Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။

Monday, August 20, 2012

NFC စနစ်ကိုသုံးပြီး File Share မယ်


NFC (Near Field Communication ) ဆိုတာအခုနောက်ပိုင် Handset တော်တော်များများမှာပါဝင်လာတဲ့နည်းပညာပါ။ NFC စနစ်ပါဝင်တဲ့ ဖုန်းနှစ်လုံးကို ကျော်ချင်ကပ်ပေးလိုက်ရုံပါပဲ။ Bluetooth နဲ့ File Transfer လုပ်တဲ့အခါ Pair လုပ်စရာလည်းမလိုပါဘူး။ NFC စနစ်ကိုသုံးဖို့အတွက် ဖုန်းမှာ NFC စနစ်ပါဝင်ဖို့တော့လိုတာပေါ့ဗျာ။
အခု တင်ပေးတဲ့ File Manager လေးက NFC စနစ်နဲ့ File Tran
sfer လုပ်ဖို့ကောင်းကောင်းအသုံးဝင်ပါတယ်။
ဒါအပြင် wifi Sharing ပါအသုံးပြုလို့ရပါတယ်။ လောလောဆယ် NFC စနစ်ကို စသုံးကြည့်ရအောင်။ မေ့နေလို့ NFC စနစ်နဲ့ File Transfer လုပ်ဖို့က ဖုန်းနှစ်ခုလုံးက NFC စနစ်ကို အထောက်ပံပေးပို့လိုပါတယ်။
1. File Expert http://www.mediafire.com/?sh5w76599b5lnrc ကို Down ပြီး install လုပ်ပါ။
2. ဖုန်းမှာပါတဲ Bluetooth/NFC စနစ်ကို On ပါမယ်။ "လက်ခံမယ့်ဖုန်းကိုပါဖွင့်ထားပါ"
3. File Expert ကိုဖွင့်ပြီးတော့ မိမိပို့ချင်တဲ့ Folder(or)File ကိုရှာပြိး ခဏဖိထားလိုက်ပါ။ menu ပေါ်လာပြီး Send File ကိုရွေးပါ အဲ့ဒီထဲကမှ Send NFC Tag ကိုရွေးပေးလိုက်ပါ။ ဖုန်း Screen မှာစက်ရုပ်နှစ်ခုကျော်ချင်ကပ်ပြီး ရပ်နေတဲ့ပုံပေါ်လာရင် File Transfer လုပ်မယ့် Handset နှစ်ခုကို ကျော်ချင်ကပ်ပေးလိုက်ရုံပါပဲ။ ဒါဆို FileTransfer စလုပ်ပါလိမ့်မယ်။ ကဲကလိလိုက်ဦးဗျာ။ နက္ခတ် သစ်(MMUC)