Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။

Tuesday, July 10, 2012

Kindle Fire 6.3.1 ကို Root လုပ်နည်းနှင့် Myanmar font and Key Board ထည့်နည်း

Kindle Fire version 6.3.1 ကို Root လုပ်ရန် အင်တာနက်ကွန်နက်ရှင်လိုပါသည်...
အရင်ဆုံး version 6.3.1 ဟုတ်မဟုတ် အရင်စစ်ပါ...
version 6.3.1 _user_4107720 ဆိုရင်ရပါပြီ...

(1) Root စတင်လုပ်ဆောင်ရန် အောက်က ဖိုင်ကို အရင် download လုပ်ပါ...
http://www.mediafire.com/?smddalm885ret3j

(2)Download လုပ်ပြီးပါက win rar နဲ့ဖြည်လိုက်ပါ Kindle Fire Utility Folder ပေါ်လာပါမည်... အဲဒီထဲက
install_driver.bat ကို double click လုပ်လိုက်ပါ... ခဏစောင့်လိုက်ရင် driver install လုပ်ပြီး သွားပါမယ်...

(3) run.bat ဖိုင်ကို double click လုပ်ပါ... လိုအပ်သောဖိုင်များကို download လုပ်ပါလိမ့်မည်... download ပြီးပါက အောက်ပါပုံ အတိုင်းပေါ်လာပါမည်...




အကယ်လို့ မပေါ်ပဲ ပျောက်သွားပါက ... စက်ထဲတွင် အရင်သွင်းထားသော samsung kies နှင့် တစ်ခြားသော driver များကို Uninstall လုပ်ဖို့လိုပါတယ် ... ဘာ driver မှ မသွင်းထားသော စက်တွင်လုပ်ပါက ပိုကောင်းပါသည် ... အကယ်လို့ ပုံ အတိုင်းပေါ်ပါက 2 ကိုရိုက်ပြီး Enter ခေါက်လိုက်ပါ...
အားလုံးပြီးသွားပါက Root လုပ်ခြင်းပြီးဆုံးပါပြီ ...


(4) Myanmar Font နှင့် Keyboard ထည့်ရန်အတွက် အောက်ကဖိုင်တွေကို download လုပ်ပြီး Kindle Fire တွင် install လုပ်ပါ...
http://www.mediafire.com/?1vrxim78w710d9h
http://www.mediafire.com/?h64mxgax9889pcv
http://www.mediafire.com/?vtu4cf8y57prpda

(5)Kindle Fire ထဲသို့ New Folder တစ်ခုဆောက်ပြီး DroidSansFallback.ttf ကိုထည့်ပါ ...

(6)Root explorer ကို ဖွင့်လိုက်ပါ super user ကို allow လုပ်ပါ...sdcard ကိုနှိပ်ပါ ... new folder ထဲမှ DroidSansFallback.ttf ကို ခပ်ကြာကြာလေးဖိလိုက်ပြီး copy ကိုရွေးလိုက်ပါ...ပြီးရင် ပေါ်ဆုံးက Parent Folder ကိုနှိပ်ပါ ... System ကို နှိပ်ပါ ... Font ကို နှိပ်ပါ .... အပေါ်က Mount R/W ကို နှိပ်ပါ ...ပြီးရင် Paste လုပ်လိုက်ပါ...

(7)Keyboard အတွက် Root explorer ထဲက data/app/ အောက်မှာ ရှိတဲ့ com.thihaayekyaw.frozenkeyboard-1.apk ဆိုတာကို ခပ်ကြာကြာလေးဖိပြီး Copy လုပ်လိုက်ပါ... ပြီးရင် /system/app/ အောက်မှာသွားပြီး Paste လုပ်လိုက်ပါ...

(8)Kindle Fire ကို Shutdown လုပ်လိုက်ပါ...

(9)Kindle Fire မှ office app or notepad တစ်ခုခု ပေါ်တွင် စာရိုက်ရန်နေရာတွင် ခပ်ကြာကြာလေးဖိလိုက်ပါ...
Input method ပေါ်လာရင် နှိပ်လိုက်ပါ... Frozen Keyboard ကိုရွေးလိုက်ပါ...

ဒါဆိုရင် Kindle Fire 6.3.1 ကို မြန်မာစာရော ...အင်္ဂလိပ်စာပါရိုက် နိုင်ပါပြီ...

PS: ကျွန်တော်ကိုယ်တိုင် စမ်းထားပြီး အဆင်ပြေပါသည်... အဆင်မပြေတာရှိပါက မပြေသည့်နေရာကို မေးမြန်းနိုင်ပါသည်...

This post was writtne by Dr.Myo Thet Han.