Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။

Tuesday, July 10, 2012

Why do I need to calibrate my smartphone battery?


စမတ်ဖုန်းတွေ ကထုံးစံအတိုင်း rechargeable battery ဆိုဒ်မျိုးစုံ နဲ့လာပါတယ်။ ဖုန်းအမျိုးအစားပေါ်မူတည ပြီး ဈေးနှုန်း မော်ဒယ် စကရင် စီပီယူ ပေါ်မူတည်ပြီး ဆိုက် အကြီးအသေး အမျိုးမျိုးလာကြပါတယ်။ ဒါပေမဲ့ Google Android OS သုံးတဲ့ ဖုန်းတွေကတော့ ဘက်ထရီ စားတဲ့နေရာမှာ ချံပီယံတွေပါပဲ။ ဒါကလည်း သူကတစ်ချိန်လုံး Google server နဲ့ sync လုပ်ရတာတို့ facebook ဖွင့်ထားလို့ sync လုပ်နေရတာတို့။ နောက်ပိုင်း dual core, quad core, screen ကလည်း ၄ လက်မ ကနေ ၅ လက်မအထိ ရှိလာကြတော့ မကုန်ပဲခံနိုင်ရိုးလား။

အဲ့ဒီထဲကမှ တစ်ချို့ ဖုန်းကိုအမြဲကလိနေတဲ့ ဘော်ဒါတွေအတွက်ကတော့ ဖုန်းကို Rom တစ်ခုချိန်းတော့မယ်ဆိုရင် ၁၀၀% အားပြည့်နေမှ လုပ်ဖို့ သတိပေးထားပါတယ်။ ဒါကလည်း Android OS ရဲ့ထုံးစံအတိုင်း မကြာခဏ ၂ ပတ် ၁ ခါလောက် update တွေထွက်နေတာရယ်။ Open source မို့လို့ developers တွေက ကာစတန် rom တွေအမြဲ ထုတ်ပေးနေတာရယ်ကြောင့် ဖုန်းကလိတဲ့သူတွေဟာ ဟိုrom လေး သွင်းလိုက် ဒီ rom လေးသွင်းလိုက်နဲ့ အကျေနပ်ကြီးကျေနပ်နေကြပါတော့တယ်။

ဒါပေမဲ့ ခုနက စာရေးသူ ပြောခဲ့တဲ့အတိုင်း (အံမယ် သူ့ကိုသူ စာရေးသူလေးဘာလေးနဲ့ ..) new rom flash ချင်တဲ့သူတွေကို ၁၀၀ % အထိ အားအပြည့်ဖြည့်ပြီးမှ flash ကြဖို့ developers တွေကပြောထားပါတယ်။ ဘာလို့လဲဆိုတော့ အကယ်၍ ၅၀% ရှိတဲ့အချိန်မှာသာ flash ခဲ့မယ်ဆိုရင် rom အသစ်က လက်ရှိ ၅၀% ကို ၁၀၀%အပြည့်ထင်ပြီး သုံးလိုက်လို့ပါ။ အကျိုးဆက်ကတော့ ကို့ဘက်ထရီ ရဲ့ တ၀က်ကိုပဲကိုက သုံးလို့ရတော့တယ်။ အားသွင်းရင်းနဲ့ တ၀က်လဲရောက်ရော rom အသစက် ၁၀၀ ပြည့်ပြီထင်ပြီး အားသွင်းတာကို ရပ်လိုက်လို့ပဲဖြစ်ပါတယ။် (နောက်ပိုင်း rom တွေမှာတော့ flash တဲ့အခါ အဲ့ဒီ system file လေးကို backup လုပ်ပြီး အသစ်မှာ မှားရအောင် လုပ်ပေးထားတာတွေရှိပါတယ်)

အကယ်၍ သင့်ရဲ့ဖုန်းက ဘက်ထရီကိုအကုန်သုံးလို့မရဘူး။ ခဏလေးနဲ့ ကုန်ကုန်သွားတယ်။ ROM FLASH ပြီး ဖုန်းက မကြာခဏအား ကုန်ကုန်နေတယ်ဆိုလို့ရှိရင်တော့ BATTERY ကို CALIBRATE လုပ်ပေးရပါမယ်။ ကိုတိုင်လဲ လုပ်လို့ရသလို CALIBRATE လုပ်တဲ့ APP လေးနဲ့လဲလုပ်လို့ရပါတယ်။ သူက ဘာလုပ်ပေးလဲဆိုတော့ SYSTEM FILE ထဲမှာ ရှိတဲ့ batterystats.bin ဆိုတဲ့ ဘက်ထရီဲ information မှတ်တဲ့ဖိုင်လေးကို သွားဖျက်ပေးပါတယ်။ နောက်ပြီး အဲ့လိုဖိုင်နောက်တစ်ဖိုင်ကို information အမှန်နဲ့ ထပ်ထုတ်ပေးပါတယ်။ အဓိကကတော့ OS နဲ့ battery ကြား နားလည်မှူလွဲမှားနေတာတွေ၊ အထင်လွဲနေတာတွေကို ပြန်ဖြေရှင်းပေးလိုက်တယ်ပေါ့ဗျာ။ ဒါပေမဲ့ ဒီ app လေးက root လိုတယ်တဲ့။
ဘာတွေလုပ်ရမလဲဆိုတော့။

၁ ဖုန်းကို ပလပ်တပ်ပြီးအားသွင်းထားပါ။
၂ ၁၀၀%ပြည့်တဲ့အထိစောင့်ပါ
၃ battery calibrate ဆိုတာလေးကို နှိပ်လိုက်ပါ
၎ ပြီးရင် ပလပ်ဖြုတ်လိုက်လို့ရပါပြီ။


အဲ့ဒီလို လုပ်ပြီးသွားရင် ဖုန်းကို လုံးဝအားမသွင်းပဲ အားအကုန်ကုန်တဲ့အထိ သုံးပစ်လိုက်ပါ။ ပြီးရင်တော့ ၁၀၀ ပြည့်တဲ့အထိ ပြန်သွင်းပါလို့ app ရေးတဲ့သူကပြောထားပါတယ်။

အကယ်၍ သင်ဖုန်းက root မလုပ်ထားဘူး။ rom လဲမတင်ထားဘူး။ ဒါပေမဲ့ ဘက်ထရီက ခါတိုင်းထက်ပိုစားနေတယ်။ အပလီကေးရှင်းတွေလဲ စစ်ပြီးပြီ။ စားတုန်းပဲ။ ဒါဆိုရင်တော့ တစ်ခုဖြစ်နိုင်တာက သင် ဘက်ထရီ ချာဂျာ မျိုးစုံနဲ့သွင်းထားလို့ဖြစ်ပါလိမ့်မယ်။ ကွန်ပျူတာနဲ့တစ်ခေါက်သွင်း။ သူငယ်ချင်းအိမ်ရောက်တာ့ သူ့ဟာနဲ့သွင်း။ ကို့အိမ်ရောက်တော့ ကို့ဟာကို ကောက်သွင်း ။ အဲလို ဗျောင်းဆန်နေအောင် သွင်းရင်တော့ ဖုန်းခမျာ ဘယ်သူ့ဟာကို အတည်ယူရမှန်းမသိဖြစ်တတ်ပါတယ်။ ကျွန်တော့် အတွေ့အကြုံကတော့ Note က 1A charger နဲ့လာပါတယ်။ အဲ့ဒါကို ကျွန်တော်က မြန်အောင်လို့ဆိုပြီး tab က 2.1 A ချာဂျာနဲ့ ကိုင်ပါတယ်။ မြန်မြန်တော့ အားပြည့်တာပေါ့။ ဥပမာ ၃၀ မိနစ်ပဲထားပါတော့။ နောက်နေ့ Note charger 1 A နဲ့ပြန်သွင်းတယ်။ ခပ်တည်တည် ပဲ ၃၀မိနစ်လောက်မှာ အားပြည့်သွားရော။ အပြင်ရောက်လို့ သီချင်း ၂ ပုဒ်လောက်နားထောင်ပြီးရော ဖုန်းက ၆၀ % တန်းဖြစ်သွားပါရော။ ဒီတော့ကျွန်တော် battery calibration အပေါ်ကလို လုပ်လိုက်တာ အခု ကောင်းသွားပါရော။

အခု root မလုပ်ထားလို့ အပေါ်ကလို app မျိုးသုံးမရသူတွေအတွက ဘယ်လိုလုပ်ရမလဲဆိုတော့ အပေါ်ကလိုပဲ ဘက်ထရီကို အားကုန်အောင်သုံးလိုက်ပါ။ သုံးလို့ ပိတ်သွားရင် ပြန်ဖွင့်ပါ။ သူ့ဟာသူတက်ပြီးပိတ်သွားပါလိမ့်မယ်။ အား အကုန်စစ်ထုတ်လိုက်တဲ့သဘောပါ။ ပြီးရင် ၁၀၀ ပြည့်တဲ့အထိ ဆက်တိုက် သွင်းပါ။ ပြီးရင် လုံးဝကုန်တဲ့အထိ ဆက်တိုက်သုံးပါ။ ပြီးရင် အပြည့် မပြတ်ပဲ ပြန်သွင်းပါ။ အဲ့လို ၃ ခေါက်လောက် လုပ်ပြီးရင် ပြန်ကောင်းလာပါလိမ့်မယ်။

နောက်ပြီး ကျွန်တော် MMUC မှာ share ထားတဲ့ battery ကို drain လုပ်ပေးတဲ့ APP လေးတွေရှိပါတယ်။ အဲ့ဒါကတော့ သင့်ဘက်ထရီကို အားကုန်တဲ့အချိန်အထိ စိတ်ရှည်လက်ရှည်မစောင့်နိုင်တဲ့ သူတွေအတွက် အားအမြန်ဆုံးကုန်အောင် လုပ်ပေးတဲ့ APP လေးတွေပါ။ ရှိတဲ့ ဖန်ရှင်တွေအကုန်ဖွင့် brightness တွေတင်ပြီး အားအမြန်ကုန်အောင်လုပ်ပေးတဲ့ ဟာလေးတွေပါ။ ဒီလောက်ဆိုရင်တော့ battery calibration အကြောင်းကို သိလောက်ပြီထင်ပါတယ်။ ထပ်သိချင်ရင်တော့ gOOGLE ကိုသာ မေးကြည့်ပါတော့ဗျာ။

battery calibrator.apk
battery calibration.apk
Juice Offender.apk
Battery drainer.apk

အပေါ်က ၂ ခုက ကာလီဘရေးရှင်းလုပ်တဲ့ app တွေဖြစ်ပြီး အောက်က ၂ ခုကတော့ ဘက်ထရီ အမြန်ကုန်အောင်လုပ်တဲ့appတွေပါ။ ဒေါင်းလင့်ခ်တွေမဟုတ်ဘူးနော်။ file name သက်သက်ပါ။ Thway Thout Gyi (MMUC)