..ဒီတစ်ခါ ကွန်ပျူတာထဲကို driverသွင်းရမယ်.
drivers.zip ကို extract လုပ်ပါ။
Portable device အောက်မှာ device အသစ်တစ်ခုပေါ်လာပါလိမ့်မယ်.
install pc companion ကို အမှန်ခြစ်ပါ
pc companion software software ကို ကွန်ပျူတာ မှာ တင်မှာလားဆိုတဲ့box တစ်ခုပေါ်လာရင် skip ပါ

ကွန်ပျူတာ ရဲ့  control panel ထဲက “Device Manager” ကိုဖွင့်ပြီး Other devices ထဲက
S1 boot fastboot . ဒါမှမဟုတ် Android  တစ်ခုခုပေါ်နေပါလိမ့်မယ်.
သေချာတာတော့ mobile Device တစ်ခု ပေါ်နေပါလိမ့်မယ်
အဲဒီမှာ right click နှိပ်ပြီး update driver software  ကို  ရွေး
စောစောက extract လုပ်ခဲ့တဲ့Unlock Xperia Arc Bootloaders
folder ကိုရွေးပေးပါ။
included subfolders ဆိုတာကို ပါအမှန်ခြစ်ပေးခဲ့ပါ
window security warning box ကျလာရင်
' Install this driver software anyway” ဆိုတာကိုပဲရွေးလိုက်ပါ။
“Windows has successfully updated your driver software” ဆိုတာပေါ်လာရင် driver သွင်းပြီးပါပြီ
close လုပ်လိုက်ပါ.


xperia ဖုန်းကို fast boot mode  ထဲဝင်အောင် လုပ်၇ပါမယ်။
xperia series တွေအများကြီးရှိတာမို့device တစ်ခုနဲတစ်ခု မတူပါဘူး.
သီးသန့်မေးနိုင်ပါတယ် ။


xperia arc/sအတွက် . က menu key ပါ
setting /application ထဲက USB debugging ကို အရင် အမှန်ခြစ်ပြီး on ထားပါ
ပြီးရင်
၁.  ဖုန်းကိုအရင်ပိတ်ပါ

      လုံးဝပိတ်သွားပြီးရင်
Menu Key ကို ဖိထားပြီး USB တပ်ပါ
     အပြာရောင်မီးလေးလင်းလာရင် fast boot ထဲဝင်ပါပြီ.


စောစောက extract လုပ်ထားတဲ့ fileတွေထဲက fastboot_with_Android_USB_file ထဲကို ၀င် ပါ fastboot folder ထဲကိုဝင် ပါ နောက်ဆုံး
fastboot.exe ဆိုတာလေးရှိတဲ့ folder ထိရောက်အောင်သွားပါ.
အဲဒီဖိုဒါတဲက လွတ်တဲ့တစ်နေရာမှ
Shift + Mouse Right Click
ကိုနှိပ်ပါ
အဲဒီထဲက open command window here
ကိုရွေးပါ.
command box ကျလာရင်

fastboot.exe -i 0x0fce getvar version

ဒီ စာတမ်းကို copy လုပ်ပြီး
စောစောက command box မှာ right click နှိပ် paste လုပ်ပါ။.
ENTER နှိပ်ပါ။
ပြီးတော့
fastboot.exe -i 0x0fce oem unlock 0xKEY
ကို ထပ်ပြီး COPY PASTE လုပ် ENTER နှိပ်ပါ။

ပြီးတော့
အဲဒီစာတမ်းကိုပဲနောက်ဆုံး key နေရာမှာစောစောက ရလာခဲ့တဲ့ UNLOCK KEY ကို ထည့်ပါ.

ENTER နှိပ်ပါ.
OK .FINISHED ပေါ်လာရင် ဖုန်းက UNLOCK လုပ်ပြီးသွားပါပြီ.

ဖုန်းမော်ဒယ်ပေါ်မူတည်ပြီးတော့ VALUE တွေက ကွဲလို့ဘယ်လိုစာပေါ်မယ်ဆိုတာမရေးတော့ပါဘူး
ဘယ် XPERIA DEVICE ဖြစ်ဖြစ် နောက်ဆုံး SUCCESSFUL. FINISHED ပေါ်ပြီးFAILE မပေါ်ဘူးဆိုရင် .
UNLOCK အောင်မြင်ပါတယ်



အပိုင်း(၃)

ROOT

(OR)

DooMLoRD’s Easy Rooting Toolkit ကို အသုံးပြုနည်းတို့ဖြစ်ပါတယ်.


A.Rooting 4.0.2.A.0.42 (stock Android 2.3.4 firmware)For Gingerbread 2.3.4 Firmware


DooMLoRD_v4_ROOT-zergRush-busybox-su.zip  Download-------     http://forum.xda-developers.com/attachment.php?attachmentid=841876&d=1325678726   


B.Rooting 4.1.A.0.562 (stock ICS firmware) For ICS version


DOWNLOAD------- http://bit.ly/ert_xperia_2011_ics_1




အခုကျွန်တော်စမ်းထားတဲ့ Device က Gingerbread 2.3.4ဖြစ်လို့ root ဖို့ DooMLoRDြ’s Easy Rooting Toolkit   နဲ့အဆင်ပြေပါတယ်.
DooMLoRD’s Easy Rooting Toolkitကို ..extract လုပ် ထွက်လာတဲ့ file ထဲ က  runme.bat  ကို ကလစ်နှိပ်ပါ.

ဖုန်းကို ဖွင့်ထားပါ. ပြီးရင်သူပြောတဲ့ command တွေအတိုင်းလုပ်သွားပါ.

မရရင်ဖြုတ်ပြီးနောက်တစ်ခေါက် ကွန်ပျူတာနဲ့ပြန်တပ်ပါ။
သူ့ဘာသာ process လုပ်နေပြီး.နောက်ဆုံးsuccesful ဖြစ်သွားပါလိမ်.မယ်.

ပြီးရင် ဖုန်းထဲမှာ root explorer ရှိလား. Super user ရှိလား. ကြည့်ပါ.
superuser permission ကို root explorer ဖွင့်တုန်းတောင်းမှ. root လုပ်တာအောင်မြင်ပါတယ်

ICS အတွက် က သက် သက် ဒေါင်းဖို့ပေးထားပါတယ်...
စမ်းကြည့်ပါ.

ICSတွေမှာ.. Bootloader Unlock လုပ်စရာမလိုပဲ.. စောစောက
 DooMLoRD_v1_Xperia-2011-ICS-ROOT-emu-busybox-su.zip 
နဲ့တင်အဆင်ပြေပါတယ်
ခဏခဏ Rebot ဖြစ်နေရင် စိုး၇ိမ်စရာမလိုပါ. Root င်္ပြိးသွားရင် All done ဆိုတာပေါ်လာပါလိမ့်မယ်


Credit to
မြန်မာဖောင့်ထည့်ဖို့တော့ဒီကို သွားဖတ်ပါ။


C.How to root LT18i ( Xperia ArcS ) 4.0.2.A.0.62 ကို အမြစ်တူးခြင်း ( By SOE WIN )


အထက်မှာ ကိုငြိမ်းချမ်းကိုကို ရှင်းလင်းတင်ပြသွားတဲ့ အချက်တွေအကုန်လုံးမှန်ကန်ပါတယ် . တစ်ခုလေးပဲမှားတာပါ . Bootloader Unlock လုပ်တာပဲ ဖြစ်ပါတယ် .Build Number .42 , .58 တို့ ဆိုရင် Bootloader Unlock လုပ်စရာမလိုပဲ . DoomLord's Easy Rooting Toolkit v4 နဲ့ တင် အဆင်ပြေပါတယ် .
အခုကျနော် ရေးသားမှာကတော့ .62 နဲ့ နောက်ပိုင်းလာတဲ့ Xperia ArcS တွေကို ဗာရှင်းအနိမ့်ကို ဆော့ဝဲပြန်တင်စရာမလိုပဲ . အမြစ်တူးလို့ ရမယ့်နည်းပါ .

ဟုတ်ပြီ . ကျနော်တို့ .62 ကို အမြစ်တူးဖို့ အတွက် DoomLord Tool နဲ့ လည်းအဆင်မပြေတဲ့အတွက် ကျနော်တို့ က Bootloader Unlock လုပ်ပြီးမှ ယာယီ CWM recovery နဲ့ တက်ပြီး . root လုပ်ရမှာပါ .
လုပ်ဆောင်ရမယ့် နည်းလမ်းကို ခြုံငုံသုံးသပ်ရမယ်ဆိုရင် -
1. Build Number .62 ဖြစ်ရမယ်
2. Bootloader Unlock လုပ်ရမယ်
3. Temporary CWM Recovery တင်ရမယ်
4. RootXperia.zip နဲ့ root လုပ်ရမယ်

နံပါတ် ၁ အဆင့်ကတော့ Build Number ကြည့်ဖို့ အတွက် . Settings > About Phone > အောက်ဆုံးစာကြောင်းမှာရေးထားပါတယ် .
နံပါတ် ၂ အဆင့် Bootloader Unlock လုပ်ဖို့ အတွက်ကတော့ ကို ငြိမ်းချမ်းကိုကို ရေးထားပေးပါတယ်
နံပါတ် ၃ အဆင့်မလုပ်ခင် အရင်ဆုံး ဒီဖိုင် ( http://www.mediafire.com/?oeqp10ply0atvhx   ) ကိုဒေါင်းပြီး Memory Card ထဲကို ကူးထည့်ထားပါ
နံပါတ် ၃ အဆင့်စပါမယ် . CWM Recovery တင်ဖို့ အတွက် ကျနော်တို့ က Command နဲ့ boot.img (CWM Recovery ) ကို Boot တက်ရမှာပါ .
boot.img ( CWM Recovery ) ဖိုင်ကို ဒေါင်းရန် - http://www.mediafire.com/?ej37z4b49d208eo  
CWM Recovery ဖိုင်ကို ဒေါင်းပြီးပြီဆိုရင်တော့ Desktop မှာ Extract လုပ်ပေးပါ .
ပြီးရင် Extract လုပ်ထားတဲ့ ဖိုလ်ဒါထဲဝင်ပြီးရင် လွတ်တဲ့နေရာမှာ SHIFT + RIGHT CLICK နှိပ်ပြီး . Open Command Windows Here ဆိုတာကို ရွေးပေးပါ . အဲဒီအခါ Command Prompt Windows တက်လာပါလိမ့်မယ်
Command Prompt Windows မှာ ရိုက်ရမယ့် Command ကတော့ -
fastboot boot boot.img လို့ မှန်ကန်အောင် ရိုက်ပေးရပါမယ် .
အဲဒါပြီးရင်တော့ Enter ခေါက်လိုက်ပါ .
Command Prompt မှာ Boot တက်နေပါတယ်လို့ စာတန်းတက်နေပါလိမ့်မယ် .
ပြီးရင် ဖုန်းကို ကြည့်နေပါ .DoomLord Logo နဲ့ တက်လာတာနဲ့ တပြိုင်နက်တည်းမှာပဲ ဖုန်းရဲ့ ဘယ်ဘက်ဆုံးက Back Key ကို ဆက်တိုက်နှိပ်ပေးပါ . အဲဒါဆိုရင် CWM Recovery ထဲ ၀င်သွားတာကို တွေ့ ရပါလိမ့်မယ် .
နံပါတ် ၄ အဆင့်ကတော့ root လုပ်ဖို့ အတွက်ပါပဲ . အဲဒီအတွက် စောနက နံပါတ်သုံးအဆင့်မတိုင်မီက (RootXperia_MMUC.zip)ဖိုင်ကို ဒေါင်းခိုင်းပြီး Memory Card ထဲကို ကူးထည့်ခိုင်းတာလေးတော့ မှတ်မိပါတယ်နော် .
မှတ်မိတယ်ဆိုရင်တော့ CWM Recovery တက်လာရင်တော့ Root လုပ်ဖို့ အတွက်ကတော့ Install zip from sdcard ဆိုတဲ့ စာကြောင်းကို ရွေးပြီး ၀င်လိုက်ပါ . ပြီးရင် ထိပ်ဆုံးစာကြောင်းကိုပဲ ထပ်ရွေးပါ . အဲဒါပြီးရင် RootXperia_MMUC.zip ဖိုင်ကို ရှာပြီး ရွေးလိုက်ပါ . Yes , No တွေမေးနေရင် Yes ကိုပဲ ရွေးလိုက်ပါ .
အဲဒါပြီးရင် Back key နဲ့ ပြန်ထွက်ပြီး . reboot system now ကို ရွေးပြီး ဖုန်းကို reboot လုပ်လိုက်ပါ . ပြီးရင် Superuser icon လေး ရှိမရှိ ရှာကြည့်ပါ . တွေ့ ပြီဆိုရင်တော့ LT18i ( Arc S .62 ) အမြစ်တူးခြင်း လုပ်ငန်း အောင်မြင်စွာ ပြီးဆုံးသွားပါပြီ ခင်ဗျာ

ကျေးဇူးပါ .
SOE WIN ( MMUC )


To view discussion on original link