ဒီကောင့်ကို root လုပ်ဖို့  Downgrade လုပ်တဲ့နည်းတွေ custom kernal တွေ flash တာတွေကို မလုပ်ချင်လို့ လက်တည့်စမ်းကြည့်လိုက်တာ အဆင်တော့ပြေသား
စမ်းလိုက်တဲ့ Xperia Neo က
- Model number MT15i
- Android version 4.0.4
- Build number 4.1.B.0.431 ဒီနည်းကိုသုံးဖို့ လိုအပ်တာလေးတွေပေါ့
- driver (ဒီကောင်ကို တော့ ကိုယ့်ဟာကို ရှာဒေါင်းလိုက်ပါ ကွန်ကောင်းရင် လင့်ထည့်ပေးပါမယ်။ ဒါမှမဟုတ် Flash tool ကို install လုပ်ပြီးမှ (C:\Flashtool) ထဲက drivers ထဲက flashdriver.exe ဆိုတာကို ကလစ်နှိပ်ပြီး install လုပ်ပါ)
- fastboot.rar (http://dl.dropbox.com/u/62174561/Shear/fastboot.rar)
- recovery image file (http://dl.dropbox.com/u/62174561/NEO%20RECOVERY/boot.img)
- Superuser-3.0.7-efghi-signed.zip (http://goo.im/superuser/Superuser-3.0.7-efghi-signed.zip)
- ကဲ စကြမယ်။ အဲ ...မစသေးခင် တစ်ခုတော့ မမေ့ပါနဲ့ ။ (setting/development/debugging) ဆိုတဲ့ လမ်းကြောင်းတိုင်းသွားပြီး USB Debugging ကို On ဖို့ ပါ။
- ပထမဆုံး SD card ထဲကို Superuser-3.0.7-efghi-signed.zip ကို ထည့်လိုက်ပါ။
- ပြီးရင် fastboot.rar ကိုဖြည်ချပြီး C: အောက်ထဲ သွားထည့်လိုက်ပါ။
- recovery image file ကိုလည်း "boot" လို့ နာမည်ပေးပြီး အဲ့ဒီ folder ထဲပဲ ထည့်လိုက်ပါ။
- ပြီးရင်တော့ ဖုန်းကို ပါဝါ ပိတ်လိုက်ပါ။
- fastmode oင်ဖို့ Menu key ကို ဖိနှိပ်ထားပြီး USB cable ကိုတပ်လိုက်ပါ။ မီးပြာလေး လင်းလာပါလိမ့်မယ်။
- အဲ့လို လင်းနေတာတွေ့ ရင် fastmode ၀င်နေပါပြီ။
- ဒါဆိုရှေ့ဆက်လို့ ရပါပြီ။
- C: အောက်ထဲက ခုနက fastboot.rar ကိုဖြည်လိုက်လို့ ရတဲ့ tools လို့ခေါ်တဲ့ folder ထဲ အထိ ၀င်ပြီး လွတ်တဲ့နေရာ တစ်နေရာရာမှာ shift+ right click နှိပ်ပြီး open command window here ကို ရွေးလိုက်ပါ။
- command box ကျလာရင် "fastboot boot boot.img" လို့ ရိုက်ထည့်လိုက်ရင် ခဏကြာရင် သူ့ ဟာသူ recovery ထဲဝင်သွားပါလိမ့်မယ်။
- အဲ့တော့မှ install zip from SD card ကိုရွေး choose zip from SD ဆိုလားပဲ ကိုရွေး ပြီးမှSuperuser-3.0.7-efghi-signed.zip ကို ရွေးပြီး install လုပ်လိုက်ပါ။
- ရွေးပြီးရင် ဖုန်းကို reboot လုပ်လိုက်ပါ။
Superuser icon လေး တွေ့ ပြီဆိုရင်တော့ Xperia Neo ( MT15i ) ICS 4.0.4 ကို အမြစ်တူးခြင်း ဒီမှာတင် တစ်ခန်းရပ်ပါပြီ။
မြန်မာစာဖောင့်ထည့်ဖိုက့တော့ ဒီလင့်ကို သွားပါ။
ဒါနဲ့ စကားမစပ် ဖုန်းများတစ်ခုခုဖြစ်ခဲ့ရင် ၀ါ့နဲ့သော်လည်းကောင်း MMUC နဲ့သော်လည်းကောင်း မဆိုင်ရေးချမဆိုင် ...ကိုယ်ဖြစ်ကိုယ်ခံနော် :P
အားလုံးပဲ အဆင်ပြေနိုင်ကြပါစေ ဝေ့။
Wai Min Han (MMUC)