Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။

Friday, August 10, 2012

Unlocking Bootloader Your HTC Device


ပိုစ်တစ်ခုလုံးကို အစအဆုံး အရင်ဖတ်ပြီးမှ လုပ်သင့်မလုပ်သင့်ကို သင်ကိုယ်တိုင် ဆုံးဖြတ်စေချင်ပါသည်။

"" I accept no responsibility for what you do with your phone. All I can say is that I got it to work on mine, and so have many others.""

HTC ကို Bootloader Unlock လုပ်ဖို့ ရာအတွက် လိုအပ်တဲ့ File တွေကို အောက်မှာ အရင်ဆုံး Download လုပ်ပေးပါ။
Android.zip   
jdk-7u5-windows-i586.exe   
installer_r20.0.1-windows.exe    
PG7610000_Marvel_hboot_1.09.0099_0209_R.exe 
HTC Sync(3.2.20) for all HTC Android Phone 




ဒါလေးတွေကို Download လုပ်ပြီးပြီဆိုရင်

USB debugging ကို Enable လုပ်ပေးပါ။
Settings > Applications > Development > USB debugging

1. htc_sync_setup_3.2.20.exe ကို Install လုပ်ပါ။
2. Android.zip ဖိုင်ကို Desktop ပေါ်ကို Extract လုပ်ပြီး ရလာတဲ့ Android ဖိုလ်ဒါကို C: အောက်သို့ Copy ကူးပေးပါ။


3. jdk-7u5-windows-i586.exe ကို Install လုပ်ပေးပါ။
4. ပြီးလျှင် installer_r20.0.1-windows.exe ကို Installလုပ်ပါ။

Finish ကို click နှိပ်လိုက်ရင် Android SDK Manager ဆိုတဲ့ window ကျလာပါလိမ့်မယ်။

Android SDK platform-tools တစ်ခုထဲကိုဘဲ အမှန်ခြစ်ပါ။
ကျန်တဲ့ ဖိုဒါတွေမှာ အမှန်ခြစ်ထားလျှင် ဖြုတ်ပစ်ပါ။
ဲ ပြီးလျှင် Install 1 package ကို နှိပ်ပါ.... install လုပ်ပြီးလျှင် Android SDK Manager ကိုပိတ်လိုက်ပါ။

5. Hboot Version Update လုပ်ခြင်း ( Hboot Version Up to date ဖြစ်လျှင် လုပ်ရန်မလို)PG7610000_Marvel_hboot_1.09.0099_0209_R.exe ကို run လိုက်ပါ
အောက်ကပုံအတိုင်း Update ဆိုတဲ့ အဆင့်ထိရောက်အောင်သွားပါ.......
Update ကိုလည်း မနှိပ်ပါနဲ့ Cancel ကိုလည်းမနှိပ်ပါနဲ့

ပြီးရင် run box မှာ %temp% ကိုရိုက်ပြီး Enter ခေါက်လိုက်ပါ။
အောင်ကပုံ အတိုင်း Temp folder ပွင့်လာပါလိမ့်မယ်။

အဲ့မှာ {A9B16249-8693-472E-8E98-9CB9B7019DCF} ဒီလိုနာမည်နဲ့ ဖိုလ်ဒါတွေ ၄-၅ ခုလောက်တွေ့ရပါလိမ့်မယ်။
တစ်ခုချင်းစီလိုက်ဖွင့်ကြည့်ပါ။
အောက်ကပုံ မှာပါတဲ့ ဖိုလ်ဒါကိုတွေ့ပြီဆိုလျှင် အဲ့ဒီ ဖိုလ်ဒါထဲက ဖိုလ်ဒါခွဲလေးထဲကို ထပ်ဝင်လိုက်ပါ။

ဝင်ပြီးသွားရင် rom_02 ဆိုတဲ့ zip ဖိုင်လေးကို PG76IMG လို့ နာမည်ပြောင်းလိုက်ပါ။

ပြီးရင် PG76IMG.zip ဖိုင်လေးကို မိမိဖုန်းရဲ့ SD card ထဲကို copy ကူးထဲ့ပေးပါ။

ကဲ နဲနဲ အရေးကြီးလာပြီ....
ဖုန်းကို Hboot mode ထဲဝင်ဖို့ ဖုန်းကို ပိတ်လိုက်ပါ။
ဖုန်းဘက်ထရီကို ၁၀စက္ကန့်လောက် ဖြုတ်ပြီးပြန်တပ်ပါ
Volume down ခလုတ်ကို ဖိထားပြီး Power button ကိုဖိလိုက်ပါ။
HBoot mode တက်လာပါလိမ့်မယ်။ PG76IMG.zip ကို load လုပ်နေတာဖြစ်လို့ ဘာမှမနိပ်ဘဲ ခဏစောင့်ပါ။
Load လုပ်ပြီးသွားရင် PG76IMG.zip ကို install လုပ်ဖို့ Volume up key(Yes) ကိုနှိပ်ပါ။
ပြီးလျှင် ဖုန်းကို restart လုပ်ပါ။ SD card မှာထဲ့ထားတဲ့ PG76IMG.zip ကို delete လုပ်လိုက်ပါ


HTC Device တွေကို Bootloader Unlock လုပ်ဖို့ စကြရအောင်


( 1 ) မိမိတို့ ရဲ့ Device ကို 70% အနည်းဆုံး Battery ကို
အားဖြည့်ထားပေးပါ။
( 2 ) Personal Data တွေကို Back Up လုပ်ထားပေးပါ။
( 3 ) မိမိတို့ ရဲ့ Email ကို အသုံးပြုပြီး www.htcdev.com မှာ
Register လုပ်ပေးပြီး Login လုပ်ပါ။
( 4 ) Login လုပ်ပြီးပြီဆိုရင် အောက်ကပုံပါအတိုင်း
( 1 ) Unlock Bootloader နှင့် ( 2 ) Get Started အဆင့်တွေကိုဝင်ပေးပါ။

—–Select Your Device—– List မှာ မိမိတို့ ရဲ့ Device Model ပါခဲ့ရင် မိမိတို့ ရဲ့ Device Model ကို ရွေးပေးပြီး
မပါခဲ့ရင်တော့ All Other Supported Models ကိုရွေးပေးပါမယ်။
ပြီးရင် Begin Unlock Bootloader ကိုနှိပ်လိုက်ပါ။


Are you sure you wish to continue? Box မှာ Yes ကိုရွေးပြီး
Legal Terms မှာ အောက်ပါပုံအတိုင်း အမှန်ခြစ်နှစ်ခု ခြစ်ပေးပြီး Procced
to Unlock Instructions ကိုရွေးပါ။


ဖုန်းကို Power ပိတ် Battery ဖြုတ်ပြီး ၁၀ စက္ကန့် လောက် ကြာမှ Battery
ကိုပြန်တတ်ပါ။
Volume Down+Power ကိုစကက္ကန့် အနည်းငယ် တွဲ နှိပ်ထားပြီး Bootloader Mode ကို ဝင်ပါမယ်။

Fastboot ကို ရွေးဘို့ ရာ Volume + (or) – ကို အသုံးပြုနိုင်ပြီး
Fastboot ကိုဝင်ရန် Power Key ကို အသုံးပြုပါမယ်။
ပြီးရင်တော့ မိမိတို့ ရဲ့ Device ကို USB ကြိုးဖြင့် Computer
ကိုချိတ်ဆက်ပါ။

C: အောက်က Android Folder ကိုဖွင့်ပြီး အောက်ပါပုံအတိုင်း လွတ်တဲ့ နေရာတစ်ခုမှာ
Shift Key+Right Click ကိုနှိပ်ပေးပြီး Open command window here ကိုရွေးပါ။


Command Prompt မှာ အောက်က ပုံအတိုင်း fastboot oem get_identirier_token ရိုက်ပေးပြီး Enter ကိုနှိပ်ပါ။


Command Prompt မှာ Fastboot Info ကျလာပြီဆိုရင် အောက်ကပုံအတိုင်း
အပိုအလိုမရှိ Select ပေးပါ။
Select ပေးနည်းက Command Prompt မှာ Right click နှိပ်ပြီး Mark ကို ကလစ်ခေါက်လိုက်ပါ။


Copy ရလာတဲ့ Fastboot Info ကို www.htcdev.com/bootloader မှ နောက်ဆုံးအဆင့်ဖြစ်တဲ့ My Device Identifier Token: နေရာမှာ Paste လုပ်ပေးပြီး Submit ကိုနှိပ်လိုက်ပါ။


Submit အဆင့်ပြီးသွားရင် (Token Submitted Successfully!) Web Page နှင့် အတူ မိမိရဲ့ Gmail ထဲမှာ HTC-Unlockbootloader@htc.com မှ Mail တစ်စောင် ရောက်ရှိနေပါပြီ။


Mail ထဲမှ Unlock_code.bin File ကို Download ဆွဲပြီး C: မှ Android Folder ထဲကို Copy ကူးယူပါ။

C:မှ Android Folder ထဲမှာ အပေါ်မှာလုပ်ခဲ့တဲ့အတိုင်း Shift Key+Right Click ကိုနှိပ်ပေးပြီး Open command window here ကိုရွေးပါ။
ကျလာတဲ့ Command Prompt မှာ အောက်ပါပုံအတိုင်း fastboot flash unlocktoken Unlock_code.bin ရိုက်ထည့်ပေးပြီး Enter နှိပ်ပါ။

Enter နှိပ်ပြီးချိန်မှာ မိမိရဲ့ ဖုန်းမှာ Unlock bootloader request လက်ခံရရှိမှာဖြစ်ပြီး Volume Up နှင့် Yes ကိုရွေးပြီး Power ဖြင့် confirm လုပ်ပေးလိုက်လျှင် Auto Reboot ကျပြီး Bootloader Unlock ပြုလုပ်ခြင်းပြီး မြောက်ပါပြီ။
မိမိရဲ့ ဖုန်းကို Bootloader Unlock ဖြစ် မဖြစ် သိရှိနိုင်ရန်အတွက် Volume Down+Power ကိုစက္ကန့် အနည်းငယ် တွဲ နှိပ်ထားပြီး Bootloader Mode ကို ဝင်ရောက်စစ်ဆေးနိုင်ပါတယ်။
မှတ်ချက်- ယခု Process များသည် အန္တရာယ် ရှိသဖြင့် ပိုစ်ကိုသေချာစွာ ဖတ်ရှူပြီးမှ ပြုလုပ်ရန် နှင့် ဖြစ်လာသည့် ပြသာနာများအတွက် ပို့စ်ရေးသားသူတွင် တာဝန်မရှိကြောင်း.... မိမိသဘောဆန္ဒ အလျှောက်ပြုလုပ်ခြင်းဖြစ်သည် ဟုမှတ်ယူပါသည်။

ယခု Process ကို HTC Wildfire S A510e ဖြင့် စမ်းသပ်ထားသည်။

အတတ်နိုင်ဆုံး ရှင်းရှင်းလင်းလင်းဖြစ်အောင် Step by Step ရေးထားပါတယ်....
အားလုံးအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ Kaung Myat Sone (MMUC)