Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။

Saturday, November 10, 2012

Samsung Galaxy S 3 ဖုန်းတွက် Dropbox အကောင့် 50 GB ရယူနည်း


Samsung Galaxy S 3 ဖုန်းတွက် Dropbox အကောင့် 50 GB ရယူနည်းလေးပါ တော်တော်များများ မသိကြလို့ယူနည်းလေးတင်ပေးလိုက်ပါတယ် ။

S 3 ဖုန်းမှာ Dropbox အကောင့်ကို တိုက်ရိုက် 50 GB မပေးပါဘူး ကိုယ်လုပ်ထားတဲ့ဂျီမေးထဲကိုသွားကြည့်လိုက်ပါ 48 GB ရယူပါဆိုပြီးစာပို့ထားပါလိမ့်မယ် ။ အဲဒီမှာလင့်ပေးထားပါတယ် နှိပ်လိုက်ပါ Dropbox ဆိုက်ထဲရောက်သွားပါမယ် စာမေးပွဲလိုဖြေခိုင်းပါ
လိမ့်မယ် အချက် 7 ချက်ပေးထားပါတယ် 5 ချက်ကို မှန်အောင်လုပ်နိုင်ရင် သင့်အကောင့် 50 GB ရပါပြီ ။ ဖြေဆိုရန် လွယ်ကူသောအချက် 5 ချက်ကို ကျနော်ရှင်းပြပါ့မယ် ။
နံပါတ် 1 - 2 - 3 - 6 - 7 ကိုဖြေဆိုလိုက်ပါ ဖြေဆိုနည်းကိုအောက်မှာရှင်းပြထားပါတယ် ။

( 1 ) သူ့ရဲ့ကြေငြာစာအုပ်ဖက်ခိုင်းခြင်း ဝင်လိုက်တာနဲ့ ဖြေပြီးသွားပါပြီ ထိုင်ဖတ်စရာမလိုပါဘူး ခိခိ ။

( 2 ) dropbox ဆော့ဝဲကို ကွန်ပြုတာတွင် အင်စတောလုပ်၍ ဆိုင်းအင်ဝင်ခိုင်းခြင်း ။

( 3 ) နှိပ်ပြီး မိမိကွန်ပြူတာထဲမှ ဖိုင်တစ်ခုခုကို အပ်လော့တင်ခိုင်းခြင်း ပုံလေးဖြစ်ဖြစ် တစ်ခုခုတင်လိုက်ပါ ။

( 6 ) Invite your contacts (Gmail, AOL, Yahoo, etc.) အထဲမှာ မိမိရဲ့ dropbox ကိုဖြည့်ပြီး Retrieve contacts ကိုနှိပ်၍ ပေါ်လာမယ့် အီးမေးတွေထဲမှ ဖရန့်တစ်ယောက်ကို အမှန်ခြစ်ပေးပြီး OK လုပ်ပေးလိုက်ခြင်း ။

( 7 ) ဖုန်းထဲသင် ဆိုင်းအင်ဝင်ပြီးသား ဖြစ်၍ ဖြေပြီးသားဖြစ်နေမည် ။ မဖြစ်ပါက ဖုန်းထဲဆိုင်းအင်ဝင်လိုက်ပါ ။ ဒါတွေ ပြီးပြီဆိုရင် သင့်ရဲ့ PC ရဲ့ ညာဘက်ထောင့်က dropbox အိုင်ကွန်လေးမှာ စာတန်းလေးတတ်လာပါလိမ့်မယ် 50 GB ရယူပြီးဖြစ်ကြောင်း သင့်အကောင့်ကိုကြည့်လိုက်ပါ 50 GB ဖြစ်နေပါပြီ ။ ခိခိ

အားလုံးအဆင်ပြေကြပါစေ...... :-D
Djjoe Man (MMUC)

https://www.facebook.com/groups/MyanmarMobileUsers/doc/498886806802358/