စက်ရုပ်အတွက် HD game ထည့်ချင်ကြတယ်…ဘယ်လိုထည့်လို့ရမလဲ…အဆင်မပြေလို့….ဘာညာ အဲ့ဒါမျိုးလေးတွေ MMUC ထဲမှာ တွေ့ရပါတယ်….ကျတော်လဲ ကျွမ်းလှချည်ရဲ့တော့မဟုတ်…တကယ်ဆို HD game တွေထည့်ရတာ အလုပ်တော့နဲနဲရှုပ်တယ်ဗျ…. Titanium backup တွေ patch တွေဘာတွေ…ကျတော်လဲအဲ့ဒါတွေတိဘူး :P အဲ့တော့ သိတဲ့အလွယ်နည်းလေး ပြန် share ပေးမယ်… အလွယ်နည်းဆိုပီး post ကရှည်လိုက်တာလို့တွေးမိလိမ့်မယ်…ကျတော်အသေးစိတ်ရေးထားလို့ပါ…အရမ်းလွယ်ပါတယ်…
အရင်ဆုံးလိုအပ်တာလေးတွေပြောပါမယ်…..
HD game တွေက file size တွေ 100 MB အထက်တွေကနေ 1GB ကျော်တွေဖြစ်ကြပါတယ်….100MB အောက် ရှိတဲ့ game တွေနည်းပါတယ်အဲ့တော့ internet connection ကောင်းကောင်း(သို့)မဟုတ် စိတ်ရှည်သည်းခံမှုလိုပါတယ်….
ပီးတော့ ph ရဲ့ hardware ကို minimumအနေနဲ့ 1Ghz CPU>>512MB RAM>>Adreno,,Mali,,Tegra,,Power VR စတဲ့ GPU တစ်ခုခုလောက်ပါမှအဆင်ပြေပါမယ်….
၁။ www.muzhiwan.com ဆီသို့…
၂။ အဆင်ပြေပြေ down နိုင်ဖို့နဲ့… register ဖို့တွေ့ရတဲ့အခက်အခဲလေးတွေ..down ရင်းကြုံရတာလေးတွေ….
၃။အဆင်ပြေပြေထည့်ဖို့ရယ်…ထည့်ပီးဆော့လို့ရဖို့ရယ်….
၁။
တော်တော်များများတော့သိကြပါတယ်… www.muzhiwan.com ဆိုတဲ့ site လေးတစ်ခုညွှန်းချင်ပါတယ်….တရုတ် site တစ်ခုပါ..အဲ့တော့ စီလုပ်လိုနားမလည်တဲ့အနော့်လို ဘော်ဘော်တွေကတော့ chrome နဲ့ကြည့်ပေါ့ဗျာသူ့ရဲ့ translation လုပ်ပေးတဲ့ပုံစံကမိုက်တယ်(ကျတော်တော့ chrome နဲ့ပဲကြည့်တတ်တယ်) အဲ့လိုမှမဟုတ်ဘူး… eng လိုမှဆိုရင်လဲ http://en.muzhiwan.com/ ဒါမှမဟုတ်…စီလုပ် site ညာဘက်အပေါ်နားလေးက English site ဆိုတာလေးနှိပ်လိုက်လဲရတယ်….ဒီမှာတော့ စီလုပ် site နဲ့ပဲပြောလိုက်မယ်ပီးတော့ စီလုပ်site လေးdown link mirror တွေပိုပေးလို့ပါ…Site လေးအသွင်အပြင်ကတော့အတော်လန်းဗျ…ခုက HD game တွေအတွက်ပြောမှာဆိုတော့ Big Games ဆိုတဲ့ Category အောက်ကိုသွားဗျာ….အဲ့မှာ စိတ်ကြိုက်လိုချင်တာရှာပေတော့…..ရိုးရှင်းပါတယ်…အားလုံးအသေးစိတ်ရေးပြမယ်စိတ်ကူးထားလို့….စခွင်လျော့လေးနဲ့ပြမယ်ဗျာ ဥပမာ GTA vice city ရွေးလိုက်ကော အောက်ကပုံလိုမျိုးလေးပါတဲ့နေရာလိုက်ရှာ…(အဲ..အရင်ကဆိုအဲ့လိုမဟုတ်ဘူးဗျ..သူကလဲ site အသွင်အပြင်လေးတွေ ပြင်တာဆင်တာတော့ရှိတယ်…အရင်ကဒီလိုမဟုတ်ဘူး ခုတော့ဒီလို…နောက်တော့လဲဒီလိုတွေ့ချင်မှတွေ့မယ်…ကြိုပြောထားတာ လှေနံဓားထစ်မမှတ်နဲ့လို့…(ကိုယ့်စိတ်နဲ့နှိုင်းပီးစိတ်ပူတာ :P)
အဲ့မှာ အ၀ါရောင်လေးကိုနှိပ်…. အနီနဲ့အပြာက ဘာလဲမမေးနဲ့….တိဘူး :D အနီကဖုန်းကနေ ဒေါင်းတာထင်တာပဲ….အပြာကတော့တိဘူး…သိတဲ့လူတွေဖြည့်ပြောလိမ့်မယ် :D …..အဲ့အ၀ါလေးကိုနှိပ်လိုက်ရင် အောက်က..လိုပေါ်လာလိမ့်မယ်….ဒါလဲနောက်ဆိုဒီလိုပေါ်ချင်မှပေါ်မှာနော်…
အဲ့မှာ အရင်ဆုံးကိုယ့်ရဲ့ ph ကိုရွေးပေးရမယ်….ကျတော်သိသလောက်တော်တော်ကြီးကိုစုံစုံလင်လင်ပါ..ပါတယ်..ကျတော်ကတော့ ကျတော့်ဖုန်းဖြစ်တဲ့ huawei c8812 ကိုရွေးပေးလိုက်တယ်… အဲ့လိုgame တစ်ခုဒေါင်းတိုင်းတစ်ခါ မရွေးချင်ဘူးဆိုရင် muzhiwan မှာ register လုပ်လိုက် registerလုပ်တဲ့အခါမှာကိုယ့်ဖုန်းရွေးပေးရတယ်..အဲ့လိုလုပ်ထားရင်…… ခုလိုချိန်မှာရွေးပေးစရာမလိုတော့ဘူး …ဒါမယ့် ကိုယ် register လုပ်ထားတာက c8812 ခုဒေါင်းချင်တာက သူငယ်ချင်း one X အတွက်ဆိုရင်လဲရတယ်….ခုနေရာမှာပြင်ရွေးပေးလိုက်….ကိုယ့်ဖုန်းနဲ့ကိုက်တယ်ဆိုရင်ခုလို mirror တွေကျလာမယ်ကျလာတဲ့ mirror တွေကလဲ.ဂိမ်းတစ်ခုနဲ့တစ်ခုတူမှာမဟုတ်ဘူး..၅ ခု ၆ ခုပေးတာရှိသလို ခုလို ၄ခု..တစ်ခါတစ်လေ ၃ ခု ၂ ခု ၁ ခု ပေးတယ်……ပီးတော့ ခုဂိမ်းကကိုယ့်ဖုန်းနဲ့ မကိုက်ဘူးဆိုရင်
မကိုက်ဘူးဆိုတဲ့အကြောင်းပြောလိမ့်မယ်ခုလို mirror တွေပေါ်လာမှာမဟုတ်ဘူး …ဘာလို့ဖုန်းကိုရွေးပေးရတယ်ဆိုတာသိတဲ့တိုင်းပဲ…. (Adreno , Mali,Tegra , Power VR )စတဲ့ gpu အသီးသီးမှာကိုက်တဲ့ data ရချင်လို့…..တကယ်လို့ရှားရှားပါးပါးကိုယ့်ဖုန်းက ရွေးရမယ့် list ထဲမှာမပါဘူးဆိုရင်လဲ gpu တူတဲ့ ဖုန်းတစ်လုံးကိုရွေးလိုက်(ရမယ်ထင်တာပဲ :D)
သူတင်ပေးထားတဲ့ site တွေအကြောင်းပြောမယ်ဗျာ.ကျတော်လဲ တရုတ်စာမတတ်တော့ မဖတ်တတ်ဘူး click ကြည့်မှသိတာပဲ…ဘယ်ဘက်ဆုံးက အပြာလေးက huawei site ဟုတ်လားတော့မသိဘူး huawei ကြီးမြင်လို့ :D သူ့ကို click ရင် page တစ်ခုရောက်သွားမယ် ဂလိုလေးလဲတွေ့လိမ့်မယ်…
File name ကိုနှိပ်လိုက် ရင်တန်းဒေါင်းတာရှိတယ် box လေးတစ်ခုပေါ်လာပီး ကြေငြာလိုလိုဘာလိုလိုတက်လာရင် ကြေငြာအောက်နားလေးက change image ဆိုတာလေးကို နှိပ်ပေး ကြေငြာနေရာမှာ eng စာလုံးလေးတွေပေါ်လာရင် box လေးထဲမှာရိုက်တည့် ပီးရင်ပြန်ဒေါင်း idm ထည့်ထားရင် idm နဲ့ဆော်လိမ့်မယ်..…. အဆင်မပြေရင်လျောက်နှိပ် :D(ကိုယ်မှ စာတွေနားမလည်ပဲကိုး:D) huawei site ကဒေါင်းရအဆင်ပြေတဲ့ထဲမှာ နံပတ်၂ ရှိတယ်ဗျ….bandwidth လဲအပြည့်ရတယ် နေ့ခင်းတော့မဟုတ်ဘူးပေါ့ဗျာ…..ပြောချင်တာက ဘော်ဒါတို့လဲကြုံဖူးမှာပါ ညတစ်ယောက်တည်းဘယ်သူမှမသုံးဘူး ကိုယ်တစ်ယောက်တည်း ဒါမယ့် down စပိက ကိုယ်ယူထားတာထက်….အဆတော်တော်နှေးနေကော….အဲ့ဒါကျတော့ သူတင်ပေးထားတဲ့ site တွေနဲ့ဆိုင်တယ်ဗျ huawei site မှာတော့အဲ့လိုမဖြစ်ဘူး….နေ့ခင်းတော့မဟုတ်ဘူးပေါ့ဗျာ…
အဲနောက်တစ်ခုဒီgame က site ၄ ခုမှာတင်ပေးထားတယ်…… ဒုတိယမြောက်အစိမ်းလေးကို click ရင် page တစ်ခုကျလာမယ်……
အဲ့လိုပုံလေးနဲ့…ဘယ်လိုခေါ်ရမလဲမသိဘူး….ကျတော်ကတော့ thunder site လို့နာမည်ပေးထားတယ်…ဘာလို့ဆိုသူက thunder downloader ကိုဒေါင်းပီးမှ အဲ့ကတစ်ဆင့်ဒေါင်းမလား ဒါမှမဟုတ် browser ကနေဒေါင်းမလားအဲ့လိုမေးလို့ ပီးတော့ file size 1GB ကျော်သွားရင် thunder downloader ကနေပဲတစ်ဆင့် ဒေါင်းလို့ရတယ်… အဲ့ thunder ကြီးက ရှုပ်တယ် စီလုပ်လိုတွေအနော်တော့နားလည်ဝူး အဲ့ကောင်ကြီးနဲ့မဒေါင်းချင်လို့ ဒီmirror ကိုကျော်ကျော်သွားတယ်…ဒါမယ့် တစ်ချို့ဂိမ်းတွေကျတော့ ဒီ မှာပဲတင်ပေးတာဆိုတော့ မရ…ရအောင်ဒေါင်းရတော့တာပဲ….အဲ..နောက်ပိုင်းတော့ ကြံရင်ဖန်ရင်း လျောက်နှိပ်ရင်းနဲ့ thunder မလိုပဲ ဒေါင်းလို့ရတဲ့နည်းတွေ့သွားတယ် :D ဘော်ဒါက အဲ့ဂိမ်းကိုဒေါင်းပီ ဒါမယ့် သူကဂိမ်းကိုပေးမဒေါင်းပဲနဲ့ thunder downloader ကြီးကိုပဲ အတင်းဒေါင်းခိုင်းနေရင် ဒေါင်းခိုင်းတဲ့ box ကိုပိတ်လိုက်…. ဂိမ်းလင့်ပေါ်ကို right click နှိပ်…open link in new tab လုပ်လိုက် idm ထည့်ထားရင် ဒေါင်းလင့် ရောက်လာလိမ့်မယ် အဲ့ဒါမှမရရင် အမှန်ခြစ်လေးတွေဖြုတ်ပီး ပုံထဲမှာပါတဲ့ အမှန်ခြစ်လေးတွေ ဖြုတ်ပီး open link in new tab လုပ်..ရကိုရတယ်…. ကျတော်ဒေါင်းသလောက်သိရတာက ဒီ site မှာရတဲ့ link က ညမိုးချုပ်2နာရီကနေ မနက်6 နာရီလောက်ထိပဲ bandwidth အပြည့်နဲ့ဒေါင်းလို့ရတယ်….ကျတော့် ftth 2mb နဲ့ည ၂နာရီကနေ မနက်ခြောက်နာရီကြားဆို 200kb/s အထက်တက်တယ်..အဲ့နောက်တစ်နာရီလောက်အတွင်း….လျော့လျာ့သွားလိုက်တာ နောက်ဆုံး 3kb 4kb လောက်နဲ့ နှစ်ပါးသွားတာများတယ်…80 % လောက်ပီးပီးသားကို ကျန်တဲ့ 20 % အတွက်တစ်နေကုန် ဒေါင်းရတာမျိုးရှိတယ်….ဘာဖြစ်လို့မှန်းတော့မသိဘူး…. ဒါမယ့်တစ်ခုရှိတာက ဒီ site
ကကောင်ကတစ်နေကုန်ဒေါင်းချင်ဒေါင်းရမယ်….နောက်ရက်တွေကူးမယ် ဒါမယ့် resume ရတယ်..ပီးတော့ဒေါင်းထားတဲ ဖိုင်တွေမပျက်ဘူးစိတ်ချရတယ်….huawei site လဲ resume ရပါတယ်ဒါမယ့် ဒီလင့်ကပိုစိတ်ချရတယ် စိတ်ချရတယ်ဆိုတာ တစ်ချို့ file တွေက resume ရပေမယ့် ပြတ်ကျန်ခဲ့တာလေးတွေရှိတယ်အဲ့လိုကောင်တွေဆို install လုပ်တဲ့အခါကွိုင်တယ် ပီးတော့ တစ်ချို့ siteကကောင်တွက resume ရတယ်ဆိုပေမယ့် အချိန်ကြာသွားရင်မရတော့တာရှိတယ်..ဒီ thunder လင့်မှာတော့ ဘယ်ချိန် ပြန် resume လုပ်လုပ်အိုခေတယ်.....…. အဲ့တော့ thunder site( ကျတော့အခေါ်) ကနေဒေါင်းရတာ နှေးတဲ့ ဘော်ဒါတွေ ကျတော်ပြောတဲ့အချိန်တွေစမ်းကြည့်ကြည့်ပါခင်ဗျ….ကျတော့် ftth မှာတော့ အဲ့အချိန်တွေအဆင်ပြေတယ်…….
အဲ…နောက်ထပ် ဒေါင်းလင့် တစ်ခု pan.baidu လို့ကျတော်ခေါ်တယ်….အဲ့ကောင်ကတော့ အလွယ်ဆုံးနဲ့အဆင်အပြေဆုံးပဲ….. download ဆိုတာနှိပ်လိုက်ယုံပဲ ဘယ်ချိန်ဒေါင်းဒေါင်း စပိအပြည့်ရတယ်…..game တစ်ခုဒေါင်းမယ်ဆို pan.baidu mirror ပါရင်အဲ့ကောင်နဲ့ဆော်လို့အကြံပြုချင်ပါတယ်….အတော်ကိုအဆင်ပြေတယ် သူ မပါဘူးဆိုရင်တော့ ပါတဲ့ကောင်ပေါ့ဗျာ :D
နောက်ဆုံးကတစ်ခု…. vdisk.weibo ကျတော်ကတော့ ၀ီဘို site လို့ခေါ်တယ် သူကတော့နဲနဲအလုပ်ရှုပ်တယ်…. တစ်ခြားတော့မဟုတ်ပါဘူး Register လုပ်ပေးရတာပါ ကျတော်လုပ်ကြည့်တာgmail နဲ့အဆင်မပြေဘူး hotmail နဲ့အဆင်ပြေတယ် hotmail လုပ်တာကတော့သိတဲ့အတိုင်း gmail ဖွင့်သလိုပဲ
Webio မှာ register လုပ်တာလေးပါပြောပြပါမယ်…
အဲ့ဒီမှာ အပြာလေးကိုနှိပ်….box လေးတစ်ခုကျလာမယ်…. Login ၀င်မှာလား register လုပ်မှာလား ဆိုပီးတော့ကျလာမယ် ကိုယ်က weibo အကောင့်မရှိသေးတော့ register လုပ်မယ် register ကို click ရင် pageတစ်ခုကျလာမယ်….အဲ့မှာ ph no: ရိုက်ခိုင်းမယ် ကိုယ့်မှာ စီလုပ်ဖုန်း မရှိတော့ registered mail ကိုရွေးပီး email နေရာမှာ hotmail တစ်ခုထည့်ပေးပါ ပီးရင် ကျန်တာတွေကြည့်ကျက်ဖြည့်… passport နေရာမှာ 09 ဘာညာဆိုပီးဖုန်းနံပါတ် တစ်ခုထည့်လိုက် အိုခေဘီ…. J
ဒီsite ရဲ့အားနည်းချက်က register လုပ်ရတယ်…နေ့ခင်းဆို speed နှေးတယ်…ပီးတော့ down ရင်းရပ်ရပ်သွားတတ်တယ်….အဲ့တော့ မတတ်သာတဲ့အဆုံးမှ ဒီလင့်ကဒေါင်းပေါ့ဗျာ…ဒါမယ့်ကျတော်သုံးတဲ့ လိုင်းမှာသာ အဲ့လိုဖြစ်တာ ဘော်ဒါတို့က လိုင်းအမျိုးမျိုးနဲ့သုံးကြမှာဆိုတော့ ကျတော့်လိုဖြစ်ချင်မှဖြစ်မပေါ့….အဆင်ပြေကြပါစေ…. muzhiwan ကခုနောက်ပိုင်းတင်တဲ့ game တော်တော်များများ ဒီ mirror ၄ ခုကနေတင်ပေးတာများပါတယ် တစ်ခြားကတင်ပေးတာတွေလဲရှိပါတယ်…ဒါမယ့်ခု ၄ ခုလောက်နဲ့ကိုလုံလောက်မယ်ထင်ပါတယ်….115 ကတင်တာတွေလဲရှိတယ် ကျတော်တော့မဒေါင်းတတ်ဘူး စိုင်းညီမတော့ ဒေါင်းတတ်တယ်…115ကဒေါင်းချင်ရင်သူ့ ကိုမေး :D အဲ…ပီးတော့ ဟို....ပုန်းနေတဲ့ နှုတ်ခမ်းမွှေးကြီးလဲသိတယ်….ဒီsite လေးလဲသူပြောလို့သိတာ အာဘွား ကိုသူရိန် :D
ဒေါင်းလို့ရလာမှာက .gpk အမျိုးအစား file တွေဖြစ်ပါတယ်…အဲ့အတွက် idm နဲ့ဒေါင်းတဲ့သူတွေ အတွက် download>>Options>>File types မှာ GPK ကိုထပ်ထည့်ပေးထားပါ… idm တော့အားလုံးသုံးကြမယ်ထင်ပါတယ် မသုံးရင်လဲ သုံးကြပါလို့အကြံပြုလိုပါတယ် idm ထက်အဆင်ပြေတာလေးရှိရင်လဲလက်တို့ဦး....
၃။
ကြိုးစားပမ်းစားမျှော်လင့်တကြီးနဲ့ ဒေါင်းထားတဲ့ game file လေးထည့်မရတာတို့….ထည့်ပီးဆော့မရတာတို့ ဖြစ်တတ်ပါတဲ့ အဲ့အတွက်….ဒီအပိုင်းလေးပါထည့်ရေးပေးလိုက်ပါတယ်….
အရင်ဆုံး pc မှာ ကိုယ့်ဖုန်းအတွက် driver အစုံအလင်ရှိပါစေ… USB debugging ကတော့ကော ON ပေး
ဒေါင်းလို့ရလာတဲ့ gpk file လေးကိုတော့ သူ့ gpk installer နဲ့သွင်းရမှာပါ apk တွေကိုလဲအဲ့ကောင်လေးနဲ့ install လို့ရပါတယ် သူ့ကိုဒေါင်းချင်ရင်တော့ muzhiwan home page ရဲ့ ညာဘက်အပေါ်နာလေးက
အဲ့ကောင်လေးကို click ပီးဒေါင်းပါ… version 3.01version မှာအတော်လေးကိုအဆင်ပြေသွားပါတယ် ကျတော့ဖုန်းမှာ အရင်က install မရတဲ့ gpk တွေ 3.01 version အဆင်ပြေသွားပါတယ်ခုဆို3.02ထိရောက်နေပါပီ……
gpk installer ကလဲ error တော့အများသား….ဘာတွေမှန်းမသိ…
usb debugging ON မထားရင်ပဲ ဖြစ်ဖြစ်ဖြစ် driver မစုံလို့ ph နဲ့ PC နဲ့မချိတ်တဲ့error လေးကတော့ သိသာမြင်သာလို့ ကျတော်မပြောတော့ပါဘူး ဖုန်းနဲ့ PC နဲ့ ချိတ်ခိုင်းနေတဲ့ပုံလေးပေါ်နေရင်တော့ သေချာတယ်.. usb debugging မ ON တာရယ် driver မစုံတာရယ်.. ကြိုးတွေ port တွေလွတ်တာရယ်…စစ်ကြည့်ပါ…အဲ့လိုမဟုတ်ပဲတစ်ခြား error တွေဆိုရင်တော့ အောက်က ပုံတွေကိုတစ်ချက်ကြည့်ကြည့်ပါ…..
Ducati Challenge က installer version တွေအဆက်အဆက် intall လို့မရခဲ့ပါဘူး…အဲ့တော့ game file ကိုဖြေကြည့်မယ် file တွေစုံရဲ့လားပေါ့ တကယ်တော့ gpk ဆိုတာ apk+data ကို ချုံ့ထားတဲ့ file လေးတစ်ခုပါ…အဲ့ဒါကို bro Chilly Chan ပြောမှသိခဲ့ရတယ်… Thz bro Chilly Chan :)
Gpk ဆိုပီးချုံ့ထားတဲ့ file လေးကို သူ့ Installer နဲ့ run တဲ့အခါမှာ installer က ဖိုင်ကိုအရင်ဖြည်တယ်…ပီးတော့ manual ကူးထည့်ရမယ့်ဒေတာတွေကို သူ့နေရာနဲ့သူထည့်ပေးလိုက်တယ်…အဲ့တော့ အလုပ်ရှုပ်သက်သာတာပေါ့ဗျာမှားစရာလဲမရှိတော့ဘူး..… အဲ..ဒါမယ့် installer နဲ့ run လို့အဆင်မပြေပေမယ့် gpk ကိုဖြည်ထုတ်ပီး files(apk+data) တွေကို manual ကူးထည့်လဲရတယ်တစ်ချို့ installer နဲ့ဘယ်လိုမှသွင်းမရတဲ့ game ကို အဲ့လိုဖြည်ပီးသွင်းကြည့်ပါ.အဆင်ပြေနိုင်ပါတယ်ကျတော့်တုန်းက Bard’s Taleဆိုတဲ့ game ကိုအဲ့လိုအဆင်ပြေဘူးတယ်…. (.gpk) ကို (.zip) rename လုပ်ပီး winrar လို software နဲ့ဖြေလိုက်…ရင် apk + data ရမယ်…..apk ကို install ပီး data ကိုGame ပေါ်မူတည်ပီး
sdcard/android/data
sdcard/android/obb
လမ်းကြောင်းအတိုင်းထည့်ပေးပီး သွင်းရင်လဲရပါတယ်…..ခုကျတော်ပြထားတဲ့ Ducati Challenge ကိုဖြေထုတ်လိုက်တဲ့အခါမှာတော့ apk ပါမလာဘူးဗျ….အဲ့ဒါကြောင့် error တက်နေတာ အဲ့တော့ apk ကို apkmania လိုsite ကနေပြန်ရှာဒေါင်းပီး စမ်းကြည့်ပေါ့ဗျာ ကျတော်လဲမစမ်းရသေးဘူး…. မရဘူးဆိုရင်တော့ ပြန်ဒေါင်းကြည့်ပေါ့ဗျာ အဲ့လိုပဲ file တွေက ဖြစ်တော့ဖြစ်တတ်တယ်….ပြန်ဒေါင်းလဲ အရင်အတိုင်းမပါလာတာတွေရှိတယ်……အဲ့တော့ အရမ်းဆော့ချင်ရင် တစ်ခြား site တွေကရှာပေတော့
ကိုယ်ဘာသာ Gpk တွေဖန်တီးချင်တယ်ဆိုရင်တော့ အောက်က လင့်မှာသွားကြည့်ပါ https://www.facebook.com/groups/MyanmarMobileUsers/doc/513998081957897/
ဒီgame နှစ်ခုကတော့ အရင်ကရတယ်..ခုမရဘူး…. အရင်ကရပီးခုမရတာက ကျတော်စမ်းကြည့်သလောက်
ကွန်ပြူတာကဖြစ်တာ PC နောက်တစ်လုံးပြောင်း ထည့်ကြည့်တော့ OK တယ်… အဲ့တော့ ဒီ error နှစ်ခုက
စက်နဲ့ဆိုင်တယ်လို့ကျတော်ထင်တယ် ….အဲ့တော့ဟိုလျောက်လုပ်ဒီလျောက်လုပ်….installer version တွေပြောင်း
စမ်း လျောက်လုပ်ပီး restart ချ ဘယ်ကဘယ်လိုအိုခေမှန်းမသိအိုခေသွားတယ
ခုလို errorတွေ ကတော့ ကွန်ပြူတာဖြစ်တာဗျ ပထမတစ်ခါထည့်တုန်းကရတယ်…ခုလဲပဲကွန်ပြူတာကို ဟိုလျောက်လုပ်ဒီလျောက်လုပ် usb port ပြောင်းဘာညာနဲ့ အိုခေတော့သွားဘီ…. ဟီး :D အဲ့ဒါကိုသိတဲ့ သူများလဲ ဒီနေရာမှာဖြည့်စွက်ပေးကြပါ...လို့မေတ္တာရပ်ခံပါတယ်….ကျတော်လဲသိချင်လို့ပါ…. ခုလို error လိုမျိုးဖြစ်ရင်တော့ကျတော်လဲအတိအကျမပြောတတ်ဘူး ကိုယ့် ကွန်ပြူတာကို တတ်သလောက်မှတ်သလောက်လုပ်ပေတော့ အဓိကက driver ပျောက်သွားတာထင်တာပဲ driver တွေကလဲအများသားကိုး တစ်ခုလောက်ပျောက်သွားတယ်ထင်တာပဲ သေချာတာကတော့ ကွန်ပြူတာကဖြစ်တာဖုန်းနဲ့မဆိုင်ဘူး...ကိုယ့်ထဲမှာ ရှိသမျှ gpk တွေကို install တိုင်းအဲ့လိုဖြစ်နေပီဆိုရင်တော့ သေချာတယ် ကွန်ပြူတာကဖြစ်တာ…သေချာအောင် apk တစ်ခုလောက်ပါစမ်းကြည့် gpk installer က apk တွေလဲ install လို့ရတယ်..ပီးတော့ gpk/apk တွေကို icon တွေနဲ့ပြပေးတယ်…...
အောက်ကပုံလိုမျိုးလေးပေါ်လာရင်တော့အိုခေ….
အဲလိုနဲ့ ပီးမသွားပဲအောက်လိုပေါ်လာရင်တော့ memory space မလောက်တော့တာ(တစ်ခြားတစ်ခုခုဖြစ်ရင်လဲ
Game file က 881.16 MB ဆိုပေမယ့် ဖြည်ချလိုက်ရင် 1.79Gb ရှိပါတယ်..အဲ့လောက်မရှိတော့လို့ ခုလိုဖြစ်သွားတာပါ အောက်ကပုံလိုလေးဖြစ်သွားပီဆိုရင်တော့ install တာပီးသွားပါပီ…..
Install တာပီးသွားပီဆိုရင်တော့ ဖုန်းထဲက game icon ကိုနှိပ်ပီး play ယုံပေါ့ဗျာ…ဒါမယ့် နဲနဲလေးလိုသေးတယ်….ဂိမ်းတော်တော်များများက install ပီးတာနဲ့ icon နှိပ် play လို့အိုခေတယ်…ဒါမယ့်တစ်ချို့ game တွေကျတော့ online ချိတ်ထားမှ အွန်လိုင်းက data နဲနဲဒေါင်းသေးသဗျ…နဲနဲဆိုတာ တကယ့်နည်းနည်းလေးပါ….ဘာအတွက်လဲတော့မသိအဲ့တော့ တစ်ခုပြောချင်တာကအဆင်ပြေရင်….game icon ကိုပထမဆုံးမနှိပ်ခင် data လေးဖွင့်ထားပါ…data ဖွင့်ထားတာမလွန်ပါဘူး…အဲ…တစ်ချို့ game တွေကျတော့ play ထဲမှာ license verification လုပ်ရသေးတယ်ဗျ eg: Asphlat7 ,Wild Blood, Gangstar Rio…အဲ့လိုဂိမ်းမျိုးကျတော့ install လုပ်ပီး game icon ကိုမနှိပ်ခင်….play ထဲဝင်ဖို့လိုမယ်ဗျ… game အစပိုင်း license verification လုပ်တဲ့အခါမှာ play ထဲဝင်ထားမှ အဲ့အဆင့်ကိုကျော်တယ်….နို့မို့ဆိုရင် invalid license တို့ license fail တို့ဖြစ်ပီး ပြန်ထွက်သွားတယ်…ဒါမှမဟုတ်ဘာမှမပြပဲ ပြန်ထွက်သွားတယ်….အဲ့လိုဖြစ်သွားရင် play ထဲဝင်ပီးပြန်စမ်းပါ….play ထဲဝင်ပီးပြန်စမ်းတဲ့နေရာမှာ game ကိုပြန်ပြီး reinstall လုပ်ပါ…. အဆင်ပြေသွားပါလိမ့်မယ်….. play ထဲဝင်ဖို့နည်းတွေတော့များကြီးရှိတယ်..ကျတော်ကတော့ အလွယ်လုပ်လို့ရတဲ့ vpn shield လေးနဲ့ဝင်တယ်…အဲ့အကြောင်းကိုတော့အောက်ကလင့်မှာဖတ်ပါ….အရမ်းလွယ်ပါတယ်… https://www.facebook.com/groups/MyanmarMobileUsers/doc/503133706377668/
ကဲ game ကိုဒေါင်းတာလဲဒေါင်းပီးပီ install တာလဲအဆင်ပြေပီ….play ထဲဝင်ရမယ့်ကောင်ဆိုလဲဝင်ပီး လုပ်လိုက်ပီ game ကလဲ demo တွေဘာတွေလာပီး run နေပီ…ဒါမယ့် အဲ့ခါကျမှ game တွေက စီလုပ် site ကဆိုတော့… တရုတ်လိုတွေဖြစ်ကော…အဲ့မှာသေဟ ဆိုပီးမတွေးလိုက်ပါနဲ့…. Game setting ထဲမှာ language ၀င်ချိန်းလို့ရပါတယ်…ကျတော့လိုတရုတ်လို မတတ်ရင်တော့ google translate သုံးပေါ့ဂျာ…
ကျတော့်နည်းလေးပြောမယ်…. ရယ်တော့မရယ်နဲ့ Jgame language က game ရဲ့ setting (or) options အဲ့လိုနေရာမျိုးတွေမှာ အများဆုံးကတော့ setting ထဲမှာရှိတာများပါတယ်….အဲ့တော့ setting icon လေးပါရင်တော့ သိသာပါတယ် အဲ့လိုမပါပဲ..စာနဲ့ setting လို့ရေးထားရင်တော့ translate လုပ်မှရမယ်…အဲ့တော့ google translate ထဲသွားပီး setting... options... language အဲ့ဒါလေးတွေရိုက်လိုက်ပီးထွက်လာတဲ့ တရုတ်စာလေးတွေနဲ့ game ထဲလိုက်တိုက်ကြည့် ကျတော်တော့အဲ့လိုလုပ်တယ်..:D တစ်ချို့ game တွေမှာတော့ language ဘယ်လိုမှ change မရတာမျိုးလဲရှိတယ်… eg: Real Football 2013 ,,Real Real Racing 2…
setting 设置
Options 选项
Language 语
နောက်တစ်ခု ထပ်ပီးပြောချင်တာက…ကိုယ်က ကိုယ့်ဖုန်းအတွက် ဒေါင်းထားတဲ့ GPK ကို တစ်ခြားဖုန်းမှာထည့်ချင်တယ်….ရမရကတော့ သေချာမပြောနိုင်ဘူး ကျတော်စမ်းကြည့်သလောက် Adreno GPU သုံးထားတဲ့ C8812 U8818 C8825D XperiaS ကောင်တွေမှာအဆင်ပြေတယ်ကျတော်ဒေါင်းတာ C8812အတွက်ဒေါင်းခဲ့တာပါ တစ်ခြား GPU မတူတဲ့ဖုန်းတွေဆိုရင်တော့သေချာမစမ်းရတော့မသိဘူး… Mali သုံးထားတဲ့ I9100 မှာတော့ ငါးခုလောက်စမ်းကြည့်တာ တစ်ခုလောက်ပဲရတယ်တစ်ချို့GPKတွေကျတော့ gpu မတူတဲ့ ဖုန်းမှာထည့်ရင် data ဖွင့်ပီးနဲနဲပြန်ဒေါင်းပေးရတဲ့ကောင်တွေလဲရှိတယ်..အဲ့တော့ဥာဏ်ရှိသလိုစမ်းကြည့်ကြပါ…ဒါမယ့်တစ်ချို့ GPK တွေက universal တွေ…file size ကတူတူပဲ ဆိုလိုတာက c8812 အတွက်ပဲဒေါင်းဒေါင်း i9100 အတွက်ပဲ ဒေါင်းဒေါင်း file size ကတူတူပဲ အဲ့တော့ flie လဲတူတူပဲလို့ထင်တယ်… အဲ့တော့ ကိုယ့်ဖုန်းအတွက်ဒေါင်းထားတဲ့ GPK ကို တစ်ခြားဖုန်းမှာထည့်ပေးချင်တယ်ဆိုရင် အရင်ရမရ စမ်းကြည့်ပါ…မရမှပြန်down ပေါ့ဗျာ ကျတော်သိသလောက်ကတော့ဒါအကုန်ပါပဲ......
Post ကအတော်လေးတော့ ရှည်သွားတယ်ဗျ….ကျတော်အရေးအသားမကျစ်လစ်တဲ့အတွက်.တော့နားလည်ပေးကြပါ…ပီးတော့ ဖတ်ချင်စဖွယ်လဲ မဖြစ်ဘူးဗျ….အဲ့အတွက်လဲ ဘော်ဒါတို့ကိုအားနာပါတယ်….
အဲ……နောက်ဆုံးပြောချင်တာက ကျတော် ကြိုစားပမ်းစားဒေါင်းထားတဲ့ game file 160 ကျော် file size အနေနဲ့ 55GB ကျော်ကို ကျတော့်ဆီမှာလာကူးချင်ရင်ကူးလို့ရပါတယ်…Mandalay မှာပါ C8812 Adreno အတွက်ပါ…Mali အတွက် 10 ခုလောက်လဲပါပါတယ်…..
အားလုံး အဆင်ပြေကြပါစေ.....
Yan Naing (MMUC)
https://www.facebook.com/groups/MyanmarMobileUsers/doc/516875015003537/