Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။

Friday, September 21, 2012

How to install MIUI 2.9.14 on Huawei C8812 (ALL WORKING!!)


လျှောက်ရှာရင်း တွေ့မိတာလေးပါ... အခုကျွန်တော်စမ်းနေသလောက်မှာတော့ BT,WiFi,3G, MM font (Ko Thu Rein's Zawgyi Installer) အားလုံးကောင်းကောင်းအလုပ်လုပ်တယ်ဗျ.. C8812 နဂို stock ROM လေးမှာ launcher လေးတင်ပြီးသုံးနေရတာထပ်စာရင် အတွေ့အကြုံအသစ်ပေါ့ဗျာ.. UI တွေရော၊ သုံးရတာရော တော်တော်ပိုကောင်းပါတယ်.. ရှေ့ဆက်ပြီး OTA update လည်းသူချပေးမယ်လို့တော့ ရေးထားတယ်ဗျ.. ကျွန်တော်စမ်းတဲ့တောက်လျှောက်မှာ အရှေ့မှာ ဘရိုတို့ရေးခဲ့တဲ့
U8818 & C8812 ICS 4.0 ကို root လုပ်ခြင်း
ကိုတော်တော်မှီငြမ်းခဲ့ပါတယ်။ အဲ့ဒီမှာကူရေးခဲ့တဲ့ဘရိုတွေအားလုံးကိုလည်း ကျေးဇူးပါဗျ..

ကျွန်တော့်ဖုန်းကတော့ rooted+CWM4.0.3.5 အထိတင်ထားပါတယ်.. ဘာမှမလုပ်ရသေးတဲ့ဖုန်းအတွက်လည်း အဆင်ပြေပါတယ်.. အပေါ်ကကျွန်တော်ပြောတဲ့ doc ကနေ root ပြီးရင် MIUI ROM တင်ဖို့အဆင်ပြေပါပြီ.. CWM 4.0.3.5 or 5.0.2.8 ဖြစ်ဖြစ်၊ မတင်ထားတာပဲဖြစ်ဖြစ် အောက်ကနေစလုပ်လို့အဆင်ပြေပါတယ်..

အရင်ဆုံး သူညွှန်းတဲ့ recovery5.0.3.0_c8812.zip ကို ဒေါင်းရမယ်ဗျ။

ပြီးရင် ဖုန်းကို fastboot mode > OFF, USB Debugging > ON ပြီးရင် ပါဝါပိတ်ပါ။ ပြီးရင် Volume Down + Power button ကို 10seconds လောက်ဖိထားလိုက်ပါ.. Huawei Logo မှာပဲရပ်နေတယ်ဆိုရင် fastboot mode ထဲဝင်သွားပါပြီ။ ပြီးရင် PC နဲ့ချိတ်လိုက်ပါ.. ခုနကဒေါင်းထားတဲ့ recovery5.0.3.0_c8812.zip ကိုဖြည်ပြီး .exe ကို run လိုက်ပါ..

(အဲ့ဒီမှာ ကျွန်တော်လုပ်တုန်းက ရယ်ရတယ်ဗျ.. အပေါ် doc မှာ ကို Soe Win တို့ညွှန်းသလိုမျိုး Space Bar ချည်းပုတ်လိုက်တယ်ဗျ.. သူကမရဘူးဗျ.. စာကလည်းဘယ်လိုမှဖတ်မရ၊ translate.google.com နဲ့လည်း အလုပ်မဖြစ်တော့ ကျွန်တော်လည်း အကြံတော်တော်အိုက်ပြီး ဟိုရှာဒီရှာနဲ့ google မယ်ဆိုပြီး Ctrl+T ကိုနှိပ်လိုက်တာ.. ဖြစ်ချင်တော့ command prompt က active windows ဖြစ်နေတာကိုမသိလိုက်တော့ Ctrl+T ကိုနှိပ်လိုက်တာ recovery push ဖြစ်သွားပါတယ်.. အဲ့ဒီလိုနဲ့ပဲ recovery တင်တာအောင်မြင်သွားတယ်ဗျ =D)

အဲ့ဒီတော့ .exe ကို run ပြီးရင် Space bar ကို 1 ချက်ပဲပုတ်ပါ... ပြီးရင် No. 1, 2, ... တွေနဲ့ choice ပေါ်လာရင် Ctrl+T ကိုပဲနှိပ်လိုက်ပါ... recovery အသစ် ရေးသွားပါလိမ့်မယ်ဗျ.. :D ပြီးရင် အောင်မြင်သွားရင် rebooting the device.. ဆိုပြီးပေါ်ရင် space bar ပုတ်လိုက်ရင် ပိတ်သွားပါလိမ့်မယ်.. ဖုန်းပြန်တက်လာရင် SD card mount ပြီး ROM file ကိုကူးထည့်ပါ..

MIUI 2.9.14
အဲ့ဒီ link ကိုသွားပြီး miui_c8812_2.9.14_l9rrqpflvr_4.0.zip (209.3MB) ကိုဒေါင်းပြီး SD card ထဲကူးထည့်ပါ.. (အဲ့ဒီ file name ကိုသေချာရွေးပြီး ဘယ်ဘက်မှာ check လုပ်လိုက်ရင် အပေါ်နားမှာ အောက်မြှားလေးနဲ့ ခလုတ်လေးကို နှိပ်လိုက်ရင် ဒေါင်းပါပြီ.. file size က IDM မှာ 209.31MB ပြပါတယ်။)

ြီပီးရင်ဖုန်းကို power ပိတ်ပြီး Volume Up + Power နဲ့ CWM 5.0.3.0 ထဲကိုဝင်လိုက်ပါ.. တရုတ်စာတွေဆိုတော့ ကျွန်တော် ကို Soe Win ရေးထားတာကိုပဲ ပြန်ပြီး quote လာပါမယ်..

- CWM မှ စာကြောင်းရေ ငါးကြောင်းမြောက် (**SD********)စာကြောင်းကို ရွေးပါ။
[မှတ်ချက်။ ** များသည်တရုတ်စာများကိုဆိုလိုသည် ကျွန်တော်လည်း မဖတ်တတ်ပါ။]
- (**SD****ZIP**)ဟုပါသော ပထမဆုံးစာကြောင်းကိုရွေးပါ။
- SD ကဒ်ထဲမှ ဖိုင်များပေါ်လာမည်။ miui_c8812_2.9.14_l9rrqpflvr_4.0.zip ကိုရှာပြီးရွေးပါ။ Install လုပ်နေမည်။ by Soe Win

ပြီးရင် သူက Other ROMs ကလာရင် Full Wipe လုပ်ပေးဖို့လိုတယ်လို့ပြောထားပါတယ်.. Install လုပ်ပြီးသွားရင် Back button ကို ၄၊၅ချက်လောက်နှိပ်ပါ.. အပြင်ဆုံးက menu ထဲရောက်သွားတာ သေချာပြီးရင် တတိယမြောက်စာကြောင်းကို နှိပ်ပါ.. ပြီးရင်အထဲမှာ ၀င်ဝင်ချင်းရွေးထားတဲ့ ပထမဆုံးကိုပဲနှိပ်ပေးပါ.. အဲ့ဒါဆိုရင် Full Wipe ပြီးသွားပါပြီ.. ပြီးရင် back, back, back နှိပ်ပြီး ထိပ်ဆုံးက #@^#*!#% (Reboot System Now) ကိုရွေးလိုက်ပါ.... steps တွေအားလုံးမှန်ကန်ခဲ့ရင် MIUI တက်လာပါလိမ့်မယ်ဗျာ..
Custom ROMs မတင်ဖူးသူတွေအတွက် ROMအသစ်ပထမဆုံးတက်တက်ချင်းမှာ နဲနဲအချိန်ယူပါလိမ့်မယ်ဗျာ.. စိတ်ရှည်ရှည်ထားပြီးစောင့်ပေးပါ.. ကြောက်ပြီး battery ဆွဲဖြုတ်ဘာဖြုတ်ဆိုရင်တော့ ကျွန်တော်လည်းမသိပါခင်ဗျာ.. =D

MIUI ဆိုတာကလည်း စီလုပ်ကရေးတာဖြစ်တာကလည်းတစ်ကြောင်း၊ ပြီးတော့ ကျွန်တော်တို့တွေက စီလုပ်ဖုန်းတွေကိုသုံးနေတာကလည်းတစ်ကြောင်းဆိုတော့၊ စီလုပ်စာကို စိတ်မပျက်ပါနဲ့ခင်ဗျာ.. setting အောက်ကိုကြိုးစားသွားပြီး A ပုံစံ logo လေးအောက်မှာ ထိပ်ဆုံးက စီလုပ်စာထဲကိုဝင်ပြီး English လို့ ဖုန်းတစ်လုံးလုံးမှာ ကျွန်တော်တို့ပထမဆုံးဖတ်တတ်တဲ့ စာလေးကိုရွေးလိုက်ရင် English လိုမြင်ရပါပြီခင်ဗျာ.. =D
အားလုံးအပျက်အစီးမရှိပဲ အဆင်ပြေကြပါစေဗျာ..... =D
=) 
(ကျွန်တော်ကြွားထားတာလေး.. =D)
Thanks all!!

Credit to: http://www.miui.com/thread-585980-1-1.html (Open with chrome for translation.. I tried with the help of that.. =] )