Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။

Saturday, August 11, 2012

ဆန်ဆေးရင်အိပ်တဲ့ကောင်(Sensation XL) အား Hboot unlock လုပ်စရာမလိုဘဲ အမြစ်မှဆွဲလှန်နည်း


ပိုစ်တစ်ခုလုံးကို
အစအဆုံး အရင်ဖတ်ပြီးမှ
လုပ်သင့်မလုပ်သင့်ကို သင်ကိုယ်တိုင် ဆုံးဖြတ်စေချင်ပါသည်။


မှတ်ချတ်- XL Android version 2.3.5 အတွက်သာဖြစ်သည်။
- Software version 1.24.709.2 တွင်လုံးဝ အဆင်မပြေပါ။
- ကိုယ်တိုင်စမ်းသပ်ပြီး အောင်မြင်မှ ဒီ ပို့စ်ကိုတင်ခြင်းဖြစ်သည်။

့အလွန့် အလွန်ကိုမှ လွယ်ကူသော အမြစ်တူးနည်းဖြစ်ပါသည်။
မိနစ် အနည်းငယ်အတွင်းပြီးမြောက်နိုင်ပါသည်။
မိမိဖုန်း Warranty Void ဖြစ်စေသည့် Hboot ကိုလည်း အထူးအထွေ Unlock လုပ်ရန်မလိုပါ။

Root လုပ်မယ့်နည်းကတော့ လွယ်လွယ်လေးပါဗျာ....
Oneclick Root tool ဖြစ်တဲ့ DooMLoarD_V4_Root.zip ကို အသုံးပြုမှာပါ။

ကဲပြောနေတာကြာတယ်
ထုံးစံ အတိုင်း အမြစ်မတူးခင် လိုအပ်တာလေးတွေ အရင် Download ဆွဲလိုက်ရအောင်................

DooMLoarD_V4_Root.zip

HTC Sync(3.2.20) for all HTC Android Phone မရှိတဲ့သူတွေ အောက်ကလင့်ခ်လေးမှာ ဒေါင်းပြီးတော့
Install လုပ်ပေးပါ။ (Htc Sync ကို install လုပ်ပြီးသူများ ဒေါင်း ရန်မလို)

Root မလုပ်ခင် မိမိဖုန်းရဲ့ Android Version နဲ့ Software Version ကိုအရင်စစ်ပေးပါခင်ဗျာ။
(မစစ်ဘဲ root လုပ်လိုက်လို့ ဖြစ်လာမဲ့နောက်ဆက်တွဲပြသာနာ အတွက်လုံးဝတာဝန်မယူပါဘူး)

အထူး(အထူး)မှာချင်တာကတော့ ဖုန်းကို Backup လုပ်ထားပါခင်ဗျာ.....
( ကြိုပြောထားတယ်နော်.... Backup လုပ်တဲ့အဆင့်ကို မကျော်သွားပါနဲ့
Backup မလုပ်ဘဲ အောက်ကအဆင့်တွေဆက်လုပ်မယ်ဆိုရင်တော့ နောက်ဆက်တွဲပြသာနာတွေ ဖြစ်လာရင် ငါ Backup မလုပ်မိလို့ပါလားဆိုပြီး ကိုယ့် ဟာကို အရင် အပြစ်တင်လိုက် )


USB debugging mode ကို Enable လုပ်ပေးပါ။
(Setting>Application>Development> USB debugging ကို အမှန်ခြစ်ပေးပါ)

နောက် Setting>Application>Unknown Source ကို အမှန်ခြစ်ပေးပါ။

ဖုန်းကို Computer နဲ့ချိတ်ပါ။(Charge only)

ဒါတွေအားလုံးလုပ်ပြီးပြီဆိုရင်တော့
ခုနက ဒေါင်း ထားတဲ့ DooMLoarD_V4_Root.zip ဖိုင်လေးကို Destop ပေါ်မှာ Folder တစ်ခုဆောက်ပြီး Extract လုပ်လိုက်ပါ။
Extract လုပ်လို့ ရလာတဲ့ folder ထဲမှာ ရှိတဲ့ runme.bat ကို run လိုက်ပါ။
အောက်ကပုံအတိုင်း Command prompt လေးကျလာပါလိမ့်မယ်။


သူပြောထားတဲ့ အချက်တွေ မှန်-မမှန် တစ်ချက်ပြန်စစ်ပေးပါ။
ပြီးလျှင် Enter ခေါက်ပါ။ Oneclick tool က သူဟာသူ သင့်ဖုန်းအား root လုပ်ပေးပါလိမ့်မယ်....
reboot ချပြီး ပြန်တက်လာပြီဆိုရင်တော့ သင့်ဖုန်းမှာ Superuser ဆိုတဲ့ application လေးကို အဆင်သင့်တွေ့ရမှာဖြစ်ပြီး ဆန်ဆေးရင်း အိပ်နေတဲ့ကောင်ကို အောင်မြင်စွာ မြေလှန်ပြီး အမြစ်တူးခြင်း ပြီးမြောက်ပါပြီခင်ဗျာ။ :D


ကဲ အမြစ်တော့တူးပြီးသွားပြီ ဘာဆက်လုပ်ကြမလဲ...........အမြစ်တူးပြီးပြီ ဆိုမှတော့ မြန်မာဖောင့်ထဲ့မှာပေါ့ဗျ... ဟုတ်တယ်မလား? :D

ဦးဦး သူရိန်ရဲ့ ဇော်ဂျီ installer နဲ့ ကီးဘုတ်လေးကို ဆွဲလိုက်ကြဦးစို့...

Zawgyi Font Installer

MM keyboard

မြန်မာဖောင့်သွင်းနည်း အသေးစိပ်ကို အောက်ကလင့်ခ်လေးမှာ ဆက်ပြီးလေ့လာလိုက်ပါခင်ဗျာ :D


ီDownload ဆွဲပြီးပြီဆိုရင်တော့ ရင်ခုန်စရာလေးတစ်ခုလောက်တော့ပြောရဦးမယ်........Root လုပ်တဲ့ process တစ်ခုလုံး ဘာပြသာနာမှ မတက်ဘဲ အဆင်ပြေလိမ့်မယ်...
ဒါပေမယ့် မြန်မာဖောင့်ကို install လုပ်လိုက်ပြီဆိုရင်တော့ ပြသာနာ တက်ပြီ....
Zawgyi installer ထဲက Font တစ်ခုကို install လုပ်လိုက်ရင် ဖုန်းတစ်ခုလုံး အင်္ဂလိပ်စာကနေ ချက်ချင်း တရုတ်စာ ကိုပြောင်းသွားလိမ့်မယ်.....
အဲ့လိုဖြစ်သွားလို့ မလန့်သွားပါနဲ့ အနာသိရင်ဆေးရှိပါတယ်......
Factory reset ပြန်ချလိုက်ပါ...... အဲ့တာကြောင့် ဒီပို့စ်အစမှာ ကတည်းက Backup လုပ်ထားဖို့ အထူးအထူးသတိပေးထားပါတယ်.......
ပြီးရင် လွမ်းပိုင်ရဲ့ အားလုံး ဘိုကေ ဆိုတဲ့သီချင်းကို...... အားလုံး အိုကေလို့ ပျော်ပျော်ကြီးသာပြောင်းဆိုလိုက်တော့ :D
ဘာလို့လဲဆိုတော့ သင့်ဖုန်းဟာ Hboot ကို Unlock မလုပ်ဘဲ.. အောင်မြင်စွာ အမြစ်တူးပြီးတော့ ခုနကမြင်နေရတဲ့ တရုတ်စာတွေကလည်း နဂိုမူရင်း အင်္ဂလိပ်စာကို ပြန်ပြောင်းသွားပါပြီ....
MM keybord ကို install လုပ်ပြီး XL ပေါ်တွင်မြန်မာစာကို မြင်နိုင် ဖတ်နိုင် ရေးနိုင်ပါပြီခင်ဗျာ..........


အားလုံး အိုကေသွားပြီဆိုရင်တော့ DooMLoard_V4_Root tool ကို လုပ်ပေးတဲ့ Developers တွေ နဲ့ ဇော်ဂျီဖောင့်ကို လွယ်ကူစွာသွင်းလို့ရအောင်လုပ်ပေးတဲ့ ကိုသူရိန် တို့ကို ကျေးဇူးတင်ဖို့ မမေ့နဲ့နော်

အားလုံးအဆင်ပြေကြပါစေ....................

SHARING IS CARING Kaung Myat Sone (MMUC)