Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။

Wednesday, July 11, 2012

How To Sync Contacts with Google Account


ကိုယ့်မှာ ရှိသမျှ ဖုန်းနံပါတ်တွေ မြန်မာလိုပြောင်းချင် .. ပွထနေတယ်.. နှစ်ခုတွေထပ်နေတယ်ဆိုရင်.. ကိုယ့်ဖုန်းထဲက ကွန်တက်ထဲသွားပါ.. ၀ိုင်ဖိုင်အွန်ပီး Google account နဲ့ merge လိုက်ပါ။ syncလိုက်ပါ...။ ဆင့်ပီးသွားပြီ update ဖြစ်သွားပြီဆို... PC ပေါ်ကိုသွားပါ။ www.google.com/contacts ကိုဖွင့်ပြီး ခုနသုံးထားတဲ့ google account နဲ့ log in ၀င်ပါ။ ဖုန်းထဲက နံပါတ်တွေပေါ်နေလိမ့်မယ်..။ အပေါ်ဘက်က more ဆိုတာမှာလား မသိဘူး.. find and merge dubplicate ဆိုတာပါတယ်.. နှိပ်ရှာပြီး ထပ်နေတာတွေကိုပေါင်းလိုက်ပါ... ဖုန်းနံပါတ်တွေကို စိတ်ကြိုက်ပြင်ပါ။ ဖုန်းထဲပြန်သွားပါ။ Option display ထဲမှာ Phone မှာ အမှန်ခြစ်ထားသမျှတွေဖြုတ်လိုက်ပါ။ show only with phone no ကို tick လုပ်ထားပါ ။google acc နဲ့တစ်ခေါက်ပြန်ဆင့်ပါ။ နောက်ဆို ဖုန်းနံပါတ်တစ်ခု မှတ်တိုင်း သတိရရင် ရသလို ဆင့်ထားလိုက်ပါ။ သတိထားရမှာက ဖုန်းနံပါတ်တွေမှတ်တိုင်း google mail ထဲကိုပဲ မှတ်ခိုင်းပါ။ phone ပေါ်မှာ မမှတ်ခိုင်းမိပါစေနဲ့။ ဘယ်ဖုန်းပဲ ပြောင်းပြောင်း ဘယ် ပတ်ပဲ ပြောင်းပြောင်း ဘယ်တက်ဘလက်ပဲပြောင်းပြောင်း အဲ့ဒီgmail ရှိနေသမျှ.. သင့်ရဲ့ တန်ဖိုးရှိတဲ့ ဖုန်းနံပါတ်တွေ မပျောက်တော့ဘူး...။ google က ဖလာပေးတဲ့ သင့်အတွက်လက်ဆောင်ပါ။

By Myat Tun Thit